Êxodo 7
Common Language Bible (MYA) vs VC
1 ထာဝရဘုရားကမောရှေအား``အီဂျစ်ဘုရင် ၏ရှေ့တွင်သင်သည်ဘုရားကဲ့သို့လည်းကောင်း၊ သင်၏အစ်ကိုအာရုန်သည်သင့်ကိုယ်စားပြော ဆိုရသောပရောဖက်ကဲ့သို့လည်းကောင်းငါ ဖြစ်စေမည်။-
1 O Senhor disse a Moisés: "Vê: vou fazer de ti um deus para o faraó, e teu irmão Aarão será teu profeta.
2 ငါသည်သင့်အားမိန့်ကြားသမျှကိုအာရုန် အားပြောရမည်။ ဣသရေလအမျိုးသား တို့ကိုအီဂျစ်ပြည်မှထွက်ခွင့်ပြုစေရန် သူ သည်ဖာရောဘုရင်အားလျှောက်ထားရမည်။-
2 Dirás tudo o que eu te mandar, e teu irmão Aarão falará ao rei para que ele deixe sair de sua terra os israelitas.
3 သို့ရာတွင်ငါသည်ဘုရင်အားခေါင်းမာစေ သဖြင့် နိမိတ်လက္ခဏာများနှင့်အံ့သြဖွယ် ရာအမှုတို့ကိုငါပြသော်လည်း၊-
3 Mas eu endurecerei o coração do faraó, e multiplicarei meus sinais e meus prodígios no Egito.
4 သူသည်သင်တို့၏စကားကိုနားမထောင် ဘဲနေလိမ့်မည်။ ထိုအခါအီဂျစ်ပြည်တွင်ငါ၏တန်ခိုးကို ပြ၍ ပြည်သူပြည်သားတို့ကိုပြင်းထန်စွာ ဒဏ်ခတ်လျက် ငါ၏လူမျိုးတော်ဖြစ်သော ဣသရေလအမျိုးသားဗိုလ်ခြေအပေါင်း တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်မည်။-
4 Ele não vos ouvirá. Então estenderei minha mão sobre o Egito e farei sair dele os meus exércitos, meu povo, os israelitas, com uma grandiosa manifestação de justiça.
5 ထိုသို့အီဂျစ်အမျိုးသားတို့အားတန်ခိုး ကိုပြ၍ ဣသရေလအမျိုးသားတို့ကိုထုတ် ဆောင်သောအခါ၊ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းအီဂျစ်အမျိုးသားတို့သိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
5 Os egípcios saberão que eu sou o Senhor, quando eu estender a mão sobre o Egito e fizer sair dele os israelitas."
6 မောရှေနှင့်အာရုန်တို့သည်ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်း ဘုရင်အားလျှောက် ထားကြ၏။-
6 Moisés e Aarão fizeram o que o Senhor tinha ordenado, e obedeceram.
7 ဘုရင်ထံသို့ဝင်၍လျှောက်ထားချိန်၌မောရှေ သည် အသက်ရှစ်ဆယ်၊ အာရုန်သည်အသက်ရှစ် ဆယ်သုံးနှစ်ရှိကြသတည်း။
7 Moisés tinha oitenta anos e Aarão oitenta e três, quando falaram ao faraó.
8 ထာဝရဘုရားကမောရှေနှင့်အာရုန်တို့ အား၊-
8 O Senhor disse a Moisés e a Aarão:
9 ``အကယ်၍ဖာရောဘုရင်က`ငါယုံနိုင်ရန် နိမိတ်လက္ခဏာကိုပြလော့' ဟုဆိုလျှင်သင် သည်အာရုန်အား`ဘုရင်ရှေ့၌သင်၏တောင် ဝှေးကိုပစ်ချရန်ပြောလော့။ တောင်ဝှေးသည် မြွေဖြစ်လိမ့်မည်'' ဟူ၍မိန့်တော်မူ၏။-
9 "Se o faraó vos pedir um prodígio, tu dirás a Aarão: toma tua vara e joga-a diante do faraó; ela se tornará uma serpente".
