Êxodo 36

Common Language Bible (MYA) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ``ဗေ​ဇ​လေ​လ​နှင့် အ​ဟော​လျ​ဘ​တို့​သည် လည်း​ကောင်း၊ တဲ​တော်​ကို​ဆောက်​ရန်​ထာ​ဝရ ဘု​ရား​ထံ​တော်​မှ လို​အပ်​သော​ကျွမ်း​ကျင် မှု​နှင့်​နား​လည်​မှု​ကို​ရ​ရှိ​ထား​သူ အ​ခြား အ​တတ်​ပ​ညာ​ရှင်​အ​ပေါင်း​တို့​သည်​လည်း ကောင်း ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း​ဆောင်​ရွက်​ရ​ကြ​မည်'' ဟု​ဆင့်​ဆို လေ​၏။
1 "Assim farão Bezalel, Aoliabe e todos os homens capazes, a quem o Senhor concedeu destreza e habilidade para fazerem toda a obra de construção do santuário, realizarão a obra como o Senhor ordenou. "
2 မော​ရှေ​သည်​ဗေ​ဇ​လေ​လ​နှင့် အ​ဟော​လျ​ဘ တို့​ကို​လည်း​ကောင်း၊ တဲ​တော်​ဆောက်​ရန်​ထာ​ဝ​ရ ဘု​ရား​ထံ​မှ​လို​အပ်​သော​အ​တတ်​ပ​ညာ​ကို ရ​ရှိ​ထား​သူ​များ​နှင့် ကူ​ညီ​ရန်​စေ​တ​နာ ထက်​သန်​သူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ဆင့်​ခေါ်​၍​လုပ်​ငန်း​ကို​စ​တင်​ဆောင်​ရွက် စေ​၏။-
2 Então Moisés chamou Bezalel e Aoliabe e todos os homens capazes a quem o Senhor dera habilidade e que estavam dispostos a vir realizar a obra.
3 သူ​တို့​သည်​တဲ​တော်​ကို​ဆောက်​လုပ်​ရန်၊ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ယူ​ဆောင်​ခဲ့​သော​လှူ ဖွယ်​ပစ္စည်း​ရှိ​သ​မျှ​ကို၊ မော​ရှေ​ထံ​မှ​လက်​ခံ ရ​ရှိ​ကြ​၏။ နံ​နက်​တိုင်း​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်၊ မိ​မိ​တို့​၏​လှူ​ဖွယ်​ပစ္စည်း​များ ကို၊ မော​ရှေ​ထံ​သို့​ဆက်​လက်​၍​ယူ​ဆောင် လာ​ကြ​သေး​၏။-
3 Receberam de Moisés todas as ofertas que os israelitas tinham trazido para a obra de construção do santuário. E o povo continuava a trazer voluntariamente ofertas, manhã após manhã.
4 ထို​အ​ခါ​တဲ​တော်​ကို​ဆောက်​လုပ်​နေ​ကြ​သော အ​တတ်​ပ​ညာ​ရှင်​တို့​သည်​မော​ရှေ​ထံ​သို့ လာ​၍၊-
4 Por isso, todos os artesãos habilidosos que trabalhavam no santuário interromperam o trabalho
5 ``လူ​တို့​ယူ​လာ​ကြ​သော​ပစ္စည်း​များ​သည် ထာ​ဝ​ရ​ဘု​ရား​စေ​ခိုင်း​တော်​မူ​သော​လုပ်​ငန်း အ​တွက်​လို​အပ်​သည်​ထက်​ပို​နေ​ပါ​သည်'' ဟု ပြော​ကြ​၏။
5 e disseram a Moisés: "O povo está trazendo mais do que o suficiente para realizar a obra que o Senhor ordenou".
