Êxodo 3

Common Language Bible (MYA) vs BKJ

Sair da comparação
1 မော​ရှေ​သည်​သူ​၏​ယောက္ခ​မ မိ​ဒျန်​ယဇ်​ပု​ရော ဟိတ်​ယေ​သ​ရော​၏​သိုး​ဆိတ်​များ​ကို​ထိန်း ကျောင်း​လျက်​ရှိ​စဉ်၊ တော​ကန္တာ​ရ​ကို​ဖြတ်​၍ သိုး​ဆိတ်​များ​ကို​မောင်း​နှင်​လာ​ရာ၊ ဟော​ရပ် ဟု​ခေါ်​သော​ဘု​ရား​သ​ခင်​၏​တောင်​သို့​ရောက် ရှိ​လာ​လေ​၏။-
1 Ora, Moisés estava apascentando o rebanho de Jetro, seu sogro, o sacerdote de Midiã. E ele conduziu o rebanho para trás do deserto, e chegou ao monte de Deus, até o Horebe.
2 ထို​အ​ရပ်​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင် တ​မန်​သည်​ချုံ​တစ်​ခု​အ​လယ်​မှ မီး​တောက် လောင်​နေ​သည့်​မီး​လျှံ​အ​သွင်​ဖြင့်​ထွက်​လာ​၍ မော​ရှေ​အား​ထင်​ရှား​ပြ​၏။ ချုံ​သည်​မီး​တောက် နေ​သော်​လည်း​လောင်​ကျွမ်း​ခြင်း​မ​ရှိ​ကြောင်း မော​ရှေ​တွေ့​မြင်​ရ​၏။-
2 E o anjo do SENHOR lhe apareceu em uma chama de fogo do meio de uma sarça. E ele olhou, e eis que, a sarça queimava com fogo, e a sarça não era consumida.
3 ထို့​ကြောင့်​သူ​က``ငါ​သည်​အ​နီး​သို့​ချဉ်း​ကပ် ၍ ထို​ထူး​ဆန်း​သော​ရူ​ပါ​ရုံ​ကို​ကြည့်​ဦး​မည်'' ဟု​အ​ကြံ​ရှိ​လေ​၏။
3 E Moisés disse: Eu vou virar agora de lado, e verei essa grande visão, porque a sarça não é queimada.
4 မော​ရှေ​အ​နီး​သို့​ချဉ်း​ကပ်​လာ​သည်​ကို​မြင် တော်​မူ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည်​ချုံ​အ​လယ် မှ``မော​ရှေ၊ မော​ရှေ'' ဟူ​၍​ခေါ်​တော်​မူ​၏။
4 E quando o SENHOR viu que ele se virara para ver, Deus o chamou do meio da sarça e disse: Moisés, Moisés. E ele disse: Aqui estou.
5 ဘု​ရား​သ​ခင်​က``အ​နီး​သို့​မ​ချဉ်း​ကပ်​နှင့်။ သင်​သည်​သန့်​ရှင်း​သော​မြေ​ပေါ်​တွင်​ရပ်​နေ သည်​ဖြစ်​၍ ခြေ​နင်း​ကို​ချွတ်​လော့။-
5 E ele disse: Não te aproximes até aqui. Tira tuas sandálias dos teus pés, porque o lugar em que estás é terra santa.
6 ငါ​သည်​သင့်​အ​ဖ​၏​ဘု​ရား၊ အာ​ဗြ​ဟံ​၏ ဘု​ရား၊ ဣ​ဇာက်​၏​ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​သည် ဘု​ရား​သ​ခင်​ကို​မ​ကြည့်​ဝံ့​သ​ဖြင့်၊ သူ​၏ မျက်​နှာ​ကို​ဖုံး​အုပ်​ထား​လေ​၏။
6 Além disso, ele disse: Eu sou o Deus de teu pai, o Deus de Abraão, o Deus de Isaque, e o Deus de Jacó. E Moisés escondeu a sua face, pois estava com medo de olhar para Deus.
