Êxodo 34
Common Language Bible (MYA) vs VC
1 ထာဝရဘုရားကမောရှေအား``ပထမ ကျောက်ပြားများနှင့်တူသောကျောက်ပြား နှစ်ချပ်ကိုဆစ်လော့။ သင့်ကြောင့်ကျိုးသွား သောယခင်ကျောက်ပြားများပေါ်တွင် ရေး ထိုးခဲ့သည့်ကမ္ပည်းစာအတိုင်းငါသည်ဤ ကျောက်ပြားများပေါ်၌ရေးထိုးမည်။-
1 O Senhor disse a Moisés: "Talha duas tábuas de pedra semelhantes às primeiras: escreverei nelas as palavras que se encontravam nas primeiras tábuas que quebraste.
2 နက်ဖြန်နံနက်တွင်ငါနှင့်တွေ့ဆုံရန် သိနာတောင်ထိပ်ပေါ်သို့တက်လာလော့။-
2 Estejas pronto pela manhã para subir ao monte Sinai. Apresentar-te-ás diante de mim no cume do monte.
3 သင်နှင့်အတူမည်သူမျှတောင်ပေါ်သို့ မတက်ရ။ တစ်တောင်လုံးတွင်လူမရှိစေ ရ။ တောင်ခြေ၌သိုးနွားများကိုမ ကျောင်းရ'' ဟုမိန့်တော်မူ၏။-
3 Ninguém subirá contigo, e ninguém se mostre em parte alguma do monte: não haja nem mesmo ovelhas ou bois pastando em seus flancos."
4 ထို့ကြောင့်မောရှေသည်ထာဝရဘုရားမိန့် တော်မူသည့်အတိုင်း ကျောက်ပြားနှစ်ချပ်ကို ဆစ်ပြီးလျှင်၊ နောက်တစ်နေ့နံနက်စောစော တွင်၊ ကျောက်ပြားများကိုကိုင်ဆောင်လျက် သိနာတောင်ပေါ်သို့တက်လေ၏။
4 Moisés talhou, pois, duas tábuas de pedra semelhantes às primeiras e, no dia seguinte, pela manhã, subiu ao monte Sinai, como o Senhor lhe havia ordenado, segurando nas mãos as duas tábuas de pedra.
5 ထာဝရဘုရားသည်မိုးတိမ်တိုက်ဖြင့်ကြွ ဆင်းလာ၍၊ မောရှေအနီးတွင်ရပ်လျက် ထာဝရဘုရားဟူသောနာမတော်ကို ထုတ်ဖော်မြွက်ကြားတော်မူ၏။-
5 O Senhor desceu na nuvem e esteve perto dele, pronunciando o nome de Javé.
6 ထိုနောက်ထာဝရဘုရားသည်မောရှေရှေ့ တွင်ဖြတ်ကြွသွားလျက်``ငါထာဝရဘုရား သည်သနားကရုဏာနှင့်ပြည့်စုံသောဘုရား၊ စိတ်ရှည်၍ကျေးဇူးကရုဏာနှင့်ကြွယ်ဝ သောဘုရား၊ သစ္စာတည်သောဘုရားဖြစ်၏။-
6 O Senhor passou diante dele, exclamando: "Javé, Javé, Deus compassivo e misericordioso, lento para a cólera, rico em bondade e em fidelidade,
7 ငါသည်ထောင်သောင်းမကများပြားသော အမျိုးအစဉ်အဆက်တို့အား ငါ၏ကတိ သစ္စာကိုတည်စေမည်။ ငါသည်ဒုစရိုက်နှင့် အပြစ်တို့အတွက်လူတို့အားအပြစ်လွှတ် မည်။ သို့ရာတွင်မိဘတို့၏အပြစ်ကိုသား စဉ်မြေးဆက်၊ တတိယအဆက်၊ စတုတ္ထ အဆက်သို့တိုင်အောင်ငါဒဏ်ခတ်မည်'' ဟုမိန့်တော်မူ၏။
7 que conserva sua graça até mil gerações, que perdoa a iniqüidade, a rebeldia e o pecado, mas não tem por inocente o culpado, porque castiga o pecado dos pais nos filhos e nos filhos de seus filhos, até a terceira e a quarta geração".
