Êxodo 9

Common Language Bible (MYA) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``ဘု​ရင်​ထံ သို့​သွား​၍ ဟေ​ဗြဲ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဤ​သို့​မိန့်​တော်​မူ ၏။ `ငါ့​အား​ဝတ်​ပြု​နိုင်​စေ​ရန်​ငါ​၏​လူ​မျိုး တော်​ကို​သွား​ခွင့်​ပြု​လော့။-
1 Depois o Senhor disse a Moisés: "Vá ao faraó e diga-lhe que assim diz o Senhor, o Deus dos hebreus: Deixe o meu povo ir para que me preste culto.
2 သင်​သည်​သွား​ခွင့်​မ​ပြု​ဘဲ​နေ​ဦး​မည်​ဆို​လျှင်၊-
2 Se você ainda não quiser deixá-lo ir e continuar a impedi-lo,
3 ငါ​သည်​သင်​တို့​၏​မြင်း၊ မြည်း၊ ကု​လား​အုပ်၊ သိုး၊ နွား၊ ဆိတ်​တို့​ကို​ရော​ဂါ​ဆိုး​ဖြင့်​သေ​ကျေ ပျက်​စီး​စေ​မည်။-
3 saiba que a mão do Senhor trará uma praga terrível sobre os rebanhos do faraó que estão nos campos: os cavalos, os jumentos, os camelos, os bois e as ovelhas.
4 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​တိ​ရစ္ဆာန်​နှင့် အီ​ဂျစ်​အ​မျိုး သား​တို့​၏​တိ​ရစ္ဆာန်​တို့​ကို​ခွဲ​ခြား​၍​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ပိုင်​သော​တိ​ရစ္ဆာန်​တစ်​ကောင်​မျှ မ​သေ​စေ​ရ။-
4 Mas o Senhor fará distinção entre os rebanhos de Israel e os do Egito. Nenhum animal dos israelitas morrerá".
5 ငါ​သည်​နက်​ဖြန်​နေ့​၌​ထို​အ​မှု​ကို​ပြု​မည်' ဟု​ထာ​ဝ​ရ​ဘု​ရား​အ​ချိန်​ကန့်​သတ်​တော်​မူ ကြောင်း​ကို​ပြော​လော့'' ဟူ​၍​မိန့်​တော်​မူ​၏။
5 O Senhor estabeleceu um prazo: "Amanhã o Senhor fará o que prometeu nesta terra".
6 နောက်​တစ်​နေ့​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​မိန့် တော်​မူ​သည့်​အ​တိုင်း​ပြု​တော်​မူ​သ​ဖြင့် အီ​ဂျစ် အ​မျိုး​သား​တို့​၏​တိ​ရစ္ဆာန်​အား​လုံး​သေ​ကျေ ကြ​ကုန်​၏။ သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​တိရစ္ဆာန်​တစ်​ကောင်​မျှ​မ​သေ။-
6 No dia seguinte o Senhor o fez. Todos os rebanhos dos egípcios morreram, mas nenhum rebanho dos israelitas morreu.
7 ဘု​ရင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ တိ​ရစ္ဆာန် တစ်​ကောင်​မျှ​မ​သေ​ကြောင်း​ကို​စုံ​စမ်း သိ​ရှိ​ရ​လေ​၏။ သို့​သော်​ဘု​ရင်​သည်​ခေါင်း​မာ မြဲ​ခေါင်း​မာ​လျက် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို​သွား​ခွင့်​မ​ပြု​ဘဲ​နေ​လေ​၏။
7 O faraó mandou verificar e constatou que nenhum animal dos israelitas havia morrido. Mesmo assim, seu coração continuou obstinado e não deixou o povo ir.
8 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​နှင့်​အာ​ရုန် တို့​အား``မီး​ဖို​ထဲ​က​ပြာ​ကို​လက်​နှင့်​ဆုပ်​ယူ လော့။ မော​ရှေ​သည်​ဘု​ရင်​ရှေ့​တွင်​ပြာ​ကို​လေ ထဲ​သို့​ပစ်​လွှင့်​ရ​မည်။-
8 Disse mais o Senhor a Moisés e a Arão: "Tirem um punhado de cinza de uma fornalha, e Moisés a espalhará no ar, diante do faraó.
