Ezequiel 22
Common Language Bible (MYA) vs NVT
1 ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ ထံသို့ရောက်လာ၏။-
1 Recebi esta mensagem do S enhor :
2 ကိုယ်တော်က``အချင်းလူသား၊ သင်သည်လူ သတ်သမားများနှင့်ပြည့်နှက်လျက်ရှိသည့် မြို့ကို စစ်ဆေးစီရင်ရန်အသင့်ရှိပြီလော။ ထိုမြို့အားမိမိပြုသည့်စက်ဆုပ်ဖွယ်ရာ အမှုအပေါင်းတို့ကိုဖော်ပြလော့။-
2 “Filho do homem, você está preparado para pronunciar julgamento sobre Jerusalém, esta cidade de assassinos? Faça que ela veja como são detestáveis seus pecados
3 ငါအရှင်ထာဝရဘုရားသည်ထိုမြို့အား အဘယ်သို့မိန့်တော်မူသည်ကိုဤသို့ဆင့် ဆိုလော့။ သင်သည်မိမိ၏လူတို့ကိုအမြောက် အမြားသတ်ခဲ့ပြီးရုပ်တုများကိုဝတ်ပြု ရှိခိုးခြင်းအားဖြင့် မိမိကိုယ်ကိုညစ်ညမ်း စေခဲ့သဖြင့်သင်၏နေ့ရက်ကာလသည် ကျရောက်လာလေပြီ။-
3 e transmita-lhe esta mensagem do S enhor Soberano: Ó cidade de assassinos, condenada e maldita, cidade de ídolos imundos e repugnantes,
4 သင်သည်ထိုလူသတ်မှုများအတွက်အပြစ် ရှိသည့်ပြင် မိမိပြုလုပ်သည့်ရုပ်တုများအား ဖြင့် မိမိကိုယ်ကိုညစ်ညမ်းစေသည်ဖြစ်၍သင် ၏နေ့ရက်ကာလသည်ကျရောက်လာလေပြီ။ သင်၏နှစ်များကုန်ဆုံးချိန်စေ့ပြီ။ သို့ဖြစ်၍ ငါသည်သင့်အားလူမျိုးတကာတို့ပြက် ရယ်ပြုစရာ၊ အတိုင်းတိုင်းအပြည်ပြည် ၏ပြောင်လှောင်စရာဖြစ်စေတော်မူပြီ။-
4 você é culpada pelo sangue que derramou e está contaminada pelos ídolos que fez. Seu dia de castigo se aproxima! Você chegou ao fim de seus anos, e farei de você objeto de zombaria no mundo inteiro.
5 ရပ်နီးရပ်ဝေးရှိတိုင်းပြည်တို့သည်သင် တရားလက်လွတ်ပြုကျင့်၍ နာမည်ပျက် မှုကြောင့်ပြောင်လှောင်ကြ၏။-
5 Ó cidade infame, cheia de confusão, povos distantes e próximos zombarão de você!
6 သင့်အထဲရှိဣသရေလအမျိုးသားခေါင်း ဆောင်အပေါင်းတို့သည် မိမိတို့၏စွမ်းရည် ကိုအားကိုး၍လူသတ်မှုများကိုကူးလွန် ကြ၏။-
6 “Todo líder de Israel que vive dentro de seus muros está decidido a derramar sangue.
7 သင့်အထဲတွင်အဘယ်သူမျှမိဘကိုရို သေမြတ်နိုးမှုမပြုကြ။ သင့်အထဲတွင်သင် သည်လူမျိုးခြားတို့အား လိမ်လည်လှည့်စား ၍မုဆိုးမများနှင့်မိဘမဲ့သူတို့အား ညှဉ်းဆဲနှိပ်စက်၏။-
7 Pais e mães são tratados com desprezo, estrangeiros são obrigados a pagar por proteção, órfãos e viúvas são oprimidos em seu meio.
