Ezequiel 13
Common Language Bible (MYA) vs NAA
1 ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
1 A palavra do Senhor veio a mim, dizendo:
2 ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့၏ပရောဖက်များကိုရှုတ်ချ လော့။ ဗျာဒိတ်စကားများကို မိမိတို့ကိုယ်တိုင် လုပ်ကြံဟောပြောကြသူတို့အား ထာဝရ ဘုရား၏အမိန့်တော်ကိုနားထောင်ကြရန် ပြောကြားလော့'' ဟုမိန့်တော်မူ၏။
2 — Filho do homem, profetize contra os profetas de Israel. A esses que profetizam o que lhes vem do coração, diga que ouçam a palavra do Senhor .
3 အရှင်ထာဝရဘုရားက``ဤပရောဖက်မိုက် တို့သည်အမင်္ဂလာရှိကြ၏။ သူတို့သည်ငါ ၏ဝိညာဉ်တော်နှိုးဆော်ခြင်းကိုမခံရဘဲ မိမိတို့ကိုယ်တိုင်ဗျာဒိတ်ရူပါရုံများ ကိုလုပ်ကြံဟောပြောကြ၏။-
3 — Assim diz o Senhor Deus: “Ai dos profetas insensatos, que seguem o seu próprio espírito sem nada terem visto!
4 ဣသရေလအမျိုးသားတို့၊ သင်တို့၏ပရော ဖက်များသည် ယိုယွင်းပျက်စီးနေသောမြို့ရှိ ခွေးအများနှင့်တူကြ၏။-
4 Os seus profetas, ó Israel, são como chacais entre as ruínas.
5 ထိုပရောဖက်တို့သည်မြို့ရိုးများပြိုကျ လျက်ရှိသည့်နေရာများကိုမစောင့်ကြပ်။ မြို့ရိုးတို့ကိုလည်းပြန်လည်၍မပြုပြင်။ သို့ဖြစ်၍ထာဝရဘုရား၏နေ့ရက်၌ စစ် ပွဲဝင်သောအခါဣသရေလနိုင်ငံကိုကာ ကွယ်နိုင်ကြလိမ့်မည်မဟုတ်။-
5 Vocês não foram consertar as brechas, nem fizeram muralhas para a casa de Israel, para que ela permaneça firme na batalha do Dia do Senhor .
6 သူတို့မြင်ရသောဗျာဒိတ်ရူပါရုံများသည် အတုဖြစ်၍ သူတို့ကြိုတင်ဟောကြားချက် များသည်လည်းမုသားစကားများဖြစ်၏။ ထာဝရဘုရား၏ဗျာဒိတ်တော်ဖြစ်သည်ဟု ဆိုကြသော်လည်း ထိုဗျာဒိတ်ကိုငါမပေး ခဲ့။ သို့ပါလျက်သူတို့သည်ဟောကြားသည့် အတိုင်းဖြစ်ပျက်လိမ့်မည်ဟုစောင့်စားကြ ပါသည်တကား။-
6 As visões que eles tiveram são falsas e as adivinhações são mentirosas. Dizem: ‘O Senhor disse’, quando o Senhor não os enviou. E ainda esperam que a palavra se cumpra!
7 သူတို့အားဤသို့ဆင့်ဆိုလော့။ သင်တို့၏ ဗျာဒိတ်ရူပါရုံများသည်အတုဖြစ်၍ သင် တို့ကြိုတင်ဟောကြားချက်များသည်လည်း မုသားစကားများဖြစ်၏။ သင်တို့ကထို စကားများသည် ငါ၏ဗျာဒိတ်တော်ဖြစ် သည်ဟုဆိုသော်လည်း ငါသည်ထိုဗျာဒိတ် ကိုသင်တို့အားမပေးခဲ့'' ဟုမိန့်တော် မူ၏။
7 Não é fato que vocês tiveram visões falsas e anunciaram adivinhações mentirosas, quando disseram: ‘O Senhor diz’, sendo que eu não disse nada?”
8 ထို့ကြောင့်သူတို့အားထာဝရအရှင်ဘုရားသခင်မိန့်တော်မူသည်ကား``သင်တို့မြင်သော အရာများသည်မဟုတ်မမှန်။ သင်တို့၏ဗျာ ဒိတ်ရူပါရုံများသည်လည်းလီဆယ်မှုများ သာဖြစ်သဖြင့် ငါသည်သင်တို့အားဆန့်ကျင် ဘက်ပြုလျက်ရှိ၏ဟု ငါအရှင်ထာဝရ ဘုရားမိန့်တော်မူ၏။-
8 — Portanto, assim diz o Senhor Deus: “Como vocês anunciam falsidades e têm visões mentirosas, por isso eu estou contra vocês, diz o Senhor Deus.