9 ထို​ပြာ​သည်​အီ​ဂျစ်​တစ်​ပြည်​လုံး​တွင် မြေ​မှုန့်​ကဲ့ သို့​ပျံ့​နှံ့​၍ လူ​နှင့်​တိ​ရစ္ဆာန်​တို့​၏​ကိုယ်​ပေါ်​၌ အ​နာ​ဆိုး​များ​ပေါက်​စေ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။-
9 Ela se tornará como um pó fino sobre toda a terra do Egito, e feridas purulentas surgirão nos homens e nos animais em todo o Egito".
10 သို့​ဖြစ်​၍​သူ​တို့​သည်​ပြာ​ကို​ယူ​၍​ဘုရင်​ရှေ့ တွင်​ရပ်​နေ​ကြ​၏။ မော​ရှေ​သည်​ပြာ​ကို​လေ​ထဲ သို့​ပစ်​လွှင့်​လိုက်​ရာ လူ​နှင့်​တိ​ရစ္ဆာန်​တို့​၏​ကိုယ် ပေါ်​၌​အ​နာ​ဆိုး​များ​ပေါက်​စေ​လေ​၏။-
10 Eles tiraram cinza duma fornalha e se puseram diante do faraó. Moisés a espalhou pelo ar, e feridas purulentas começaram a estourar nos homens e nos animais.
11 အ​ခြား​သော​အီ​ဂျစ်​အ​မျိုး​သား​တို့​ကဲ့​သို့ မှော်​ဆ​ရာ​တို့​ကိုယ်​ပေါ်​တွင်​လည်း​အ​နာ​ဆိုး များ​ပေါက်​လျက်​ရှိ​သ​ဖြင့် သူ​တို့​သည် မော​ရှေ​ရှေ့​သို့​မ​လာ​နိုင်​ကြ​တော့​ချေ။-
11 Nem os magos podiam manter-se diante de Moisés, porque ficaram cobertos de feridas, como os demais egípcios.
12 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဘုရင်​ကို ခေါင်း​မာ​စေ​သ​ဖြင့် မော​ရှေ​အား​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ဘု​ရင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​သွား​ခွင့် မ​ပြု​ဘဲ​နေ​လေ​၏။
12 Mas o Senhor endureceu o coração do faraó, e ele se recusou a atender Moisés e Arão, conforme o Senhor tinha dito a Moisés.
13 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား ဟေ​ဗြဲ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဤ​သို့​မိန့်​တော်​မူ​ကြောင်း​ပြော​ကြား​လော့။ ``နံ နက်​စော​စော​တွင် ဘု​ရင်​နှင့်​သွား​ရောက်​တွေ့​ဆုံ ပြီး​လျှင်`ငါ့​အား​ဝတ်​ပြု​နိုင်​ရန်​ငါ​၏​လူ​မျိုး တော်​ကို​သွား​ခွင့်​ပြု​လော့။-
13 Disse o Senhor a Moisés: "Levante-se logo cedo, apresente-se ao faraó e diga-lhe que assim diz o Senhor, o Deus dos hebreus: Deixe o meu povo ir para que me preste culto.
14 ကမ္ဘာ​လော​က​တစ်​ခု​လုံး​၌​ငါ​ကဲ့​သို့​သော ဘု​ရား​မ​ရှိ​ကြောင်း သင်​သိ​စေ​ရန်​ယ​ခု​အ​ကြိမ် တွင်​သင်​နှင့်​သင်​၏​မှူး​မတ်​ပြည်​သူ​တို့​အား ငါ ကိုယ်​တိုင်​ကပ်​သင့်​စေ​မည်။-
14 Caso contrário, mandarei desta vez todas as minhas pragas contra você, contra os seus conselheiros e contra o seu povo, para que você saiba que em toda a terra não há ninguém como eu.
