Êxodo 38

Common Language Bible (MYA) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 သူ​သည်​ယဇ်​ပလ္လင်​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့် ဆောက်​လုပ်​၏။ ထို​ပလ္လင်​သည်​အ​လျား​ခု​နစ် ပေ​ခွဲ၊ အ​နံ​ခု​နစ်​ပေ​ခွဲ၊ အ​မြင့်​လေး​ပေ​ခွဲ ရှိ​၏။-
1 Fez também o altar do holocausto de madeira de cetim; de cinco côvados era o seu comprimento, e de cinco côvados, a sua largura, quadrado; e de três côvados, a sua altura.
2 ထောင့်​လေး​ထောင့်​ရှိ​ဦး​ချို​သဏ္ဌာန်​အ​တက်​များ သည် ပလ္လင်​နှင့်​တစ်​သား​တည်း​ရှိ​၏။ ပလ္လင်​တစ်​ခု လုံး​ကို​ကြေး​ဝါ​ပြား​ကပ်​ထား​၏။-
2 E fez-lhe as suas pontas aos seus quatro cantos; as suas pontas formavam uma só peça com o altar; e cobriu-o de cobre.
3 ပလ္လင်​နှင့်​ဆိုင်​သည့်​ပစ္စည်း​များ​ဖြစ်​သော​ပြာ​နှင့် အ​ဆီ​ခံ​အိုး၊ ဂေါ်ပြား၊ အင်​တုံ၊ ချိတ်၊ မီး​ကျီး​ခံ အိုး​တို့​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ်​၏။-
3 Fez também todos os utensílios do altar: os caldeirões, e as pás, e as bacias, e os garfos, e os braseiros; todos os seus utensílios fez de cobre.
4 ကြေး​ဝါ​ဆန်​ခါ​ကို၊ ပလ္လင်​အ​နား​အောက် အ​မြင့်​ထက်​ဝက်​နေ​ရာ​တွင်​တပ်​ဆင်​ထား​၏။-
4 Fez também para o altar um crivo de cobre, de obra de rede, na sua cercadura debaixo, até ao meio dele.
5 ကြေး​ဝါ​ဆန်​ခါ​ထောင့်​လေး​ထောင့်​တွင်​ထမ်း ပိုး​လျှို​ရန် ကွင်း​ကို​ပြု​လုပ်​၏။-
5 E fundiu quatro argolas às quatro extremidades do crivo de cobre, para os lugares dos varais.
6 ထမ်း​ပိုး​များ​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့် လုပ်​၍၊ ကြေး​ဝါ​ပြား​ကပ်​ထား​၏။-
6 E fez os varais de madeira de cetim e os cobriu de cobre.
7 ထမ်း​ပိုး​များ​ကို​ပလ္လင်​နံ​ဘေး​နှစ်​ဘက်​ရှိ ကွင်း​များ​တွင်​လျှို​ထား​၏။ ပလ္လင်​ကို​ဟင်း လင်း​ဖြစ်​စေ​ရန်၊ ပျဉ်​ဖြင့်​စပ်​လုပ်​၏။
7 E meteu os varais pelas argolas aos lados do altar, para levá-lo com eles; fê-lo oco e de tábuas.
8 သူ​သည်​ထာ​ဝရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​တံ​ခါး​ဝ​တွင် တာ​ဝန်​ကျ​သော​အ​မျိုး သ​မီး​တို့​၏​ကြေး​မုံ​များ​ဖြင့်၊ ကြေး​ဝါ အင်​တုံ​နှင့်​အောက်​ခံ​ကို​ပြု​လုပ်​၏။
8 Fez também a pia de cobre com a sua base de cobre, dos espelhos das mulheres que se ajuntavam, ajuntando-se à porta da tenda da congregação.
