Êxodo 32
Common Language Bible (MYA) vs NAA
1 မောရှေသည်တောင်အောက်သို့မဆင်းဘဲ တောင် ပေါ်တွင်ကြာမြင့်စွာနေသောအခါ၊ လူတို့ သည်အာရုန်ထံသို့စုရုံးရောက်ရှိလာပြီး လျှင်``အကျွန်ုပ်တို့အားအီဂျစ်ပြည်မှထုတ် ဆောင်ခဲ့သောမောရှေအဘယ်သို့ဖြစ်သည် ကို အကျွန်ုပ်တို့မသိရသဖြင့်အကျွန်ုပ်တို့ ကိုရှေ့ဆောင်မည့်ဘုရားတစ်ဆူကိုသွန်း လုပ်ပေးပါလော့'' ဟုတောင်းဆိုကြ၏။
1 O povo viu que Moisés demorava para descer do monte. Então reuniu-se em volta de Arão e lhe disse: — Levante-se, faça para nós deuses que vão adiante de nós; pois, quanto a este Moisés, o homem que nos tirou do Egito, não sabemos o que lhe aconteceu.
2 အာရုန်က``သင်တို့၏မယားနှင့်သားသမီး တို့ ဝတ်ဆင်ထားသောရွှေနားတောင်းများကို ချွတ်၍ ငါ့ထံသို့ယူခဲ့ကြလော့'' ဟုဆို လေ၏။-
2 Arão respondeu: — Tirem as argolas de ouro das orelhas de suas mulheres, de seus filhos e de suas filhas e tragam para mim.
3 သို့ဖြစ်၍လူအပေါင်းတို့သည်မိမိတို့ ၏ရွှေနားတောင်းများကိုချွတ်၍ အာရုန် ထံသို့ယူဆောင်ခဲ့ကြ၏။-
3 Então todo o povo tirou das orelhas as argolas e as trouxe a Arão.
4 အာရုန်သည်နားတောင်းများကိုအရည် ကျိုပြီးလျှင်၊ ရွှေဖြင့်နွားငယ်ပုံသွန်းလုပ် လေ၏။
4 Este, recebendo-as das mãos deles, trabalhou o ouro com buril e fez dele um bezerro de metal fundido. Então disseram: — São estes, ó Israel, os seus deuses, que tiraram você da terra do Egito.
5 ထိုနောက်အာရုန်သည်ရွှေနွားရုပ်ရှေ့မှာ ပလ္လင် ကိုတည်၍``နက်ဖြန်နေ့တွင်ထာဝရဘုရား အတွက်ပွဲခံရကြမည်'' ဟုကြေညာ၏။-
5 Arão, vendo isso, edificou um altar diante do bezerro e fez a seguinte proclamação: — Amanhã haverá festa ao
6 နောက်နေ့နံနက်စောစောတွင်လူအပေါင်းတို့ သည် မီးရှို့ရာယဇ်နှင့်မိတ်သဟာယယဇ်များ ကိုပူဇော်ကြ၏။ ထိုသို့ယဇ်ပူဇော်ကြပြီး နောက်၊ သူတို့သည် စားသောက်မူးယစ်ကြပြီး လျှင်၊ အမျိုးသား၊ အမျိုးသမီးများအပျော် ကူးကြကုန်၏။
6 No dia seguinte, madrugaram, ofereceram holocaustos e trouxeram ofertas pacíficas. E o povo sentou-se para comer e beber e levantou-se para se divertir.
