Êxodo 30

Common Language Bible (MYA) vs BKJ

Sair da comparação
1 ``နံ့​သာ​ပေါင်း​မီး​ရှို့​ပူ​ဇော်​ရာ​ပလ္လင်​ကို အ​ကာ​ရှ သစ်​သား​ဖြင့်​ပြု​လုပ်​လော့။-
1 E farás um altar para sobre ele queimar incenso; de madeira de acácia o farás.
2 ထို​ပလ္လင်​သည်​စတုရန်း​ဖြစ်​၍၊ အ​လျား​တစ်​ဆယ့် ရှစ်​လက်​မ၊ အ​နံ​တစ်​ဆယ့်​ရှစ်​လက်​မ​နှင့်​အ​မြင့် သုံး​ဆယ့်​ခြောက်​လက်​မ​ရှိ​စေ​ရ​မည်။ ဦး​ချို သဏ္ဌာန်​ထောင့်​ချွန်း​အ​တက်​များ​သည်​ပလ္လင် နှင့်​တစ်​သား​တည်း​ဖြစ်​ရ​မည်။-
2 Um côvado será o seu comprimento, e um côvado a sua largura, será quadrado; e dois côvados será a sua altura; os seus chifres formarão parte dele.
3 ပလ္လင်​တော်​မျက်​နှာ​ပြင်၊ ဘေး​ပတ်​လည်၊ ထောင့်​ချွန် အ​တက်​များ​ကို​ရွှေ​ချ​ရ​မည်။ ပလ္လင်​အ​ပေါ်​နား ပတ်​လည်​တွင်​ရွှေ​ကွပ်​ရ​မည်။-
3 E o revestirás com ouro puro, o seu topo, e os seus lados ao redor, e os seus chifres; e farás para ele uma coroa de ouro ao redor.
4 ပလ္လင်​တော်​၏​ဘေး​နှစ်​ဘက်​အ​နား​အောက်​တွင် ထမ်း​ပိုး​များ​လျှို​ရန်​ရွှေ​ကွင်း​နှစ်​ကွင်း​တပ် ဆင်​ရ​မည်။-
4 E duas argolas de ouro lhe farás debaixo da sua coroa, nas suas duas pontas, nos dois lados dele o farás. E eles serão por lugares para as varas para carregá-lo.
5 ထမ်း​ပိုး​များ​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့် ပြု​လုပ်​၍ ရွှေ​ချ​ထား​ရ​မည်။-
5 E farás as varas de madeira de acácia, e as revestirás com ouro.
6 ပ​ဋိ​ညာဉ်​သေတ္တာ​ရှေ့​တွင်​ရှိ​သည့်​ကန့်​လန့်​ကာ အ​ပြင်​ဘက်​၌၊ ထို​ပလ္လင်​ကို​ထား​ရ​မည်။ ထို နေ​ရာ​၌​ငါ​သည်​သင်​နှင့်​တွေ့​ဆုံ​မည်။-
6 E o colocarás diante do véu que está junto à arca do testemunho, diante do propiciatório que está sobre o testemunho, onde me encontrarei contigo.
7 အာ​ရုန်​သည်​နံ​နက်​တိုင်း​မီး​ခွက်​များ​ကို​ပြင် သော​အ​ခါ၊ ပလ္လင်​ပေါ်​တွင်​နံ့​သာ​ပေါင်း​ကို မီး​ရှို့​ပူ​ဇော်​ရ​မည်။-
7 E Arão queimará sobre ele o incenso aromático todas as manhãs. Quando puser em ordem as lâmpadas, queimará o incenso sobre ele.
8 ည​ဦး​ယံ​တွင်​သူ​သည်​မီး​ခွက်​များ​ကို​ထွန်း သော​အ​ခါ​၌​လည်း နံ့​သာ​ပေါင်း​ကို​မီး​ရှို့ ပူ​ဇော်​ရ​မည်။ သင်​၏​အ​မျိုး​အ​စဉ်​အ​ဆက် တို့​သည်​နံ့​သာ​ပေါင်း​မီး​ရှို့​ပူ​ဇော်​ခြင်း​အ​မှု ကို​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​မ​ပြတ် မ​လပ်​ပြု​လုပ်​ရ​မည်။-
8 E quando Arão acender as lâmpadas à tarde, queimará o incenso sobre ele; um incenso perpétuo diante do SENHOR por todas as vossas gerações.
