Êxodo 37

Common Language Bible (MYA) vs ACF

Sair da comparação
ACF Almeida Corrigida Fiel
1 ဗေ​ဇ​လေ​လ​သည်​အ​လျား​လေး​ဆယ့်​ငါး လက်​မ၊ အ​နံ​နှစ်​ဆယ့်​ခု​နစ်​လက်​မ၊ အ​မြင့် နှစ်​ဆယ့်​ခု​နစ်​လက်​မ​ရှိ​သော​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို၊ အ​ကာ​ရှ​သစ်​သား​ဖြင့် ပြု​လုပ်​၏။-
1 Fez também Bezalel a arca de madeira de acácia; o seu comprimento era de dois côvados e meio; e a sua largura de um côvado e meio; e a sua altura de um côvado e meio.
2 သေတ္တာ​တော်​အ​တွင်း​အ​ပြင်​ကို​ရွှေ​ချ​၍၊ သေတ္တာ​တော်​အ​နား​ပတ်​လည်​ကို​ရွှေ​ကွပ် ထား​၏။-
2 E cobriu-a de ouro puro por dentro e por fora; e fez-lhe uma coroa de ouro ao redor;
3 သေတ္တာ​တော်​ကို​သယ်​ဆောင်​ရန်​ရွှေ​ကွင်း​လေး ကွင်း​ကို​လုပ်​၍၊ အောက်​ခြေ​လေး​ထောင့်​တွင်၊ နှစ်​ကွင်း​စီ​တပ်​ဆင်​၏။-
3 E fundiu-lhe quatro argolas de ouro nos seus quatro cantos; num lado duas, e no outro lado duas argolas;
4 ထမ်း​ပိုး​များ​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့်​ပြု လုပ်​၍၊ ရွှေ​ချ​ထား​၏။-
4 E fez varais de madeira de acácia, e os cobriu de ouro;
5 သေတ္တာ​တော်​ကို​ထမ်း​ရန်​ထမ်း​ပိုး​များ​ကို သေတ္တာ တစ်​ဘက်​တစ်​ချက်​ရှိ​ကွင်း​များ​တွင်​လျှို​သွင်း ထား​လေ​သည်။-
5 E pôs os varais pelas argolas aos lados da arca, para se levar a arca.
6 အ​လျား​လေး​ဆယ့်​ငါး​လက်​မ၊ အနံ​နှစ်​ဆယ့် ခု​နစ်​လက်​မ​ရှိ​သော​သေတ္တာ​ဖုံး​ကို​ရွှေ​ဖြင့် လုပ်​၏။-
6 Fez também o propiciatório de ouro puro; o seu comprimento era de dois côvados e meio, e a sua largura de um côvado e meio.
7 — ausente —
7 Fez também dois querubins de ouro; de obra batida os fez, nas duas extremidades do propiciatório.
8 — ausente —
8 Um querubim na extremidade de um lado, e o outro na outra extremidade do outro lado; de uma só peça com o propiciatório fez os querubins nas duas extremidades dele.
9 ခေ​ရု​ဗိမ်​များ​သည်​မျက်​နှာ​ချင်း​ဆိုင်​လျက် သူ​တို့​၏​အ​တောင်​ပံ​များ​ကို​ဖြန့်​၍​သေတ္တာ တော်​အ​ဖုံး​ကို​အုပ်​ထား​၏။
9 E os querubins estendiam as asas por cima, cobrindo com elas o propiciatório; e os seus rostos estavam defronte um do outro; os rostos dos querubins estavam virados para o propiciatório.
10 သူ​သည်​အ​လျား​သုံး​ဆယ့်​ခြောက်​လက်​မ၊ အ​နံ တစ်​ဆယ့်​ရှစ်​လက်​မ၊ အ​မြင့်​နှစ်​ဆယ့်​ခု​နစ်​လက် မ​ရှိ​သော​စား​ပွဲ​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့် ပြု​လုပ်​၏။-
10 Fez também a mesa de madeira de acácia; o seu comprimento era de dois côvados, e a sua largura de um côvado, e a sua altura de um côvado e meio.