15 အ​ကယ်​၍​ငါ​သည်​တန်​ခိုး​တော်​ဖြင့် သင်​နှင့် သင်​၏​လူ​မျိုး​ကို​ရောဂါ​ဘေး​သင့်​စေ​ခဲ့​ပါ​မူ သင်​တို့​အား​လုံး​ပင်​သေ​ကျေ​ပျက်​စီး​ကုန် မည်​ဖြစ်​သည်။-
15 Porque eu já poderia ter estendido a mão, ferindo você e o seu povo com uma praga que teria eliminado você da terra.
16 သို့​ရာ​တွင်​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သည် ငါ ၏​ဘုန်း​တန်​ခိုး​ကို​တွေ့​မြင်​ကြ​စေ​ရန် ငါ သည်​သင်​တို့​ကို​အ​သက်​ချမ်း​သာ​ခွင့်​ပေး ခဲ့​၏။-
16 Mas eu o mantive de pé exatamente com este propósito: mostrar-lhe o meu poder e fazer que o meu nome seja proclamado em toda a terra.
17 သို့​သော်​လည်း​သင်​သည်​မောက်​မာ​မြဲ​မောက်​မာ လျက် ငါ​၏​လူ​မျိုး​တော်​ကို​သွား​ခွင့်​မ​ပြုဘဲ နေ​သေး​၏။-
17 Contudo você ainda insiste em colocar-se contra o meu povo e não o deixa ir.
18 နက်​ဖြန်​နေ့​ဤ​အ​ချိန်​တွင်​အီ​ဂျစ်​ပြည်​၌ တစ်​ကြိမ်​တစ်​ခါ​မျှ​မ​ရွာ​ဘူး​သော​မိုး​သီး မိုး​ကို​သည်း​ထန်​စွာ​ရွာ​သွန်း​စေ​မည်။-
18 Amanhã, a esta hora, enviarei a pior tempestade de granizo que já caiu sobre o Egito, desde o dia da sua fundação até hoje.
19 ယ​ခု​သင်​သည်​သင်​၏​တိ​ရစ္ဆာန်​များ​နှင့်​ကွင်း ပြင်​၌​ရှိ​သ​မျှ​တို့​ကို အ​မိုး​အ​ကာ​အောက်​သို့ သွင်း​စေ​လော့။ အ​ကာ​အ​ကွယ်​မ​ရှိ​သော​လူ နှင့်​တိ​ရစ္ဆာန်​ရှိ​သ​မျှ​တို့​အ​ပေါ်​သို့ မိုး​ရွာ​ချ သ​ဖြင့်​သေ​ကျေ​ပျက်​စီး​ကြ​လိမ့်​မည်။''
19 Agora, mande recolher os seus rebanhos e tudo o que você tem nos campos. Todos os homens e animais que estiverem nos campos, que não tiverem sido abrigados, serão atingidos pelo granizo e morrerão".
20 ဘု​ရင်​၏​မှူး​မတ်​အ​ချို့​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​မိန့်​တော်​မူ​ချက်​ကို​ယုံ​၍​ကြောက် ရွံ့​သ​ဖြင့် မိ​မိ​တို့​၏​ကျေး​ကျွန်​နှင့်​တိ​ရစ္ဆာန် များ​ကို​အ​မိုး​အ​ကာ​အောက်​သို့​သွင်း​ထား ကြ​၏။-
20 Os conselheiros do faraó que temiam a palavra do Senhor apressaram-se em recolher aos abrigos os seus rebanhos e os seus escravos.
21 အ​ခြား​သော​သူ​များ​က​မူ​ထာ​ဝ​ရ​ဘု​ရား ၏​မိန့်​တော်​မူ​ချက်​ကို​ပ​မာ​ဏ​မ​ပြု​ဘဲ မိ​မိ တို့​၏​ကျေး​ကျွန်​နှင့်​တိ​ရစ္ဆာန်​များ​ကို​အ​မိုး အ​ကာ​အောက်​သို့​မ​သွင်း​ဘဲ​နေ​ကြ​၏။
21 Mas os que não se importaram com a palavra do Senhor deixaram os seus escravos e os seus rebanhos no campo.
22 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား ``အီ​ဂျစ်​ပြည်​တစ်​လျှောက်​လုံး​တွင်​လူ​များ၊ တိ​ရစ္ဆာန်​များ၊ လယ်​ကွင်း​ရှိ​အ​ပင်​များ​ပေါ်​သို့ မိုး​ရွာ​ချ​စေ​ရန်​သင်​၏​လက်​ကို​ကောင်း​ကင် သို့​မြှောက်​လော့'' ဟု​မိန့်​တော်​မူ​၏။-
22 Então o Senhor disse a Moisés: "Estenda a mão para o céu, e cairá granizo sobre toda a terra do Egito: sobre homens, sobre animais e sobre toda a vegetação do Egito".
