Ezequiel 20
Common Language Bible (MYA) vs BKJ
1 ပြည်နှင်ဒဏ်ခံရသည့်သတ္တမနှစ်မြောက်၊ ပဉ္စမလ၊ လဆန်းငါးရက်နေ့၌ဣသရေလခေါင်းဆောင် အချို့တို့သည် ထာဝရဘုရား၏အလိုတော် ကိုစုံစမ်းမေးမြန်းရန် ငါ့ထံသို့လာရောက်ကြ ၏။ ထိုသူတို့ငါ၏ရှေ့တွင်ထိုင်ကြသောအခါ၊-
1 E aconteceu no sétimo ano, no quinto mês, no décimo dia do mês, que alguns dos anciãos de Israel vieram para inquirir do SENHOR, e sentaram-se diante de mim.
2 ထာဝရဘုရား၏နှုတ်ကပတ်တော်ကိုငါ ကြားရ၏။-
2 Então, veio a mim a palavra do SENHOR, dizendo:
3 ကိုယ်တော်က``အချင်းလူသား၊ သင်သည်သူတို့ အား`သင်တို့သည်ငါ၏အလိုတော်ကိုစုံစမ်း မေးမြန်းရန်လာကြသလော။ ငါသည်အသက် ရှင်တော်မူသောဘုရားဖြစ်တော်မူသည်နှင့် အညီ သင်တို့မေးမြန်းစုံစမ်းမှုမှန်သမျှ ကိုလက်ခံမည်မဟုတ်။ ဤကားငါအရှင် ထာဝရဘုရား၏စကားဖြစ်၏' ဟုမိန့် တော်မူကြောင်းဆင့်ဆိုလော့။
3 Filho do homem, fala aos anciãos de Israel, e dize-lhes: Assim diz o Senhor DEUS: Viestes para me inquirir? Como eu vivo, diz o Senhor DEUS, eu não serei inquirido por vós.
4 ``အချင်းလူသား၊ သင်သည်သူတို့အားစစ် ဆေးစီရင်ရန်အသင့်ရှိပြီလော။ အသင့်ရှိ လျှင်စစ်ဆေးစီရင်လော့။ သူတို့အားမိမိ တို့ဘိုးဘေးများပြုကျင့်ခဲ့သောစက်ဆုပ် ဖွယ်ကောင်းသည့်အမှုတို့ကိုသတိပေးဖော် ပြလော့။-
4 Tu os julgarás, filho do homem, julgarás tu a eles? Faze-lhes conhecer as abominações de seus pais.
5 ငါအရှင်ထာဝရဘုရားအဘယ်သို့မိန့်တော် မူကြောင်းကိုလည်း ပြောပြလော့။ ဣသရေလ လူမျိုးတို့ကိုငါရွေးကောက်တော်မူ၍ ယာကုပ် ၏အမျိုးအနွယ်တို့အားငါသည်ကတိပေး ကျိန်ဆိုခဲ့၏။ အီဂျစ်ပြည်တွင်ငါသည်သူတို့ အားထင်ရှားလျက် ငါသည်သူတို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူကြောင်း ကိုကျိန်ဆိုခဲ့၏။-
5 E dize-lhes: Assim diz o Senhor DEUS: No dia quando eu escolhi a Israel, e levantei a minha mão para a semente da casa de Jacó, e me fiz conhecido àqueles na terra do Egito, quando eu levantei a minha mão para eles, dizendo: Eu sou o SENHOR vosso Deus.
6 သူတို့အားအီဂျစ်ပြည်မှထုတ်ဆောင်ကာ သူတို့အတွက်ရွေးချယ်ထားသောပြည်သို့ ခေါ်ယူသွားမည်ဟု ငါကတိပေးကျိန်ဆို ခဲ့သည်မှာထိုအခါကဖြစ်၏။ ထိုပြည်ကား နို့နှင့်ပျားရည်စီးဆင်းနေ၍ပေါများသော ပြည်၊ အသာယာဆုံးသောပြည်ဖြစ်၏။-
6 No dia em que eu levantei a minha mão para eles, para trazê-los da terra do Egito, para uma terra que eu já tinha descoberto para eles, fluindo leite e mel, que é a glória de todas as terras.