10 မောရှေနှင့်အာရုန်တို့သည်ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ဘုရင်ထံသို့ဝင်ကြ ၏။ ထိုနောက်အာရုန်သည်သူ၏တောင်ဝှေးကို ဘုရင်နှင့်မှူးမတ်များရှေ့တွင်ပစ်ချလိုက် ရာတောင်ဝှေးသည်မြွေဖြစ်လေ၏။-
10 Tendo Moisés e Aarão chegado à presença do faraó, fizeram o que o Senhor tinha ordenado. Aarão jogou sua vara diante do rei e de sua gente, e ela se tornou uma serpente.
11 ထိုအခါဘုရင်သည်သူ၏ပညာရှိများနှင့် မှော်ဆရာများကိုဆင့်ခေါ်၍၊ သူတို့သည် မှော်အတတ်ဖြင့်အလားတူပညာစွမ်းကို ပြကြ၏။-
11 Mas o faraó, mandando vir os sábios, os encantadores e os mágicos, estes fizeram o mesmo com os seus encantamentos:
12 ထိုသူတို့သည်မိမိတို့၏တောင်ဝှေးများကို ပစ်ချရာ တောင်ဝှေးများသည်မြွေဖြစ်ကြ ကုန်၏။ သို့ရာတွင်အာရုန်၏မြွေကထိုသူ တို့၏မြွေများကိုမျိုလိုက်လေ၏။-
12 jogaram cada um suas varas, que se transformaram em serpentes. Mas a vara de Aarão engoliu as deles.
13 ဘုရင်သည်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်း မောရှေနှင့်အာရုန်တို့၏စကားကို နားမထောင်ဘဲခေါင်းမာလျက်နေလေ၏။
13 Entretanto, como o Senhor o havia anunciado, endureceu-se o coração do faraó e ele não quis ouvi-los.
14 ထိုနောက်ထာဝရဘုရားကမောရှေအား``ဘုရင် သည်အလွန်ခေါင်းမာလျက်ရှိ၏။ သူသည်ဣသ ရေလအမျိုးသားတို့အားမလွှတ်ဘဲနေ၏။-
14 O Senhor disse a Moisés: "O faraó endureceu o coração: ele se obstina em não querer deixar partir o povo.
15 နံနက်တွင်ဘုရင်သည်နိုင်းမြစ်ကမ်းသို့ဆင်း သောအခါသူ့ထံသို့သွားလော့။ မြွေအဖြစ် သို့ပြောင်းခဲ့သောတောင်ဝှေးကိုယူဆောင်၍ မြစ်ကမ်းပေါ်တွင်စောင့်နေလော့။-
15 Vai procurá-lo amanhã cedo, no momento em que ele sair para ir à margem do rio; esperá-lo-ás à beira do Nilo, tomarás na mão a vara que se mudou em serpente,
16 ဘုရင်အား`ဟေဗြဲအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားက မိမိ၏လူမျိုးတော် သည်တောကန္တာရတွင်မိမိအားဝတ်ပြုနိုင်ရန် သွားခွင့်ပေးရန် ကျွန်ုပ်ကိုပြောခိုင်းသည်။ သို့ရာ တွင်ကိုယ်တော်သည်ယခုတိုင်အောင်အမိန့် တော်ကိုမလိုက်နာပါ။-
16 e dir-lhe-ás: o Senhor, o Deus dos hebreus, mandou-me a ti para dizer-te: deixa ir o meu povo, para que me preste culto no deserto. Até agora não me escutaste.
17 အရှင်မင်းကြီး၊ ထာဝရဘုရားကငါသည် ထာဝရဘုရားဖြစ်ကြောင်း ယခုငါပြု မည့်အမှုဖြင့်သင်သိရလိမ့်မည်ဟုမိန့်တော် မူပြီ။ ကျွန်ုပ်သည်ဤတောင်ဝှေးနှင့်မြစ်ရေကို ရိုက်သဖြင့်ရေသည်သွေးဖြစ်လိမ့်မည်။-
17 Eis o que diz o Senhor: nisto reconhecerás que eu sou o Senhor: vou ferir as águas do Nilo com a vara que tenho na mão e elas se mudarão em sangue.