8 သန့်ရှင်းသောဌာနများကိုမထီမဲ့မြင်ပြု၍ ဥပုသ်နေ့ကိုလည်းမလေးမစားပြု၏။-
8 Você despreza minhas coisas santas e profana meus sábados.
9 သင်၏အထဲ၌အချို့တို့သည်ကုန်းချော၍ သူတစ်ပါးတို့အားသေကြောင်းကြံကြ၏။ သင့်အထဲ၌တောင်ပေါ်ရှိဝတ်ပြုရာဌာန များတွင် ရုပ်တုများအားယဇ်ပူဇော်သည့် အသားကိုစားကြ၏။ အချို့မှာအစဉ် ကာမဂုဏ်လိုက်စားကြ၏။-
9 Pessoas acusam outras falsamente e as condenam à morte. Em seu meio há idólatras e gente que faz coisas obscenas.
10 သင့်အထဲတွင်အချို့သောသူတို့သည် မိမိ တို့၏မိထွေးများနှင့်ပြစ်မှားကြ၏။ သင့် အထဲ၌အချို့ကအမျိုးသမီးများ ရာသီလာချိန်တွင်အဋ္ဌမ္မပြုကျင့်ကြ၏။-
10 Homens têm relações sexuais com a esposa do próprio pai e se impõem sobre mulheres menstruadas.
11 သင့်အထဲ၌အချို့သောသူတို့သည်သူ တစ်ပါး၏အိမ်ရာကိုပြစ်မှား၍ မိမိတို့၏ ချွေးမများကိုသော်လည်းကောင်း၊ အဖေတူ အမေကွဲနှမများကိုသော်လည်းကောင်း ဖြားယောင်းပြစ်မှားကြ၏။-
11 Há quem cometa adultério com a esposa do vizinho, quem contamine sua nora e quem violente a própria irmã.
12 သင့်အထဲ၌သင်၏လူအချို့တို့သည်ကြေး စားလူသတ်သမားများဖြစ်ကြ၏။ အချို့ မှာမိမိတို့ဣသရေလအမျိုးသားများ အားငွေချေး၍ အတိုးကိုယူကာမိမိတို့ ကိုယ်ကိုကြွယ်ဝချမ်းသာစေကြ၏။ သူတို့ သည်ငါ့အားမေ့လျော့သွားကြလေကုန် ပြီ'' ဟုမိန့်တော်မူ၏။ ဤကားအရှင်ထာ ဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
12 Por toda parte há assassinos de aluguel, agiotas que cobram juros abusivos e sujeitos que praticam extorsão. Não se lembram de mim, diz o S enhor Soberano.
13 ``ငါသည်သင်၏မတရားစီးပွားရှာမှု အတွက်အမျက်ထွက်လျက်၊ လက်ဝါးချင်း ရိုက်၍၊ လုယက်သတ်ဖြတ်မှုတို့ကိုရပ်စဲ စေမည်။-
13 “Agora, porém, bato as mãos com indignação por causa do ganho desonesto e do derramamento de sangue em seu meio.
14 သင့်အားငါစီရင်ပြီးချိန်၌သင်သည်ရဲ စွမ်းသတ္တိရှိဦးမည်လော။ မိမိလက်ကိုပင်မြှောက် နိုင်ရန်ခွန်အားရှိပါဦးမည်လော။ ငါထာဝရ ဘုရားမိန့်တော်မူ၏။ ငါသည်မိမိ၏စကား အတိုင်းပြုမည်။-
14 Quão forte e corajosa você será no dia do acerto de contas? Eu, o S enhor , falei e cumprirei o que prometi.
15 သင်၏လူတို့ကိုငါသည်အတိုင်းတိုင်းအပြည် ပြည်နှင့်လူမျိုးတကာတို့ထံသို့ပျံ့လွင့်သွား စေလျက်သင်၏ဆိုးညစ်မှုများကိုရပ်စဲပစ် မည်။-
15 Espalharei você entre as nações e acabarei com sua perversidade.
16 သို့ဖြစ်၍သင်သည် အခြားလူမျိုးတို့ရှေ့တွင် ရှုတ်ချခြင်းကိုခံရလိမ့်မည်။ သို့ရာတွင်ငါ သည်ထာဝရဘုရားဖြစ်တော်မူကြောင်းသင် သိရှိရလိမ့်မည်'' ဟုမိန့်တော်မူ၏။
