Ezequiel 24

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​စဉ်​ကိုး​နှစ်​မြောက်​ဒ​သ​မ လ၊ လ​ဆန်း​ဆယ်​ရက်​နေ့​၌​ထာ​ဝ​ရ​ဘု​ရား​၏ နှုတ်​က​ပတ်​တော်​သည်​ငါ့​ထံ​သို့​ရောက်​လာ​၏။-
1 No nono ano, no décimo dia do décimo mês, a palavra do Senhor foi-me dirigida nestes termos:
2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ယ​နေ့​နေ့​စွဲ​ကို ရေး​မှတ်​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​ဤ​နေ့ သည်​ယေ​ရု​ရှ​လင်​မြို့​ကို​ဗာ​ဗု​လုန်​မင်း​စ​တင် ဝိုင်း​ရံ​သည့်​နေ့​ဖြစ်​သော​ကြောင့်​တည်း။-
2 filho do homem, anota por escrito a data de hoje, pois neste dia o rei de Babilônia ataca Jerusalém.
3 ပုန်​ကန်​တတ်​သော​ငါ​၏​လူ​မျိုး​တော်​အား​သူ​တို့ အ​တွက် ငါ​အ​ရှင်​ထာ​ဝရ​ဘုရား​ဖော်​ပြ​သည့် ပုံ​ဥ​ပ​မာ​ကို​ပြော​ပြ​လော့။ ယင်း​ပုံ​ဥပမာ​မှာ
3 Expõe contra essa raça rebelde esta parábola: eis o que diz o Senhor Javé:
4 အ​သား​တုံး​များ​ကို​အိုး​ထဲ​သို့​ထည့်​လော့။
4 Prepara a panela, põe-na no fogo, põe água dentro dela; coloca pedaços dentro, todos pedaços escolhidos, coxa e espádua, enche-a com os melhores ossos;
5 အ​ဆူ​ဖြိုး​ဆုံး​သော​သိုး​ကို​သာ​လျှင်​အ​သုံး ပြု​လော့။
5 toma as mais belas cabeças do rebanho; amontoa lenha debaixo da panela e faze-a ferver aos borbotões, até que fiquem cozidos os ossos que estão dentro dela.
6 အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား``လူ သတ်​သ​မား​တို့​၏​မြို့​သည်​အ​မင်္ဂ​လာ​ရှိ​ပါ သည်​တ​ကား။ ယင်း​သည်​အ​ဘယ်​အ​ခါ​၌​မျှ မ​တိုက်​မ​ချွတ်​ဘဲ​ထား​သ​ဖြင့်​ချေး​တက်​နေ သည့်​ကြေး​အိုး​နှင့်​တူ​၏။ ကြေး​အိုး​ထဲ​မှ အ​သား​တစ်​များ​ကို​မဲ​ချ​နေ​စ​ရာ​မ​လို ဘဲ တစ်​တုံး​ပြီး​တစ်​တုံး​အ​ကုန်​အ​စင်​ထုတ် လော့။-
6 Eis o que diz o Senhor Javé: ai da cidade sanguinária! Panela enferrujada, de onde a ferrugem não pode ser tirada. Despeja-a, bocado por bocado, sem tirar à sorte.
7 ထို​မြို့​ထဲ​၌​လူ​သတ်​မှု​ဖြစ်​ပွား​ခဲ့​၏။ သို့ ရာ​တွင်​သွေး​သည်​မြေ​ပေါ်​သို့​မ​ကျ။ ရှင်း လင်း​သော​ကျောက်​သား​ပေါ်​သို့​ကျ​သ​ဖြင့် မြေ​မှုန့်​နှင့်​ဖုံး​အုပ်​ထား​ရန်​မ​ဖြစ်​နိုင်။-
7 O sangue que derramou está ainda no meio dela; ela o derramou sobre a rocha nua, e não na terra, para cobri-lo de poeira.
8 ထို​သွေး​က​အ​မျက်​နှင့်​လက်​စား​ချေ​စေ​ရန် ငါ သည်​ယင်း​ကို​ဖုံး​အုပ်​၍​မ​ထား​နိုင်​သည့်​နေ​ရာ တွင်​ကျ​စေ​ခြင်း​ဖြစ်​၏'' ဟူ​၍​တည်း။
8 Foi para excitar o meu furor e para que a vingança seja cumprida, que espalhei seu sangue sobre a rocha nua, para que ele não ficasse escondido.
