Êxodo 39

Common Language Bible (MYA) vs NVI

Sair da comparação
NVI Nova Versão Internacional
1 သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင်​အ​မှု​တော်​ဆောင် ရ​မည့် ယဇ်​ပု​ရော​ဟိတ်​များ​ဝတ်​ဆင်​ရန်​ခန့် ညား​ထည်​ဝါ​သော​အ​ဝတ်​တန်​ဆာ​များ​ကို သူ​တို့​သည် အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ ရောင်​သိုး​မွေး​ဖြင့်​ချုပ်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား က​မော​ရှေ​အား​မိန့်​တော်​မူ​သည့်​အ​တိုင်း အာ​ရုန်​အ​တွက်​ယဇ်​ပု​ရော​ဟိတ်​တို့​၏ အဝတ်​တန်​ဆာ​များ​ကို​ချုပ်​ကြ​၏။
1 Com fios de tecido azul, roxo e vermelho fizeram as vestes litúrgicas para ministrar no Lugar Santo. Também fizeram as vestes sagradas de Arão, como o Senhor tinha ordenado a Moisés.
2 ယဇ်​ပု​ရော​ဟိတ်​သင်​တိုင်း​ကို​ပိတ်​ချော၊ အ​ပြာ ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး​နှင့်​ရွှေ ချည်​တို့​ဖြင့်​ရက်​လုပ်​၏။-
2 Fez o colete sacerdotal de linho fino trançado e de fios de ouro e de fios de tecidos azul, roxo e vermelho.
3 အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး၊ ပိတ်​ချော​တို့​တွင်​အ​ပြား​ခတ်​ထား​သော​ရွှေ မှ​လှီး​သော​ရွှေ​ကြိုး​များ​ဖြင့်​ရက်​လုပ်​ထား​၏။-
3 E bateu o ouro em finas placas das quais cortaram fios de ouro para serem bordados no linho fino com os fios de tecido azul, roxo e vermelho, obra artesanal.
4 သင်​တိုင်း​ကို​ချည်​ထား​ရန်​ပခုံး​သိုင်း​ကြိုး​နှစ် ချောင်း​ကို​တပ်​ထား​၏။-
4 Fizeram as ombreiras para o colete sacerdotal, atadas às suas duas extremidades, para que pudessem ser amarradas.
5 ထာ​ဝရ​ဘုရား​က​မောရှေ​အား​မိန့်​တော်​မူ​သည့် အ​တိုင်း၊ ကျွမ်း​ကျင်​စွာ​ရက်​လုပ်​သော​ခါး​ပန်း ကို၊ အ​လား​တူ​ပစ္စည်း​နှင့်​ရက်​လုပ်​၍ သင်​တိုင်း နှင့်​တစ်​သား​တည်း​ဖြစ်​စေ​ကြ​၏။-
5 O cinturão e o colete por ele preso foram feitos da mesma peça. O cinturão também foi feito de linho fino trançado e de fios de ouro e de fios de tecido azul, roxo e vermelho, como o Senhor tinha ordenado a Moisés.
6 သူ​တို့​သည်​မ​ဟူ​ရာ​ကျောက်​များ​ကို​သွေး​၍ ရွှေ​ပန်း​ထည်​၌​ထည့်​ပြီး​လျှင်၊ ယာ​ကုပ်​၏ သား​တစ်​ဆယ့်​နှစ်​ယောက်​တို့​၏​နာ​မည်​များ ကို​ကျောက်​များ​ပေါ်​တွင်​ထွင်း​ထား​လေ​သည်။-
6 Prenderam as pedras de ônix em filigranas de ouro e nelas gravaram os nomes dos filhos de Israel, como um lapidador grava um selo.
7 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား​မိန့်​တော်​မူ သည့်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဆယ့် နှစ်​မျိုး​တို့​ကို​ကိုယ်​စား​ပြု​ရန်၊ ထို​ကျောက် များ​ကို​ပ​ခုံး​သိုင်း​ကြိုး​များ​ပေါ်​တွင်​တပ် ဆင်​ထား​ကြ​၏။
7 Então as costuraram nas ombreiras do colete sacerdotal, como pedras memoriais para os filhos de Israel, como o Senhor tinha ordenado a Moisés.
