Êxodo 8
Common Language Bible (MYA) vs ARC
1 ထာဝရဘုရားကမောရှေအား``ဘုရင်ထံ သို့သွား၍`ငါထာဝရဘုရားအားဝတ်ပြု နိုင်ရန် ငါ၏လူမျိုးတော်ကိုသွားခွင့်ပြု လော့။-
1 Depois, disse o Senhor a Moisés: Entra a Faraó e dize-lhe: Assim diz o Senhor : Deixa ir o meu povo, para que me sirva.
2 သင်သည်သူတို့ကိုသွားခွင့်မပြုလျှင် ငါ သည်သင်၏တစ်တိုင်းပြည်လုံးကိုဖားဖြင့် ဒဏ်ခတ်မည်။-
2 E, se recusares deixá-lo ir, eis que ferirei com rãs todos os teus termos.
3 မြစ်ထဲတွင်ဖားများဖြင့်ပြည့်စေမည်။ ထိုဖား တို့သည်မြစ်ထဲမှသင်၏နန်းတော်၊ အိပ်ခန်း၊ အိပ်ရာ၊ သင်၏မှူးမတ်နှင့်ပြည်သားတို့၏အိမ် များ၊ သင်၏မီးဖိုနှင့်မုန့်နယ်ရာခွက်များသို့ တက်လာကြလိမ့်မည်။-
3 E o rio criará rãs, que subirão e virão à tua casa, e ao teu dormitório, e sobre a tua cama, e às casas dos teus servos, e sobre o teu povo, e aos teus fornos, e às tuas amassadeiras.
4 ဖားတို့သည်သင်နှင့်သင်၏မှူးမတ်၊ ပြည်သူတို့ အပေါ်သို့ခုန်တက်ကြလိမ့်မည်' ဟုပြောလော့'' ဟူ၍မိန့်တော်မူ၏။
4 E as rãs subirão sobre ti, e sobre o teu povo, e sobre todos os teus servos.
5 တစ်ဖန်ထာဝရဘုရားက``အာရုန်အားမြစ် များ၊ ချောင်းများ၊ အင်းအိုင်များပေါ်သို့သင်၏ တောင်ဝှေးကိုကိုင်၍လက်ကိုဆန့်သောအား ဖြင့်ဖားများတက်လာ၍ အီဂျစ်တစ်ပြည်လုံး တွင်ဖားများဖြင့်ပြည့်စေလော့'' ဟုမောရှေ အားမိန့်တော်မူ၏။-
5 Disse mais o Senhor a Moisés: Dize a Arão: Estende a tua mão com tua vara sobre as correntes, e sobre os rios, e sobre os tanques, e faze subir rãs sobre a terra do Egito.
6 ထို့ကြောင့်အာရုန်သည်ရေပြင်ရှိသမျှပေါ် သို့သူ၏လက်ကိုဆန့်သဖြင့် ဖားများအလွန် မြောက်မြားစွာတက်လာ၍အီဂျစ်တစ်ပြည် လုံးတွင်ဖားတို့ဖြင့်ပြည့်နှက်လျက်ရှိလေ၏။-
6 E Arão estendeu a mão sobre as águas do Egito, e subiram rãs e cobriram a terra do Egito.
7 မှော်ဆရာတို့ကလည်းမိမိတို့၏အတတ် ပညာဖြင့် အီဂျစ်ပြည်သို့ဖားများတက် လာစေကြ၏။
7 Então, os magos fizeram o mesmo com os seus encantamentos; e fizeram subir rãs sobre a terra do Egito.
8 ထိုအခါဘုရင်သည် မောရှေနှင့်အာရုန်တို့ ကိုခေါ်၍ ``ငါနှင့်ငါ၏ပြည်သားတို့ထံမှ ဖားတို့ကိုဖယ်ရှားပေးရန်ထာဝရဘုရား ထံဆုတောင်းပါလော့။ သို့ပြုလျှင်သင်တို့၏ အမျိုးသားများ ထာဝရဘုရားကိုယဇ် ပူဇော်ရန်သွားခွင့်ကိုငါပြုမည်'' ဟုဆို၏။
8 E Faraó chamou a Moisés e a Arão e disse: Rogai ao Senhor que tire as rãs de mim e do meu povo; depois, deixarei ir o povo, para que sacrifiquem ao Senhor .