9 ထို​ပလ္လင်​ပေါ်​တွင်​ကား၊ တား​မြစ်​ထား​သော နံ့​သာ​ကို​မ​ပူ​ဇော်​ရ။ ယဇ်​ကောင်​ကို​သော် လည်း​ကောင်း၊ ဘော​ဇဉ်​ကို​သော်​လည်း​ကောင်း မ​ပူ​ဇော်​ရ။ စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ​ကို လည်း၊ မ​သွန်း​လောင်း​ရ။-
9 Não oferecereis incenso estranho sobre ele, nem oferta queimada, nem oferta de carne, nem derramareis ofertas de bebida sobre ele.
10 ``အာ​ရုန်​သည်​တစ်​နှစ်​လျှင်​တစ်​ကြိမ်​အ​ပြစ် ဖြေ​ရာ​ယဇ်​ကောင်​၏​အ​သွေး​ဖြင့်၊ ပလ္လင်​၏ ထောင့်​ချွန်​အ​တက်​လေး​ခု​ကို​သုတ်​လိမ်း​၍၊ ပလ္လင်​ကို​သန့်​ရှင်း​စေ​ရ​မည်။ သင်​၏​အ​မျိုး အ​စဉ်​အ​ဆက်​တို့​သည်​ထို​ဝတ်​ကို​နှစ်​စဉ် အ​မြဲ​ပြု​ရ​မည်။ ထို​ပလ္လင်​သည်​ငါ​ထာ​ဝ​ရ ဘု​ရား​အ​တွက်​ဆက်​ကပ်​သော၊ အ​လွန် သန့်​ရှင်း​သော​ပလ္လင်​ဖြစ်​သ​တည်း။''
10 E uma vez por ano Arão fará expiação sobre os chifres dele, com o sangue do sacrifício de expiação de pecado; uma vez por ano ele fará expiação sobre ele por todas as vossas gerações; é santíssimo ao SENHOR.
11 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
11 E falou o SENHOR a Moisés, dizendo:
12 ``သင်​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​သန်း ခေါင်​စာ​ရင်း​ကို​ကောက်​ယူ​သော​အ​ခါ စာ​ရင်း ယူ​ချိန်​တွင်၊ သူ​တို့​၌​ဘေး​မ​သင့်​စေ​ခြင်း​ငှာ၊ လူ​တိုင်း​မိ​မိ​၏​အ​သက်​ဖိုး​ကို​ထာ​ဝ​ရ ဘု​ရား​အား​ဆက်​သ​ရ​မည်။-
12 Quando tomares a soma dos filhos de Israel, segundo os seus números, então eles darão, cada homem, um resgate por sua alma ao SENHOR, quando os contares; para que não haja praga entre eles, quando os contares.
13 သန်း​ခေါင်​စာ​ရင်း​ဝင်​သူ​တိုင်း​သည်​လို​အပ်​သော အ​သက်​ဖိုး​ငွေ​ကို သတ်​မှတ်​ထား​သော​စံ​နှုန်း အ​တိုင်း​ခြင်​တွယ်​၍​ပေး​ရ​မည်။ လူ​တိုင်း​ထို အ​ခွန်​ငွေ​ကို​ငါ့​အား​ဆက်​ကပ်​ရ​မည်။-
13 Isto eles darão, cada um que passar entre os que forem contados, metade de um shekel, segundo o shekel do santuário (um shekel é vinte geras); metade de um shekel será a oferta ao SENHOR.
14 အ​သက်​နှစ်​ဆယ်​နှင့်​အ​ထက်​ရှိ​သော​သန်း ခေါင်​စာ​ရင်း​ဝင်​သူ​တိုင်း​သည်၊ ငါ့​အား​အ​ခွန် ငွေ​ဆက်​ကပ်​ရ​မည်။-
14 Todo o que passar entre os que são contados, de vinte anos para cima, dará uma oferta ao SENHOR.
15 ထာ​ဝ​ရ​ဘု​ရား​အား​သင်​တို့​၏​အ​သက်​ဖိုး ငွေ​ကို​ဆက်​သ​သော​အ​ခါ​ချမ်း​သာ​သူ​ဖြစ် စေ၊ ဆင်း​ရဲ​သူ​ဖြစ်​စေ၊ သတ်​မှတ်​ထား​သော ငွေ​ထက်​ပို​၍​သော်​လည်း​ကောင်း၊ လျော့​၍ သော်​လည်း​ကောင်း​မ​ပေး​စေ​ရ။-
15 O rico não dará mais e o pobre não dará menos do que metade de um shekel, quando derem uma oferta ao SENHOR, para fazer expiação por vossas almas.