16 E, quando você tiver sido desonrada entre as nações, saberá que eu sou o S enhor ”.
17 ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ ထံသို့ရောက်လာ၏။-
17 Então recebi esta mensagem do S enhor :
18 ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့သည်ငါ၏အဖို့အသုံးမဝင် ကြ။ သူတို့သည်သတ္တုအရည်ကျိုမီးဖိုတွင် ငွေကိုချွတ်ပြီးနောက်ကျန်ရစ်သည့်ကြေးဝါ၊ သံဖြူ၊ သံ၊ ခဲနှင့်တူ၏။-
18 “Filho do homem, o povo de Israel é a coisa desprezível, sem valor, que resta depois de fundir a prata. São refugo, uma mistura inútil de cobre, estanho, ferro e chumbo.
19 — ausente —
19 Portanto, diga-lhes: ‘Assim diz o S enhor Soberano: Porque vocês são coisa desprezível, sem valor, eu os reunirei em Jerusalém.
20 — ausente —
20 Como a prata, o cobre, o ferro, o chumbo e o estanho são derretidos na fornalha, assim eu os derreterei com o calor de minha ira ardente.
21 ငါသည်အမှန်ပင်သူတို့အားယေရုရှလင် မြို့တွင်စုဝေးစေ၍သူတို့အောက်တွင်မီးထိုး လျက် ငါ၏အမျက်တော်သည်သူတို့အား အရည်ပျော်စေလိမ့်မည်။-
21 Eu os reunirei e soprarei sobre vocês o fogo de minha fúria,
22 ငွေသည်ဖိုထဲတွင်အရည်ပျော်ရသည့်နည်းတူ သူတို့သည်ယေရုရှလင်မြို့တွင်အရည်ပျော် ကြလိမ့်မည်။ ထိုအခါမိမိတို့သည်ထာဝရ ဘုရား၏အမျက်တော်ဒဏ်ကိုခံလျက်ရှိနေ ရကြကြောင်းကို သူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
22 e vocês derreterão como a prata derrete no calor intenso. Então saberão que eu, o S enhor , derramei sobre vocês a minha fúria’”.
23 တစ်ဖန်ထာဝရဘုရား၏နှုတ်ကပတ်တော် သည်ငါ့ထံသို့ရောက်လာ၏။-
23 Recebi outra mensagem do S enhor :
24 ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ ပြည်သည်အမျက်တော်ကျရောက်သောနေ့ ၌၊ မိုးရေမရ၊ မိုးမရွာဘဲနေလိမ့်မည်ဖြစ် ကြောင်း ထိုပြည်ကိုပြောကြားလော့။-
24 “Filho do homem, transmita esta mensagem a Israel: No dia de minha indignação, vocês serão como uma terra contaminada, uma terra sem chuva.
25 သူတို့၏ခေါင်းဆောင်များထဲတွင်ပူးပေါင်း ကြံစည်မှုရှိ၏။ သူတို့သည်သားကောင်များ ကိုကိုက်သတ်ဆွဲဖြတ်ပြီးနောက် ဟောက်နေ သောခြင်္သေ့များနှင့်တူကြ၏။ သူတို့သည် လူများကိုသတ်၍ရနိုင်သမျှသောငွေ နှင့်ဥစ္စာပစ္စည်းတို့ကိုယူကြ၏။ ယင်းသို့သတ် ဖြတ်မှုဖြင့်သူတို့သည်အမျိုးသမီးမြောက် မြားစွာကိုမုဆိုးမဘဝသို့ရောက်စေ ကြ၏။-
25 Seus príncipes tramam conspirações, como leões à espreita da presa. Devoram inocentes, apropriam-se de tesouros, obtêm riquezas por extorsão e fazem muitas viúvas na terra.