7 ငါသည်သူတို့၏ဘုရားသခင်ထာဝရ ဘုရားဖြစ်သဖြင့် မိမိတို့မြတ်နိုးသည့် စက်ဆုပ်ဖွယ်ရာရုပ်တုများကိုစွန့်ပစ်လိုက် ကြရန်နှင့်အီဂျစ်ဘုရားအတုများကို ကိုးကွယ်ခြင်းဖြင့် မိမိတို့ကိုယ်ကိုမညစ် ညမ်းကြစေရန်သူတို့အားပြောသော်လည်း၊-
7 Então, lhes disse: Lançai fora cada homem as abominações de seus olhos, e não vos corrompeis com os ídolos do Egito; eu sou o SENHOR vosso Deus.
8 သူတို့သည်ငါ့အားအာခံကာငါ၏စကား ကိုနားမထောင်ဘဲနေကြ၏။ သူတို့သည်မိမိ တို့မြတ်နိုးသည့်စက်ဆုပ်ဖွယ်ကောင်းသောရုပ် တုများနှင့် အီဂျစ်ဘုရားများကိုမစွန့်ကြ။ ငါသည်သူတို့အားအီဂျစ်ပြည်တွင်ငါ၏ အမျက်ဒေါသကိုသူတို့အပေါ်သို့သွန်း လောင်း၍ အမျက်တော်ဒဏ်ကိုအပြည့် အဝခံကြစေရန်အကြံရှိခဲ့၏။-
8 Mas eles rebelaram-se contra mim, e não quiseram me ouvir; eles não lançaram, cada homem, as abominações de seus olhos, nem abandonaram os ídolos do Egito; então eu disse: Eu derramarei minha fúria sobre eles, para concluir minha ira contra eles no meio da terra do Egito.
9 သို့ရာတွင်ငါ၏နာမတော်ကို သူတို့အတူ တကွနေထိုင်လျက်ရှိသောနိုင်ငံများရှေ့တွင် အသရေမပျက်စေခြင်းငှာယင်းသို့မပြု ခဲ့။ အဘယ်ကြောင့်ဆိုသော်ဣသရေလ အမျိုးသားတို့အား အီဂျစ်ပြည်မှထုတ် ဆောင်တော်မူခြင်းဖြင့် သူတို့နှင့်အတူနေ ထိုင်ကြသောလူမျိုးခြားတို့၏ရှေ့တွင် ငါ သည်ထင်ရှားတော်မူခဲ့ပြီဖြစ်သောကြောင့် တည်း။
9 Mas eu forjei por causa do meu nome, para que não fosse poluído diante dos pagãos, no meio dos quais estavam, a cuja vista eu me fiz conhecido por eles, trazendo-os para fora da terra do Egito.
10 ``သို့ဖြစ်၍ငါသည်သူတို့အားအီဂျစ် ပြည်မှတောကန္တာရသို့ထုတ်ဆောင်ကာ၊-
10 Portanto, eu os fiz sair da terra do Egito, e os trouxe ao deserto.
11 ငါ၏အမိန့်တို့ကိုနာခံစေ၍ ပညတ်တော် တို့ကိုသင်ကြားပေး၏။ ယင်းတို့ကိုစောင့် ထိန်းသူတို့သည်အသက်ရှင်ရလိမ့်မည်။-
11 E eu dei-lhes os meus estatutos, e lhes mostrei os meus juízos, os quais, se um homem cumprir, ele viverá neles.
12 သူတို့အားမြင့်မြတ်သန့်ရှင်းစေသူမှာ ငါ ထာဝရဘုရားပင်ဖြစ်ကြောင်းသတိပေး လိုသဖြင့် ငါနှင့်သူတို့သဘောတူသည့် အမှတ်လက္ခဏာအနေဖြင့် ဥပုသ်နေ့ကို စောင့်ထိန်းကြရန်ငါပြဋ္ဌာန်းထား၏။-
12 Além disso, eu também lhes dei os meus shabats, para serem um sinal entre mim e eles; para que eles pudessem saber que eu sou o SENHOR que os santifica.