16 သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​မှ ထို​ငွေ​ကို​လက်​ခံ​၍၊ ငါ​စံ​ရာ​တဲ​တော်​စ​ရိတ် အ​တွက်​အ​သုံး​ပြု​ရ​မည်။ သင်​တို့​၏​အ​သက် ဖိုး​အ​တွက်​ပေး​သော​အ​ခွန်​ငွေ​အား​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​အ​သက် ကို​ကာ​ကွယ်​ရန်​သ​တိ​ရ​မည်'' ဟု​မိန့်​တော် မူ​၏။
16 E tomarás o dinheiro da expiação dos filhos de Israel, e o destinarás ao serviço do tabernáculo da congregação para que seja um memorial para os filhos de Israel diante do SENHOR, para fazer expiação por vossas almas.
17 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊-
17 E falou o SENHOR a Moisés, dizendo:
18 ``ကြေး​ဝါ​အောက်​ခြေ​ခံ​သော​ကြေး​ဝါ​အင် တုံ​ကို​ပြု​လုပ်​လော့။ ထို​အင်​တုံ​ကို​ရေ​ဖြည့်​၍၊ ငါ​စံ​ရာ​တဲ​တော်​နှင့်​ယဇ်​ပလ္လင်​အ​ကြား​တွင် ထား​လော့။-
18 Também farás uma pia de bronze, e sua base também de bronze, para lavar; e a colocarás entre o tabernáculo da congregação e o altar, e nela colocarás água.
19 အာ​ရုန်​နှင့်​သူ​၏​သား​များ​သည်​မိ​မိ​တို့​၏ ခြေ​လက်​များ​ကို၊ ထို​အင်​တုံ​ရှိ​ရေ​ဖြင့်​ဆေး ကြော​ရ​မည်။-
19 Porque Arão e os seus filhos lavarão nela as suas mãos e os seus pés.
20 သူ​တို့​သည်​ငါ​စံ​ရာ​တဲ​တော်​ထဲ​သို့​မ​ဝင်​မီ ဖြစ်​စေ၊ ယဇ်​ပလ္လင်​ပေါ်​တွင်​ပူ​ဇော်​သ​ကာ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​မ​ပူ​ဇော်​မီ​ဖြစ်​စေ၊ ထို သို့​ခြေ​လက်​ကို​ဆေး​ကြော​ခြင်း​အား​ဖြင့်၊ အ​သက်​ချမ်း​သာ​ရာ​ရ​မည်။-
20 Quando entrarem para o tabernáculo da congregação, lavar-se-ão com água para que não morram; ou quando se aproximarem do altar para ministrar, para queimar a oferta feita no fogo ao SENHOR;
21 သူ​တို့​နှင့်​သူ​တို့​၏​အ​မျိုး​အ​စဉ်​အ​ဆက် တို့​သည်၊ ထို​ပ​ညတ်​ကို​အ​မြဲ​လိုက်​နာ​ရ ကြ​မည်'' ဟု​မိန့်​တော်​မူ​၏။
21 assim, lavarão as suas mãos e os seus pés para que não morram; e isto lhes será por estatuto eterno, para ele e para a sua descendência nas suas gerações.
