Êxodo 29

Common Language Bible (MYA) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ``ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​ငါ​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​ရန်​အာ​ရုန်​နှင့်​သူ​၏​သား​တို့​အား ဤ​သို့​ဆက်​ကပ်​ရ​မည်။ အ​ပြစ်​အ​နာ​ကင်း​သော နွား​ပေါက်​တစ်​ကောင်​နှင့်​သိုး​ထီး​နှစ်​ကောင်​ကို ယူ​ခဲ့​လော့။-
1 "Assim você os consagrará, para que me sirvam como sacerdotes: separe um novilho e dois cordeiros sem defeito.
2 ဆီ​ပါ​သော​မုန့်၊ ဆီ​လူး​သော​မုန့်​ချပ်​တို့​ကို လည်း​ယူ​လော့။ ထို​မုန့်​များ​ကို​တ​ဆေး​မ​ပါ သော​အ​ကောင်း​ဆုံး​ဂျုံ​မုန့်​ညက်​ဖြင့်​ပြု​လုပ် ရ​မည်။-
2 Com a melhor farinha de trigo, sem fermento, faça pães e bolos amassados com azeite, e pães finos, untados com azeite.
3 ထို​မုန့်​များ​ကို​တောင်း​တစ်​လုံး​တွင်​ထည့် လော့။ နွား​နှင့်​သိုး​နှစ်​ကောင်​ကို​ယဇ်​ပူ​ဇော် သော​အ​ခါ၊ မုန့်​များ​ကို​ပါ​ငါ့​အား​ပူ​ဇော် လော့။
3 Coloque-os numa cesta e ofereça-os dentro dela; também ofereça o novilho e os dois cordeiros.
4 ``အာ​ရုန်​နှင့်​သူ​၏​သား​များ​ကို ငါ​စံ​ရာ​တဲ တော်​တံ​ခါး​ဝ​သို့​ခေါ်​ဆောင်​ခဲ့​ပြီး​လျှင် သူ တို့​အား​ရေ​ချိုး​စေ​ရ​မည်။-
4 Depois traga Arão e seus filhos à entrada da Tenda do Encontro e mande-os se lavar.
5 ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​အ​ဝတ်​တန်​ဆာ များ​ဖြစ်​သော​အင်္ကျီ၊ ဝတ်​ရုံ၊ သင်​တိုင်း​နှင့် ရင်​ဖုံး​တို့​ကို​အာ​ရုန်​အား​ဝတ်​ဆင်​ပေး​၍ ရင်​စည်း​ကို​ပေး​ရ​မည်။-
5 Pegue as vestes e vista Arão com a túnica e o peitoral. Prenda o colete sacerdotal sobre ele com o cinturão.
6 ဦး​ခေါင်း​ပေါ်​တွင်​ခေါင်း​ပေါင်း​ကို​တင်​၍ `ထာ​ဝ​ရ ဘု​ရား​အား ဆက်​ကပ်​ထား​သည်' ဟု​ကမ္ပည်း​ထွင်း ထား​သော​ရွှေ​ပြား​ကို​ခေါင်း​ပေါင်း​ပေါ်​တွင် ချည်​ရ​မည်။-
6 Ponha-lhe o turbante na cabeça e prenda a coroa sagrada ao turbante.
7 ထို​နောက်​သူ​၏​ဦး​ခေါင်း​ပေါ်​မှာ​ဘိ​သိက်​ဆီ လောင်း​လျက်​ဘိ​သိက်​ပေး​ရ​မည်။
7 Unja-o com o óleo da unção, derramando-o sobre a cabeça de Arão.
8 ``သူ​၏​သား​များ​ကို​လည်း​ခေါ်​ပြီး​လျှင် အင်္ကျီ​များ​ကို​ဝတ်​ပေး​လော့။-
8 Traga os filhos dele, vista a cada um com uma túnica
9 ခါး​ပန်း​ကို​စည်း​ပေး​လော့။ ဦး​ထုပ်​ရှည်​များ ကို​ဆောင်း​ပေး​လော့။ သင်​သည်​ဤ​သို့​လျှင် အာ​ရုန်​နှင့်​သူ​၏​သား​များ​တို့​ကို​ဘိ​သိက် ပေး​ရ​မည်။ သူ​တို့​နှင့်​သူ​တို့​၏​အ​ဆက် အ​နွယ်​တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဖြင့် ငါ​၏​အ​မှု​တော်​ကို​အ​စဉ်​ထာ​ဝ​ရ ဆောင်​ရွက်​ရ​မည်။
9 e um gorro na cabeça. Ponha também os cinturões em Arão e em seus filhos. O sacerdócio lhes pertence como ordenança perpétua. Assim você dedicará Arão e seus filhos.