9 ထို​နောက်​အ​ရှင်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​သည် ကား``လူ​သတ်​သ​မား​တို့​၏​မြို့​သည် အ​မင်္ဂ​လာ ရှိ​ပါ​သည်​တ​ကား။ ငါ​ကိုယ်​တိုင်​ပင်​ထင်း​များ ကို​ထည့်​မည်။-
9 Por isso, eis o que diz o Senhor Javé: ai da cidade sanguinária! Também eu vou fazer grande fogueira;
10 ထင်း​များ​ကို​ထပ်​မံ​၍​ယူ​လာ​လော့။ မီး​တောက် ကို​ယပ်​ခပ်​ပေး​လော့။ အ​သား​များ​ကို​ချက်​၍ ဟင်း​ခပ်​အ​မွှေး​အ​ကြိုင်​တို့​ဖြင့် ဟင်း​ချို​ကို ဆူ​အောင်​ကျို​ချက်​လော့။ အ​ရိုး​တို့​ကို​ကျွမ်း လောင်​စေ​လော့။-
10 amontoa a lenha, atiça o fogo, cozinha bem a carne, prepara o tempero, que os ossos sejam torrados!
11 ထို​နောက်​အိုး​လွတ်​ကို​နီ​ရဲ​လာ​အောင် မီး​ကျီး ခဲ​များ​အ​ပေါ်​တွင်​တင်​ထား​လော့။ ထို​အ​ခါ ချေး​ကို​မီး​စား​သ​ဖြင့် အိုး​သည်​ဘာ​သာ​ရေး ထုံး​နည်း​နှင့်​အ​ညီ​သန့်​စင်​လာ​လိမ့်​မည်။-
11 Em seguida, põe a panela vazia nas brasas, para que ela fique bem quente, e vermelho o seu metal; que seja fundida a sua imundície e tirada a sua ferrugem.
12 သို့​ရာ​တွင်​ချေး​ညှိ​အား​လုံး​သည်​မီး​တောက် ထဲ​တွင်​ပင်​လောင်​ကျွမ်း​လိမ့်​မည်​မ​ဟုတ်။-
12 Baldados, porém, são os esforços. A massa da ferrugem não sai. {Lance-se} ao fogo essa ferrugem!
13 အို ယေ​ရု​ရှင်​လင်​မြို့၊ သင်​သည်​အ​ကျင့်​ပျက်​မှု များ​ဖြင့် မိ​မိ​ကိုယ်​ကို​ညစ်​ညမ်း​စေ​လေ​ပြီ။ ငါ သည်​သင့်​အား​သန့်​စင်​အောင်​ပြု​သော်​လည်း သင်​သည်​ညစ်​ညမ်း​၍​နေ​၏။ ငါ​၏​အ​မျက်​တော် ဒဏ်​ကို​မ​ခံ​ရ​မ​ချင်း​သင်​သည်​သန့်​စင်​လာ လိမ့်​မည်​မ​ဟုတ်။-
13 Devido à imundície de teu proceder, eu quis purificar-te; todavia, como não estás purificada, não recobrarás a tua pureza até que eu tenha fartado sobre ti o meu furor.
14 ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏။ ငါ​အ​ရေး​ယူ​ဆောင်​ရွက်​ရ​မည့် အ​ချိန်​ကျ​ပြီ။ ငါ​သည်​သင်​၏​အ​ပြစ်​များ ကို​လျစ်​လူ​ရှု​လိမ့်​မည်​မ​ဟုတ်။ သ​နား​ကြင် နာ​မည်​မ​ဟုတ်။ က​ရု​ဏာ​ထား​မည်​မ​ဟုတ်။ သင်​ပြု​ခဲ့​သည့်​အ​မှု​အ​တွက်​အ​ပြစ်​ဒဏ် ခံ​ရ​မည်'' ဟူ​၍​တည်း။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။
14 Sou eu, o Senhor, que o digo: isso sucederá, eu farei isso sem hesitação, sem piedade, sem remorso. Serás julgada de acordo com teu comportamento e teus atos - oráculo do Senhor Javé.
15 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့ ထံ​သို့​ရောက်​လာ​၏။-
15 A palavra do Senhor foi-me dirigida nestes termos:
16 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ သင်​အ​ချစ်​ဆုံး​သော သူ​ကို​ငါ​သည်​ရုတ်​တ​ရက်​ရုပ်​သိမ်း​မည်။ သင်​သည် မ​ညည်း​ညူ​ရ။ မ​ငို​ရ။ မျက်​ရည်​မ​ကျ​ရ။-
16 filho do homem, vou levar subitamente de ti aquela que faz a delícia de teus olhos. Tu, porém, não darás gemido algum de dor, não chorarás, não deixarás tuas lágrimas correrem.