9 မောရှေက``ကိုယ်တော်နှင့်ကိုယ်တော်၏မှူးမတ် ပြည်သူတို့၏အိမ်များမှဖားတို့ကိုဖယ်ရှား ၍ နိုင်းမြစ်ထဲ၌သာဖားများနေစေရန်မည် သည့်အချိန်တွင်ဆုတောင်းပေးရပါမည် နည်း'' ဟုမေးလျှောက်သော်၊
9 E Moisés disse a Faraó: Tu tenhas glórias sobre mim. Quando orarei por ti, e pelos teus servos, e por teu povo, para tirar as rãs de ti e das suas casas, de sorte que somente fiquem no rio?
10 ဖာရောဘုရင်က``နက်ဖြန်နေ့တွင်ဆုတောင်း ပေးပါလော့'' ဟုဆိုလေ၏။
10 E ele disse: Amanhã. E Moisés disse: Seja conforme a tua palavra, para que saibas que ninguém há como o Senhor , nosso Deus.
11 ဖားတို့ကိုကိုယ်တော်၏နန်းတော်နှင့်ကိုယ် တော်၏မှူးမတ်ပြည်သူတို့ထံမှဖယ်ရှား၍ မြစ်ထဲ၌သာနေစေလိမ့်မည်'' ဟုလျှောက် ထားပြီးလျှင်၊-
11 E as rãs apartar-se-ão de ti, e das tuas casas, e dos teus servos, e do teu povo; somente ficarão no rio.
12 မောရှေနှင့်အာရုန်တို့သည်ဘုရင်ထံမှထွက် ခဲ့ကြ၏။ ဘုရင်သည်ထာဝရဘုရားသင့်စေ သောဖားများ၏ဘေးမှလွတ်မြောက်ရန်အတွက် မောရှေသည်ထာဝရဘုရားထံတွင်ဆုတောင်း လေ၏။-
12 Então, saiu Moisés e Arão de Faraó; e Moisés clamou ao Senhor por causa das rãs que tinha posto sobre Faraó.
13 ထာဝရဘုရားသခင်သည်မောရှေဆုတောင်း သည့်အတိုင်းပြုတော်မူသဖြင့်အိမ်များ၊ ခြံ များ၊ လယ်ကွင်းများထဲရှိဖားများသေကြ ကုန်၏။-
13 E o Senhor fez conforme a palavra de Moisés; e as rãs morreram nas casas, nos pátios e nos campos.
14 အီဂျစ်ပြည်သားတို့သည်ဖားသေကောင်များ ကိုစုပုံထားကြရာတစ်ပြည်လုံးတွင်နံစော် လျက်ရှိလေ၏။-
14 E ajuntaram-nas em montões, e a terra cheirou mal.
15 တိုင်းပြည်တွင်အခြေအနေကောင်းလာကြောင်း ကိုတွေ့မြင်ရသောအခါ၊ ဘုရင်သည်ထာဝရ ဘုရားမိန့်တော်မူခဲ့သည့်အတိုင်းခေါင်းမာမြဲ ခေါင်းမာလျက် မောရှေနှင့်အာရုန်တို့၏စကား ကိုနားမထောင်ဘဲနေလေ၏။
15 Vendo, pois, Faraó que havia descanso, agravou o seu coração e não os ouviu, como o Senhor tinha dito.
16 တစ်ဖန်ထာဝရဘုရားက``အာရုန်အားမြေ ကြီးကိုသင်၏တောင်ဝှေးနှင့်ရိုက်လော့။ အီဂျစ် တစ်ပြည်လုံးတွင်မြေမှုန့်ရှိသမျှသည်တော ခြင်များဖြစ်လာလိမ့်မည်ဟုပြောလော့'' ဟူ ၍မောရှေအားမိန့်တော်မူ၏။-
16 Disse mais o Senhor a Moisés: Dize a Arão: Estende a tua vara e fere o pó da terra, para que se torne em piolhos por toda a terra do Egito.
17 ထို့ကြောင့်အာရုန်သည်တောင်ဝှေးဖြင့်မြေ ကြီးကိုရိုက်သဖြင့် အီဂျစ်ပြည်ရှိမြေမှုန့် ရှိသမျှသည်တောခြင်ဖြစ်လာ၍ လူနှင့် တိရစ္ဆာန်တို့၌တွယ်ကပ်လေ၏။-
17 E fizeram assim; porque Arão estendeu a mão com a sua vara e feriu o pó da terra, e havia muitos piolhos nos homens e no gado; todo o pó da terra se tornou em piolhos em toda a terra do Egito.