8 သူ​တို့​သည်​ရင်​ဖုံး​ကို​သင်​တိုင်း​ချုပ်​သည့်​ပစ္စည်း များ​နှင့်​ချုပ်​၍ အ​လား​တူ​ပန်း​ထိုး​ထား​ကြ သည်။-
8 Fez o peitoral, trabalho artesanal, como o colete sacerdotal: de linho fino trançado, de fios de ouro e de fios de tecidos azul, roxo e vermelho.
9 ရင်​ဖုံး​သည်​နှစ်​ထပ်​ခေါက်​လျက်​အ​လျား၊ အနံ မှာ​ကိုး​လက်​မ​စီ​ရှိ​သည်။-
9 Era quadrado, com um palmo de comprimento e um palmo de largura, e dobrado em dois.
10 သူ​တို့​သည်​ထို​ရင်​ဖုံး​ပေါ်​တွင်​ကျောက်​မျက် လေး​တန်း​တပ်​ဆင်​ထား​၏။ ပ​ထ​မ​အ​တန်း တွင်​ပတ္တမြား၊ ဥ​ဿ​ဖ​ယား၊ ကျောက်​နီ၊-
10 Em seguida fixaram nele quatro fileiras de pedras preciosas. Na primeira fileira havia um rubi, um topázio e um berilo;
11 ဒု​တိ​ယ​အ​တန်း​တွင်​မြ၊ နီ​လာ၊ စိန်၊
11 na segunda, uma turquesa, uma safira e um diamante;
12 တ​တိ​ယ​အ​တန်း​တွင်​ကျောက်​စိမ်း၊ မ​ဟူ​ရာ၊ ဂေါ်​မိတ်၊
12 na terceira, um jacinto, uma ágata e uma ametista;
13 စ​တုတ္ထ​အ​တန်း​တွင်​မျက်​ရွဲ၊ ကြောင်​နှင့်​န​ဂါး သွဲ့​ကျောက်​တို့​ကို ရွှေ​ပန်း​ထည်​များ​၌​ထည့် သွင်း​ထား​၏။-
13 na quarta, um crisólito, um ônix e um jaspe, todas fixadas em filigranas de ouro.
14 ကျောက်​မျက်​တစ်​လုံး​ပေါ်​တွင်​နာ​မည်​တစ်​ခု ကျ​စီ​ဖြင့်၊ ကျောက်​မျက်​တစ်​ဆယ့်​နှစ်​လုံး​ပေါ် တွင်​ဣသ​ရေ​လ​တစ်​ဆယ့်​နှစ်​မျိုး​ကို​ကိုယ်​စား ပြု​ရန်၊ ယာ​ကုပ်​၏​သား​တစ်​ဆယ့်​နှစ်​ယောက် တို့​၏​နာ​မည်​များ​ကို​ထွင်း​ထား​လေ​သည်။-
14 Havia doze pedras, uma para cada nome dos filhos de Israel, cada uma gravada como um lapidador grava um selo, com o nome de uma das doze tribos.
15 သူ​တို့​သည်​ရင်​ဖုံး​အ​တွက်​ရွှေ​ကြိုး​လိမ် များ​ကို​ပြု​လုပ်​၏။-
15 Para o peitoral fizeram correntes trançadas de ouro puro, como cordas.
16 ရွှေ​ပန်း​ထည်​နှစ်​ခု​နှင့်​ရွှေ​ကွင်း​နှစ်​ကွင်း​ကို လုပ်​၍၊ ရွှေ​ကွင်း​နှစ်​ကွင်း​ကို​ရင်​ဖုံး​အ​ထက် ထောင့်​များ​တွင်​တပ်​ဆင်​ကြ​၏။-