17 သင်​ရှိုက်​သည့်​အ​သံ​ကို​လူ​တို့​မ​ကြား​ပါ​စေ​နှင့်။ ဝမ်း​နည်း​ပူ​ဆွေး​သည့်​လက္ခ​ဏာ​ဖြင့်​ခေါင်း​ပေါင်း မ​ပေါင်း​ဘဲ၊ ဖိ​နပ်​မ​စီး​ဘဲ​မ​သွား​မ​လာ​နှင့်။ သင်​၏​မျက်​နှာ​ကို​မ​ဖုံး​မ​အုပ်​နှင့်။ ဝမ်း​နည်း ပူ​ဆွေး​သူ​တို့​စား​သည့်​အ​စား​အ​စာ​ကို လည်း​မ​စား​နှင့်'' ဟု​မိန့်​တော်​မူ​၏။
17 Suspira em silêncio, não celebres o luto habitual dos mortos; conserva o teu turbante na cabeça, põe o calçado nos pés, não cubras a tua barba, não comas o pão das gentes.
18 ငါ​သည်​နံ​နက်​ပိုင်း​၌​လူ​တို့​နှင့်​စ​ကား​စ​မြည် ပြော​ဆို​နေ​ခဲ့​၏။ ထို​နေ့​ည​နေ​၌​ငါ​၏​ဇ​နီး သည်​ကွယ်​လွန်​သွား​သော်​လည်း နောက်​တစ်​နေ့​၌ ငါ​သည်​ကိုယ်​တော်​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ပြု​၏။-
18 De manhã, eu me dirigi ao povo; à tarde, minha mulher morreu. No dia seguinte, fiz o que fora prescrito.
19 လူ​တို့​က``သင်​သည်​အ​ဘယ်​ကြောင့်​ဤ​သို့​ပြု သ​နည်း။ အ​ကျွန်ုပ်​တို့​နှင့်​ဆိုင်​သ​လော။ ပြော ပါ​လော့'' ဟု​ငါ့​အား​မေး​ကြ​၏။
19 Disse-me o povo: Não irás explicar-nos o que significa esse teu modo de proceder?
20 ထို့​ကြောင့်​ငါ​က``ငါ့​ထံ​သို့​ထာ​ဝရ​ဘု​ရား နှုတ်​က​ပတ်​တော်​ရောက်​လာ​၏။-
20 Respondi: A palavra do Senhor foi-me dirigida nestes termos:
21 ကိုယ်​တော်​သည်​မိ​မိ​၏​အ​မိန့်​တော်​ကို အ​သင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို​ရန် ငါ့​ကို​စေ​ခိုင်း​တော်​မူ​၏။ သင်​တို့​သည်​ဗိ​မာန် တော်​ခိုင်​ခံ့​မှု​ကို​ဂုဏ်​ယူ​ဝါ​ကြွား​ကြ​၏။ ဗိ​မာန် တော်​ကို​ကြည့်​ရှု​လို​ကြ​၏။ ဗိ​မာန်​တော်​သို့ သွား​ရောက်​လို​ကြ​၏။ သို့​ရာ​တွင်​ထာ​ဝ​ရ ဘု​ရား​သည်​ထို​ဗိ​မာန်​တော်​ကို​ညစ်​ညမ်း​စေ တော်​မူ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​တွင်​ကျန် ရစ်​ခဲ့​သော​သင်​တို့​၏​အိမ်​ထောင်​စု​သား​လူ ငယ်​များ​သည်​လည်း​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ လိမ့်​မည်။-
21 Faze esse discurso aos israelitas: eis o que diz o Senhor Javé: vou profanar o meu santuário, o orgulho de vosso poderio, a alegria de vossos olhos, o objeto do vosso amor; vossos filhos e vossas filhas, que deixastes, vão cair sob a espada.