22 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
22 Além disso, falou o SENHOR a Moisés, dizendo:
23 ``မု​ရန်​ဆီ​တစ်​ဆယ့်​နှစ်​ပေါင်၊ မွှေး​ကြိုင်​သော​သစ် ကြမ်း​ပိုး​ခြောက်​ပေါင်၊ စ​ပါး​လင်​ခြောက်​ပေါင်၊-
23 Tu também tomarás das principais especiarias, de mirra pura quinhentos shekels, e de canela aromática a metade, duzentos e cinquenta shekels, e de cálamo aromático duzentos e cinquenta shekels,
24 က​ရ​မက်​တစ်​ဆယ့်​နှစ်​ပေါင်​စ​သည့်​အ​ကောင်း​ဆုံး အ​မွှေး​အ​ကြိုင်​တို့​ကို (သတ်​မှတ်​ထား​သော​စံ​နှုန်း အ​တိုင်း​ခြင်​တွယ်​ရန်) သံ​လွင်​ဆီ​တစ်​ဂါ​လံ​နှင့် ရော​၍၊-
24 e de cássia quinhentos shekels, segundo o shekel do santuário, e de óleo de oliva um him.
25 ဆီ​မွှေး​ကဲ့​သို့​ဘိ​သိက်​ဆီ​ကို​ဖော်​စပ်​လော့။
25 E disto farás um óleo de unguento sagrado, um unguento composto segundo a arte do perfumista; será o óleo sagrado de unção.
26 ဤ​ဘိ​သိက်​ဆီ​ကို​အ​သုံး​ပြု​၍၊ ငါ​စံ​ရာ​တဲ တော်​နှင့်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​လည်း​ကောင်း၊-
26 E ungirás o tabernáculo da congregação com ele, e a arca do testemunho,
27 စား​ပွဲ​နှင့်​သက်​ဆိုင်​ရာ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို လည်း​ကောင်း၊ ဆီ​မီး​တိုင်​နှင့်​သက်​ဆိုင်​ရာ​ပစ္စည်း တို့​ကို​လည်း​ကောင်း၊ နံ့​သာ​ပေါင်း​မီး​ရှို့​ရာ ပလ္လင်​ကို​လည်း​ကောင်း၊-
27 e a mesa com todos os seus utensílios, e o candelabro e seus utensílios, e o altar de incenso,
28 မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​သော​ပလ္လင်​နှင့်​သက်​ဆိုင်​ရာ ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ အင်​တုံ​နှင့် အောက်​ခြေ​ခံ​ကို​လည်း​ကောင်း၊ ထို​နံ့​သာ​ဆီ ဖြင့်​သုတ်​လိမ်း​လော့။-
28 e o altar da oferta queimada com todos os seus utensílios, e a pia com a sua base.
29 ထို​အ​ရာ​များ​ကို​ဤ​သို့​ဆက်​ကပ်​ခြင်း​ဖြင့်၊ အ​လွန်​သန့်​ရှင်း​စေ​လော့။ ထို​အ​ရာ​များ​ကို ထိ​မိ​သော​အ​ရာ​ဟူ​သ​မျှ​တို့​သည် သန့် ရှင်း​လိမ့်​မည်။-
29 E os santificarás, para que sejam santíssimos; tudo que os tocar será santo.
30 ထို​နောက်​အာ​ရုန်​နှင့်​သူ​၏​သား​တို့​ကို၊ ငါ​၏ ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​အ​မှု​ထမ်း​စေ ရန် သူ​တို့​အား​နံ့​သာ​ဆီ​ဖြင့်​ဘိ​သိက်​ပေး လော့။-
30 E ungirás Arão e os seus filhos, e os consagrarás, para que ministrem a mim no ofício sacerdotal.
31 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဤ​သို့ ဆင့်​ဆို​လော့။ ငါ​၏​အ​မှု​တော်​ကို​ထမ်း​ရန် ဘိ​သိက်​ပေး​ရာ​၌၊ သင်​တို့​၏​သား​စဉ်​မြေး ဆက်​တို့​သည်​ဤ​သန့်​ရှင်း​သော​ဆီ​ကို​အ​သုံး ပြု​ရ​မည်။-
31 E falarás aos filhos de Israel, dizendo: Este será um santo óleo de unção para mim, por vossas gerações.
32 ထို​ဆီ​ကို​သာ​မန်​လူ​တို့​၏​ကိုယ်​ခန္ဓာ​ပေါ်​သို့ မ​သွန်း​လောင်း​ရ။ ထို​ဆီ​နှင့်​တူ​သော​ဆီ​မျိုး ကို​မ​ဖော်​စပ်​ရ။ ထို​ဆီ​သည်​သန့်​ရှင်း​သည် ဖြစ်​၍၊ သန့်​ရှင်း​သော​ဆီ​အ​ဖြစ်​လက်​ခံ​ရ မည်။-
32 Não será derramado sobre a carne do homem, nem fareis outro semelhante a ele, segundo a sua composição. Ele é santo, e será santo para vós.