13 သို့ရာတွင်သူတို့သည်တောကန္တာရ၌ပင် ငါ့ကိုအာခံကြ၏။ ငါ၏အမိန့်တော်တို့ ကိုလိုက်နာသူမှန်သမျှသည်အသက်ရှင် ခွင့်ရမည်ဖြစ်သော်လည်းသူတို့သည်ငါ ၏ပညတ်တော်တို့ကိုချိုးဖောက်၍ငါ၏ အမိန့်တော်တို့ကိုပစ်ပယ်ကြ၏။ ဥပုသ်နေ့ ကိုလည်းအလျှင်းမရိုသေ။ သို့ဖြစ်၍ငါ သည်သူတို့အားတောကန္တာရတွင်ငါ၏ အမျက်တော်သွန်းလောင်းခြင်းဒဏ်ကိုခံ စေ၍ သုတ်သင်ဖျက်ဆီးပစ်ရန်အကြံရှိ ခဲ့၏။-
13 Mas a casa de Israel se rebelou contra mim no deserto; eles não andaram nos meus estatutos, e desprezaram os meus juízos, o que, se um homem o fizer, ele viverá neles; e os meus shabats poluíram grandemente; então, eu disse que derramaria minha fúria sobre eles no deserto, para os consumir.
14 သို့ရာတွင်ယင်းသို့ဖျက်ဆီးပစ်ပါမူနိုင်ငံ တကာရှေ့တွင် ငါ၏နာမတော်အသရေ ပျက်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူတို့ အားအီဂျစ်ပြည်မှ ငါထုတ်ဆောင်ခဲ့သည်ကို လူမျိုးတကာတို့မြင်ခဲ့ကြသောကြောင့် ဖြစ်၏။-
14 Mas eu forjei por causa do meu nome, para que este não fosse poluído diante dos pagãos, a cuja vista eu os trouxe para fora.
15 သို့ဖြစ်၍အသာယာဆုံးသောပြည်၊ နို့နှင့် ပျားရည်စီးနေသောပြည်တည်းဟူသော ငါပေးအပ်ခဲ့သည့်ပြည်သို့ သူတို့အားပို့ ဆောင်တော့မည်မဟုတ်ဟုငါသည်တော ကန္တာရတွင်ကျိန်ဆိုခဲ့၏။-
15 Ainda assim, eu também levantei a minha mão para eles no deserto, para que eu não os trouxesse para a terra, que eu lhes tinha dado, fluindo leite e mel, que é a glória de todas as terras.
16 ယင်းသို့ကျိန်ဆိုရခြင်းအကြောင်းမှာသူတို့ သည် မိမိတို့၏ရုပ်တုကိုးကွယ်မှုကိုပိုမို နှစ်သက်ကြလျက် ငါ၏အမိန့်တော်တို့ကို ပစ်ပယ်ကာငါ၏ပညတ်တော်တို့ကိုချိုး ဖောက်၍ ဥပုသ်နေ့ကိုမရိုမသေပြုကြ သောကြောင့်ဖြစ်၏။
16 Porque eles desprezaram os meus juízos, e não andaram nos meus estatutos, mas poluíram os meus shabats; porque o seu coração ia após os seus ídolos.
17 ``သို့သော်ငါသည်သူတို့ကိုသနားသဖြင့် တောကန္တာရတွင်ဆုံးပါးပျက်စီးစေရန် မပြု။-
17 Todavia, o meu olho lhes poupou de destruí-los, nem fiz um fim deles no deserto.
18 သို့ရာတွင်တောကန္တာရထဲမှသူတို့၏သား သမီးများအား`သင်တို့ဘိုးဘေးများစီရင် ခဲ့သည့်စည်းမျဉ်းများကိုမကျင့်သုံးကြ နှင့်။ သူတို့၏ဋ္ဌလေ့ထုံးစံများကိုမလိုက် လျှောက်ကြနှင့်။ သူတို့၏ရုပ်တုများကို ကိုးကွယ်ခြင်းအားဖြင့်ကိုယ်ကိုမညစ် ညမ်းစေကြနှင့်။-
18 Mas eu disse a seus filhos no deserto: Não andeis nos estatutos de vossos pais, nem observais os seus juízos, nem vos contamineis com os seus ídolos.