18 မှော်ဆရာတို့လည်းမိမိတို့၏အတတ်ပညာ ဖြင့် တောခြင်များဖြစ်လာရန်အားထုတ်ကြ သော်လည်းမအောင်မြင်ကြချေ။ တောခြင် များသည်လူနှင့်တိရစ္ဆာန်တို့၌တွယ်ကပ် လေသည်။-
18 E os magos fizeram também assim com os seus encantamentos para produzirem piolhos, mas não puderam; e havia piolhos nos homens e no gado.
19 ထိုအခါမှော်ဆရာတို့ကဘုရင်အား``ဤ အမှုအရာသည်ထာဝရဘုရားပြုတော် မူသောအမှုဖြစ်၏'' ဟုလျှောက်ကြ၏။ သို့ ရာတွင်ဘုရင်သည်ထာဝရဘုရားမိန့်တော် မူခဲ့သည့်အတိုင်းခေါင်းမာမြဲခေါင်းမာလျက် မောရှေနှင့်အာရုန်တို့၏စကားကိုနား မထောင်ဘဲနေလေ၏။
19 Então, disseram os magos a Faraó: Isto é o dedo de Deus. Porém o coração de Faraó se endureceu, e não os ouvia, como o Senhor tinha dito.
20 တစ်ဖန်ထာဝရဘုရားကမောရှေအား``နံနက် စောစောအချိန်၌ဘုရင်သည်ရေဆိပ်သို့သွား သောအခါ သူနှင့်တွေ့ဆုံ၍`ငါ၏လူမျိုးတော် သည်ငါ့အားဝတ်ပြုနိုင်ရန်သူတို့ကိုသွား ခွင့်ပြုလော့။-
20 Disse mais o Senhor a Moisés: Levanta-te pela manhã cedo, e põe-te diante de Faraó; eis que ele sairá às águas, e dize-lhe: Assim diz o Senhor : Deixa ir o meu povo, para que me sirva.
21 သွားခွင့်မပြုလျှင်သင်နှင့်သင်၏မှူးမတ် ပြည်သူတို့ထံသို့မှက်ကောင်များကိုငါ စေလွှတ်မည်။ အီဂျစ်ပြည်သားတို့၏အိမ် များနှင့်မြေတစ်ပြင်လုံးကိုမှက်ကောင် များဖြင့်ပြည့်စေမည်။-
21 Porque, se não deixares ir o meu povo, eis que enviarei enxames de moscas sobre ti, e sobre os teus servos, e sobre o teu povo, e às tuas casas; e as casas dos egípcios se encherão destes enxames, e também a terra em que eles estiverem.
22 ထိုနေ့တွင်ငါ၏လူမျိုးတော်နေထိုင်ရာ ဂေါရှင်ဒေသကိုချန်လှပ်၍ထားသဖြင့် ထို ဒေသ၌မှက်ကောင်မရှိစေရ။ ထိုသို့ပြုခြင်း အားဖြင့်ငါထာဝရဘုရားသည်ဤပြည် တွင်ရှိတော်မူကြောင်းကိုသင်သိရလိမ့်မည်။-
22 E, naquele dia, eu separarei a terra de Gósen, em que meu povo habita, a fim de que nela não haja enxames de moscas, para que saibas que eu sou o Senhor no meio desta terra.
23 ငါသည်ငါ၏လူမျိုးတော်နှင့်သင်၏လူမျိုး ကိုခြားနား၍ထားမည်။ ဤနိမိတ်လက္ခဏာ ကိုနက်ဖြန်နေ့တွင်ငါပြမည်' ဟုထာဝရ ဘုရားမိန့်တော်မူကြောင်းပြောလော့'' ဟူ၍ မိန့်တော်မူသည်။-
23 E porei separação entre o meu povo e o teu povo; amanhã será este sinal.
24 ထာဝရဘုရားသည်မှက်ကောင်အုပ်ကြီးများ ကိုဘုရင်၏နန်းတော်၊ မှူးမတ်တို့၏အိမ်များ နှင့်အီဂျစ်တစ်ပြည်လုံးသို့စေလွှတ်တော်မူ ၏။ မှက်ကောင်များကြောင့်တိုင်းပြည်ပျက် ရလေ၏။
24 E o Senhor fez assim; e vieram grandes enxames de moscas à casa de Faraó, e às casas dos seus servos, e sobre toda a terra do Egito; a terra foi corrompida destes enxames.