33 မည်​သူ​မ​ဆို​ထို​ဆီ​နှင့်​တူ​သော​ဆီ​ကို​ဖော် စပ်​လျှင်​ဖြစ်​စေ၊ ယဇ်​ပု​ရော​ဟိတ်​မ​ဟုတ်​သူ အ​ပေါ်​သို့​ထို​ဆီ​ကို​လောင်း​လျှင်​ဖြစ်​စေ၊ ငါ ၏​လူ​မျိုး​တော်​မှ​အ​ပယ်​ခံ​ရ​မည်​ဟု​မိန့် တော်​မူ​၏။
33 Todo aquele que compuser algo como ele, ou todo aquele que colocar algo dele sobre um estranho, será cortado do seu povo.
34 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``မွှေး​ကြိုင် သော​နံ့​သာ​မျိုး​ဖြစ်​သည့်​အ​ကျော်၊ စံ​ပါ၊ က​ရ​မက်၊ လော်​ဗန်​စေး​စစ်​စစ်​တို့​ကို၊ ဆ​တူ ချိန်​ယူ​လော့။-
34 E o SENHOR disse a Moisés: Toma especiarias aromáticas, estoraque, e ônica, e gálbano; estas especiarias aromáticas com incenso puro, cada uma delas será de igual peso.
35 ရေ​မွှေး​ဖော်​စပ်​သ​ကဲ့​သို့၊ ထို​နံ့​သာ​တို့​ကို နံ့​သာ​ပေါင်း​အ​ဖြစ်​ဖော်​စပ်​လော့။ စင်​ကြယ်​၍ သီး​သန့်​စေ​ရန်​နံ့​သာ​ပေါင်း​တွင်​ဆား​ခပ် လော့။-
35 E farás um perfume, uma confecção segundo a arte do perfumista, temperado, puro e santo.
36 ထို​နံ့​သာ​ပေါင်း​အ​ချို့​ကို​ညက်​အောင်​ထောင်း​၍၊ ငါ​စံ​ရာ​တဲ​တော်​အ​တွင်း​ငါ​၏​ရှေ့​တော်​သို့ ဆောင်​ခဲ့​ပြီး​လျှင်၊ ပ​ဋိ​ညာဉ်​သေတ္တာ​အ​ရှေ့​၌ ဖြူး​ရ​မည်။ ထို​နံ့​သာ​ပေါင်း​ကို​အ​လွန်​သန့် ရှင်း​သော​နံ့​သာ​ပေါင်း​အ​ဖြစ်​လက်​ခံ​ရ​မည်။-
36 E moerás parte dele muito fino, e o colocarás diante do testemunho no tabernáculo da congregação, onde me encontrarei contigo; será para vós santíssimo.
37 သင်​တို့​ကိုယ်​တိုင်​သုံး​ရန်​အ​တွက်၊ ထို​နိ​ဿ ရည်း​ဖြင့်​နံ့​သာ​ပေါင်း​ကို​မ​ဖော်​စပ်​ရ။ ထို နံ့​သာ​ပေါင်း​သည်​ငါ့​အ​ဖို့​ဆက်​ကပ်​ထား သည်​ဖြစ်​၍၊ သန့်​ရှင်း​သော​နံ့​သာ​ပေါင်း အ​ဖြစ်​လက်​ခံ​ရ​မည်။-
37 E quanto ao perfume que farás, não fareis para vós mesmos de acordo com a sua composição; ele será para vós santo ao SENHOR.
38 ထို​နံ့​သာ​ပေါင်း​ကို​မိ​မိ​အ​တွက်​အ​မွှေး အ​ကြိုင်​အ​ဖြစ်​ဖော်​စပ်​သူ​သည်၊ ငါ​၏​လူ မျိုး​တော်​မှ​အ​ပယ်​ခံ​ရ​မည်'' ဟု​မိန့်​တော် မူ​၏။
38 Todo aquele que fizer semelhante a ele, para cheirar, será cortado do seu povo.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Êxodo 30, comparar traduções ou montar um estudo — tudo direto pelo WhatsApp.