16 De ouro fizeram duas filigranas e duas argolas, as quais prenderam às duas extremidades do peitoral.
17 ရွှေ​ကြိုး​လိမ်​နှစ်​ပင်​ကို​ရင်​ဖုံး​ထောင့်​ရှိ​ကွင်း ၌​တပ်​၍၊-
17 Prenderam as duas correntes de ouro às duas argolas nas extremidades do peitoral,
18 အ​ခြား​အ​ဖျား​နှစ်​ခု​ကို​ရွှေ​ပန်း​ထည်​နှစ်​ခု တွင်​ချည်​နှောင်​ထား​၏။ ဤ​နည်း​အား​ဖြင့်​ရွှေ ကြိုး​လိမ်​များ​သည်၊ သင်​တိုင်း​၏​ပ​ခုံး​သိုင်း ကြိုး​များ​အ​ရှေ့​ပိုင်း​တွင်​တပ်​ထား​လျက် ရှိ​လေ​၏။-
18 e as outras extremidades das correntes, às duas filigranas, unindo-as às peças das ombreiras do colete sacerdotal, na parte da frente.
19 သူ​တို့​သည်​နောက်​ထပ်​ရွှေ​ကွင်း​ကို​ပြု​လုပ်​၍၊ သင်​တိုင်း​နှင့်​ကပ်​လျက်​ရှိ​သော​ရင်​ဖုံး​အောက် ထောင့်​အ​တွင်း​နား​တွင်​တပ်​ထား​၏။-
19 Fizeram outras duas argolas de ouro e as prenderam às duas extremidades do peitoral na borda interna, próxima ao colete sacerdotal.
20 သူ​တို့​သည်​ရွှေ​ကွင်း​နှစ်​ကွင်း​ကို​ထပ်​မံ​ပြု လုပ်​၍၊ လှ​ပ​စွာ​ရက်​ထား​သော​ရင်​စည်း အ​ထက်၊ သင်​တိုင်း​၏​ပ​ခုံး​ကြိုး​နှစ်​ခု​အ​ရှေ့ အ​နား​ပတ်​အ​နီး​တွင်​တပ်​ထား​၏။-
20 Depois fizeram mais duas argolas de ouro e as prenderam na parte inferior das ombreiras, na frente do colete sacerdotal, próximas da costura, logo acima do cinturão do colete sacerdotal.
21 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား​မိန့်​တော် မူ​သည့်​အ​တိုင်း၊ ရင်​ဖုံး​မှ​ကွင်း​များ​ကို​သင် တိုင်း​မှ​ကွင်း​များ​နှင့်​ကြိုး​ပြာ​ဖြင့်​ချည် ထား​သ​ဖြင့်၊ ရင်​ဖုံး​သည်​လျှော​မ​ကျ​ဘဲ ရင်​စည်း​ထက်​တွင်​တည်​မြဲ​နေ​၏။
21 Amarraram as argolas do peitoral às argolas do colete com um cordão azul, ligando-o ao cinturão, para que o peitoral não se separasse do colete sacerdotal, como o Senhor tinha ordenado a Moisés.
22 သူ​တို့​သည်​သင်​တိုင်း​အ​ပေါ်​တွင်​ဝတ်​ရ​သော ဝတ်​ရုံ​တစ်​ခု​လုံး​ကို သိုး​မွေး​အ​ပြာ​ဖြင့်​ရက် လုပ်​ကြ​၏။-
22 Fizeram o manto do colete sacerdotal inteiramente de fios de tecido azul, obra de tecelão,
23 ထို​ဝတ်​ရုံ​၏​လည်​စွပ်​ကို​မ​စုတ်​မ​ပြဲ​စေ​ရန် ရက်​ထည်​ဖြင့်​အ​နား​ကွပ်​ထား​သည်။-
23 com uma abertura no centro. Ao redor dessa abertura havia uma dobra tecida, como uma gola, para que não se rasgasse.
24 — ausente —
24 Fizeram romãs de linho fino trançado e de fios de tecido azul, roxo e vermelho em volta da borda do manto.
25 — ausente —
25 Fizeram ainda pequenos sinos de ouro puro, atando-os em volta da borda, entre as romãs.
26 — ausente —
26 Os sinos e as romãs se alternavam por toda a borda do manto. Tudo feito para ser usado ao se ministrar, como o Senhor tinha ordenado a Moisés.