6 ထို့​အ​ခါ​မော​ရှေ​က``မည်​သူ​မျှ​တဲ​တော် အ​တွက်​လှူ​ဖွယ်​ပစ္စည်း​များ​ကို​ထပ်​မံ​၍ မ​လှူ​ဒါန်း​ရ'' ဟု​အ​မိန့်​ထုတ်​၍​စ​ခန်း​ရှိ လူ​အ​ပေါင်း​တို့​အား​ကြေ​ညာ​စေ​၏။ ထို ကြောင့်​လူ​တို့​သည်​လှူ​ဖွယ်​ပစ္စည်း​များ​ကို မ​ယူ​ခဲ့​ကြ​တော့​ချေ။-
6 Então Moisés ordenou que fosse feita esta proclamação em todo o acampamento: "Nenhum homem ou mulher deverá fazer mais nada para ser oferecido ao santuário". Assim, o povo foi impedido de trazer mais,
7 ရ​ရှိ​ခဲ့​သ​မျှ​သော​ပစ္စည်း​တို့​သည်​လုပ်​ငန်း ရှိ​သ​မျှ​အ​တွက်​လို​အပ်​သည်​ထက်​ပို​လျှံ လျက်​ရှိ​၏။
7 pois o que já haviam recebido era mais que suficiente para realizar toda a obra.
8 အ​တတ်​ပ​ညာ​ရှင်​များ​အ​နက်၊ အ​ကျွမ်း​ကျင် ဆုံး​သော​အ​တတ်​ပ​ညာ​ရှင်​တို့​သည်၊ ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​ကို​ဆောက်​လုပ် ကြ​၏။ သူ​တို့​သည်​ပိတ်​ချော​နှင့်​အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး​တို့​ဖြင့် ရက်​လုပ်​၍၊ ခေ​ရု​ဗိမ် အ​ရုပ်​များ​ကို​ပန်း​ဖော်​ထား​သည့်​ကန့်​လန့် ကာ​ဆယ်​ထည်​ဖြင့်၊ တဲ​တော်​ကို​ဆောက်​လုပ် ကြ​၏။-
8 Todos os homens capazes dentre os trabalhadores fizeram o tabernáculo com dez cortinas internas de linho fino trançado e de fios de tecido azul, roxo e vermelho, com os querubins bordados sobre eles.
9 ကန့်​လန့်​ကာ​အား​လုံး​သည်​အ​ရွယ်​တူ​ဖြစ် ၍၊ တစ်​ခု​စီ​သည်​အ​လျား​တစ်​ဆယ့်​လေး ကိုက်၊ အနံ​နှစ်​ကိုက်​ရှိ​၏။-
9 Todas as cortinas internas tinham o mesmo tamanho: doze metros e sessenta centímetros de comprimento por um metro e oitenta centímetros de largura.
10 သူ​တို့​သည်​ကန့်​လန့်​ကာ​ငါး​ထည်​ကို​စပ် ၍​ချုပ်​၏။ အ​ခြား​ငါး​ထည်​ကို​လည်း​ထို အ​တိုင်း​ချုပ်​ကြ​၏။-
10 Prendeu cinco cortinas internas, e fez o mesmo com as outras cinco.
11 ကန့်​လန့်​ကာ​တစ်​စပ်​စီ​၏​အ​ပြင်​ဘက်​အ​နား တပ်​ရန်​ပိတ်​တွင်၊ အ​ပြာ​ကွင်း​များ​ကို​ချုပ် ကြ​၏။-
11 Em seguida fez laçadas de tecido azul ao longo da borda da última cortina interna do primeiro conjunto de cortinas internas, fazendo o mesmo com o segundo conjunto.
12 ပ​ထ​မ​အ​စပ်​၏​ပ​ထ​မ​ကန့်​လန့်​ကာ​တွင် ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း၊ ဒု​တိ​ယ​အစပ် ၏​နောက်​ဆုံး​ကန့်​လန့်​ကာ​တွင်​ကွင်း​ငါး​ဆယ် ကို​လည်း​ကောင်း၊ ကွင်း​ချင်း​ဆိုင်​မိ​အောင်​တပ် ကြ​၏။-
12 Fez também cinqüenta laçadas na primeira cortina interna e cinqüenta laçadas na última cortina interna do segundo conjunto; as laçadas estavam opostas umas às outras.
13 သူ​တို့​သည်​ရွှေ​ချိတ်​ငါး​ဆယ်​ကို​လုပ်​၍၊ ထို ချိတ်​များ​ဖြင့် ကန့်​လန့်​ကာ​နှစ်​စပ်​ကို​ပူး​တွဲ ၍၊ တစ်​ခု​တည်း​ဖြစ်​စေ​ကြ​၏။
13 Depois fez cinqüenta ganchos de ouro e com eles prendeu um conjunto de cortinas internas ao outro, para que o tabernáculo formasse um todo.