7 ထာဝရဘုရားကမောရှေအား ``တောင်အောက် သို့အမြန်ဆင်းလော့။ အီဂျစ်ပြည်မှသင်ထုတ် ဆောင်ခဲ့သောသင်၏လူတို့သည်ငါ့ကိုစွန့်ပယ် ကြပြီ။-
7 Então o Senhor disse a Moisés: — Vá, desça; porque o seu povo, o povo que você tirou do Egito, se corrompeu
8 သူတို့သည်ငါချမှတ်သောလမ်းစဉ်မှသွေဖည် သွားကြလေပြီ။ ရွှေနွားငယ်ရုပ်ကိုသွန်းလုပ် ပြီးလျှင်၊ ထိုရုပ်တုကိုယဇ်ပူဇော်ရှိခိုးကြ ပြီ။ ထိုဘုရားသည် သူတို့အားအီဂျစ်ပြည် မှထုတ်ဆောင်ခဲ့သောဘုရားဖြစ်ကြောင်း၊ ကြွေးကြော်နေကြပြီ။''-
8 e depressa se desviou do caminho que eu lhe havia ordenado; fez para si um bezerro de metal fundido, o adorou e lhe ofereceu sacrifícios, dizendo: “São estes, ó Israel, os seus deuses, que tiraram você da terra do Egito.”
9 ထာဝရဘုရားက ``ဤသူတို့အလွန် ခေါင်းမာကြောင်းငါသိ၏။-
9 O Senhor disse ainda a Moisés: — Tenho visto este povo, e eis que é povo teimoso.
10 ငါ့ကိုမဆီးတားနှင့်။ ငါသည်အမျက်ထွက်၍ သူတို့ကိုသုတ်သင်ပစ်မည်။ ထိုနောက်သင်နှင့် သင်၏အဆက်အနွယ်တို့ကိုလူမျိုးကြီး ဖြစ်စေမည်'' ဟုမိန့်တော်မူ၏။
10 Agora, pois, deixe-me, para que se acenda contra eles o meu furor, e eu os consuma; e de você farei uma grande nação.
11 သို့ရာတွင်မောရှေသည် မိမိ၏ဘုရားသခင် ထာဝရဘုရားအားတောင်းပန်လျှောက်ထား သည်မှာ``အို ထာဝရဘုရား၊ ကိုယ်တော်သည် အီဂျစ်ပြည်မှ၊ မဟာတန်ခိုးတော်ဖြင့်ကယ် တင်ခဲ့သောကိုယ်တော်၏လူမျိုးတော်ကို အမျက်ပြင်းစွာထွက်တော်မူမည်လော။-
11 Porém Moisés suplicou ao Senhor , seu Deus, dizendo: — Ó
12 အီဂျစ်အမျိုးသားတို့ကကိုယ်တော်ရှင်သည် ဣသရေလအမျိုးသားတို့ကိုတောင်များ ပေါ်သို့ခေါ်ဆောင်၍၊ အကုန်အစင်ရှင်းလင်း သုတ်သင်ပစ်ရန်အီဂျစ်ပြည်မှထုတ်ဆောင် သွားသည်ဟူ၍ဆိုဖွယ်ရာအကြောင်းရှိ စေရပါမည်လော။ ပြင်းပြသောအမျက် တော်ကိုပြေစေလျက်ကိုယ်တော်၏လူမျိုး တော်အားပေးမည့်အပြစ်ဒဏ်မှလွတ် ငြိမ်းချမ်းသာခွင့်ရစေပါ။-
12 Por que deixar que os egípcios digam: “Ele os tirou de lá com más intenções, para matá-los nos montes e para eliminá-los da face da terra”? Deixa de lado o furor da tua ira e muda de ideia quanto a este mal contra o teu povo.
13 ကိုယ်တော်၏ကျွန်အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့ကိုအောက်မေ့သတိရတော်မူ ပါ။ ကိုယ်တော်သည်သူတို့၏အဆက်အနွယ် တို့ကိုမိုးကောင်းကင်ကြယ်များကဲ့သို့ ပွား များစေမည်ဖြစ်ကြောင်းနှင့်ကိုယ်တော်ရှင် ကတိထားတော်မူသော ထိုပြည်အားလုံး ကိုသူတို့၏အဆက်အနွယ်တို့အား ထာဝစဉ်ပိုင်ဆိုင်ရန်ပေးမည်ဖြစ်ကြောင်း ကိုသတိရတော်မူပါ။-''
13 Lembra-te de Abraão, de Isaque e de Israel, teus servos, aos quais por ti mesmo juraste, dizendo: “Multiplicarei a descendência de vocês como as estrelas do céu, e toda esta terra de que tenho falado, eu a darei à sua descendência, para que a possuam por herança eternamente.”