9 ဗျာဒိတ်ရူပါရုံအတုများကိုမြင်၍မှား ယွင်းသောကြိုတင်ဟောပြောမှုကိုပြုကြ ၏။ အသင်ပရောဖက်တို့အားငါဒဏ်ခတ် တော်မူအံ့။ သင်တို့သည်ငါ၏လူမျိုးတော် တိုင်ပင်စည်းဝေးရာသို့ဝင်ရလိမ့်မည်မ ဟုတ်။ ဣသရေလနိုင်ငံသားတို့၏စာရင်း တွင်လည်းသင်တို့၏နာမည်များကိုမသွင်း ရ။ သင်တို့သည်မိမိတို့ပြည်သို့အဘယ် အခါ၌မျှမပြန်ရ။ ထိုအခါငါသည် အရှင်ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့သိရှိကြလိမ့်မည်။''
9 Minha mão será contra os profetas que têm visões falsas e que adivinham mentiras. Não estarão no conselho do meu povo, não serão inscritos nos registros da casa de Israel, nem entrarão na terra de Israel. E vocês saberão que eu sou o Senhor Deus.
10 ``ပရောဖက်တို့သည်`အမှုခပ်သိမ်းအေးငြိမ်း ပါသည်' ဟုဆို၍ငါ့လူမျိုးတော်အားလှည့် စားခဲ့ကြ၏။ အမှုခပ်သိမ်းမှာမအေးမ ငြိမ်းသေးပါတကား။ ငါ၏လူမျိုးတော် သည်သရွတ်မကိုင်သည့်ကျောက်မြို့ရိုးကို တည်ဆောက်၍ပရောဖက်တို့ကလာ၍ထုံး သုတ်ပေးကြ၏။-
10 Porque andam enganando, sim, enganando o meu povo, dizendo: ‘Paz’, quando não há paz. E, quando se constrói uma parede sem argamassa, os profetas a cobrem com cal.
11 ထိုမြို့ရိုးသည်ပြိုကျရလိမ့်မည်ဖြစ်ကြောင်း ထိုမြို့ရိုးကိုထုံးသုတ်သူတို့အားဆင့်ဆို လော့။ ငါသည်မိုးသည်းထန်စွာရွာသွန်းစေ မည်။ မိုးသီးများသည်မြို့ရိုးပေါ်သို့ကျ လျက်လေပြင်းမုန်တိုင်းတိုက်ခတ်လာ သဖြင့်၊-
11 Diga aos que estão aplicando a cal que a parede ruirá. Haverá chuva torrencial. Vocês, pedras de granizo, cairão, e um vento tempestuoso irromperá.
12 ထိုမြို့ရိုးသည်ပြိုကျလိမ့်မည်။ သို့ဖြစ်၍ သင်တို့ထုံးသုတ်ခဲ့သည့်အကျိုးကားအ ဘယ်မှာနည်းဟု လူတိုင်းပင်မေးမြန်းကြ လိမ့်မည်'' ဟူ၍ဖြစ်၏။
12 Quando a parede cair, certamente vão perguntar: ‘Onde está a cal com que vocês a caiaram?’”
13 အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား``ငါသည်အမျက်ထွက်၍ထိုမြို့ရိုး ကိုဖြိုရန်လေပြင်းမုန်တိုင်းကိုတိုက်စေမည်။ ဒေါသထွက်၍မိုးသည်းထန်စွာရွာသွန်း စေ၍မိုးသီးများကိုကျလျက်ပျက်စီး စေမည်။-
13 — Portanto, assim diz o Senhor Deus: “No meu furor, mandarei um vento tempestuoso; na minha ira, haverá chuva torrencial; e, na minha indignação, pedras de granizo, para a destruir.
14 အုတ်မြစ်များအတိုင်းသားပေါ်လာစေ ရန်ရည်ရွယ်လျက် ငါသည်ပရောဖက်တို့ ထုံးသုတ်ထားသည့်မြို့ရိုးကိုဖြိုချချိုး ဖဲ့မည်။ မြို့ရိုးပြိုကျသောအခါ သင်တို့ သည်ပိ၍သေကြလိမ့်မည်။ ထိုအခါငါ သည်ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့သိရှိကြလိမ့်မည်။''
14 Derrubarei a parede que vocês cobriram com cal. Vou arrasá-la, para que apareçam os seus alicerces. Quando a parede cair, vocês serão destruídos no meio dela e saberão que eu sou o Senhor .
15 — ausente —
15 Assim, cumprirei o meu furor contra a parede e contra os que a cobriram com cal. E direi a vocês: ‘Já não existe parede, como também não existem aqueles que a cobriram de cal,
16 — ausente —
16 os profetas de Israel que profetizam a respeito de Jerusalém e para ela têm visões de paz, quando não há paz’”, diz o Senhor Deus.