14 ထို​နောက်​သူ​တို့​သည်​တဲ​တော်​အ​မိုး​အ​တွက်၊ ဆိတ်​မွေး​ဖြင့်​ရက်​သော​အ​ထည်​တစ်​ဆယ့် တစ်​ထည်​ကို​ချုပ်​ကြ​၏။-
14 Com o total de onze cortinas internas de pêlos de cabra fez uma tenda para cobrir o tabernáculo.
15 တစ်​ဆယ့်​တစ်​ထည်​စ​လုံး​အ​လျား​အ​နံ​တူ ဖြစ်​၍၊ တစ်​ထည်​စီ​သည်​အ​လျား​တစ်​ဆယ့် ငါး​ကိုက်​နှင့်​အ​နံ​နှစ်​ကိုက်​ရှိ​၏။-
15 As onze cortinas internas tinham a mesma medida: treze metros e meio de comprimento por um metro e oitenta centímetros de largura.
16 သူ​တို့​သည်​အ​မိုး​ငါး​ထည်​ကို​တစ်​စပ်​ချုပ် ၏။ အ​ခြား​ခြောက်​ထည်​ကို​နောက်​တစ်​စပ် ချုပ်​ကြ​၏။-
16 Prendeu cinco cortinas internas num conjunto e as outras seis noutro conjunto.
17 ပ​ထ​မ​အ​စပ်​၏​နောက်​ဆုံး​အ​ထည်​အ​နား တွင်​ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း၊ အ​ခြား တစ်​စပ်​၏​အ​နား​တွင်​ကွင်း​ငါး​ဆယ်​ကို လည်း​ကောင်း​တပ်​ကြ​၏။-
17 Depois fez cinqüenta laçadas em volta da borda da última cortina interna de um dos conjuntos e também na borda da última cortina interna do outro conjunto.
18 သူ​တို့​သည်​တဲ​တော်​အ​မိုး​အ​တွက်၊ ကြေး​နီ ချိတ်​ငါး​ဆယ်​ကို​ပြု​လုပ်​၍​အ​စပ်​နှစ်​စပ် ကို​ဆက်​သ​ဖြင့်၊ အ​မိုး​တစ်​ခု​တည်း​ဖြစ် လာ​၏။-
18 Fez também cinqüenta ganchos de bronze para unir a tenda, formando um todo.
19 ထပ်​မံ​၍​အ​မိုး​နှစ်​ထပ်​ကို​ပြု​လုပ်​ကြ​၏။ တစ်​ထည်​ကို​အ​နီ​ရောင်​ဆိုး​သော​သိုး​ထီး သား​ရေ​ဖြင့်​လည်း​ကောင်း၊ ထို​အ​ပေါ်​တွင် ဖြန့်​အုပ်​ရန်​အ​ထပ်​ကို​သား​ရေ​ချော​ဖြင့် လည်း​ကောင်း၊ ပြု​လုပ်​ကြ​၏။
19 Em seguida fez para a tenda uma cobertura de pele de carneiro tingida de vermelho, e por cima desta uma cobertura de couro.
20 သူ​တို့​သည်​တဲ​တော်​အ​တွင်း​ဘောင်​ခွေ​များ ကို အ​ကာ​ရှ​သစ်​သား​ဖြင့်​ပြု​လုပ်​ကြ​၏။-
20 Fez ainda armações verticais de madeira de acácia para o tabernáculo.
21 ဘောင်​ခွေ​တစ်​ချပ်​စီ​သည်​အ​လျား​တစ်​ဆယ့် ငါး​ပေ​နှင့်​အ​နံ​နှစ်​ဆယ့်​ခု​နစ်​လက်​မ​ရှိ​၍၊-
21 Cada armação tinha quatro metros e meio de comprimento por setenta centímetros de largura,
22 ဘောင်​ခွေ​များ​ကို​စ​ရွေး​ဖြင့်​ဆက်​စပ်​ထား​၏။ တဲ​တော်​အ​တွက်​ဘောင်​ခွေ​အား​လုံး​တွင်​စ ရွေး​ဖော်​ထား​လေ​၏။-
22 com dois encaixes paralelos um ao outro. E fez todas as armações do tabernáculo dessa madeira.