10 ``ထို​နောက်​နွား​ထီး​ကို​ငါ​စံ​ရာ​တဲ​တော်​အ​ရှေ့ သို့​ဆောင်​ခဲ့​၍ အာ​ရုန်​နှင့်​သူ​၏​သား​များ​အား နွား​၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို​တင်​စေ​ရ​မည်။-
10 "Traga o novilho para a frente da Tenda do Encontro. Arão e seus filhos colocarão as mãos sobre a cabeça do novilho,
11 ငါ​စံ​ရာ​တဲ​တော်​တံ​ခါး​ဝ၊ ငါ​၏​ရှေ့​တော်​တွင် နွား​ကို​သတ်​ရ​မည်။-
11 e você o sacrificará na presença do Senhor, defronte da Tenda do Encontro.
12 ဦး​ချို​သဏ္ဌာန်​ရှိ​သော​ပလ္လင်​၏​အ​ချွန်​အ​တက် များ​တွင် နွား​သွေး​အ​နည်း​ငယ်​ကို၊ သင်​၏ လက်​ချောင်း​ဖြင့်​သုတ်​ရ​မည်။ ကျန်​ရှိ​နေ​သော နွား​သွေး​အား​လုံး​ကို၊ ပလ္လင်​၏​ခြေ​ရင်း​တွင် လောင်း​ရ​မည်။-
12 Com o dedo, coloque um pouco do sangue do novilho nas pontas do altar e derrame o resto do sangue na base do altar.
13 ထို​နောက်​နွား​ဝမ်း​တွင်း​သား​မှ​အ​ဆီ​ရှိ​သ​မျှ၊ အ​သဲ​မှ​အ​ဆီ၊ ကျောက်​ကပ်​နှစ်​လုံး​နှင့်​တ​ကွ အ​ဆီ​တို့​ကို၊ ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော် ရ​မည်။-
13 Depois tire toda a gordura que cobre as vísceras, o lóbulo do fígado, e os dois rins com a gordura que os envolve, e queime-os no altar.
14 နွား​၏​အ​သား၊ သား​ရေ​နှင့်​ဝမ်း​တွင်း​သား​တို့ ကို​မူ​ကား၊ စ​ခန်း​အ​ပြင်​၌​မီး​ရှို့​ရ​မည်။ ထို ယဇ်​ပူ​ဇော်​ခြင်း​သည်​ယဇ်​ပု​ရော​ဟိတ်​များ​၏ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​၏။
14 Mas queime a carne, o couro e o excremento do novilho fora do acampamento; é oferta pelo pecado.
15 ``အာ​ရုန်​နှင့်​သူ​၏​သား​တို့​သည် သိုး​ထီး​တစ် ကောင်​၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို​တင်​ရ​မည်။-
15 "Separe um dos cordeiros sobre cuja cabeça Arão e seus filhos terão que colocar as mãos.
16 ထို​နောက်​သိုး​ကို​သတ်​၍​အ​သွေး​ကို ယဇ်​ပလ္လင် ၏​လေး​ဘက်​လေး​တန်​အ​ပေါ်​သို့​ပက်​ဖျန်း ရ​မည်။-
16 Sacrifique-o, pegue o sangue e jogue-o nos lados do altar.
17 သိုး​ကို​အ​ပိုင်း​ပိုင်း​ဖြတ်​ရ​မည်။ သိုး​၏​ဝမ်း​တွင်း သား​နှင့်​နောက်​ခြေ​ထောက်​တို့​ကို​ဆေး​ကြော​၍၊ ဦး​ခေါင်း​နှင့်​အ​ခြား​အ​သား​ပိုင်း​များ​ပေါ် တွင်​တင်​ပြီး​လျှင်၊-