19 ငါသည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားဖြစ်၏။ ငါ၏ပညတ်တော်တို့ကို စောင့်ထိန်း၍ ငါ၏အမိန့်တော်တို့ကိုနာခံ ကြလော့။-
19 Eu sou o SENHOR vosso Deus; andai nos meus estatutos, e guardai os meus juízos, e executai-os.
20 ငါနှင့်သင်တို့ဖွဲ့ထားသည့်ပဋိညာဉ်၏အမှတ် လက္ခဏာဖြစ်စေရန်နှင့် ငါသည်သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ ကြောင်းကိုလည်း သင်တို့အားသတိရစေရန် ဥပုသ်နေ့ကိုသန့်ရှင်းစေကြလော့' ဟုငါ သတိပေး၏။
20 E santificai os meus shabats, e eles serão um sinal entre mim e vós, para que possais saber que eu sou o SENHOR vosso Deus.
21 ``သို့ရာတွင်ထိုလူမျိုးဆက်သည်လည်းငါ့ကို အာခံကြ၏။ ငါ၏အမိန့်တော်တို့ကိုလိုက်နာ သူမှန်သမျှသည်အသက်ရှင်ခွင့်ရမည်ဖြစ် သော်လည်း သူတို့သည်ငါ၏ပညတ်တော်တို့ ကိုချိုးဖောက်၍ငါ၏အမိန့်တော်တို့ကိုပစ် ပယ်ကြ၏။ ဥပုသ်နေ့ကိုလည်းအလျှင်းမ ရိုသေ။ သူတို့အားတောကန္တာရတွင်သေစေ ရန် ငါသည်မိမိ၏အမျက်တော်ကိုသူတို့ အပေါ်သို့သွန်းလောင်း၍ အမျက်တော်ဒဏ် ကိုခံစေမည်ဟုအကြံရှိခဲ့သော်လည်း၊-
21 Porém, os filhos se rebelaram contra mim, e eles não andaram nos meus estatutos, nem guardaram os meus juízos para os executar, o que, se um homem o fizer, ele viverá neles; eles poluíram os meus shabats; então, eu disse que derramaria minha fúria sobre eles, para cumprir minha ira contra eles no deserto.
22 မခံစေခဲ့။ အဘယ်ကြောင့်ဆိုသော်ယင်းသို့ ပြုပါမူ ဣသရေလအမျိုးသားတို့အား အီဂျစ်ပြည်မှငါထုတ်ဆောင်ခဲ့သည်ကို မြင်သောလူမျိုးတို့၏ရှေ့တွင် ငါ၏နာမ တော်အသရေပျက်မည်ဖြစ်သောကြောင့် တည်း။-
22 Todavia, eu retirei a minha mão, e forjei por causa do meu nome, para que não fosse poluído à vista dos pagãos, a cuja vista eu os trouxe adiante.
23 ထို့ကြောင့်ငါသည်သူတို့အားကမ္ဘာအရပ် ရပ်သို့ကွဲလွင့်စေမည်ဟု တောကန္တာရတွင် ငါကျိန်ဆို၏။-
23 Eu também levantei a minha mão para eles no deserto, para que eu os espalhasse entre os pagãos, e os dispersasse pelas nações.
24 ယင်းသို့ပြုရသည့်အကြောင်းမှာသူတို့သည် ငါ၏အမိန့်တော်တို့ကိုပစ်ပယ်ကာ ငါ၏ပညတ် တော်တို့ကိုချိုးဖောက်လျက်ဥပုသ်နေ့ကိုမရို မသေပြုပြီးလျှင် ဘိုးဘေးတို့ကိုးကွယ်ခဲ့သော ရုပ်တုတို့ကိုဝတ်ပြုကြသောကြောင့်ဖြစ်၏။''
24 Porque eles não haviam executado os meus juízos, mas desprezado os meus estatutos, e poluído os meus shabats, e os seus olhos estavam atrás dos ídolos de seus pais.