8 မောရှေသည်ချက်ချင်းဦးညွှတ်ရှိခိုးလျက်၊-
8 Moisés inclinou-se incontinente até a terra e prostrou-se,
9 ``အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ် အားအကယ်ပင်နှစ်သက်ပါလျှင်အကျွန်ုပ် တို့နှင့်အတူကြွသွားတော်မူပါ။ ဤလူတို့ သည်ခေါင်းမာပါ၏။ သို့ရာတွင်အကျွန်ုပ်တို့ ၏ဒုစရိုက်အပြစ်ကိုလွှတ်လျက် အကျွန်ုပ်တို့ အားကိုယ်တော်၏လူမျိုးတော်အဖြစ်လက် ခံတော်မူပါ'' ဟုလျှောက်ထားလေ၏။
9 dizendo: "Se tenho o vosso favor, Senhor, dignai-vos marchar no meio de nós: somos um povo de cabeça dura, mas perdoai nossas iniqüidades e nossos pecados, e aceitai-nos como propriedade vossa".
10 ထာဝရဘုရားကမောရှေအား``ငါသည်ယခု ဣသရေလအမျိုးသားတို့နှင့်ပဋိညာဉ်ပြု မည်။ ငါသည်သူတို့၏မျက်မှောက်တွင်ကမ္ဘာပေါ် ရှိမည်သည့်နိုင်ငံတွင်မျှမပြုဘူးသောကြီး မားသောအရာများကိုငါပြုမည်။ ငါထာဝရ ဘုရားသည်ကြီးမားသောအရာများကိုပြု နိုင်ကြောင်းလူအပေါင်းတို့မြင်ကြရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ငါသည်သင်တို့ အတွက်ကြောက်မက်ဖွယ်ရာအမှုကို ပြုမည်။-
10 O Senhor disse: "Vou fazer uma aliança contigo. Diante de todo o teu povo farei prodígios como nunca se viu em nenhum outro país, em nenhuma outra nação, a fim de que todo o povo que te cerca veja quão terríveis são as obras do Senhor, que faço por meio de ti.
11 ယနေ့သင့်အားငါပေးမည့်ပညတ်များကို စောင့်ထိန်းလော့။ ငါသည်သင်တို့ချီတက်ရာ လမ်းကြောင်းမှအာမောရိအမျိုးသား၊ ခါ နာန်အမျိုးသား၊ ဟိတ္တိအမျိုးသား၊ ဖေရဇိ အမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိ အမျိုးသားတို့ကိုနှင်ထုတ်မည်။-
11 Sê atento ao que te vou ordenar hoje. Vou expulsar diante de ti os amorreus, os cananeus, os hiteus, os ferezeus, os heveus e os jebuseus.
12 သင်တို့ဝင်ရောက်တိုက်ခိုက်မည့်ပြည်သားတို့ နှင့်မဟာမိတ်မဖွဲ့ရန်သတိပြုလော့။ ထို သို့ပြုလုပ်လျှင် သင်တို့သည်သူတို့၏ ထောင်ချောက်တွင်းသို့ကျလိမ့်မည်။-
12 Guarda-te de fazer algum pacto com os habitantes da terra em que vais entrar, para que sua presença no meio de vós não se vos torne um laço.