17 Corte o cordeiro em pedaços, lave as vísceras e as pernas e coloque-as ao lado da cabeça e das outras partes.
18 သိုး​တစ်​ကောင်​လုံး​ကို​ယဇ်​ပလ္လင်​ထက်​တွင်​မီး​ရှို့ ပူ​ဇော်​ရ​မည်။ ဤ​သို့​ပူ​ဇော်​ခြင်း​သည်​ထာ​ဝ​ရ ဘု​ရား​အား ဆက်​သ​သော​မီး​ရှို့​ပူ​ဇော်​သကာ ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​ယဇ်​မှ​ရ​နံ့ ကို​နှစ်​သက်​တော်​မူ​၏။
18 Depois queime o cordeiro inteiro sobre o altar; é holocausto dedicado ao Senhor; é oferta de aroma agradável dedicada ao Senhor, preparada no fogo.
19 ``ထို​နောက်​အာ​ရုန်​နှင့်​သူ​၏​သား​တို့​အား ဒု​တိ​ယ​သိုး​၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို တင်​စေ​ရ​မည်။ ထို​သိုး​သည်​ယဇ်​ပု​ရော​ဟိတ် အ​ဖြစ်​ခံ​ယူ​ရာ​၌​ပူ​ဇော်​သော​သိုး​ဖြစ်​၏။-
19 "Pegue depois o outro cordeiro. Arão e seus filhos colocarão as mãos sobre a cabeça do animal,
20 သိုး​ကို​သတ်​၍​သွေး​အ​နည်း​ငယ်​ကို​အာ​ရုန် နှင့်​သူ​၏​သား​များ​၏​ယာ​ဘက်​နား​ပျဉ်း၊ ယာ ဘက်​လက်​မ​နှင့်​ယာ​ဘက်​ခြေ​မ​တို့​ကို​သုတ် ရ​မည်။ ကျန်​ရှိ​နေ​သော​သွေး​ကို​ယဇ်​ပလ္လင်​၏ လေး​ဘက်​လေး​တန်​အ​ပေါ်​သို့​ပက်​ဖျန်း​ရ မည်။-
20 e você o sacrificará. Pegue do sangue e coloque-o na ponta da orelha direita de Arão e dos seus filhos, no polegar da mão direita e do pé direito de cada um deles. Depois derrame o resto do sangue nos lados do altar.
21 ယဇ်​ပလ္လင်​ပေါ်​တွင်​ရှိ​သော​သွေး​အ​နည်း​ငယ်​နှင့် ဘိ​သိက်​ဆီ​အ​နည်း​ငယ်​ကို​ယူ​၍၊ အာ​ရုန်​နှင့် သူ​၏​အဝတ်​အင်္ကျီ​တို့​အ​ပေါ်​၌​လည်း​ကောင်း၊ သူ​၏​သား​များ​နှင့်​သူ​တို့​၏​အ​ဝတ်​အင်္ကျီ​တို့ အ​ပေါ်​၌​လည်း​ကောင်း​ဖျန်း​ရ​မည်။ ဤ​နည်း အား​ဖြင့်​အာ​ရုန်​နှင့်​သူ​၏​အ​ဝတ်​အင်္ကျီ​တို့ ကို​လည်း​ကောင်း၊ သူ​၏​သား​များ​နှင့်​သူ​တို့ ၏​အ​ဝတ်​အင်္ကျီ​များ​ကို​လည်း​ကောင်း​ငါ့ အား​ဆက်​ကပ်​ရ​မည်။
21 Pegue, então, um pouco do sangue do altar e um pouco do óleo da unção, e faça aspersão com eles sobre Arão e suas vestes, sobre seus filhos e as vestes deles. Assim serão consagrados, ele e suas vestes, seus filhos e as vestes deles.
22 ``သိုး​၏​အ​ဆီ၊ အ​ဆီ​ရှိ​သော​အ​မြီး၊ ဝမ်း​တွင်း ဆီ၊ အ​သဲ​မှ​အ​ဆီ၊ ကျောက်​ကပ်​နှစ်​လုံး​နှင့်​ယင်း တို့​ကို​ဖုံး​သော​အ​ဆီ​နှင့်​ယာ​ဘက်​ပေါင်​တို့ ကို​ဖြတ်​ယူ​ရ​မည်။-
22 "Tire desse cordeiro a gordura, a parte gorda da cauda, a gordura que cobre as vísceras, o lóbulo do fígado, os dois rins e a gordura que os envolve, e a coxa direita. Este é o cordeiro da oferta de ordenação.