11 စား​ပွဲ​ကို​ရွှေ​ချ​၍၊ အ​နား​ပတ်​လည်​တွင် ရွှေ ပြော့​ကြောင်း​ထိုး​ထား​၏။-
11 E cobriu-a de ouro puro, e fez-lhe uma coroa de ouro ao redor.
12 စား​ပွဲ​ပတ်​လည်​တွင်၊ လေး​လက်​မ​ဗြက်​ရှိ သော​ဘောင်​ကို​လုပ်​၍၊ အ​နား​ကို​ရွှေ​ကွပ် ထား​၏။-
12 Fez-lhe também, ao redor, uma moldura da largura da mão; e fez uma coroa de ouro ao redor da moldura.
13 စား​ပွဲ​ခြေ​လေး​ထောင့်​တွင်​စား​ပွဲ​ကို​သယ် ယူ​ရန်၊ ရွှေ​ကွင်း​လေး​ကွင်း​တပ်​ထား​၏။-
13 Fundiu-lhe também quatro argolas de ouro; e pôs as argolas nos quatro cantos que estavam em seus quatro pés.
14 ထို​ကွင်း​များ​ကို​ဘောင်​အ​နီး​တွင်​ကပ်​၍ တပ် ထား​၏။-
14 Defronte da moldura estavam as argolas para os lugares dos varais, para se levar a mesa.
15 ထမ်း​ပိုး​များ​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့် ပြု​လုပ်​၍ ရွှေ​ချ​ထား​၏။-
15 Fez também os varais de madeira de acácia, e os cobriu de ouro, para se levar a mesa.
16 စား​ပွဲ​နှင့်​ဆိုင်​သော​လင်​ပန်း၊ ခွက်၊ ခ​ရား၊ စ​ပျစ်​ရည်​ဆက်​သ​ရန်​ဖ​လား​တို့​ကို​ရွှေ ဖြင့်​ပြု​လုပ်​၏။
16 E fez de ouro puro os utensílios que haviam de estar sobre a mesa, os seus pratos e as suas colheres, e as suas tigelas e as suas taças em que se haviam de oferecer libações.
17 သူ​သည်​ဆီ​မီး​တိုင်​ကို​ရွှေ​ဖြင့်​ပြု​လုပ်​၏။ ဆီ​မီး တိုင်​အောက်​ခံ​ခုံ​နှင့်​တိုင်​ကို၊ ရွှေ​ဖြင့်​ပြု​လုပ်​၏။ ဆီ မီး​တိုင်​တွင်​ပွင့်​ဖူး၊ ပွင့်​ချပ်​အ​စ​ရှိ​သော​အ​လှ ပန်း​များ​ကို၊ ဆီ​မီး​တိုင်​နှင့်​တစ်​သား​တည်း​ပြု လုပ်​သည်။-
17 Fez também o candelabro de ouro puro; de obra batida fez este candelabro; o seu pedestal, e as suas hastes, os seus copos, as suas maçãs, e as suas flores, formavam com ele uma só peça.
18 ဆီ​မီး​တိုင်​တစ်​ဘက်​တစ်​ချက်​မှ​အ​ကိုင်း​သုံး ခက်​စီ​ဖြင့်၊ အ​ကိုင်း​ခြောက်​လက်​ဖြာ​ထွက်​၏။-
18 Seis hastes saíam dos seus lados; três hastes do candelabro, de um lado dele, e três do outro lado.
19 အ​ကိုင်း​ခြောက်​လက်​မှ​တစ်​လက်​စီ​တွင်​ပွင့် ဖူး၊ ပွင့်​ချပ်​များ​ပါ​ရှိ​သော​ဗာ​ဒံ​ပွင့်​နှင့်​တူ သည့်​အ​လှ​ပန်း​ပွင့်​သုံး​ပွင့်​ရှိ​လေ​သည်။-
19 Numa haste estavam três copos do feitio de amêndoas, um botão e uma flor; e na outra haste três copos do feitio de amêndoas, um botão e uma flor; assim eram as seis hastes que saíam do candelabro.
20 ဆီ​မီး​တိုင်​တွင်​ပွင့်​ဖူး၊ ပွင့်​ချပ်​များ ပါ​သော ဗာ​ဒံ​ပွင့်​နှင့်​တူ​သည့်​အ​လှ​ပန်း​ပွင့်​လေး​ပွင့် ရှိ​လေ​သည်။-
20 Mas no mesmo candelabro havia quatro copos do feitio de amêndoas com os seus botões e com as suas flores.
21 အ​ကိုင်း​သုံး​စုံ​တွင်၊ တစ်​စုံ​စီ​အောက်​၌​ပွင့်​ဖူး တစ်​ဖူး​ရှိ​သည်။-
21 E havia um botão debaixo de duas hastes da mesma peça; e outro botão debaixo de duas hastes da mesma peça; e mais um botão debaixo de duas hastes da mesma peça; assim se fez para as seis hastes, que saíam dele.