14 ထို့ကြောင့်ထာဝရဘုရားသည်အမျက် တော်ပြေ၍၊ မိမိလူမျိုးတော်အားပေး မည့်အပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့် ရစေတော်မူ၏။
14 Então o Senhor mudou de ideia quanto ao mal que ele tinha dito que traria sobre o povo.
15 မောရှေသည်မျက်နှာနှစ်ဘက်စလုံးတွင် ပညတ် တော်များကိုအက္ခရာတင်ထားသောကျောက် ပြားနှစ်ချပ်ကိုယူဆောင်လျက်တောင်ပေါ်မှ ဆင်းလာ၏။-
15 Moisés voltou-se e desceu do monte com as duas tábuas do testemunho nas mãos, tábuas escritas de ambos os lados; de um e de outro lado estavam escritas.
16 ထိုကျောက်ပြားများနှင့်ကျောက်ပြားများပေါ် ရှိအက္ခရာတို့သည် ဘုရားသခင်၏လက်ရာ တော်ဖြစ်သတည်း။
16 As tábuas eram obra de Deus; também o que estava escrito tinha sido escrito pelo próprio Deus, esculpido nas tábuas.
17 ယောရှုသည်လူများ၏ကြွေးကြော်သံကို ကြားရသောအခါ၊ မောရှေအား``စခန်းထဲ ၌တပ်လှန့်သံကိုကြားရပါသည်တကား'' ဟုဆို၏။-
17 Quando Josué ouviu a voz do povo que gritava, disse a Moisés: — Há um alarido de guerra no arraial.
18 မောရှေက``ငါကြားရသောအသံသည်၊ စစ် အောင်သံလည်းမဟုတ်၊ စစ်ရှုံးသံလည်းမဟုတ်၊ သီချင်းသံပင်ဖြစ်သည်'' ဟုပြန်ပြော၏။
18 Moisés respondeu: — O que ouço não é alarido de vencedores nem de vencidos, mas o alarido de pessoas cantando.
19 မောရှေသည်စခန်းအနီးသို့ရောက်ရှိသော အခါ၊ နွားငယ်ရုပ်ကိုလည်းကောင်း၊ လူများ ကခုန်နေသည်ကိုလည်းကောင်း၊ တွေ့မြင်ရ လျှင်၊ အလွန်အမျက်ထွက်သဖြင့်၊ သူယူ ဆောင်ခဲ့သောကျောက်ပြားများကိုတောင် ခြေရင်း၌ပစ်ချလိုက်ရာအပိုင်းပိုင်းကျိုး ကုန်၏။-
19 Logo que se aproximou do arraial e viu o bezerro e as danças, Moisés ficou muito irado. Arremessou as tábuas de pedra das suas mãos e quebrou-as ao pé do monte.
20 သူသည်သူတို့လုပ်သောနွားရုပ်ကိုအရည် ကျို၍၊ အမှုန့်ထောင်းပြီးလျှင်၊ အမှုန့်ကိုရေ ပေါ်၌ဖြူးလေ၏။ ထိုနောက်ဣသရေလ အမျိုးသားတို့အားထိုရေကိုသောက်စေ၏။-
20 E, pegando o bezerro que tinham feito, queimou-o e o reduziu a pó, que espalhou sobre a água, e deu de beber aos filhos de Israel.
21 မောရှေကအာရုန်အား``ဤသူတို့သည်သင့် ကြောင့်ထိုမျှလောက်ကြီးလေးသောအပြစ် ကိုပြုမိရန် သူတို့သည်သင့်အားအဘယ် သို့ပြုကြသနည်း'' ဟုမေး၏။
21 Depois, Moisés perguntou a Arão: — O que foi que esse povo fez a você, para que você trouxesse sobre ele tão grande pecado?
