Ezequiel 21
Common Language Bible (MYA) vs NVI
1 ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ ထံသို့ရောက်လာ၏။-
1 Esta palavra do Senhor veio a mim:
2 ကိုယ်တော်က``အချင်းလူသား၊ ယေရုရှလင် မြို့ဘက်သို့လှည့်၍ထိုမြို့ကိုရှုတ်ချလော့။ လူ တို့ကိုးကွယ်ဝတ်ပြုရာဌာနများကိုရှုတ် ချလော့။ ဣသရေလပြည်ကိုပရောဖက်ပြု ၍သတိပေးလော့။-
2 "Filho do homem, vire o rosto contra Jerusalém e pregue contra o santuário. Profetize contra Israel,
3 လူတို့အားငါထာဝရဘုရားသည်သူတို့ ၏ရန်သူဖြစ်ကြောင်း ငါ၏ဋ္ဌားလွယ်အိမ်မှ ဋ္ဌားတော်ကိုထုတ်ယူ၍ သူတို့အပေါင်းအား လူဆိုးလူကောင်းမရွေးသုတ်သင်ပစ်မည် ဖြစ်ကြောင်း၊-
3 dizendo-lhe: ‘Assim diz o Senhor: Estou contra você. Empunharei a minha espada para eliminar tanto o justo quanto o ímpio.
4 ယင်းသို့လူဆိုးလူကောင်းမရွေးသုတ်သင် ပစ်ရန် ငါသည်မြောက်အရပ်မှနေ၍တောင် အရပ်သို့တိုင်အောင် ရှိသမျှသောလူတို့ ကိုဋ္ဌားတော်ဖြင့်စီရင်မည်ဖြစ်ကြောင်း၊-
4 Uma vez que eu vou eliminar o justo e o ímpio, estarei empunhando a minha espada contra todos, desde o Neguebe até o norte.
5 ငါထာဝရဘုရားသည်မိမိ၏ဋ္ဌားတော် ကိုဋ္ဌားလွယ်အိမ်မှထုတ်တော်မူပြီဖြစ် ကြောင်း၊ ထိုဋ္ဌားကိုဋ္ဌားလွယ်အိမ်သို့ပြန် ၍သွင်းတော်မူမည်မဟုတ်ကြောင်းကိုလူ အပေါင်းတို့သိရကြလိမ့်မည်။
5 Então todos saberão que eu, o Senhor, da bainha tirei a espada e não tornarei a guardá-la’.
6 ``အချင်းလူသား၊ သင်သည်စိတ်ပျက်ဝမ်းနည်း ကြေကွဲလျက်ရှိဘိသကဲ့သို့ညည်းတွားလော့။ လူမြင်ကွင်းတွင်ပြင်းပြစွာညည်းတွားလော့။-
6 "Portanto, passe a gemer, filho do homem! Passe a gemer diante deles com o coração partido e com amarga tristeza.
7 သင်သည်အဘယ်ကြောင့်ညည်းတွားသည်ကို လူတို့မေးမြန်းကြသောအခါ သင်ကြားသိ ရသောသတင်းကြောင့်ညည်းတွားရခြင်း ဖြစ်ကြောင်းပြောပြလော့။ ထိုအမှုအရာ ဖြစ်ပျက်လာသောအခါ လူတို့သည်နှလုံး တုန်လျက်သတ္တိကြောင်ကြလိမ့်မည်။ သူတို့ ၏လက်များသည်ပျော့အိလျက်ဒူးများ လည်းပျော့ခွေလိမ့်မည်။ ထိုအမှုအရာကား ဖြစ်ပျက်မည့်အချိန်ကျရောက်ပြီ။ ယခု ပင်ဖြစ်ပျက်လာလေပြီ'' ဟုမိန့်တော်မူ၏။ ဤကားငါအရှင်ထာဝရဘုရားမိန့် တော်မူသောစကားဖြစ်၏။
7 E, quando lhe perguntarem: ‘Por que você está gemendo? ’, você dirá: ‘Por causa das notícias que estão vindo. Todo coração se derreterá, e toda mão penderá frouxa; todo espírito desmaiará, e todo joelho se tornará como água, de tão fraco’. E vem chegando! Sem nenhuma dúvida vai acontecer; palavra do Soberano Senhor".