7 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​လူ​မျိုး တော်​သည် အီ​ဂျစ်​ပြည်​တွင်​ခံ​ရ​သော​ဆင်း​ရဲ ဒုက္ခ​ကို​ငါ​ဒိ​ဌ​တွေ့​မြင်​ရ​ပြီ။ သူ​တို့​ကို​စေ ခိုင်း​သော​သ​ခင်​တို့​၏​ညှင်း​ပန်း​ခြင်း​ကို​မ​ခံ မ​ရပ်​နိုင်​သော​ကြောင့် သူ​တို့​အော်​ဟစ်​၍​အ​ကူ အ​ညီ​တောင်း​ခံ​သံ​ကို​ငါ​ကြား​ရ​ပြီ။ ငါ​သည် သူ​တို့​ခံ​ရ​သော​ဆင်း​ရဲ​ခြင်း​ကို​ဧ​ကန်​အ​မှန် သိ​မြင်​ရ​ပြီ။-
7 E o SENHOR disse: Certamente vi a aflição de meu povo que está no Egito, e ouvi o seu clamor por causa de seus capatazes, pois eu conheço os seus sofrimentos;
8 အီ​ဂျစ်​အ​မျိုး​သား​တို့​လက်​တွင်း​မှ​သူ​တို့ အား​ကယ်​တင်​ပြီး​လျှင် ထို​ပြည်​မှ​ထုတ်​ဆောင် လျက်​မြေ​သြ​ဇာ​ထက်​သန်​၍​ကျယ်​ပြန့်​သော ပြည်​သို့​ပို့​ဆောင်​ရန်​ငါ​ကြွ​ဆင်း​လာ​ပြီ။ ထို ပြည်​သည်​မြေ​သြ​ဇာ​ထက်​သန်​၍​အ​စာ​ရေ စာ​ပေါ​ကြွယ်​ဝ​၏။ ထို​ပြည်​တွင်​ခါ​နာန်​အ​မျိုး သား၊ ဟိတ္တိ​အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား​တို့​နေ​ထိုင်​ကြ​၏။-
8 e eu desci para libertá-los da mão dos egípcios, e para fazê-los sair daquela terra para uma terra boa e grande, para uma terra que mana leite e mel, para o lugar dos cananeus, e dos heteus, e dos amorreus, e dos ferezeus, e dos heveus, e dos jebuseus.
9 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အော်​ဟစ်​သံ ကို​ငါ​ကြား​ရ​ပြီ။ သူ​တို့​အား​အီ​ဂျစ်​အ​မျိုး သား​တို့​ရက်​စက်​စွာ​ညှင်း​ဆဲ​ပုံ​ကို​လည်း​ငါ မြင်​ရ​ပြီ။-
9 Agora, portanto, eis que o clamor dos filhos de Israel é vindo até mim. E eu também vi a opressão com que os egípcios os oprimem.
10 ငါ​၏​လူ​မျိုး​တော်​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​ရန် သင့်​အား​ဖာ​ရော​ဘု​ရင်​ထံ​သို့​ငါ စေ​လွှတ်​မည်'' ဟု​မိန့်​တော်​မူ​၏။
10 Vem agora, pois eu te enviarei a Faraó, para que tires o meu povo, os filhos de Israel, do Egito.
11 မော​ရှေ​က​ထာ​ဝ​ရ​ဘု​ရား​အား``အ​ကျွန်ုပ် သည်​သာ​မ​ည​လူ​တစ်​ယောက်​သာ​ဖြစ်​ပါ​၏။ ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်​ပြီး​လျှင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် သည့်​ကိစ္စ​ကို​အ​ဘယ်​သို့​ဆောင်​ရွက်​နိုင်​ပါ​မည် နည်း'' ဟု​လျှောက်​၏။
11 E Moisés disse a Deus: Quem sou eu, para que vá a Faraó, e para que tire os filhos de Israel do Egito?
12 ဘု​ရား​သ​ခင်​က``ငါ​သည်​သင်​နှင့်​အ​တူ​ရှိ မည်။ ငါ​သည်​သင့်​အား​စေ​လွှတ်​ကြောင်း​သက် သေ​အ​ထောက်​အ​ထား​မှာ၊ သင်​သည်​ထို​သူ တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ​သည့် အ​ခါ သင်​တို့​အ​ပေါင်း​သည်​ဤ​တောင်​ပေါ် တွင်​ငါ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရ​ကြ မည်​ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။
12 E ele disse: Certamente estarei contigo, e este será um sinal para ti, de que te enviei: Quando tiveres tirado o povo do Egito, vós servireis a Deus sobre este monte.