22 အာရုန်က``အကျွန်ုပ်ကိုအမျက်မထွက်ပါ နှင့်။ ဤသူတို့သည်မကောင်းမှုကိုပြုရန် မည် မျှလောက်စိတ်ဆန္ဒကြီးကြောင်းကိုယ်တော် သိပါ၏။-
22 Arão respondeu: — Não fique irado, meu senhor. Você sabe que este povo é propenso para o mal.
23 သူတို့ကအကျွန်ုပ်အား`အီဂျစ်ပြည်မှအကျွန်ုပ် တို့ကိုထုတ်ဆောင်ခဲ့သောမောရှေသေသည်၊ ရှင် သည်ကိုအကျွန်ုပ်တို့မသိရသဖြင့်၊ အကျွန်ုပ် တို့ကိုရှေ့ဆောင်မည့်ဘုရားတစ်ဆူကိုသွန်း လုပ်ပေးပါလော့' ဟုတောင်းဆိုကြပါသည်။-
23 Pois me disseram: “Faça para nós deuses que vão adiante de nós; pois, quanto a este Moisés, o homem que nos tirou da terra do Egito, não sabemos o que lhe aconteceu.”
24 အကျွန်ုပ်ကသူတို့အား`သင်တို့၏ရွှေဝတ် တန်ဆာကိုချွတ်၍ငါ့အားပေးလော့' ဟု ပြောပါသည်။ အကျွန်ုပ်သည်သူတို့ထံမှ ရရှိသောရွှေအားမီးထဲသို့ပစ်ချရာ၊ ဤ နွားရုပ်ထွက်လာပါသည်'' ဟုဆိုလေ၏။
24 Então eu lhes disse: “Quem tem ouro, tire-o.” Eles o deram para mim, eu o lancei no fogo, e saiu este bezerro.
25 ဣသရေလအမျိုးသားတို့သည်၊ ပတ်ဝန်း ကျင်၌ရန်သူများကဲ့ရဲ့စရာဖြစ်လျက်၊ အာရုန်၏အားပေးမှုဖြင့်စည်းကမ်းမဲ့ ကခုန်မြူးထူးနေသည်ကို၊ မောရှေမြင်ရ၏။-
25 Quando Moisés viu que o povo estava sem controle, pois Arão o tinha deixado à solta para vergonha no meio dos seus inimigos,
26 ထို့ကြောင့်သူသည်စခန်းပေါက်ဝတွင်ရပ် လျက်``ထာဝရဘုရား၏ဘက်တော်သားဖြစ် သူတို့၊ ငါ့ထံသို့လာကြလော့'' ဟုအော်ဟစ် ဖိတ်ခေါ်လေ၏။ ထိုအခါလေဝိအမျိုးသား အပေါင်းတို့သည်မောရှေထံသို့စုရုံးလာ ကြသောအခါ၊-
26 pôs-se em pé à entrada do arraial e disse: — Quem é do Então se juntaram a ele todos os filhos de Levi,
27 မောရှေကသူတို့အား``ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားက`သင်တို့ တစ်ယောက်စီဋ္ဌားကိုကိုင်စွဲ၍၊ စခန်းတစ်ဘက် မှတစ်ဘက်သို့နေရာအနှံ့အပြားသွားပြီး လျှင်၊ သင်တို့၏ညီအစ်ကို၊ အဆွေခင်ပွန်း၊ အိမ်နီး ချင်းတို့ကိုသတ်လော့' ဟုမိန့်တော်မူသည်'' ဟု ဆင့်ဆိုလေ၏။-
27 aos quais ele disse: — Assim diz o
28 လေဝိအမျိုးသားတို့သည်မောရှေအမိန့် ပေးသည့်အတိုင်းဆောင်ရွက်သဖြင့်၊ ထိုနေ့ တွင်လူပေါင်းသုံးထောင်ခန့်သေဆုံးလေ၏။-