25 ``ထိုနောက်ငါသည်သူတို့အားမလျောက်ပတ် သည့်ပညတ်များနှင့် အသက်ရှင်မှုကိုမပြု စုနိုင်သည့်အမိန့်တော်များကိုပေး၏။-
25 Portanto, eu dei-lhes também estatutos que não eram bons, e juízos pelos quais não haviam de viver;
26 သူတို့သည်မိမိတို့၏သားဦးများကိုယဇ်ပူ ဇော်ခြင်းအားဖြင့် မိမိတို့ကိုယ်ကိုညစ်ညမ်း ကြစေရန်သူတို့အားငါအခွင့်ပေး၏။ ယင်း သို့အခွင့်ပေးရသည့်အကြောင်းမှာ ငါသည် ဘုရားသခင်ဖြစ်တော်မူကြောင်းပြသရန် နှင့်သူတို့အားဒဏ်ခတ်ရန်ဖြစ်၏။''
26 e eu os poluí em seus próprios dons, nos quais eles faziam passar pelo fogo tudo o que abre o útero; para que eu pudesse fazê-los desolados, para que, no fim, eles pudessem saber que eu sou o SENHOR.
27 ``သို့ဖြစ်၍အချင်းလူသား၊ ဣသရေလ အမျိုးသားတို့အား ငါအရှင်ထာဝရ ဘုရားအဘယ်သို့မိန့်တော်မူသည်ကို ယခုဆင့်ဆိုလော့။ သူတို့၏ဘိုးဘေးများ သည်သစ္စာဖောက်ခြင်းအားဖြင့် ငါ့ကိုစော် ကားကြပြန်သည့်နည်းမှာဤသို့တည်း။-
27 Portanto, filho do homem, fala à casa de Israel, e dize-lhes: Assim diz o Senhor DEUS: Ainda assim nisto vossos pais me blasfemaram, e nisso eles cometeram transgressão contra mim.
28 ငါသည်သူတို့အားကျိန်ဆိုကတိပြုထား သည့်ပြည်သို့ခေါ်ဆောင်၍သွား၏။ သူတို့သည် မြင့်သောတောင်ကုန်းများနှင့်စိမ်းလန်းသော သစ်ပင်တို့ကိုမြင်သောအခါ ထိုအရပ်တို့ တွင်ယဇ်ပူဇော်ကြကုန်၏။ နံ့သာပေါင်းကို မီးရှို့ရာယဇ်နှင့်စပျစ်ရည်ပူဇော်သကာ ကိုဆက်ကပ်ကြ၏။ ဤနည်းအားဖြင့်သူ တို့သည်ငါ၏အမျက်တော်ကိုနှိုးဆော် ကြသည်။-
28 Pois quando eu os trouxe para a terra, pela qual eu levantei a minha mão, para dá-la a eles, então eles viram toda alta colina, e todas as árvores espessas, e eles ofereceram ali os seus sacrifícios e lá apresentaram a provocação das suas ofertas; ali também eles fizeram seu doce sabor, e ali derramaram as suas ofertas de bebidas.
29 ငါသည်သူတို့ကို`သင်တို့သွားကြသည့် ကုန်းမြင့်များကားအဘယ်နည်း' ဟုမေး၏။ ထိုကြောင့်ထိုအရပ်တို့သည်ယနေ့တိုင် အောင်ဗာမာဟုခေါ်သော``ကုန်းမြင့်'' များ ဟုတွင်သတည်း။-
29 Então, eu lhes disse: O que é o alto lugar para onde vós ides? E seu nome é chamado de Bamá até este dia.
30 ဣသရေလအမျိုးသားတို့အားအရှင် ထာဝရဘုရား ဤသို့မိန့်ဆိုကြောင်းဆင့် ဆိုလော့။ `သင်တို့သည်အဘယ်ကြောင့်ဘိုး ဘေးတို့အပြစ်ကူးလွန်၍ညစ်ညမ်းစေ သကဲ့သို့ သင်တို့ကိုယ်ကိုညစ်ညမ်းစေကြ သနည်း။ သူတို့ကိုးကွယ်သည့်ညစ်ညမ်း သောရုပ်တုတို့ကိုကိုးကွယ်ကြသနည်း။-
30 Portanto, dize à casa de Israel: Assim diz o Senhor DEUS: Vós estais poluídos segundo a maneira de vossos pais? E cometestes prostituição segundo suas abominações?