13 ထို​အ​ခါ​မော​ရှေ​က``အ​ကျွန်ုပ်​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့​သွား​၍၊ သူ​တို့ အား`သင်​တို့​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင် သည် ငါ့​အား​သင်​တို့​ထံ​သို့​စေ​လွှတ်​လိုက်​သည်' ဟု​ပြော​လျှင်​သူ​တို့​က`ထို​ဘု​ရား​၏​နာ​မ တော်​ကား​မည်​သို့​ခေါ်​ပါ​သ​နည်း' ဟု​မေး သည်​ရှိ​သော်​အ​ကျွန်ုပ်​က​မည်​သို့​ဖြေ​ကြား ရ​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​လေ​၏။
13 E disse Moisés a Deus: Eis que, quando eu vier aos filhos de Israel e lhes disser: O Deus de vossos pais me enviou a vós, e eles me perguntarem: Qual é o seu nome? Que direi a eles?
14 ဘု​ရား​သ​ခင်​က``ငါ​၏​နာ​မ​သည်​ငါ​ဖြစ် သည့်​အ​တိုင်း ငါ​ဖြစ်​၏ ဟူ​၍​ဖြစ်​သည်။ `ငါ​ဖြစ်​သည်​ဟု​နာ​မည်​ရှိ သော​အ​ရှင်​သည် သင်​တို့​ထံ​သို့​ငါ့​အား​စေ​လွှတ် တော်​မူ​သည်' ဟု​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကို​ပြော​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
14 E disse Deus a Moisés: EU SOU O QUE SOU, e ele disse: Assim dirás aos filhos de Israel: EU SOU me enviou a vós.
15 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင် တို့​ဘိုး​ဘေး​တို့​၏​ထာ​ဝ​ရ​ဘု​ရား၊ အာ​ဗြ​ဟံ ၏​ဘု​ရား၊ ဣ​ဇာက်​၏​ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား တည်း​ဟူ​သော​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့ ထံ​သို့​ငါ့​အား​စေ​လွှတ်​တော်​မူ​သည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ပြော​ရ မည်။ ဤ​နာ​မ​သည်​ထာ​ဝ​စဉ်​ငါ​၏​နာ​မ ဖြစ်​၏။ နောင်​လူ​မျိုး​အ​ဆက်​ဆက်​တို့​သည် ထို​နာ​မ​ဖြင့်​ငါ့​အား​သိ​ကြ​လိမ့်​မည်။-
15 E Deus disse mais a Moisés: Assim dirás aos filhos de Israel: O SENHOR Deus de vossos pais, o Deus de Abraão, o Deus de Isaque e o Deus de Jacó, me enviou a vós. Este é o meu nome para sempre, e este é meu memorial para todas as gerações.
16 သင်​သွား​၍​ဣ​သ​ရေ​လ​အမျိုး​သား​ခေါင်း ဆောင်​တို့​ကို​စု​ရုံး​လျက် သူ​တို့​အား​သင်​တို့ ဘိုး​ဘေး​တို့​၏​ထာ​ဝ​ရ​ဘု​ရား၊ အာ​ဗြ​ဟံ ၏​ဘုရား၊ ဣဇာက်​၏​ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား တည်း​ဟူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​ဖူး​မြင် ရ​၍၊ ထို​ဘု​ရား​က​သင်​တို့​အား​ငါ​သည်​သင် တို့​ထံ​သို့​ကြွ​လာ​လျက်​အီ​ဂျစ်​အ​မျိုး​သား တို့​က​သင်​တို့​အား​ပြု​သော​အ​မှု​ကို​မြင် ရ​ပြီ။-
16 Vai, e ajunta os anciãos de Israel, e dize-lhes: O SENHOR Deus de vossos pais, o Deus de Abraão, de Isaque, e de Jacó, me apareceu, dizendo: Eu certamente vos tenho visitado e visto o que vos tem sido feito no Egito,
17 ငါ​သည်​သင်​တို့​နှိပ်​စက်​ညှင်း​ဆဲ​ခြင်း​ခံ​ရ သော​အီ​ဂျစ်​ပြည်​မှ​သင်​တို့​ကို​ထုတ်​ဆောင် ၍၊ ခါ​နာန်​အ​မျိုး​သား၊ ဟိတ္တိ​အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ယေ​ဗု​သိ​အ​မျိုး​သား​တို့ နေ​ထိုင်​ရာ​ပြည်​သို့​ပို့​ဆောင်​မည်။ ထို​ပြည်​သည် မြေ​သြ​ဇာ​ထက်​သန်​၍​အ​စာ​ရေ​စာ​ပေါ ကြွယ်​ဝ​၏ ဟူ​၍​မိန့်​တော်​မူ​ကြောင်း​ပြော ပြ​လော့။
17 e tenho dito: Eu vos farei subir da aflição do Egito para a terra dos cananeus, e dos heteus, e dos amorreus, e dos ferezeus, e dos heveus, e dos jebuseus, para uma terra que mana leite e mel.