25 ထိုအခါဘုရင်သည် မောရှေနှင့်အာရုန်တို့ ကိုခေါ်၍``သင်တို့၏ဘုရားအားဤပြည် ထဲ၌ယဇ်ပူဇော်လော့'' ဟုဆိုလေ၏။
25 Então, chamou Faraó a Moisés e a Arão e disse: Ide e sacrificai ao vosso Deus nesta terra.
26 မောရှေက``အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားအား ပူဇော်သောယဇ်ကောင် များကိုအီဂျစ်အမျိုးသားတို့ကရွံရှာ ကြမည်ဖြစ်သောကြောင့် ထိုကဲ့သို့မပြုလုပ် သင့်ပါ။ အီဂျစ်အမျိုးသားတို့သည်ယဇ် ကောင်များပူဇော်ခြင်းကိုမြင်လျှင် အကျွန်ုပ် တို့အားခဲနှင့်ပစ်၍သတ်ကြပါလိမ့်မည်။-
26 E Moisés disse: Não convém que façamos assim, porque sacrificaríamos ao Senhor , nosso Deus, a abominação dos egípcios; eis que, se sacrificássemos a abominação dos egípcios perante os seus olhos, não nos apedrejariam eles?
27 အကျွန်ုပ်တို့သည်ဘုရားသခင်ထာဝရ ဘုရားမိန့်တော်မူသည့်အတိုင်း တောကန္တာရ သို့သုံးရက်ခရီးသွား၍ယဇ်ပူဇော်ရပါ မည်'' ဟုလျှောက်ဆို၏။
27 Deixa-nos ir caminho de três dias ao deserto, para que sacrifiquemos ao Senhor , nosso Deus, como ele nos dirá.
28 ဖာရောဘုရင်က``သင်တို့၏ဘုရားသခင် ထာဝရဘုရားအား တောကန္တာရ၌ယဇ်ပူ ဇော်ရန်ငါစေလွှတ်မည်။ သို့ရာတွင်ခရီး ဝေးမသွားရ။ ငါ့အတွက်ဆုတောင်းပေး ပါလော့'' ဟုဆိုလေ၏။
28 Então, disse Faraó: Deixar-vos-ei ir, para que sacrifiqueis ao Senhor , vosso Deus, no deserto; somente que indo, não vades longe; orai também por mim.
29 မောရှေက``နက်ဖြန်နေ့တွင်ကိုယ်တော်နှင့် မှူးမတ်ပြည်သူတို့ထံမှ မှက်ကောင်များကို ဖယ်ရှားပေးရန်ယခုကိုယ်တော်ထံမှထွက် သွားလျှင်သွားချင်း ထာဝရဘုရားထံ၌ ဆုတောင်းပေးပါမည်။ ထာဝရဘုရားကို ယဇ်ပူဇော်ရန်ဣသရေလအမျိုးသားတို့ အား ယခုသွားခွင့်ပြုပြီးမှမသွားရဟု နောက်တစ်ဖန်မလှည့်စားမတားဆီးပါ နှင့်'' ဟုလျှောက်ထားလေ၏။
29 E Moisés disse: Eis que saio de ti e orarei ao Senhor , que estes enxames de moscas se retirem amanhã de Faraó, dos seus servos e do seu povo; somente que Faraó não mais me engane, não deixando ir a este povo para sacrificar ao Senhor .
30 ထိုနောက်မောရှေသည်ဘုရင်ထံမှထွက်ခဲ့ ပြီးနောက် ထာဝရဘုရားထံ၌ဆုတောင်း လေ၏။-
30 Então, saiu Moisés de Faraó e orou ao Senhor .
31 ထာဝရဘုရားသည်မောရှေဆုတောင်းသည့် အတိုင်း ဘုရင်နှင့်မှူးမတ်ပြည်သူတို့ထံ၌ မှက်တစ်ကောင်မျှမကျန်စေရန်မှက်အားလုံး ကိုဖယ်ရှားတော်မူ၏။-
31 E fez o Senhor conforme a palavra de Moisés, e os enxames de moscas se retiraram de Faraó, dos seus servos e do seu povo; não ficou uma só.
32 သို့ရာတွင်ဘုရင်သည်ယခုအကြိမ်၌လည်း ခေါင်းမာမြဲခေါင်းမာလျက် ဣသရေလ အမျိုးသားတို့ကိုသွားခွင့်မပြုချေ။
32 Mas endureceu Faraó ainda esta vez seu coração e não deixou ir o povo.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Êxodo 8, comparar traduções ou montar um estudo — tudo direto pelo WhatsApp.