31 သင်တို့သည်ယနေ့တိုင်အောင်ပင်သူတို့ ဆက်သသည့်ပူဇော်သကာများကိုဆက် သလျက် ရုပ်တုများအားမိမိတို့၏သား သမီးများကိုမီးရှို့ပူဇော်ကာကိုယ့်ကိုယ် ကိုညစ်ညမ်းစေကြ၏။ အချင်းဣသရေလ အမျိုးသားတို့၊ သင်တို့သည်ငါ့ထံသို့ လာ၍ငါ၏အလိုတော်ကိုစုံစမ်းမေး မြန်းကြ၏။ ငါသည်အသက်ရှင်တော်မူ သောအရှင်ထာဝရဘုရားဖြစ်တော်မူ သည်နှင့်အညီ အဘယ်သို့မျှစုံစမ်းမေး မြန်းခွင့်ကိုသင်တို့အားပေးမည်မဟုတ်။-
31 Pois, quando ofereceis os vossos dons, e fazeis vossos filhos passarem pelo fogo, poluís a vós mesmos com todos os vossos ídolos, até este dia; e eu serei inquirido por vós, ó casa de Israel? Como eu vivo, diz o Senhor DEUS, eu não serei inquirido por vós.
32 သင်တို့သည်အခြားနိုင်ငံများကဲ့သို့လည်း ကောင်း၊ တိုင်းတစ်ပါးတွင်နေထိုင်သူများကဲ့ သို့လည်းကောင်း၊ သစ်ပင်များ၊ ကျောက်တုံး များကိုဝတ်ပြုရှိခိုးကြမည်ဟုကြံစည် ဆုံးဖြတ်ထားကြ၏။ သို့ရာတွင်ယင်း အကြံမထမြောက်ရ။
32 E aquilo que vem à vossa mente de modo algum sucederá, isto que dizei: Nós seremos como os pagãos, como as outras famílias das nações, para servir à madeira e à pedra.
33 ``ငါအရှင်ထာဝရဘုရားသည်အသက်ရှင် တော်မူသောဘုရားဖြစ်တော်မူသည်နှင့်အညီ ငါသည်အမျက်တော်ထွက်လျက် သင်တို့အား ငါ၏ခွန်အားကြီးမားသောလက်ရုံးတော် ဖြင့်တန်ခိုးအာဏာရှိသမျှနှင့်လက်တော် ကိုဆန့်လျက်အုပ်စိုးတော်မူမည်။-
33 Como eu vivo, diz o Senhor DEUS, certamente que, com mão poderosa, e com braço estendido, e com a fúria derramada, eu governarei sobre vós.
34 သင်တို့ကိုနိုင်ငံအသီးသီး၊ ကွဲလွင့်လျက် နေရာအတိုင်းတိုင်းအပြည်ပြည်မှပြန် လည်ခေါ်ယူစုသိမ်းချိန်၌ သင်တို့အားငါ ၏ခွန်အားကြီးသောလက်ရုံးတော်ဖြင့် တန် ခိုးအာဏာရှိသမျှနှင့်လက်တော်ကို ဆန့်လျက်အမျက်တော်ကိုပြမည်။-
34 E eu vos trarei para fora dos povos, e vos ajuntarei fora das terras nas quais estais espalhados, com mão poderosa, e com braço estendido, e com fúria derramada.
35 လူမျိုးတကာတို့နှင့်ဆိုင်သောတောကန္တာရ သို့ခေါ်ဆောင်၍ သင်တို့ကိုငါကိုယ်တိုင် အပြစ်ဒဏ်စီရင်မည်။-
35 E eu vos trarei para dentro do deserto do povo; e ali, eu pleitearei convosco face a face.
36 အီဂျစ်ပြည်တောကန္တာရတွင်သင်တို့၏ ဘိုးဘေးများကိုငါအပြစ်ဒဏ်စီရင်ခဲ့ သည့်နည်းတူ ယခုသင်တို့ကိုလည်းအပြစ် ဒဏ်စီရင်မည်'' ဟုအရှင်ထာဝရဘုရား မိန့်တော်မူ၏။
36 Como eu pleiteei com vossos pais no deserto da terra do Egito, assim eu pleitearei convosco, diz o Senhor DEUS.
37 ``ငါသည်သင်တို့ကိုပိုင်ပိုင်နိုင်နိုင်အုပ် ထိန်း၍ ပဋိညာဉ်တော်အတိုင်းလိုက်နာ စေမည်။-