23 ငါ့​အား​ဆက်​သ​ထား​သော​မုန့်​ခြင်း​တောင်း ထဲ​မှ တ​ဆေး​မ​ပါ​သော​မုန့်​တစ်​လုံး၊ ဆီ​နှင့် လုပ်​သော​မုန့်​တစ်​လုံး၊ မုန့်​ပြား​တစ်​ချပ်​ကို ယူ​လော့။
23 Tire da cesta de pães sem fermento um pão, um bolo assado com azeite e um pão fino.
24 ``ထို​ပူ​ဇော်​သ​ကာ​အား​လုံး​တို့​ကို​အာ​ရုန်​နှင့် သူ​၏​သား​များ​လက်​ထဲ​သို့​ထည့်​၍ သူ​တို့​က အ​ထူး​ပူ​ဇော်​သ​ကာ​အ​ဖြစ်​ငါ့​အား​ဆက် သ​စေ​ရ​မည်။-
24 Coloque tudo nas mãos de Arão e de seus filhos, e apresente-os como oferta ritualmente movida perante o Senhor.
25 ထို​နောက်​သူ​တို့​၏​လက်​ထဲ​မှ​ပူ​ဇော်​သ​ကာ တို့​ကို​ယူ​၍ ပလ္လင်​ပေါ်​ရှိ​မီး​ရှို့​ရာ​ယဇ်​အ​ပေါ် တွင်​တင်​လျက်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ငါ​သည်​ထို ယဇ်​မှ​ရ​နံ့​ကို​နှစ်​သက်​တော်​မူ​၏။
25 Em seguida retome-o das mãos deles e queime os pães no altar com o holocausto de aroma agradável ao Senhor; é oferta dedicada ao Senhor, preparada no fogo.
26 ``ထို​သိုး​၏​ရင်​ပုံ​သား​ကို​ယူ​၍ အ​ထူး​ပူ ဇော်​သ​ကာ​အ​ဖြစ်​ငါ့​အား​ဆက်​သ​ရ​မည်။ ဤ​ရင်​ပုံ​သား​သည်​သင့်​အ​တွက်​ဖြစ်​သည်။
26 Tire o peito do cordeiro para a ordenação de Arão e mova-o perante o Senhor, como gesto ritual de apresentação; essa parte pertencerá a você.
27 ``ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ခံ​ယူ​ရာ​၌ ပူ​ဇော် သော​သိုး​၏​ရင်​ပုံ​သား​နှင့်​ပေါင်​ကို​အ​ထူး ပူ​ဇော်​သကာ​အ​ဖြစ် ငါ့​အား​ဆက်​သ​သော အ​ခါ​ထို​အ​သား​ပိုင်း​တို့​သည် ယဇ်​ပု​ရော ဟိတ်​များ​၏​ဝေ​စု​ဖြစ်​စေ​ရ​မည်။-
27 "Consagre aquelas partes do cordeiro da ordenação que pertencem a Arão e a seus filhos: o peito e a coxa movidos como oferta.
28 ငါ​၏​လူ​မျိုး​တော်​သည်​မိတ်​သ​ဟာ​ယ​ယဇ် ကို​ပူ​ဇော်​သော​အ​ခါ၊ ယဇ်​ကောင်​၏​ရင်​ပုံ​သား နှင့်​ပေါင်​ကို​ယဇ်​ပု​ရော​ဟိတ်​အား​ဝေ​ပုံ​စု အ​ဖြစ်​ပေး​ရ​မည်​ဟူ​သော​ပ​ညတ်​ကို​အ​မြဲ စောင့်​ရှောက်​လော့။ ဤ​ကား၊ လူ​တို့​က​ငါ​ထာ​ဝ​ရ ဘု​ရား​အား​ဆက်​သ​သော​ပူ​ဇော်​သ​ကာ​ဖြစ်​၏။
28 Essas partes sempre serão dadas pelos israelitas a Arão e a seus filhos. É a contribuição obrigatória que lhes farão, das suas ofertas de comunhão ao Senhor.