23 မော​ရှေ​သည်​မိ​မိ​၏​တောင်​ဝှေး​ကို​ကောင်း​ကင် သို့​မြှောက်​လိုက်​ရာ ထာ​ဝ​ရ​ဘု​ရား​သည်​မိုး ထစ်​ချုန်း​ခြင်း၊ မိုး​ကြိုး​ပစ်​ခြင်း​နှင့်​တ​ကွ မိုး​သီး​မိုး​ရွာ​သွန်း​စေ​လေ​၏။ ထာ​ဝ​ရ ဘု​ရား​စေ​လွှတ်​တော်​မူ​သော-
23 Quando Moisés estendeu a vara para o céu, o Senhor fez vir trovões e granizo, e raios caíam sobre a terra. Assim o Senhor fez chover granizo sobre a terra do Egito.
24 ထို​မုန်​တိုင်း​သည် အ​လွန်​ဆိုး​ရွား​သော​မုန် တိုင်း​ဖြစ်​သ​ဖြင့် အီ​ဂျစ်​ပြည်​သ​မိုင်း​တွင် တစ်​ကြိမ်​တစ်​ခါ​မျှ​မ​ကြုံ​ဘူး​သော အ​ဆိုး​ရွား​ဆုံး​မုန်​တိုင်း​ဖြစ်​၏။-
24 Caiu granizo, e raios cortavam o céu em todas as direções. Nunca houve uma tempestade de granizo como aquela em todo o Egito, desde que este se tornou uma nação.
25 အီဂျစ်​ပြည်​တစ်​လျှောက်​လုံး​တွင်​အ​ကာ အ​ကွယ်​မ​ရှိ​သော လူ​နှင့်​တိ​ရစ္ဆာန်​အ​ပေါင်း တို့​သည်​မိုး​သီး​ဒဏ်​ကြောင့်​သေ​ကျေ​ကြ ကုန်​၏။ လယ်​ကွင်း​ထဲ​၌​ရှိ​သော​သီး​နှံ​များ နှင့်​သစ်​ပင်​အား​လုံး​တို့​သည်​လည်း​ပျက်​စီး ကုန်​၏။-
25 Em todo o Egito o granizo atingiu tudo o que havia nos campos, tanto homens como animais; destruiu toda a vegetação, além de quebrar todas as árvores.
26 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နေ​ထိုင်​ရာ ဂေါ​ရှင်​ဒေ​သ​သည်​သာ​လျှင် မိုး​သီး​မိုး ဒဏ်​မှ​လွတ်​ကင်း​သည်။
26 Somente na terra de Gósen, onde estavam os israelitas, não caiu granizo.
27 ဘု​ရင်​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို​ခေါ်​ပြီး လျှင်``ဤ​တစ်​ကြိမ်​ငါ​ပြစ်​မှား​မိ​ပါ​ပြီ။ ထာ​ဝ​ရ ဘု​ရား​သည်​မှန်​ကန်​၍ ငါ​နှင့်​ငါ​၏​လူ​မျိုး​တို့ သည်​မှား​ပါ​၏။-
27 Então o faraó mandou chamar Moisés e Arão e disse-lhes: "Desta vez eu pequei. O Senhor é justo; eu e o meu povo é que somos culpados.