28 E os filhos de Levi fizeram segundo a palavra de Moisés e, naquele dia, morreram uns três mil homens.
29 ထိုနောက်မောရှေကလေဝိအမျိုးသားတို့ အား``ယနေ့တွင်သင်တို့သည်မိမိ၏သား ရင်းညီအစ်ကိုရင်းတို့ကိုသတ်ခြင်းအား ဖြင့်၊ ထာဝရဘုရား၏အမှုတော်ကိုဆောင် ရန်ယဇ်ပုရောဟိတ်များအဖြစ်မိမိတို့ ကိုယ်ကိုဆက်ကပ်ကြပြီ။ ထို့ကြောင့်ထာဝရ ဘုရားသည်သင်တို့အားကောင်းချီးပေး တော်မူပြီ'' ဟုဆို၏။
29 Pois Moisés tinha dito: “Consagrem-se hoje ao Senhor , cada um contra o seu filho e contra o seu irmão, para que hoje Deus lhes conceda uma bênção.”
30 နောက်တစ်နေ့တွင်မောရှေက ဣသရေလ အမျိုးသားတို့အား``သင်တို့သည်ကြီးလေး သောပြစ်မှုကူးလွန်ခဲ့ကြပြီ။ ယခုငါသည် ထာဝရဘုရားရှိတော်မူရာတောင်ပေါ်သို့ တက်မည်။ သင်တို့၏အပြစ်ကိုလွှတ်ရန် ထာဝရ ဘုရားအားတောင်းပန်၍ရကောင်းရလိမ့်မည်'' ဟုဆိုလေ၏။-
30 No dia seguinte, Moisés disse ao povo: — Vocês cometeram um grande pecado. Agora, porém, subirei ao
31 မောရှေသည်ထာဝရဘုရားထံတော်သို့ ပြန်လာ၍``ဤသူတို့သည်ကြီးလေးသော ပြစ်မှုကိုကူးလွန်ခဲ့ပါပြီ။ ရွှေဘုရား ကိုသွန်းလုပ်၍ကိုးကွယ်ကြပါ၏။-
31 Moisés voltou ao Senhor e disse: — Ah! O povo cometeu grande pecado, fazendo para si deuses de ouro.
32 သူတို့၏အပြစ်ကိုလွှတ်တော်မူပါ။ သူတို့၏ အပြစ်ကိုလွှတ်တော်မမူလျှင်၊ ကိုယ်တော်၏လူ မျိုးတော်နာမည်စာရင်းမှအကျွန်ုပ်၏နာမည် ကိုပယ်ဖျက်တော်မူပါ'' ဟုတောင်းပန်လျှောက် ထားလေ၏။
32 Agora, pois, perdoa-lhe o pecado; ou, se não, peço-te que me risques do livro que escreveste.
33 ထာဝရဘုရားက``ငါ့ကိုပြစ်မှားသူ၏ နာမည်ကိုသာငါ၏စာအုပ်မှပယ်ဖျက်မည်။-
33 Então o Senhor disse a Moisés: — Riscarei do meu livro todo aquele que pecar contra mim.
34 ယခုသွား၍သင့်အားငါမိန့်မှာပြီးသော အရပ်သို့သူတို့ကိုပို့ဆောင်လော့။ ငါ၏ကောင်း ကင်တမန်သည် သင့်အားလမ်းပြမည်။ သို့ရာ တွင်ဤသူတို့၏အပြစ်အတွက်ငါဒဏ်စီရင် မည့်အချိန်ကျရောက်လာလိမ့်မည်'' ဟုမိန့် တော်မူ၏။
34 Vá, pois, agora, e conduza o povo para o lugar do qual falei a você. Eis que o meu Anjo irá adiante de você. Porém, no dia da minha visitação, eu os castigarei pelo pecado que cometeram.
35 ထို့ကြောင့်ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့တွင်ကပ်ရောဂါဆိုက်ရောက် စေတော်မူ၏။ အဘယ်ကြောင့်ဆိုသော်သူတို့ သည်အာရုန်အား ရွှေနွားငယ်ရုပ်ကိုသွန်း လုပ်စေသောကြောင့်ဖြစ်သည်။
35 Assim, o Senhor feriu o povo, porque fizeram o bezerro — aquele que Arão tinha feito.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Êxodo 32, comparar traduções ou montar um estudo — tudo direto pelo WhatsApp.