27 သူ​တို့​သည်​အာ​ရုန်​နှင့်​သူ​၏​သား​များ​အ​တွက် အ​တွင်း​ခံ​အင်္ကျီ၊-
27 Para Arão e seus filhos fizeram de linho fino as túnicas, obra de tecelão,
28 ခေါင်း​ပေါင်း၊ ဦး​ထုပ်၊ ပိတ်​ချော​ဘောင်း​ဘီ၊
28 o turbante, os gorros e os calções, de linho fino trançado.
29 အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး ဖြင့်​ပန်း​ထိုး​ထား​သော ပိတ်​ချော​ခါး​ပန်း​စ သည်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား မိန့်​တော်​မူ​သည့်​အ​တိုင်း​ချုပ်​လုပ်​ကြ​၏။-
29 O cinturão também era de linho fino trançado e de fios de tecido azul, roxo e vermelho, obra de bordador, como o Senhor tinha ordenado a Moisés.
30 သူ​တို့​သည် ``ထာ​ဝရ​ဘု​ရား​အား​ဆက်​ကပ် ထား​သည်'' ဟူ​သော​ကမ္ပည်း​စာ​တမ်း​ထွင်း ထား​သည်​ရွှေ​န​ဖူး​စည်း​ကို​ပြု​လုပ်​ကြ​၏။-
30 Fizeram de ouro puro o diadema sagrado, e gravaram nele como se grava um selo: Consagrado ao Senhor.
31 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား​မိန့်​တော်​မူ သည့်​အ​တိုင်း၊ ထို​န​ဖူး​စည်း​ကို​ခေါင်း​ပေါင်း အ​ပေါ်​တွင်​ကြိုး​ပြာ​ဖြင့်​ချည်​ထား​ကြ​၏။
31 Depois usaram um cordão azul para prendê-lo na parte de cima do turbante, como o Senhor tinha ordenado a Moisés.
32 နောက်​ဆုံး​၌​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ တဲ​တော်​ဆိုင်​ရာ​လုပ်​ငန်း​အား​လုံး​ပြီး​စီး လေ​၏။ ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား မိန့်​တော်​မူ​သ​မျှ​တို့​ကို ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဆောင်​ရွက်​ကြ​၏။-
32 Assim foi encerrada toda a obra do tabernáculo, a Tenda do Encontro. Os israelitas fizeram tudo conforme o Senhor tinha ordenado a Moisés.
33 သူ​တို့​သည်​တဲ​တော်​မှ​စ​၍​တဲ​တော်​နှင့်​ဆိုင် သော​ပစ္စည်း​အား​လုံး၊ ချိတ်​များ၊ ဘောင်​ခွေ​များ၊ ကန့်​လန့်​ကျင်​များ၊ တိုင်​များ​နှင့်​အောက်​ခံ​ခုံ များ​ကို​လည်း​ကောင်း၊-
33 Então trouxeram o tabernáculo a Moisés; a tenda e todos os seus utensílios, os ganchos, as molduras, os travessões, as colunas e as bases,
34 အ​နီ​ရောင်​ဆိုး​သိုး​ထီး​သား​ရေ​အ​မိုး၊ သား​ရေ​ချော​အ​မိုး​ကာ​ရန်​ကန့်​လန့်​ကာ၊-
34 a cobertura de pele de carneiro tingida de vermelho, a cobertura de couro e o véu protetor,
35 ကျောက်​ပြား​များ​ပါ​ရှိ​သည့်​ပ​ဋိ​ညာဉ် သေတ္တာ​တော်၊ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​၏ ထမ်း​ပိုး​နှင့်​အ​ဖုံး​တို့​ကို​လည်း​ကောင်း၊-
35 a arca da aliança com as suas varas e a tampa,
36 စား​ပွဲ​မှ​စ​၍​စား​ပွဲ​ဆိုင်​ရာ​ပစ္စည်း​အား​လုံး နှင့် ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​ရန်​မုန့်​ကို လည်း​ကောင်း၊-