22 ပွင့်​ဖူး၊ အ​ကိုင်း​နှင့်​ဆီ​မီး​တိုင်​တို့​သည်​တစ် သား​တည်း​ဖြစ်​၍၊ ရွှေ​ဖြင့်​ထု​လုပ်​၏။-
22 Os seus botões e as suas hastes eram da mesma peça; tudo era uma obra batida de ouro puro.
23 သူ​သည်​ဆီ​မီး​တိုင်​အ​တွက်​ဆီ​မီး​ခွက် ခု​နစ်​လုံး၊ မီး​ညှပ်​နှင့်​မီး​ညှပ်​ခံ​ခွက်​များ ကို​ရွှေ​ဖြင့်​ပြု​လုပ်​၏။-
23 E fez-lhe, de ouro puro, sete lâmpadas com os seus espevitadores e os seus apagadores;
24 သူ​သည်​ဆီ​မီး​တိုင်​နှင့်​ဆီ​မီး​တိုင်​ဆိုင်​ရာ ပစ္စည်း​ရှိ​သ​မျှ​တို့​ကို၊ ရွှေ​ချိန်​ခု​နစ်​ဆယ့် ငါး​ပေါင်​ဖြင့်​ပြု​လုပ်​လေ​၏။
24 De um talento de ouro puro fez o candelabro e todos os seus utensílios.
25 သူ​သည်​နံ့​သာ​ပေါင်း​မီး​ရှို့​ပူ​ဇော်​ရာ​ပလ္လင်​ကို အ​ကာ​ရှ​သစ်​သား​ဖြင့်​ပြု​လုပ်​၏။ ထို​ပလ္လင် သည်​အ​လျား​တစ်​ဆယ့်​ရှစ်​လက်​မ၊ အ​နံ တစ်​ဆယ့်​ရှစ်​လက်​မ၊ အ​မြင့်​သုံး​ဆယ့်​ခြောက် လက်​မ​ရှိ​၏။ ဦး​ချို​ပုံ​သဏ္ဌာန်​ထောင့်​ချွန် အ​တက်​များ​သည်​ပလ္လင်​နှင့်​တစ်​သား​တည်း ရှိ​၏။-
25 E fez o altar do incenso de madeira de acácia; de um côvado era o seu comprimento, e de um côvado a sua largura, era quadrado; e de dois côvados a sua altura; dele mesmo eram feitas as suas pontas.
26 ပလ္လင်​တော်​မျက်​နှာ​ပြင်၊ ဘေး​ပတ်​လည်​လေး ဘက်​နှင့်​ထောင့်​ချွန်​အ​တက်​တို့​ကို​ရွှေ​ချ​၍၊ အ​ပေါ်​နား​ပတ်​လည်​တွင်​ရွှေ​ပြော့​ကြောင်း ထိုး​ထား​၏။-
26 E cobriu-o de ouro puro, a parte superior e as suas paredes ao redor, e as suas pontas; e fez-lhe uma coroa de ouro ao redor.
27 ပလ္လင်​တော်​၏​ဘေး​နှစ်​ဘက်​အ​နား​ထောင့်​တွင် ထမ်း​ပိုး​များ​လျှို​ရန်​ရွှေ​ကွင်း​နှစ်​စုံ​ကို​တပ် ထား​သည်။-
27 Fez-lhe também duas argolas de ouro debaixo da sua coroa, e os seus dois cantos, de ambos os seus lados, para neles se colocar os varais, e com eles levá-lo.
28 ထမ်း​ပိုး​များ​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့်​ပြု လုပ်​၍၊ ရွှေ​ချ​ထား​၏။
28 E os varais fez de madeira de acácia, e os cobriu de ouro.
29 သူ​သည်​သန့်​ရှင်း​သော​ဘိ​သိက်​ဆီ​နှင့်​မွေး​ကြိုင်​၍ စင်​ကြယ်​သော​မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​ကို​ဖော်​စပ် လေ​၏။
29 Também fez o azeite santo da unção, e o incenso aromático, puro, qual obra do perfumista.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Êxodo 37, comparar traduções ou montar um estudo — tudo direto pelo WhatsApp.