9 သူ​သည်​တဲ​တော်​ကို​ကာ​ရန်​ကန့်​လန့်​ကာ​များ ကို ပိတ်​ချော​ဖြင့်​ပြု​လုပ်​၏။ တောင်​ဘက်​၌​ကာ​ရန် ကန့်​လန့်​ကာ​သည်၊ အ​လျား​ကိုက်​ငါး​ဆယ်​ရှိ​၏။-
9 Fez também o pátio da banda do meio-dia ao sul; as cortinas do pátio eram de linho fino torcido, de cem côvados.
10 ကန့်​လန့်​ကာ​ကို​ချိတ်​ဆွဲ​ရန်​တိုင်​နှစ်​ဆယ်​နှင့် တိုင်​ဖိ​နပ်​နှစ်​ဆယ်​တိုင်​ကို​ကြေး​ဝါ​ဖြင့်​လည်း ကောင်း၊ ချိတ်​များ​နှင့်​တန်း​များ​ကို​ငွေ​ဖြင့် လည်း​ကောင်း​ပြု​လုပ်​၏။-
10 As suas vinte colunas e as suas vinte bases eram de cobre; os colchetes destas colunas e as suas molduras eram de prata;
11 မြောက်​ဘက်​ကန့်​လန့်​ကာ​သည်​လည်း၊ တောင် ဘက်​ကန့်​လန့်​ကာ​အ​တိုင်း​ပင်​ဖြစ်​၏။-
11 e da banda do norte, cortinas de cem côvados; as suas vinte colunas e as suas vinte bases eram de cobre, e os colchetes das colunas e as suas molduras eram de prata.
12 အ​နောက်​ဘက်​၌​ကာ​ရန်​ကန့်​လန့်​ကာ​သည်၊ အ​လျား​နှစ်​ဆယ့်​ငါး​ကိုက်​ရှိ​၍၊ တိုင်​ဆယ်​တိုင်၊ တိုင်​ဖိ​နပ်​ဆယ်​ခု၊ ချိတ်၊ တန်း​များ​ကို​ငွေ​ဖြင့် ပြု​လုပ်​၏။-
12 E da banda do ocidente, cortinas de cinquenta côvados; as suas colunas, dez, e as suas bases, dez; os colchetes das colunas e as suas molduras eram de prata.
13 တံ​ခါး​ဝ​ရှိ​ရာ​တဲ​တော်​အ​ရှေ့​ဘက်​ဝင်း​သည် လည်း နှစ်​ဆယ့်​ငါး​ကိုက်​ကျယ်​၏။-
13 E da banda oriental, ao oriente, cortinas de cinquenta côvados.
14 — ausente —
14 As cortinas desta banda da porta eram de quinze côvados; as suas colunas, três, e as suas bases, três.
15 — ausente —
15 E da outra banda da porta do pátio, de ambos os lados, eram cortinas de quinze côvados; as suas colunas, três, e as suas bases, três.
16 တဲ​တော်​ဝင်း​တစ်​လျှောက်​ရှိ​ကန့်​လန့်​ကာ အား​လုံး​ကို​ပိတ်​ချော​ဖြင့်​ပြု​လုပ်​သည်။-
16 Todas as cortinas do pátio ao redor eram de linho fino torcido.
17 တိုင်​ဖိ​နပ်​များ​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ်​၍၊ တိုင် ချိတ်​များ၊ တိုင်​တန်း​များ​နှင့်​တိုင်​ထိပ်​အုပ်​များ ကို​ငွေ​ဖြင့်​ပြု​လုပ်​သည်။ တိုင်​အား​လုံး​ကို​ငွေ တန်း​များ​ဖြင့်​ဆက်​ထား​၏။-
17 E as bases das colunas eram de cobre; os colchetes das colunas e as suas molduras eram de prata; e a coberta das suas cabeças, de prata; e todas as colunas do pátio eram cingidas de prata.
18 တဲ​တော်​တံ​ခါး​ဝ​အ​တွက်​ကန့်​လန့်​ကာ​ကို အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး၊ ပိတ်​ချော​တို့​ဖြင့်​ရက်​လုပ်​၍​ပန်း​ထိုး​ထား​၏။ တဲ​တော်​ဝင်း​ကန့်​လန့်​ကာ​များ​ကဲ့​သို့​တံ​ခါး ဝ​ကန့်​လန့်​ကာ​သည်​အ​လျား​တစ်​ဆယ်​ကိုက် နှင့်​အ​မြင့်​နှစ်​ကိုက်​ခွဲ​ရှိ​၏။-
18 E a coberta da porta do pátio era de obra de bordador, de pano azul, e de púrpura, e de carmesim, e de linho fino torcido; e o comprimento era de vinte côvados, e a altura, na largura, de cinco côvados, defronte das cortinas do pátio.