26 ယဇ်ပုရောဟိတ်တို့သည်လည်းငါ၏တရား တော်ကိုချိုးဖောက်၍ မြင့်မြတ်သန့်ရှင်းသည့် အရာကိုမရိုမသေပြုကြ၏။ သူတို့သည် မြင့်မြတ်သန့်ရှင်းသည့်အရာနှင့် သာမန်အရာ ကိုခွဲခြားမှုမပြုကြ။ သူတို့သည်သန့်စင် သည့်အရာနှင့်မသန့်စင်သည့်အရာ ခြား နားပုံကိုလည်းသင်ကြား၍မပေးကြ။ ဥပုသ်နေ့ကိုလျစ်လူပြုကြ၏။ သို့ဖြစ်၍ ဣသရေလအမျိုးသားတို့သည်ငါ့အား မရိုသေကြ။-
26 Seus sacerdotes não guardaram minha lei e profanaram minhas coisas santas. Não fazem distinção entre sagrado e profano e não ensinam meu povo a distinguir entre cerimonialmente puro e impuro. Desrespeitam meus sábados, de modo que sou desonrado no meio deles.
27 အစိုးရအရာရှိများသည်သားကောင် များကို ကိုက်သတ်ဆွဲဖြတ်လျက်နေသည့် ဝံပုလွေများနှင့်တူကြ၏။ သူတို့သည် မိမိတို့ကြွယ်ဝချမ်းသာရေးအတွက် အသက်ကိုသတ်၍လူသတ်မှုကူးလွန် ကြ၏။-
27 Seus líderes são como lobos que despedaçam as vítimas. Destroem a vida das pessoas por dinheiro!
28 ပရောဖက်တို့သည်အုတ်တံတိုင်းကိုထုံးဖြူ သုတ်သူများကဲ့သို့ ထိုအပြစ်များကိုဖုံး အုပ်ပေးကြ၏။ သူတို့သည်ဗျာဒိတ်ရူပါရုံ အတုများကိုမြင်လျက် မဟုတ်မမှန်သော ဗျာဒိတ်ကိုဆင့်ဆိုဟောပြောကြ၏။ သူတို့ ကမိမိတို့သည်အရှင်ထာဝရဘုရား ဗျာဒိတ်တော်ကိုဆင့်ဆိုကြသည်ဟုဆို သော်လည်း ယင်းဗျာဒိတ်တို့ကိုသူတို့အား ငါမပြောခဲ့။-
28 E seus profetas encobrem tudo isso com visões falsas e previsões mentirosas. Dizem: ‘Recebi esta mensagem do S enhor Soberano’, quando, na verdade, o S enhor não lhes disse coisa alguma.
29 ထိုဒေသတွင်နေထိုင်သူတို့သည် အနိုင်အထက် လုယူ၍ လုယက်မှုတို့ကိုပြုကြ၏။ သူတို့သည် ဆင်းရဲချို့တဲ့သူတို့အားနှိပ်စက်၍ လူမျိုးခြား တို့အားမတရားသဖြင့်နိုင်ထက်စီးနင်းပြု ကြ၏။-
29 Até mesmo o povo oprime os pobres, rouba dos necessitados e nega justiça aos estrangeiros.
30 ငါသည်မိမိ၏လူမျိုးတော်နေထိုင်ရာပြည် ကိုအမျက်တော်ဖြင့် ဖျက်ဆီးပစ်မည်ပြုသော အခါထိုပြည်ကိုတံတိုင်းကာနိုင်မည့်သူ၊ မြို့ ရိုးများပြိုရာတွင်ရပ်၍ခုခံနိုင်မည့်သူကို ငါရှာကြည့်၏။ သို့ရာတွင်တစ်စုံတစ်ယောက် ကိုမျှမတွေ့ရ။-
30 “Procurei alguém que reconstruísse o muro que guarda a terra, que se pusesse na brecha para que eu não a destruísse, mas não encontrei ninguém.
31 သို့ဖြစ်၍ငါသည်အမျက်တော်ကိုသွန်းလောင်း ၍ သူတို့အပေါ်သို့အမျက်တော်ကိုမီးသ ဖွယ်သက်ရောက်စေမည်။ သူတို့ပြုခဲ့သည့်အမှု များအတွက်သူတို့၏ခေါင်းပေါ်သို့ကျရောက် စေမည်'' ဟုမိန့်တော်မူ၏။ ဤကားအရှင် ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
31 Agora, portanto, derramarei minha fúria sobre eles e os consumirei com o fogo de minha ira. Farei cair sobre sua cabeça o castigo merecido por tudo que fizeram. Eu, o S enhor Soberano, falei!”.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Ezequiel 22, comparar traduções ou montar um estudo — tudo direto pelo WhatsApp.