8 ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
8 Esta palavra do Senhor veio a mim:
9 ကိုယ်တော်က``အချင်းလူသား၊ ဗျာဒိတ်တော် ကိုဆင့်ဆိုလော့။ ငါထာဝရဘုရားအဘယ် သို့မိန့်တော်မူသည်ကိုလူတို့အားဆင့်ဆို ရမည်မှာ၊
9 "Filho do homem, profetize e diga: ‘Assim diz o Senhor: " ‘Uma espada, uma espada, afiada e polida;
10 သတ်ဖြတ်ရန်အတွက်ဋ္ဌားကိုထက်အောင် သွေးထားပြီး။
10 afiada para a mortandade, polida para luzir como relâmpago! " ‘Acaso vamos regozijar-nos com o cetro do meu filho Judá? A espada despreza toda e qualquer vareta como essa.
11 အဆင်သင့်အသုံးပြုနိုင်စေရန်ထိုဋ္ဌားကို ပြောင်လက်အောင်တိုက်ချွတ်လျက်ရှိ၏။
11 " ‘A espada foi destinada a ser polida, a ser pega com as mãos; está afiada e polida, preparada para que a maneje a mão do matador.
12 အချင်းလူသား၊ဝမ်းနည်း၍အော်ဟစ်ငို ကြွေးလော့။
12 Clame e grite, filho do homem, pois ela está contra o meu povo; está contra todos os príncipes de Israel. Eles são atirados contra a espada juntamente com o meu povo. Lamente-se, pois; bata no peito.
13 ငါသည်ဋ္ဌားဖြင့်ဒဏ်ခတ်ခြင်းခံရမည့် ယုဒ၏ ရာဇလှံတံတော်ပျက်စီးမည့်အချိန်ကို
13 " ‘É certo que a prova virá. E que acontecerá, se o cetro de Judá, que a espada despreza, não continuar a existir?; palavra do Soberano Senhor’.
14 ``အချင်းလူသား၊ ယခုဗျာဒိတ်တော်ကိုပြန် ကြားလော့။ လက်ခုပ်တီးလော့။ ထိုအခါဋ္ဌား တော်ကိုနှစ်ကြိမ်သုံးကြိမ်ဝှေ့ယမ်းလော့။ ထို ဋ္ဌားသည်သူသတ်သောဋ္ဌား၊ ရက်စက်စွာသတ် ဖြတ်သည့်ဋ္ဌားဖြစ်၏။ သူတို့ကိုအဘက်ဘက် မှဝိုင်းရံသတ်ဖြတ်လိမ့်မည်။-
14 "Por isso profetize, então, filho do homem, e bata as mãos uma na outra. Que a espada golpeie duas vezes, aliás, três vezes. É uma espada para matança, para grande matança, avançando sobre eles de todos os lados.
15 ယင်းသည်ငါ၏လူမျိုးတော်အားနှလုံးတုန် စေ၍ ယိမ်းယိုင်ပြိုလဲစေ၏။ လျှပ်ပြက်သကဲ့ သို့ပြောင်လက်၍ခုတ်ဖြတ်ရန်အသင့်ရှိသော ဋ္ဌားဖြင့် ငါသည်သူတို့၏မြို့တံခါးတို့တွင် သတ်ဖြတ်ရန်ထိုဋ္ဌားကိုထားရှိမည်။-
15 Assim, para que os corações se derretam e os caídos sejam muitos, posicionei a espada para a matança junto a todas as suas portas. Ah! Ela foi feita para luzir como relâmpago; é empunhada firmemente para a matança.
16 အချင်းထက်မြက်သောဋ္ဌား၊ ဘယ်ညာမရွေး ခုတ်ဖြတ်လော့။ ဦးတည်ရာခုတ်ဖြတ်လော့။-
16 Ó espada, golpeie para todos os lados, para onde quer que se vire a sua lâmina.
17 ငါသည်လည်းလက်ခုပ်တီးမည်။ ထိုနောက်ငါ ၏အမျက်တော်ပြေမည်။ ဤကားငါထာဝရ ဘုရားမိန့်တော်မူသောစကားပင်ဖြစ်၏'' ဟူ ၍တည်း။
17 Eu também baterei minhas mãos uma na outra, e a minha ira diminuirá. Eu, o Senhor, falei".
18 ထာဝရဘုရားသခင်၏နှုတ်ကပတ်တော် သည် ငါ့ထံသို့ရောက်လာ၏။-
18 A palavra do Senhor veio a mim:
19 ကိုယ်တော်က``အချင်းလူသား၊ ဗာဗုလုန်မင်း တိုက်ခိုက်ရန်ဋ္ဌားကိုကိုင်၍ လာနိုင်သည့်လမ်း နှစ်လမ်းကိုမှတ်သားလော့။ ထိုလမ်းနှစ်လမ်း စလုံးပင်တိုင်းပြည်တစ်ခုတည်းမှအစ ပြုရမည်။ ထိုမြို့သို့ခွဲသွားသည့်လမ်းခွ တွင်မှတ်တိုင်များစိုက်ထားလော့။-
19 "Filho do homem, trace as duas estradas que a espada do rei da Babilônia deve tomar, as duas partindo da mesma terra. Em cada uma delas coloque um marco indicando o rumo de uma cidade.