19 ထို​ကန့်​လန့်​ကာ​ကို​ကြေး​ဝါ​ဖိ​နပ်​လေး​ခု​စွပ် ထား​သော​တိုင်​လေး​တိုင်​တို့​တွင်​ချိတ်​ဆွဲ​ထား ၏။ ချိတ်​များ၊ ထိပ်​အုပ်​များ​နှင့်​တန်း​များ​ကို ငွေ​ဖြင့်​ပြု​လုပ်​၏။-
19 E as suas quatro colunas e as suas quatro bases eram de cobre, os seus colchetes, de prata, e a coberta das suas cabeças e as suas molduras, de prata.
20 တဲ​တော်​နှင့်​ဝင်း​အ​တွက်​ကြက်​ဆူး​ရှိ​သ​မျှ တို့​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ်​၏။
20 E todas as estacas do tabernáculo e do pátio ao redor eram de cobre.
21 ပ​ညတ်​တော်​ဆယ်​ပါး​ရေး​ထိုး​ထား​သော ကျောက်​ပြား​ထား​ရှိ​ရာ​တဲ​တော်​အ​တွက် အ​သုံး​ပြု​သော​သတ္တု​စာ​ရင်း​ကို​ဖော်​ပြ ပေ​အံ့။ ထို​စာ​ရင်း​မှာ​ယဇ်​ပု​ရော​ဟိတ်​အာ​ရုန် ၏​သား​ဣ​သ​မာ​ဦး​စီး​သော လေ​ဝိ​အ​မျိုး သား​တို့​က​မော​ရှေ​၏​အ​မိန့်​အ​ရ​ပြု​စု သော​စာ​ရင်း​ဖြစ်​၏။
21 Esta é a enumeração das coisas contadas do tabernáculo do Testemunho, que por ordem de Moisés foram contadas para o ministério dos levitas por mão de Itamar, filho de Arão, o sacerdote.
22 ယု​ဒ​အ​နွယ်​ဟု​ရ​၏​မိ​သား​စု​မှ​ဥ​ရိ​၏​သား ဗေ​ဇ​လေ​လ​သည် ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ အား​မိန့်​မှာ​တော်​မူ​သ​မျှ​တို့​ကို​တာ​ဝန်​ယူ ဆောင်​ရွက်​လေ​၏။-
22 Fez, pois, Bezalel, filho de Uri, filho de Hur, da tribo de Judá, tudo quanto o Senhor tinha ordenado a Moisés.
23 သူ​၏​အ​ကူ​အ​ညီ​ဖြစ်​သူ​ဒန်​၏​အ​နွယ်​ထဲ​မှ အ​ဟိ​သ​မက်​၏​သား​အ​ဟော​လျ​ဘ​သည် ပန်း​ပု​အ​တတ်၊ ပုံ​စံ​ထုတ်​အ​တတ်​ကို​တတ် ကျွမ်း​သူ၊ အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင် သိုး​မွေး၊ ပိတ်​ချော​တို့​ကို​ရက်​တတ်​သူ​ဖြစ်​၏။
23 E com ele Aoliabe, filho de Aisamaque, da tribo de Dã, um mestre de obras, e engenhoso artífice, e bordador em pano azul, e em púrpura, e em carmesim, e em linho fino.