37 E eu vos farei passar debaixo da vara, e eu vou trazê-los para o vínculo do pacto.
38 သင်တို့အနက်ပုန်ကန်သူများနှင့်တော်လှန် သူများကိုဖယ်ရှားပစ်မည်။ သူတို့ကိုမိမိ တို့ယခုနေထိုင်ရာပြည်များမှထွက်သွား စေမည်။ သို့ရာတွင်ဣသရေလပြည်သို့ပြန် လာခွင့်ပြုမည်မဟုတ်။ ထိုအခါငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့ သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
38 E eu purgarei dentre vós os rebeldes, e aqueles que transgridem contra mim; eu os trarei adiante para fora da nação onde eles permanecem temporariamente, e eles não entrarão na terra de Israel; e vós sabereis que eu sou o SENHOR.
39 အရှင်ထာဝရဘုရားက``အချင်းဣသရေလ အမျိုးသားအပေါင်းတို့၊ ယခုသင်တို့သည်တစ် ယောက်မကျန်မိမိတို့ရှိရုပ်တုများကိုသွား၍ ရှိခိုးဝတ်ပြုကြလော့။ သို့ရာတွင်ယခုမှစ၍ သင်တို့သည်ငါ၏စကားကိုနားထောင်ရကြ မည်။ ရုပ်တုတို့အားပူဇော်သကာများဆက်သ ခြင်းအားဖြင့် ငါ၏သန့်ရှင်းမြင့်မြတ်သည့် နာမတော်ကိုနောက်တစ်ဖန်မရှုတ်ချရ။-
39 Quanto a vós, ó casa de Israel, assim diz o Senhor DEUS: Se a mim não me ouvirdes, de hoje em diante, ide cada um atrás de seus ídolos e sirva-os; mas não poluís mais o meu santo nome com vossos presentes e com vossos ídolos.
40 ငါ၏သန့်ရှင်းမြင့်မြတ်သောတောင်တော်တည်း ဟူသောဣသရေလတောင်မြင့်ပေါ်တွင် သင်တို့ အားလုံးပင်ငါ့အားဝတ်ပြုကိုးကွယ်ကြလိမ့် မည်ဟုငါအရှင်ထာဝရဘုရားမိန့်ဆို၏။ ငါ သည်သင်တို့အားနှစ်သက်လက်ခံမည်။ သင်တို့ ပူဇော်သောယဇ်များ၊ အကောင်းမြတ်ဆုံးသော ပူဇော်သကာများနှင့်သီးသန့်ဆက်ကပ်ထား သည့်အလှူဝတ္ထုများကိုငါတောင်းဆိုမည်။-
40 Porque no meu santo monte, no monte da altura de Israel, diz o Senhor DEUS, ali me servirá toda a casa de Israel, todos eles na terra; ali eu os aceitarei e requererei vossas ofertas, e as primícias das vossas oblações, com todas as vossas coisas santas.
41 သင်တို့အားနိုင်ငံများကွဲလွင့်လျက်ရှိသည့် တိုင်းပြည်များမှ ငါသည်သင်တို့ကိုယူဆောင် စုရုံးပြီးနောက်သင်တို့မီးရှို့ပူဇော်သည့်နံ့သာ ပေါင်းနှင့်တကွသင်တို့ကိုငါလက်ခံမည်။ ငါ သည်သန့်ရှင်းမြင့်မြတ်တော်မူကြောင်းလူမျိုး တကာတို့တွေ့မြင်ကြလိမ့်မည်။-
41 Eu vos aceitarei com vosso doce cheiro, quando eu vos trouxer para fora dos povos, e vos ajuntar fora das nações por onde estivestes espalhados; e eu serei santificado em vós diante dos pagãos.
42 သင်တို့၏ဘိုးဘေးတို့အားငါပေးမည်ဟု ကျိန်ဆိုကတိပြုထားသည့်ဣသရေလ ပြည်သို့ သင်တို့ကိုငါယူဆောင်လာသော အခါ ငါသည်ဘုရားသခင်ဖြစ်တော်မူ ကြောင်းသင်တို့သိရှိကြလိမ့်မည်။-
42 E vós sabereis que eu sou o SENHOR, quando eu vos trouxer para dentro da terra de Israel, na terra pela qual eu levantei a minha mão para dá-la a vossos pais.