13 သင်တို့သည်သူတို့၏ယဇ်ပလ္လင်များကိုဖြို ဖျက်ရမည်။ သူတို့၏ဘုရားကျောက်တိုင်များ ကိုဖျက်ဆီးရမည်။ သူတို့၏အာရှရဘုရား မသစ်တိုင်များကိုခုတ်လှဲရမည်။
13 Derrubareis os seus altares, quebrareis suas estelas e cortareis suas asserás.
14 ``ငါထာဝရဘုရားသည်ပြိုင်ဖက်ကိုလက် မခံသောဘုရားဖြစ်သောကြောင့် သင်တို့သည် အခြားသောဘုရားကိုမကိုးကွယ်ရ။-
14 Não adorarás nenhum outro deus, porque o Senhor, que se chama o zeloso, é um Deus zeloso.
15 သင်တို့သည်ထိုပြည်သားတို့နှင့်မဟာမိတ် မဖွဲ့ရ။ အဘယ်ကြောင့်ဆိုသော်၊ သူတို့သည် သူတို့၏ဘုရားများအားရှိခိုးပူဇော်သော အခါ သင်တို့ဖိတ်ခေါ်သဖြင့်၊ သူတို့၏ဘုရား များအားပူဇော်သည့်အစားအစာကိုသင် တို့စားမိကြလိမ့်မည်ဖြစ်သောကြောင့်တည်း။-
15 Guarda-te de fazer algum pacto com os habitantes do país, pois, quando se prostituírem a seus deuses e lhes oferecerem sacrifícios, poderiam convidar-te e tu comerias de seus banquetes sagrados;
16 သင်တို့၏သားများသည်ထိုပြည်ရှိအမျိုး သမီးများကိုထိမ်းမြားမိသဖြင့်၊ ထိုအမျိုး သမီးတို့သည်ငါ့ကိုစွန့်၍ သူတို့၏ဘုရား များကိုကိုးကွယ်ရန်၊ သင်တို့၏သားများ ကိုဖြားယောင်းကြလိမ့်မည်။
16 poderia acontecer também que tomasses entre suas filhas esposas para teus filhos, e essas mulheres que se prostituem a seus deuses, poderiam arrastar a isso também os teus filhos.
17 ``သတ္တုဖြင့်သွန်းသောဘုရားများပြုလုပ်၍ရှိ မခိုးရ။
17 Não farás deuses de metal fundido.
18 ``တဆေးမဲ့မုန့်ပွဲတော်ကိုကျင်းပရမည်။ သင် တို့သည်အဗိဗဟုခေါ်သောလတွင်အီဂျစ် ပြည်မှထွက်လာခဲ့ရသောကြောင့်၊ ထိုလ၌ ငါပညတ်သည့်အတိုင်းခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစားရကြမည်။
18 Guardarás a festa dos Ázimos: como te prescrevi, no tempo fixado do mês das espigas {porque foi nesse mês que saíste do Egito} só comerás, durante sete dias, pães sem fermento.
19 ``သင်တို့တွင်သားဦးဟူသမျှနှင့်သိုးနွားမှ စသော တိရစ္ဆာန်တို့၏သားဦးပေါက်ဟူသမျှ တို့ကိုငါပိုင်၏။-
19 Todo primogênito me pertence, assim como todo macho primogênito de teus rebanhos, tanto do gado maior como do menor.
20 သို့ရာတွင်မြည်းသားဦးပေါက်ကိုသိုးတစ် ကောင်နှင့်အစားထိုး၍ရွေးယူရမည်။ မရွေး ယူလိုလျှင်မြည်း၏လည်ပင်းကိုချိုးရမည်။ သင်တို့၏သားဦးဟူသမျှတို့ကိုရွေးယူ ရမည်။
20 Resgatarás com um cordeiro o primogênito do jumento; do contrário, quebrar-lhe-ás a nuca. Resgatarás sempre o primogênito de teus filhos; e não te apresentarás diante de minha face com as mãos vazias.