24 တဲ​တော်​အ​တွက်​လူ​တို့​လှူ​ဒါန်း​သော​ရွှေ​ချိန် စု​စု​ပေါင်း​မှာ တ​ရား​ဝင်​ချင်​တွယ်​နည်း​အ​ရ နှစ်​ထောင့်​တစ်​ရာ​ကိုး​ဆယ့်​ငါး​ပေါင်​ရှိ​၏။-
24 Todo o ouro gasto na obra, em toda a obra do santuário, a saber, o ouro da oferta, foram vinte e nove talentos e setecentos e trinta siclos, conforme o siclo do santuário;
25 သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ​စဉ်​အ​ခါ​က၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​မှ ရ​ရှိ​သော ငွေ​ချိန်​မှာ​တ​ရား​ဝင်​ချင်​တွယ်​နည်း​အ​ရ ခု​နစ်​ထောင့်​ငါး​ရာ​ငါး​ဆယ်​ပေါင်​ရှိ​၏။-
25 e a prata dos arrolados da congregação foram cem talentos e mil e setecentos e setenta e cinco siclos, conforme o siclo do santuário:
26 ထို​ငွေ​ချိန်​သည်​သန်း​ခေါင်​စာ​ရင်း​ဝင်​သူ​တစ်​ဦး ချင်း​က တ​ရား​ဝင်​ချင်​တွယ်​နည်း​အ​ရ​ပေး​ဆောင် သော​ငွေ​ချိန်​စု​စု​ပေါင်း​ဖြစ်​သ​တည်း။ အ​သက် နှစ်​ဆယ်​နှင့်​အ​ထက်​ရှိ​သူ​သန်း​ခေါင်​စာ​ရင်း​ဝင် အ​မျိုး​သား​ဦး​ရေ​မှာ ခြောက်​သိန်း​သုံး​ထောင်​ငါး ရာ​ငါး​ဆယ်​ယောက်​ဖြစ်​သည်။-
26 Um beca para cada cabeça, isto é, meio siclo, conforme o siclo do santuário, de qualquer que passava aos arrolados, da idade de vinte anos e acima, que foram seiscentos e três mil e quinhentos e cinquenta.
27 အောက်​ခံ​တစ်​ခု​လျှင်​ငွေ​ချိန်​ခု​နစ်​ဆယ့်​ငါး ပေါင်​ကျ​ဖြင့် တဲ​တော်​နှင့်​ကန့်​လန့်​ကာ​အောက် ခံ​တစ်​ရာ​အ​တွက်​ငွေ​ချိန်​ခု​နစ်​ထောင့်​ငါး ရာ​ပေါင်​ကို​အ​သုံး​ပြု​သည်။-
27 E houve cem talentos de prata para fundir as bases do santuário e as bases do véu; para cem bases eram cem talentos: um talento para cada base.
28 ချိတ်​များ၊ ထိပ်​အုပ်​များ၊ တန်း​များ​အ​တွက် ကျန်​သေး​သော​ငွေ​ချိန်​ပေါင်​ငါး​ဆယ်​ကို သုံး​၏။-
28 Mas dos mil e setecentos e setenta e cinco siclos fez os colchetes das colunas, e cobriu as suas cabeças, e as cingiu de molduras.
29 လူ​တို့​လှူ​ဒါန်း​သော​ကြေး​ဝါ​ချိန်​စု​စု​ပေါင်း မှာ ငါး​ထောင်​သုံး​ရာ့​တစ်​ဆယ်​ပေါင်​ဖြစ်​၏။-
29 E o cobre da oferta foi setenta talentos e dois mil e quatrocentos siclos.
30 ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး ဝ​အ​တွက် အောက်​ခံ​များ၊ ကြေး​ဝါ​ပလ္လင်၊ ကြေး ဝါ​ဆန်​ခါ၊ ပလ္လင်​နှင့်​ဆိုင်​သော​ပစ္စည်း​အား​လုံး၊-
30 E dele fez as bases da porta da tenda da congregação, e o altar de cobre, e o crivo de cobre para ele, e todos os utensílios do altar,
31 တဲ​တော်​ဝင်း​နှင့်​တံ​ခါး​ဝ​အ​တွက်​အောက်​ခံ များ၊ တဲ​တော်​နှင့်​တဲ​တော်​ဝင်း​အ​ကာ​အ​ရံ အ​တွက်​ကြက်​ဆူး​ရှိ​သ​မျှ​တို့​ကို​ထို ကြေး​ဝါ​ဖြင့်​ပြု​လုပ်​၏။
31 e as bases do pátio ao redor, e as bases da porta do pátio, e todas as estacas do tabernáculo, e todas as estacas do pátio ao redor.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Êxodo 38, comparar traduções ou montar um estudo — tudo direto pelo WhatsApp.