18 မြစ်ထဲရှိငါးတို့သေ၍မြစ်ရေသည်နံစော် သဖြင့်၊ အီဂျစ်ပြည်သားတို့သည်ထိုရေကို မသောက်သုံးနိုင်ဖြစ်ရလိမ့်မည်' ဟုဘုရင် ကိုပြောလော့'' ဟူ၍မိန့်တော်မူ၏။
18 Os peixes do Nilo morrerão, o rio tornar-se-á infecto e os egípcios terão nojo insuportável de beber suas águas."
19 တစ်ဖန်ထာဝရဘုရားက မောရှေကိုမိန့်တော် မူသည်မှာ ``အာရုန်အား သင်သည်အီဂျစ်ပြည် တွင်ရှိသမျှသော မြစ်၊ ချောင်း၊ အင်း၊ အိုင်ရေ လှောင်ကန်တို့၏ရေပေါ်၌ တောင်ဝှေးကိုကိုင်၍ လက်ဆန့်လော့။ တစ်ပြည်လုံးတွင်သစ်သားခွက်၊ ကျောက်ခွက်တို့ပါမကျန်ရှိသမျှသောရေ တို့သည်သွေးဖြစ်လိမ့်မည်' ဟုပြောလော့'' ဟူ၍မိန့်တော်မူ၏။
19 O Senhor disse a Moisés: "Dize a Aarão: toma a tua vara e estende a mão sobre as águas do Egito, sobre os seus rios e seus canais, sobre seus lagos e seus reservatórios, para que essas águas se tornem sangue. Haverá sangue em todo o Egito, assim nos recipientes de madeira como nos de pedra".
20 မောရှေနှင့်အာရုန်တို့သည် ထာဝရဘုရားမိန့် တော်မူသည့်အတိုင်းလိုက်နာဆောင်ရွက်ကြ၏။ အာရုန်သည်ဘုရင်နှင့်သူ၏မှူးမတ်များ၏ ရှေ့တွင်တောင်ဝှေးကိုမြှောက်၍ မြစ်ရေကိုရိုက် ရာမြစ်ရေသည်သွေးဖြစ်လေ၏။-
20 Moisés e Aarão obedeceram à ordem do Senhor. Sob os olhos do faraó e de sua gente, Aarão levantou sua vara e feriu a água do Nilo, que se mudou toda em sangue.
21 မြစ်ထဲ၌ရှိသောငါးတို့သည်သေကုန်၏။ ရေ သည်အလွန်အနံ့ဆိုးသဖြင့် အီဂျစ်ပြည် သားတို့သည်ထိုရေကိုမသောက်သုံးနိုင် ကြချေ။ အီဂျစ်တစ်ပြည်လုံးနေရာအနှံ့ တွင်သွေးနှင့်ပြည့်လေ၏။-
21 Morreram os peixes do Nilo, e o rio tornou-se tão infecto que os egípcios não podiam beber de suas águas. Houve sangue em todo o Egito.
22 သို့ရာတွင်အီဂျစ်မှော်ဆရာတို့ကလည်း၊ မိမိတို့၏အတတ်ဖြင့်ရေကိုသွေးဖြစ်စေ ကြရာဘုရင်သည် ယခင်နည်းတူခေါင်းမာ မြဲခေါင်းမာလျက်နေ၏။ ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း သူသည်မောရှေ နှင့်အာရုန်တို့၏စကားကိုနားမထောင် ဘဲနေလေ၏။-
22 Mas os mágicos do Egito, fizeram outro tanto com seus encantamentos; o coração do faraó permaneceu endurecido e, como o Senhor havia predito, ele não ouviu Moisés e Aarão.
23 ဘုရင်သည်ထိုအမှုအရာကိုအရေးမ ကြီးသောကိစ္စဟူ၍ သဘောပိုက်ကာနန်း တော်သို့ပြန်သွားလေ၏။-
23 Voltou e entrou em sua casa sem mais se cuidar do acontecido.
24 အီဂျစ်ပြည်သားတို့သည်မြစ်ရေကိုမသောက် သုံးနိုင်ကြသဖြင့်၊ မြစ်ကမ်းတစ်လျှောက် တွင်သောက်ရေအတွက်တွင်းတူးကြ၏။
24 Todos os egípcios cavaram o solo nas proximidades do Nilo procurando água potável, porque não se podia beber a água do rio.
25 ထာဝရဘုရားသည်မြစ်ကိုသွေးဖြစ်စေ ပြီးနောက် ခုနစ်ရက်ကြာလေ၏။
25 Sete dias se passaram depois que o Senhor feriu o Nilo.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Êxodo 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.