21 ``သင်တို့သည်ခြောက်ရက်ပတ်လုံးအလုပ် လုပ်ရမည်။ သို့ရာတွင်သတ္တမနေ့၌အလုပ် မလုပ်ရ။
21 Trabalharás durante seis dias, mas descansarás no sétimo, mesmo quando for tempo de arar e de ceifar.
22 ``ဂျုံစပါးစတင်ရိတ်ချိန်၌ကောက်သိမ်းပွဲတော် ကိုလည်းကောင်း၊ သစ်သီးများကိုစုသိမ်းချိန်ဖြစ် သောဆောင်းဦးပေါက်ရာသီ၌ သစ်သီးသိမ်းပွဲ တော်ကိုလည်းကောင်း၊ ကျင်းပရမည်။
22 Celebrarás a festa das semanas, no tempo das primícias da ceifa do trigo, e a festa da colheita, no fim do ano.
23 ``သင်တို့၏အမျိုးသားအားလုံးတို့သည်တစ် နှစ်လျှင်သုံးကြိမ် ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်၊ ငါထာဝရဘုရားထံချဉ်း ကပ်၍ဝတ်ပြုရမည်။-
23 Três vezes por ano, todos vossos varões se apresentarão diante do Senhor Javé, Deus de Israel.
24 ငါသည်အခြားလူမျိုးများကိုသင်တို့ချီ တက်ရာလမ်းကြောင်းမှနှင်ထုတ်၍ သင်တို့၏ နယ်မြေကိုတိုးချဲ့ပြီးသည့်အခါသင်တို့၏ ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ပွဲတော်ကြီးသုံးခုကျင်းပနေချိန်အတွင်း၊ မည်သည့်ရန်သူမျှသင်တို့ကိုမတိုက်ခိုက် စေရ။
24 Porque expulsarei as nações diante de ti, e alargarei tuas fronteiras, e ninguém cobiçará tua terra, enquanto subires três vezes por ano para te apresentares diante do Senhor teu Deus.
25 ``ငါ့အားပူဇော်သည့်အခါ၊ ယဇ်ကောင်နှင့် အတူ ဆက်သသောမုန့်တွင်တဆေးမပါစေရ။ ပသခါပွဲတော်အတွက်သတ်သောတိရစ္ဆာန် ၏အသားကိုနံနက်သို့တိုင်အောင်မကြွင်း ကျန်စေရ။
25 Quando sacrificares uma vítima, não oferecerás o seu sangue com pão fermentado. O animal sacrificado para a festa de Páscoa não será conservado até o dia seguinte.
26 ``နှစ်စဉ်သင်တို့၏လယ်မြေမှအဦးသီး သောအသီးအနှံကို၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားအိမ်တော်သို့ယူ ဆောင်ဆက်သရကြမည်။
26 Trarás à casa do Senhor teu Deus as primícias dos frutos de teu solo. "Não farás cozer um cabrito no leite de sua mãe."
27 ထာဝရဘုရားကမောရှေအား``ဤပညတ် များကိုရေးထားလော့။ ငါသည်သင်နှင့်လည်း ကောင်း၊ ဣသရေလအမျိုးသားတို့နှင့်လည်း ကောင်း ဤပညတ်များအတိုင်းပဋိညာဉ် ပြုပြီ'' ဟုမိန့်တော်မူ၏။-
27 O Senhor disse a Moisés: "Escreve estas palavras, pois são elas a base da aliança que faço contigo e com Israel".
28 မောရှေသည်အစာမစား၊ ရေမသောက်ဘဲ အရက်လေးဆယ်ပတ်လုံး ထိုအရပ်တွင်ထာဝရ ဘုရားနှင့်အတူရှိနေ၏။ သူသည်ကျောက်ပြား များပေါ်တွင်၊ ပဋိညာဉ်တည်းဟူသောပညတ် တော်ဆယ်ပါးကိုရေးထားလေ၏။
28 Moisés ficou junto do Senhor quarenta dias e quarenta noites, sem comer pão nem beber água. E o Senhor escreveu nas tábuas o texto da aliança, as dez palavras.