36 a mesa com todos os seus utensílios e os pães da Presença,
37 ရွှေ​ဆီ​မီး​တိုင်​မှ​စ​၍​မီး​ခွက်​များ၊ ဆီ​မီး​တိုင် နှင့်​ဆိုင်​သော​ပစ္စည်း​အား​လုံး​နှင့်​မီး​ခွက်​များ အ​တွက်​ဆီ​ကို​လည်း​ကောင်း၊-
37 o candelabro de ouro puro com a sua fileira de lâmpadas e todos os seus utensílios e o óleo para iluminação,
38 ရွှေ​ယဇ်​ပလ္လင်၊ ဘိ​သိက်​ဆီ၊ နံ့​သာ​ပေါင်း​နှင့် တဲ​တော်​တံ​ခါး​ဝ​အ​တွက်​ကန့်​လန့်​ကာ ကို​လည်း​ကောင်း၊-
38 o altar de ouro, o óleo da unção, o incenso aromático e a cortina de entrada para a tenda,
39 ကြေး​ဝါ​ယဇ်​ပလ္လင်၊ ကြေး​ဝါ​ဆန်​ခါ၊ ပလ္လင်​ထမ်း ပိုး၊ ပလ္လင်​နှင့်​ဆိုင်​သော​ပစ္စည်း​အား​လုံး​တို့​ကို လည်း​ကောင်း၊ ရွှေ​အင်​တုံ​နှင့်​အောက်​ခုံ​ကို​လည်း ကောင်း၊-
39 o altar de bronze com a sua grelha, as suas varas e todos os seus utensílios, a bacia e a sua base,
40 တဲ​တော်​ဝင်း​အ​တွက်​ကန့်​လန့်​ကာ​များ၊ တိုင် များ​နှင့်​အောက်​ခြေ​ခံ​များ၊ တဲ​တော်​ဝင်း တံ​ခါး​ဝ​အ​တွက်​ကန့်​လန့်​ကာ​နှင့်​ကြိုး​များ၊ တဲ​တော်​ကြက်​ဆူး​များ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် အ​တွင်း​ဆောင်​ရွက်​ခြင်း​ဆိုင်​ရာ​ပစ္စည်း​ရှိ သ​မျှ​ကို​လည်း​ကောင်း၊-
40 as cortinas externas do pátio com as suas colunas e bases e a cortina para a entrada do pátio, as cordas e estacas da tenda do pátio, todos os utensílios para o tabernáculo, a Tenda do Encontro,
41 သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင်​အ​မှု​တော်​ဆောင် ရာ​၌ ယဇ်​ပု​ရော​ဟိတ်​များ​ဝတ်​ဆင်​ရန်​ထည် ဝါ​သော​အ​ဝတ်​တန်​ဆာ​များ၊ အာ​ရုန်​နှင့် သား​များ​ဝတ်​ဆင်​ရန်​သန့်​ရှင်း​သော​အ​ဝတ် တန်​ဆာ​များ​ကို​လည်း​ကောင်း၊ မော​ရှေ​ထံ​သို့ ယူ​ဆောင်​ခဲ့​ကြ​၏။-
41 e as vestes litúrgicas para ministrar no Lugar Santo, tanto as vestes sagradas para Arão, o sacerdote, como as vestes de seus filhos, para quando servissem como sacerdotes.
42 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ထာ​ဝရ ဘု​ရား​က မော​ရှေ​အား​မိန့်​တော်​မူ​သ​မျှ တို့​ကို​လုပ်​ဆောင်​ပြီး​စီး​ကြ​၏။-
42 Os israelitas fizeram todo o trabalho conforme o Senhor tinha ordenado a Moisés.
43 မော​ရှေ​သည်​သူ​တို့​လုပ်​ပြီး​သ​မျှ​ကို​စစ် ဆေး​၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း​လုပ်​ဆောင်​ကြ​ကြောင်း​တွေ့​မြင်​ရ​၏။ ထို့​ကြောင့်​မော​ရှေ​သည်​သူ​တို့​အား​ကောင်း​ချီး ပေး​လေ​၏။
43 Moisés inspecionou a obra e viu que tinham feito tudo como o Senhor tinha ordenado. Então Moisés os abençoou.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Êxodo 39, comparar traduções ou montar um estudo — tudo direto pelo WhatsApp.