23 တဲ​တော်​တောင်​ဘက်​၌​ကာ​ရန်၊ ဘောင်​ခွေ​နှစ် ဆယ်​ကို​လုပ်​၍၊-
23 Fez também vinte armações para o lado sul do tabernáculo
24 ဘောင်​ခွေ​တစ်​ခု​စီ​အောက်​တွင်​ခြေ​ထောက် နှစ်​ခု​ကို​စွပ်​ရန်၊ အောက်​ခံ​ငွေ​ခြေ​စွပ်​ခုံ​နှစ် ခု​ကျ​ဖြင့်၊ ခြေ​စွပ်​ခုံ​လေး​ဆယ်​တပ်​ဆင်​၏။-
24 e quarenta bases de prata para serem colocadas debaixo delas; duas bases para cada armação, uma debaixo de cada encaixe.
25 ထို​နည်း​တူ​တဲ​တော်​မြောက်​ဘက်​၌​ကာ​ရန်၊ ဘောင်​ခွေ​နှစ်​ဆယ်​ကို​လုပ်​၍၊-
25 Para o outro lado, o lado norte do tabernáculo, fez vinte armações
26 ဘောင်​ခွေ​တစ်​ခု​စီ​အောက်​တွင်၊ ငွေ​အောက်​ခံ ခြေ​စွပ်​ခုံ​နှစ်​ခု​ကျ​ဖြင့်၊ ခြေ​စွပ်​ခုံ​လေး ဆယ်​တပ်​ဆင်​၏။
26 e quarenta bases de prata, duas debaixo de cada armação.
27 အ​နောက်​မျက်​နှာ​ရှိ​တဲ​တော်​၏​ကျော​ဘက်​ကို ကာ​ရန်၊ ဘောင်​ခွေ​ခြောက်​ခု​ကို​လည်း​ကောင်း၊-
27 Fez ainda seis armações na parte de trás do tabernáculo, isto é, para o lado ocidental,
28 အ​နောက်​ဘက်​ထောင့်​တစ်​ဘက်​တစ်​ချက်​၌​ကာ ရန်၊ ဘောင်​ခွေ​နှစ်​ခု​ကို​လည်း​ကောင်း​လုပ်​ကြ​၏။-
28 e duas armações foram montadas nos cantos, na parte de trás do tabernáculo.
29 ထို​ထောင့်​ဘောင်​ခွေ​တို့​ကို​အောက်​ခြေ​၌​လည်း ကောင်း၊ အ​ထက်​၌​လည်း​ကောင်း၊ ကွင်း​များ​ဖြင့် ထိန်း​ချုပ်​ထား​၏။ ထောင့်​နှစ်​ထောင့်​အ​တွက် ဘောင်​ခွေ​နှစ်​ခု​ကို​ထို​နည်း​အ​တိုင်း​ပြု​လုပ် ကြ​၏။-
29 Nesses dois cantos as armações eram duplas, desde a parte inferior até a mais alta, colocadas numa só argola, ambas feitas do mesmo modo.
30 သို့​ဖြစ်​၍​ဘောင်​ခွေ​တစ်​ခု​စီ​အောက်​တွင်​အောက် ခံ​ငွေ​ခြေ​စွပ်​ခုံ​နှစ်​ခု​ရှိ​သ​ဖြင့်၊ ဘောင်​ခွေ​ရှစ်​ခု နှင့်​ငွေ​အောက်​ခံ​ခြေ​စွပ်​ခုံ​တစ်​ဆယ့်​ခြောက်​ခု ရှိ​လေ​သည်။