17 ထာဝရဘုရားက``အချင်းလူသား၊ သင် ၏အမျိုးသားတို့အထဲတွင် ဗျာဒိတ်စကား များကိုလုပ်ကြံဟောပြောကြသူအမျိုး သမီးတို့ကိုကြည့်လော့။ သူတို့အားရှုတ် ချလော့။-
17 — Filho do homem, vire o seu rosto contra as filhas do seu povo que profetizam o que lhes vem do próprio coração. Profetize contra elas
18 ထိုနောက်သူတို့အားအရှင်ထာဝရဘုရား အောက်ပါအတိုင်းမိန့်တော်မူကြောင်းကို ဆင့်ဆိုရမည်မှာ
18 e diga: Assim diz o Senhor Deus: “Ai das que costuram fitinhas mágicas para serem usadas em todas as articulações das mãos e fazem véus para cabeças de todo tamanho, para enredarem as pessoas! Vocês querem enredar a vida do meu povo para preservar a própria vida?
19 မုယောဆန်လက်ဆုပ်အနည်းငယ်နှင့်မုန့် အနည်းငယ်ရရန်အတွက် ငါ၏လူမျိုး တော်ရှေ့တွင်ငါ့အားရှုတ်ချကြ၏။ သင် တို့သည်မသေထိုက်သူတို့ကိုသတ်၍ သေ ထိုက်သူတို့ကိုမူအသက်ချမ်းသာပေးကြ ၏။ သို့ဖြစ်၍သင်တို့သည်ငါ၏လူမျိုး တော်အားလိမ်လည်ပြောကြ၏။ သူတို့ ကလည်းယုံကြ၏'' ဟူ၍တည်း။
19 Vocês me profanaram no meio do meu povo por punhados de cevada e por pedaços de pão, para matarem pessoas que não deveriam morrer e para deixarem com vida aqueles que não deveriam viver, mentindo, assim, ao meu povo, que escuta mentiras.”
20 အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား``ငှက်ကိုဖမ်းသကဲ့သို့၊ လူတို့အား ထောင်ချောက်ကဲ့သို့ထိန်းချုပ်ရန် သင်အသုံး ပြုသည့်လက်ပတ်များကိုငါမုန်း၏။ သင် ၏လက်မှလက်ပတ်များကိုဆွဲဖြတ်ကာ ငှက်များကဲ့သို့ထိန်းချုပ်ခံထားရသူ တို့အားသင်၏လက်မှငါလွတ်မြောက် စေမည်။-
20 — Portanto, assim diz o Senhor Deus: “Eis que eu sou contra as fitinhas mágicas que vocês usam para enredar as pessoas como se fossem pássaros. Eu as arrancarei dos seus braços, e deixarei livres aqueles que vocês enredaram como se fossem pássaros.
21 သင်၏ခေါင်းစည်းပုဝါများကိုဆွဲဖြတ် ၍ ငါ၏လူမျိုးတော်အားသင့်လက်မှ အပြီးအပိုင်လွတ်မြောက်စေမည်။ ထို အခါငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်းသင်သိရှိလိမ့်မည်။
21 Também rasgarei os véus e livrarei o meu povo das mãos de vocês. Ele nunca mais estará ao alcance de vocês para ser caçado. E vocês, mulheres, saberão que eu sou o Senhor .”
22 ``သင်တို့သည် ငါမညှိုးငယ်စေလိုသော သူတော်ကောင်းတို့အားမုသားကိုသုံး၍ စိတ်ပျက်အားလျော့စေ၏။ သင်တို့သည် ဆိုးညစ်သူတို့အားအကျင့်ဆိုးများကို မစွန့်လွှတ်ကြစေရန် အားပေးအားမြှောက် ပြု၍သူတို့၏အသက်များကိုဆုံးရှုံး စေလေသည်။-
22 — “Visto que com mentiras vocês desanimaram o coração do justo, não o havendo eu entristecido, e fortaleceram as mãos do ímpio para que não se desviasse do seu mau caminho e vivesse,
23 သို့ဖြစ်၍ သင်တို့သည်သင်တို့၏ဗျာဒိတ် ရူပါရုံအတုများကိုမြင်ရတော့မည် မဟုတ်။ မှောက်မှားလမ်းလွဲမှုကိုဖြစ်စေ သည့်ဗျာဒိတ်စကားများကိုဟောရတော့ မည်မဟုတ်။ ငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်း သင်တို့သိရှိစေရန်ငါ ၏လူမျိုးတော်အားသင်တို့လက်မှ ငါကယ်ဆယ်မည်'' ဟူ၍တည်း။
23 por isso vocês não terão mais visões falsas, e nunca mais farão adivinhações. Livrarei o meu povo das mãos de vocês, e vocês, mulheres, saberão que eu sou o Senhor .”
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Ezequiel 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.