28 ငါ​တို့​သည်​မိုး​သီး​နှင့်​မိုး​ကြိုး​ဒဏ်​ကို​မ​ခံ နိုင်​တော့​ပြီ​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​ထံ​ဆု တောင်း​ပေး​ပါ​လော့။ ငါ​သည်​သင်​တို့​အား ချက်​ခြင်း​သွား​ခွင့်​ပေး​ပါ​မည်'' ဟု​ဆို​လေ​၏။
28 Orem ao Senhor! Os trovões de Deus e o granizo já são demais. Eu os deixarei ir; não precisam mais ficar aqui".
29 ထို​အ​ခါ​မော​ရှေ​က``ကျွန်ုပ်​သည်​မြို့​ပြင်​သို့ ရောက်​လျှင် ထာ​ဝ​ရ​ဘု​ရား​ထံ​သို့​လက်​များ ကို​မြှောက်​၍​ဆု​တောင်း​ပေး​ပါ​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​ကမ္ဘာ​မြေ​ကြီး​ကို​အ​စိုး​ရ​တော် မူ​ကြောင်း ကိုယ်​တော်​သိ​စေ​ခြင်း​ငှာ​မိုး​ကြိုး သံ​နှင့်​မိုး​သီး​မိုး​ရပ်​စဲ​လိမ့်​မည်။-
29 Moisés respondeu: "Assim que eu tiver saído da cidade, erguerei as mãos em oração ao Senhor. Os trovões cessarão e não cairá mais granizo, para que saibas que a terra pertence ao Senhor.
30 သို့​သော်​လည်း​သင်​နှင့်​သင်​၏​မှူး​မတ်​တို့​သည် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့ ခြင်း​မ​ရှိ​သေး​ကြောင်း​ကျွန်ုပ်​သိ​ပါ​သည်'' ဟု​လျှောက်​လေ​၏။
30 Mas eu bem sei que tu e os teus conselheiros ainda não sabem o que é tremer diante do Senhor Deus! "
31 မု​ယော​စ​ပါး​တို့​သည်​မှည့်​၍​ပိုက်​ဆံ​ပင်​တို့ သည် အ​ဖူး​ထွက်​လျက်​ရှိ​သ​ဖြင့်​၎င်း​အ​ပင် တို့​သည်​ပျက်​စီး​ကုန်​၏။-
31 ( O linho e a cevada foram destruídos, pois a cevada já havia amadurecido e o linho estava em flor.
32 သို့​ရာ​တွင်​ဂျုံ​စ​ပါး​ပင်​တို့​သည် အ​မှည့် နောက်​ကျ​သ​ဖြင့်​မ​ပျက်​စီး​ကြ​ချေ။
32 Todavia, o trigo e o centeio nada sofreram, pois só amadurecem mais tarde. )
33 မော​ရှေ​သည်​ဘု​ရင်​ထံ​မှ​ထွက်​၍ မြို့​ပြင်​သို့ သွား​ပြီး​လျှင်​လက်​များ​ကို​မြှောက်​၍ ထာ​ဝ​ရ ဘု​ရား​ထံ​ဆု​တောင်း​သ​ဖြင့်​မိုး​ကြိုး​သံ​နှင့် မိုး​သီး​များ​စဲ​လေ​၏။ မိုး​လည်း​ရပ်​စဲ​သွား​၏။-
33 Assim Moisés deixou o faraó, saiu da cidade, e ergueu as mãos ao Senhor. Os trovões e o granizo cessaram, e a chuva parou.
34 ထို​သို့​မိုး​မ​ရွာ၊ မိုး​ကြိုး​သံ​နှင့်​မိုး​သီး​များ ရပ်​စဲ​သည်​ကို​ဘု​ရင်​မြင်​သော​အ​ခါ သူ​နှင့် တ​ကွ​သူ​၏​မှူး​မတ်​တို့​သည်​က​တိ​မ​တည် ဘဲ ခေါင်း​မာ​မြဲ​ခေါင်း​မာ​လျက်​ရှိ​ကြ​၏။-
34 Quando o faraó viu que a chuva, o granizo e os trovões haviam cessado, pecou novamente e obstinou-se em seu coração, ele e os seus conselheiros.
35 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​မိန့်​တော် မူ​ခဲ့​သည့်​အ​တိုင်း ဘု​ရင်​သည်​ဣသ​ရေ​လ အ​မျိုး​သား​တို့​အား​သွား​ခွင့်​မ​ပြု​ဘဲ​နေ ပြန်​၏။
35 O coração do faraó continuou endurecido, e ele não deixou que os israelitas saíssem, como o Senhor tinha dito por meio de Moisés.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Êxodo 9, comparar traduções ou montar um estudo — tudo direto pelo WhatsApp.