30 Havia, pois, oito armações e dezesseis bases de prata, duas debaixo de cada armação.
31 သူ​တို့​သည်​တဲ​တော်​အ​တွင်း​ဘောင်​ခွေ​များ အ​တွက် ကန့်​လန့်​ကျင်​များ​ကို​အ​ကာ​ရှ​သစ် သား​ဖြင့်​ပြု​လုပ်​ကြ​၏။ တဲ​တော်​တောင်​ဘက် အ​တွက်​ကန့်​လန့်​ကျင်​ငါး​ချောင်း၊-
31 Também fez travessões de madeira de acácia: cinco para as armações de um lado do tabernáculo,
32 မြောက်​ဘက်​အ​တွက်​ကန့်​လန့်​ကျင်​ငါး​ချောင်း နှင့် အ​နောက်​ဘက်​အ​တွက်​ကန့်​လန့်​ကျင်​ငါး ချောင်း​ကို​ပြု​လုပ်​ကြ​၏။-
32 cinco para as do outro lado e cinco para as do lado ocidental, na parte de trás do tabernáculo.
33 အ​လယ်​ကန့်​လန့်​ကျင်​ကို တဲ​တော်​အ​စွန်း တစ်​ဘက်​တစ်​ချက်​တို့​တွင်​အ​ဆုံး​သတ် စေ​၏။-
33 Fez o travessão central de uma extremidade à outra, passando pelo meio das armações.
34 ဘောင်​ခွေ​တို့​ကို​ရွှေ​ချ​၍၊ ကန့်​လန့်​ကျင်​များ ကို​ထိန်း​ရန် ရွှေ​ကွင်း​များ​တပ်​ဆင်​ထား​သည်။ ကန့်​လန့်​ကျင်​များ​ကို​လည်း​ရွှေ​ချ​ထား​၏။
34 Revestiu de ouro as armações e fez argolas de ouro para sustentar os travessões, os quais também revestiu de ouro.
35 သူ​တို့​သည်​ကန့်​လန့်​ကာ​ကို​အ​ပြာ​ရောင်၊ ခ​ရမ်း ရောင်၊ အ​နီ​ရောင်​သိုး​မွေး၊ ပိတ်​ချော​တို့​ဖြင့်​ရက် လုပ်​၍၊ ခေ​ရု​ဗိမ်​ရုပ်​များ​ကို​ပန်း​ပေါက်​ဖော် ထား​ကြ​သည်။-
35 Fez o véu de linho fino trançado e de fios de tecido azul, roxo e vermelho, e mandou bordar nele querubins.
36 ကန့်​လန့်​ကာ​ကို​ထိန်း​ထား​ရန်၊ ရွှေ​ချိတ်​များ တပ်​ဆင်​ထား​သော တိုင်​လေး​တိုင်​ကို၊ အ​ကာ​ရှ သစ်​သား​ဖြင့်​ပြု​လုပ်​ကြ​၏။ တိုင်​များ​ကို​ရွှေ ချ​၍၊ တိုင်​များ​ကို​စိုက်​ထူ​ရန်၊ အောက်​ခံ​ငွေ ခြေ​စွပ်​ခုံ​လေး​ခု​ကို​ပြု​လုပ်​ကြ​၏။-
36 Fez-lhe quatro colunas de madeira de acácia e as revestiu de ouro. Fez-lhe ainda ganchos de ouro e fundiu as suas bases de prata.
37 တဲ​တော်​တံ​ခါး​ဝ​အ​တွက်​ကန့်​လန့်​ကာ​ကို အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး၊ ပိတ်​ချော​တို့​ဖြင့်​ရက်​လုပ်​၍၊ ပန်း​ပေါက်​ဖော် ထား​သည်။-
37 Para a entrada da tenda fez uma cortina de linho fino trançado e de fios de tecido azul, roxo e vermelho, obra de bordador;
38 ကန့်​လန့်​ကာ​အ​တွက်၊ တိုင်​ငါး​တိုင်​ကို​လုပ်​၍၊ ကွင်း​များ​တပ်​လျက်၊ တိုင်​ထိပ်​နှင့်​တိုင်​ခါး​ပန်း တို့​ကို​ရွှေ​ချ​ထား​၏။ တိုင်​အောက်​ခံ​ခြေ​စွပ်​ခုံ ငါး​ခု​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ်​၏။
38 e fez-lhe cinco colunas com ganchos. Revestiu de ouro as partes superior e lateral das colunas e fez de bronze as suas cinco bases.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Êxodo 36, comparar traduções ou montar um estudo — tudo direto pelo WhatsApp.