22 ထို​အ​ခါ​သင်​တို့​သည်​ငါ​ပြု​ခဲ့​သည့်​အ​တိုင်း ပြု​ကြ​လိမ့်​မည်။ သင်​တို့​၏​မျက်​နှာ​များ​ကို​ဖုံး အုပ်​လိမ့်​မည်​မ​ဟုတ်။ ဝမ်း​နည်း​ပူ​ဆွေး​သူ​တို့ သည်​အ​စား​အ​စာ​ကို​စား​လိမ့်​မည်​မ​ဟုတ်။-
22 Fareis então como acabo de fazer; não cobrireis a vossa barba, não comereis o pão das gentes;
23 သင်​တို့​သည်​ခေါင်း​ပေါင်း​မ​ပေါင်း​ဘဲ​ဖိ​နပ်​မ​စီး ဘဲ​သွား​လာ​ကြ​လိမ့်​မည်​မ​ဟုတ်။ မြည်​တမ်း​ငို ကြွေး​မှု​ကို​ပြု​ကြ​လိမ့်​မည်​မ​ဟုတ်။ မိ​မိ​တို့​၏ အ​ပြစ်​များ​ကြောင့်​သင်​တို့​သည်​ကြုံ​လှီ​သွား​ကာ တစ်​ဦး​ရှေ့​တွင်​တစ်​ဦး​ညည်း​တွား​ကြ​လိမ့်​မည်။-
23 conservareis os vossos turbantes na cabeça, e trareis os pés calçados; não poreis luto e não chorareis. Entretanto, definhareis por causa das vossas iniqüidades e gemereis uns com os outros.
24 ထို​အ​ခါ​ငါ​သည်​သင်​တို့​၏​ပုဗ္ဗ​နိ​မိတ်​ဖြစ်​၍ သင်​တို့​သည်​ငါ​ပြု​ခဲ့​သ​မျှ​သော​အ​မှု​တို့​ကို ပြု​ကြ​လိမ့်​မည်။ ဤ​သို့​ဖြစ်​ပျက်​လာ​သော​အ​ခါ ကိုယ်​တော်​သည်​အ​ရှင်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်​ဟု​ထာ​ဝရ ဘု​ရား​မိန့်​တော်​မူ​၏'' ဟု​ဆို​၏။
24 O que Ezequiel está fazendo será para vós um sinal. Quando isso acontecer, fareis exatamente do mesmo modo como ele fez, e sabereis que sou eu o Senhor Javé.
25 ထာ​ဝရ​ဘု​ရား​က``အ​ချင်း​လူ​သား၊ ယ​ခု​ငါ သည်​သူ​တို့​ဂုဏ်​ယူ​ဝါ​ကြွား​စ​ရာ၊ စိတ်​ကြည်​နူး စ​ရာ​ဖြစ်​သော​ခိုင်​ခံ့​လှ​သည့်​ဗိ​မာန်​တော်​ကို ဖယ်​ရှား​မည်။ သူ​တို့​သည်​ထို​ဗိ​မာန်​တော်​ကို ကြည့်​ရှု​လို​ကြ​၏။ ထို​ဗိ​မာန်​တော်​သို့​သွား ရောက်​လို​ကြ​၏။ သူ​တို့​၏​သား​သ​မီး​များ ကို​လည်း​ငါ​သည်​ရုပ်​သိမ်း​မည်။-
25 Quanto a ti, filho do homem, no dia em que eu tirar o que faz a sua fortaleza, sua gloriosa arrogância, a alegria dos seus olhos e o objeto do seu amor, seus filhos e suas filhas,
26 ထို​သို့​ငါ​ပြု​သော​နေ့​၌​သေ​ဘေး​မှ​လွတ်​မြောက် လာ​သူ​တစ်​စုံ​တစ်​ယောက်​သည် ဖြစ်​ပျက်​ခဲ့​သည့် အ​ကြောင်း​အ​ရာ​တို့​ကို​သင့်​ထံ​သို့​လာ​၍ ပြော​ကြား​လိမ့်​မည်။-
26 naquele dia, digo, um fugitivo virá anunciar-te a nova,
27 ထို​နေ့​၌​ပင်​လျှင်​သင့်​နှုတ်​သည်​လည်း​ပွင့်​လျက် ထို​သူ​နှင့်​စ​ကား​ပြော​နိုင်​လိမ့်​မည်။ တိတ်​ဆိတ် နေ​တော့​မည်​မ​ဟုတ်။ ဤ​နည်း​အား​ဖြင့်​သင်​သည် လူ​တို့​အ​တွက် ပုဗ္ဗ​နိ​မိတ်​ဖြစ်​လိမ့်​မည်။ ငါ​သည် ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
27 naquele dia tua boca se abrirá para falar com aquele que escapou; teu mutismo cessará, falarás. Tua atitude será para eles um símbolo, e conhecerão que sou eu o Senhor Javé.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Ezequiel 24, comparar traduções ou montar um estudo — tudo direto pelo WhatsApp.