20 ဖျက်ဆီးမည့်ဋ္ဌားလာရောက်ရန်မှတ်တိုင်တစ် တိုင်သည် အမ္မုန်ပြည်ရဗ္ဗတ်မြို့သို့လမ်းညွှန် လျက် အခြားတစ်တိုင်မှာယုဒပြည်ခိုင်ခံ့ သောယေရုရှလင်မြို့သို့လမ်းညွှန်ရမည်။-
20 Trace uma estrada que leve a espada contra Rabá dos amonitas, e a outra contra Judá e contra a Jerusalém fortificada.
21 ဗာဗုလုန်မင်းသည်လမ်းဆုံ၊ လမ်းဝသို့ရောက် သောအခါ ရပ်၍အဘယ်လမ်းကိုလိုက်ရမည် ကိုသိနိုင်ရန်မြားတို့ကိုလှုပ်၍မဲချ၏။ သူ ၏ရုပ်တုတို့ကိုမေးမြန်း၏။ တိရစ္ဆာန်အသည်း ကိုလည်းကြည့်၏။-
21 Pois o rei da Babilônia parará no local donde partem as duas estradas para sortear a escolha. Ele lançará a sorte com flechas, consultará os ídolos da família, examinará o fígado.
22 ထိုအခါ`ယေရုရှလင်' ဟုရေးမှတ်ထားသော နိမိတ်ပြမြားသည် သူ၏ညာဘက်လက်တွင်း သို့ရောက်ရှိ၏။ ထိုမြားကသူ့အားမြို့ရိုးဖြို ရန်တုံးမောင်းများကိုသွားရောက်တပ်ဆင်ကာ သတ်ရန်အမိန့်ပေးလျက်စစ်တိုက်သံများ ကိုကြွေးကြော်ရန်လည်းကောင်း၊ တံခါးထု ဖွင့်ရန်တုံးမောင်းကိုလည်းကောင်း မြေကတုတ် များဖို့၍ကတုတ်ကျင်းများကိုတူးရန် လည်းကောင်းညွှန်ပြ၏။-
22 Pela sua mão direita será sorteada Jerusalém, onde deverá preparar aríetes, dar ordens para a matança, soar o grito de guerra, montar aríetes contra as portas, construir uma rampa e levantar obras de cerco.
23 ယေရုရှလင်မြို့သူမြို့သားတို့သည်ဗာဗု လုန်မင်းနှင့် မိမိတို့ချုပ်ဆိုထားသည့်စစ်ပြေ ငြိမ်းခြင်းစာချုပ်များရှိသဖြင့် ဤသို့ကြို တင်ဟောကိန်းထွက်သည်ကိုယုံကြလိမ့်မည် မဟုတ်။ သို့ရာတွင်သူတို့အားမိမိတို့၏ အပြစ်များကိုပြန်လည်သတိရစေ၍ သူတို့အဖမ်းခံရကြလိမ့်မည်။-
23 Parecerá um falso presságio aos judeus, que tinham feito uma aliança com juramento, mas o rei invasor os fará recordar sua culpa e os levará prisioneiros.
24 သို့ဖြစ်၍ငါအရှင်ထာဝရဘုရားမိန့်တော်မူ သည်ကား သင်တို့၏ပုန်ကန်မှုကြောင့်သင်တို့ ၏အပြစ်များကိုအမှတ်ရစေပြီ။ သင်တို့၏ အကျင့်အကြံဟူသမျှက သင်တို့၏အပြစ် များကိုပေါ်လွင်လာစေ၏။ သင်တို့ဤသို့ ပြုသည်ဖြစ်၍ ငါသည်သင်တို့ကိုရန်သူ များ၏လက်သို့ပေးအပ်မည်။
24 "Portanto, assim diz o Soberano Senhor: ‘Visto que vocês trouxeram à lembrança a sua iniqüidade mediante rebelião ostensiva, revelando seus pecados em tudo o que fazem; porque vocês fizeram isso, serão levados prisioneiros.