43 ထိုအခါသင်တို့သည်မိမိတို့ပြုခဲ့သော စက်ဆုပ်ဖွယ်ရာအမှုများကြောင့်မိမိကိုယ် ကိုရွံရှာ၍ မိမိတို့ကိုယ်ကိုအဘယ်သို့ ညစ်ညမ်းစေခဲ့ကြကြောင်းတို့ကိုပြန်လည် သတိရကြလိမ့်မည်။ ထိုအခါသင့်ကိုယ် သင်ရွံရှာလိမ့်မည်။-
43 E ali vos lembrareis de vossos caminhos, e de todos os vossos feitos com que fostes contaminados, e detestareis a vós mesmos, à vossa própria vista por todos os males que cometestes.
44 အို ဣသရေလအမျိုးသားတို့၊ ငါသည်ငါ ၏နာမတော်ကိုထောက်၍ မိမိ၏အသရေ ကိုကာကွယ်ရန်သင်တို့၏ယုတ်မာဆိုးညစ် ဖောက်ပြန်သောအကျင့်များအလျောက် သင် တို့ကိုမစီရင်သောအခါငါသည်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသင်တို့သိရှိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဤကား အရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။
44 E vós sabereis que eu sou o SENHOR, quando eu tiver forjado para convosco, por causa do meu nome; não de acordo com os vossos caminhos perversos, nem de acordo com as vossas ações corruptas, ó vós casa de Israel, diz o Senhor DEUS.
45 ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
45 Além disso, a palavra do SENHOR veio a mim, dizendo:
46 ကိုယ်တော်က``အချင်းလူသား၊ တောင်အရပ် သို့မျှော်ကြည့်၍ ထိုအရပ်နှင့်ထိုအရပ်ရှိ သစ်တောအားဗျာဒိတ်တော်ကိုဆင့်ဆိုလော့။-
46 Filho do homem, coloca a tua face em direção ao sul, e derrama a tua palavra em direção ao sul, e profetiza contra a floresta do campo do sul.
47 တောင်အရပ်မှသစ်တောအားအရှင်ထာဝရ ဘုရားကထာဝရဘုရား၏နှုတ်ကပတ် တော်ကိုနားထောင်လော့။ ငါသည်မီးမွှေးလျက် ရှိ၏။ ထိုမီးသည်သင်၏သစ်ပင်ခြောက်ရှိ သမျှနှင့်သစ်ပင်စိုရှိသမျှတို့ကိုကျွမ်း လောင်စေလိမ့်မည်။ မီးတောက်များကိုအဘယ် အရာမျှမငြိမ်းမသတ်နိုင်ရာ။ ထိုမီးသည် တောင်အရပ်မှမြောက်အရပ်သို့ပျံ့နှံ့သွား ကာ မြေတစ်ပြင်လုံးကိုကျွမ်းလောင်စေ လိမ့်မည်။-
47 E dize à floresta do sul: Ouve a palavra do SENHOR: Assim diz o Senhor DEUS: Eis que eu acenderei um fogo em ti, e ele devorará toda a árvore verde em ti, e toda a árvore seca; a chama flamejante não se apagará, e todas as faces do sul ao norte se queimarão lá.
48 ထိုမီးကိုငါထာဝရဘုရားမွှေးတော်မူကြောင်း ယင်းကိုအဘယ်သူမျှမငြိမ်းမသတ်နိုင် ကြောင်းလူအပေါင်းတို့သိရှိကြလိမ့်မည်'' ဟုမြွက်ဆိုတော်မူကြောင်းဆင့်ဆိုလော့ဟု မိန့်တော်မူ၏။
48 E toda carne verá que eu, o SENHOR, o acendi; isto não se apagará.
49 ငါက``အရှင်ထာဝရဘုရားကျွန်တော်မျိုး သည်စကားထာများသာပြောဆိုနေခြင်း ဖြစ်သည်ဟု လူအပေါင်းတို့ပြောဆိုနေ ကြပါသည်'' ဟုလျှောက်ထား၏။
49 Então, disse eu: Ah! Senhor DEUS! Eles dizem de mim: Ele não fala parábolas?
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Ezequiel 20, comparar traduções ou montar um estudo — tudo direto pelo WhatsApp.