29 မောရှေသည်ပဋိညာဉ်ကျောက်ပြားနှစ်ချပ် ကိုယူဆောင်၍ တောင်ပေါ်မှဆင်းလာသောအခါ၊ သူသည်ထာဝရဘုရားနှင့်စကားပြောခဲ့ရ သဖြင့်သူ၏မျက်နှာတောက်ပလျက်ရှိ၏။ သို့ ရာတွင်သူကိုယ်တိုင်မသိ။-
29 Moisés desceu do monte Sinai, tendo nas mãos as duas tábuas da lei. Descendo do monte, Moisés não sabia que a pele de seu rosto se tornara brilhante, durante a sua conversa com o Senhor.
30 အာရုန်နှင့်ဣသရေလအမျိုးသားအပေါင်း တို့သည် မောရှေ၏မျက်နှာတောက်ပနေသည်ကို တွေ့မြင်ရသောအခါ၊ သူ၏အနားသို့မချဉ်း ကပ်ဝံ့ကြချေ။-
30 E, tendo-o visto Aarão e todos os israelitas, notaram que a pele de seu rosto se tornara brilhante e não ousaram aproximar-se dele.
31 သို့သော်မောရှေကအာရုန်နှင့်ဣသရေလ အမျိုးသားခေါင်းဆောင်အပေါင်းတို့ကိုခေါ် သဖြင့်၊ သူတို့သည်မောရှေထံသို့ချဉ်းကပ် လာကြ၏။ မောရှေသည်လည်းသူတို့နှင့် စကားပြောလေ၏။-
31 Mas ele os chamou, e Aarão com todos os chefes da assembléia voltaram para junto dele, e ele se entreteve com eles.
32 ထိုနောက်ဣသရေလအမျိုးသားအပေါင်း တို့သည်မောရှေအနီးသို့ချဉ်းကပ်လာကြ ၏။ ထိုအခါမောရှေသည်သိနာတောင်ပေါ်၌ ထာဝရဘုရားမိန့်တော်မူသောပညတ် အားလုံးကိုသူတို့အားဆင့်ဆိုလေ၏။-
32 Aproximaram-se, em seguida, todos os israelitas, a quem ele transmitiu as ordens que tinha recebido do Senhor no monte Sinai.
33 သူသည်ဣသရေလအမျိုးသားတို့အား စကားပြောဆိုပြီးသောအခါ၊ သူ၏ မျက်နှာကိုပဝါဖြင့်ဖုံးအုပ်ထားလေ၏။-
33 Tendo Moisés acabado de falar, pôs um véu no seu rosto.
34 မောရှေသည်ထာဝရဘုရားနှင့်စကားပြော ရန်ထာဝရဘုရားစံတော်မူရာတဲတော် ထဲသို့ဝင်သည့်အခါတိုင်းပဝါကိုချွတ် ထားလေ့ရှိ၏။ ပြန်ထွက်လာသောအခါ ထာဝရဘုရားမိန့်ကြားသမျှကိုဣသရေလ အမျိုးသားတို့အားဆင့်ဆိုလေ့ရှိ၏။-
34 Mas, entrando Moisés diante do Senhor para falar com ele, tirava o véu até sair. E, saindo, transmitia aos israelitas as ordens recebidas.
35 ထိုအခါဣသရေလအမျိုးသားတို့သည် သူ၏မျက်နှာတောက်ပနေသည်ကိုမြင်ကြ ၏။ ထို့ကြောင့်၊ သူသည်ထာဝရဘုရားနှင့် စကားပြောရန်တဲတော်ထဲသို့ဝင်သည့်အချိန် အထိသူ၏မျက်နှာကိုပဝါဖြင့်ဖုံးအုပ် ထားလေ့ရှိသည်။
35 Estes viam irradiar a pele de seu rosto; em seguida Moisés recolocava o véu no seu rosto até a próxima entrevista com o Senhor.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Êxodo 34, comparar traduções ou montar um estudo — tudo direto pelo WhatsApp.