25 ``အချင်းယုတ်မာဆိုးညစ်သည့်ဣသရေလ မင်း၊ သင်၏ကံကြမ္မာကိုဖန်တီးမည့်နေ့ရက်၊ သင်အပြီးသတ်အပြစ်ဒဏ်ခံရမည့်နေ့ ရက်ကျရောက်လာလေပြီ။-
25 " ‘Ó ímpio e profano príncipe de Israel, o seu dia chegou, a hora do seu castigo é agora,
26 ဤကားငါအရှင်ထာဝရဘုရားမိန့်တော်မူ သောစကားဖြစ်၏။ သင်၏ရာဇသရဖူနှင့် ဦးရစ်ကိုချွတ်လိုက်လော့။ အခြေအနေအား လုံးပြောင်းလဲသွားလေပြီ။ ဆင်းရဲသူတို့ အားတန်ခိုးအာဏာပေးအပ်၍ တန်ခိုး အာဏာရှိသူတို့ကိုနိမ့်ကျစေအံ့။-
26 assim diz o Soberano Senhor: Tire o turbante e a coroa. Não será como antes: Os humildes serão exaltados, e os exaltados serão humilhados.
27 ငါသည်ယေရုရှလင်မြို့ကိုယိုယွင်းပျက်စီး စေမည်။ ယိုယွင်းပျက်စီးစေမည်။ ယိုယွင်းပျက် စီးစေမည်။ သို့ရာတွင်ထိုမြို့ကိုတရားဝင် ပိုင်ဆိုင်သူမရောက်မီ ယင်းကိုပြန်လည်ပြု ပြင်ကြလိမ့်မည်မဟုတ်။ ထိုသူအားငါ အပ်မည်။
27 Uma desgraça! Uma desgraça! Eu a farei uma desgraça! Não será restaurada, enquanto não vier aquele a quem ela pertence por direito; a ele eu a darei’.
28 ``အချင်းလူသား၊ ဗျာဒိတ်တော်ကိုဆင့်ဆို လော့။ ဣသရေလအမျိုးသားတို့အားစော် ကားသည့်အမ္မုန်ပြည်သားတို့အားငါအရှင် ထာဝရဘုရားအဘယ်သို့မိန့်တော်မူ ကြောင်းကိုကြေညာလော့။''
28 "E você, filho do homem, profetize e diga: ‘Assim diz o Soberano Senhor acerca dos amonitas e dos seus insultos: " ‘Uma espada, uma espada, empunhada para matança, polida para consumir e para luzir como relâmpago!
29 သင်တို့မြင်ရသောဗျာဒိတ်ရူပါရုံများသည် အတုဖြစ်၍ သင်တို့အားကြိုတင်ဟောပြော ချက်များသည်လည်းလိမ်လည်ဟောပြောမှု များသာဖြစ်၏။ သင်တို့အပြီးသတ်အပြစ် ဒဏ်ခံရမည့်နေ့ရက်သည်နီးကပ်လာလေ ပြီ။ ဋ္ဌားတော်သည်ယုတ်မာဆိုးညစ်သူတို့ ၏ဇက်ပေါ်သို့သတ်ဖြတ်ရန်ကျရောက်အံ့။
29 A despeito das visões falsas e das adivinhações mentirosas sobre você, ela será posta sobre o pescoço dos ímpios que devem ser mortos e cujo dia chegou, cujo momento de castigo é agora.
30 `` `သင်၏ဋ္ဌားကိုဋ္ဌားလွယ်အိမ်သို့ပြန်သွင်း စေ။ သင့်ကိုဖန်ဆင်းရာအရပ်၊ သင်မွေးဖွား ရာပြည်တွင်ငါသည်သင့်အားတရားစီ ရင်မည်။-
30 Volte a espada à sua bainha. No lugar onde vocês foram criados, na terra dos seus antepassados, eu os julgarei.
31 ငါသည်တောက်လောင်နေသောမီးသဖွယ် ငါ၏အမျက်တော်ကို သင့်၏အပေါ်သို့ သွန်းလောင်းရလိမ့်မည်။ သင့်အားရက်စက် ကြမ်းကြုတ်သူအဖျက်ဝိဇ္ဇာတို့၏လက် သို့ငါပေးအပ်မည်။-
31 Derramarei a minha ira sobre vocês, soprarei a minha ira impetuosa contra vocês; eu os entregarei nas mãos de homens brutais, acostumados à destruição.
32 သင်သည်လောင်စာဖြစ်လိမ့်မည်။ မိမိ၏ပြည် ၌ပင်သေရလိမ့်မည်။ နောက်တစ်ဖန်အဘယ် သူမျှသင့်အားသတိရကြတော့မည်မ ဟုတ်' '' ဟုမိန့်တော်မူ၏။ ဤကားငါထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်သတည်း။
32 Vocês serão combustível para o fogo, seu sangue será derramado em sua terra e você não será mais lembrado; porque eu o Senhor falei’ ".
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Ezequiel 21, comparar traduções ou montar um estudo — tudo direto pelo WhatsApp.