18 ``သူ​တို့​သည်​သင့်​စ​ကား​ကို​နား​ထောင်​ကြ မည်။ ထို​နောက်​သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ခေါင်း​ဆောင်​တို့​နှင့်​အ​တူ ဖာ​ရော​ဘု​ရင် ထံ​သို့​ဝင်​၍​ဘု​ရင်​အား`အ​ကျွန်ုပ်​တို့​သည် ဟေ​ဗြဲ​အ​မျိုး​သား​တို့​၏​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​နှင့်​ဖူး​တွေ့​ခဲ့​ရ​ပါ​ပြီ။ အ​ကျွန်ုပ် တို့​၏​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​အား ယဇ်​ပူ​ဇော်​နိုင်​ရန် တော​ကန္တာ​ရ​သို့​သုံး​ရက် ခ​ရီး​ထွက်​ခွင့်​ပေး​ပါ' ဟု​လျှောက်​ထား​လော့။-
18 E eles ouvirão a tua voz; e irás, tu e os anciãos de Israel, ao rei do Egito, e lhe direis: O SENHOR Deus dos hebreus se encontrou conosco, e agora deixa-nos ir, te suplicamos, três dias de jornada para o deserto, para que sacrifiquemos ao SENHOR nosso Deus.
19 အီ​ဂျစ်​ဘု​ရင်​သည်၊ အင်​အား​ကြီး​မား​သော လက်​တော်​ဖြင့်​တိုက်​တွန်း​ခြင်း​မ​ပြု​လျှင် သင် တို့​အား​သွား​ခွင့်​ပြု​မည်​မ​ဟုတ်​ကြောင်း​ငါ သိ​၏။-
19 E eu tenho certeza de que o rei do Egito não vos deixará ir, a não ser por uma mão poderosa.
20 ငါ​၏​တန်​ခိုး​တော်​ဖြင့်​နိ​မိတ်​လက္ခ​ဏာ​များ ကို​ပြ​၍ အီ​ဂျစ်​ပြည်​သား​တို့​ကို​ဒဏ်​ခတ်​မည်။ ထို​နောက်​မှ​ဘု​ရင်​သည်​သင်​တို့​ကို​သွား​ခွင့် ပေး​လိမ့်​မည်။
20 E eu estenderei a minha mão, e ferirei o Egito com todas as maravilhas que farei no meio deles; e depois disso ele vos deixará ir.
21 ``အီ​ဂျစ်​အ​မျိုး​သား​တို့​က​ငါ​၏​လူ​မျိုး တော်​အား စေ​တ​နာ​မေတ္တာ​ရှိ​လာ​စေ​ရန်​ငါ ပြု​မည်​ဖြစ်​သော​ကြောင့်၊ သင်​တို့​ထို​ပြည်​မှ ထွက်​ခွာ​ရ​သော​အ​ခါ​လက်​ချည်း​သက် သက်​မ​ထွက်​ခွာ​ရ။-
21 E eu darei favor a esse povo aos olhos dos egípcios, e acontecerá que, quando fordes, não ireis vazios,
22 ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တိုင်း​က​မိ​မိ​၏ အီ​ဂျစ်​ပြည်​သား​အိမ်​နီး​ချင်း​တို့​ထံ​မှ​သော် လည်း​ကောင်း၊ မိ​မိ​အိမ်​မှာ​တည်း​ခို​သော​အီ​ဂျစ် အ​မျိုး​သ​မီး​တို့​ထံ​မှ ရွှေ၊ ငွေ၊ လက်​ဝတ်​တန် ဆာ​နှင့်​အ​ဝတ်​အ​ထည်​များ​ကို​တောင်း​ယူ​ကြ လိမ့်​မည်။ သင်​တို့​သည်​သင်​တို့​၏​သား​သ​မီး များ​အား​ထို​ပစ္စည်း​များ​ဖြင့်​တန်​ဆာ​ဆင်​ပေး ကြ​ခြင်း​ဖြင့်​အီ​ဂျစ်​ပြည်​သား​တို့​၏​ဥစ္စာ ပစ္စည်း​များ​ကို​အ​ပိုင်​ရ​ရှိ​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
22 mas cada mulher pedirá de sua vizinha, e da que estiver hospedada em sua casa, joias de prata, e joias de ouro e vestes, e as poreis sobre vossos filhos, e sobre vossas filhas, e despojareis os egípcios.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Êxodo 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.