29 ``အာ​ရုန်​အ​နိစ္စ​ရောက်​သော​အ​ခါ၊ သူ​၏​သား တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ခံ​ယူ​ရာ​၌ ဝတ်​ဆင်​နိုင်​စေ​ရန်၊ သူ​၏​ယဇ်​ပု​ရော​ဟိတ် ဝတ်​စုံ​ကို​ဆက်​ခံ​စေ​ရ​မည်။-
29 "As vestes sagradas de Arão passarão aos seus descendentes, que, com elas serão ungidos e consagrados.
30 ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​အာ​ရုန်​ကို​ဆက်​ခံ​၍ သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင်​အ​မှု​တော်​ဆောင်​ရန်၊ ငါ​စံ​ရာ​တဲ​တော်​ထဲ​သို့​ဝင်​သော​သား​သည် အာ​ရုန်​၏​ဝတ်​စုံ​ကို​ခု​နစ်​ရက်​ပတ်​လုံး​ဝတ် ဆင်​ရ​မည်။
30 O filho que o suceder como sacerdote e vier à Tenda do Encontro para ministrar no Lugar Santo terá que usá-las durante sete dias.
31 ``အာ​ရုန်​နှင့်​သူ​၏​သား​များ​ယဇ်​ပု​ရော​ဟိတ် အ​ဖြစ်​ခံ​ယူ​ရာ​၌ ပူ​ဇော်​သော​သိုး​၏​အ​သား ကို၊ သီး​သန့်​ရာ​ဌာ​န​တွင်​ပြုတ်​ရ​မည်။-
31 "Pegue o cordeiro da ordenação e cozinhe a sua carne num lugar sagrado.
32 ငါ​စံ​ရာ​တဲ​တော်​တံ​ခါး​ဝ​တွင်​အာ​ရုန်​နှင့်​သူ ၏​သား​တို့​သည်၊ ထို​အ​သား​နှင့်​တောင်း​ထဲ​တွင် ကျန်​သော​မုန့်​ကို​စား​ရ​ကြ​မည်။-
32 À entrada da Tenda do Encontro, Arão e seus filhos deverão comer a carne do cordeiro e o pão que está na cesta.
33 သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ခံ​ယူ​ရာ​၌ အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ် ပူ​ဇော်​သော​အ​စား အ​စာ​များ​ကို​စား​ရ​မည်။ ထို​အ​စား​အ​စာ တို့​သည်​သန့်​ရှင်း​သော​ကြောင့်​ယဇ်​ပု​ရော​ဟိတ် များ​က​သာ​စား​ရ​ကြ​မည်။-
33 Eles comerão dessas ofertas com as quais se fez propiciação para sua ordenação e consagração; somente os sacerdotes poderão comê-las, pois são sagradas.
34 ထို​အ​သား​နှင့်​မုန့်​တို့​သည်​နံ​နက်​သို့​တိုင်​အောင် ကျန်​ကြွင်း​နေ​သေး​လျှင်​မီး​ရှို့​ပစ်​ရ​မည်။ ထို အ​စား​အ​စာ​တို့​သည်​သန့်​ရှင်း​သော​ကြောင့် မည်​သူ​မျှ​မ​စား​ရ။
34 Se sobrar da carne do cordeiro da ordenação ou do pão até a manhã seguinte, queime a sobra. Não se deve comê-la, visto que é sagrada.
35 ``ငါ​မိန့်​မှာ​သည့်​အ​တိုင်း​အာ​ရုန်​နှင့်​သူ​၏ သား​တို့​အား ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ခံ​ယူ စေ​သည့်​မင်္ဂ​လာ​ကို​ခု​နစ်​ရက်​ပတ်​လုံး​ကျင်း​ပ ရ​မည်။-
35 "Para a ordenação de Arão e seus filhos, faça durante sete dias tudo o que lhe mandei.
36 အ​ပြစ်​ပြေ​စေ​ရန်​နွား​ထီး​တစ်​ကောင်​ကို​နေ့ တိုင်း​ယဇ်​ပူ​ဇော်​ရ​မည်။ ဤ​သို့​အား​ဖြင့်​ယဇ် ပလ္လင်​ကို​သန့်​ရှင်း​စေ​မည်။ ထို​နောက်​ယဇ်​ပလ္လင် ကို​သံ​လွင်​ဆီ​လောင်း​၍​ဆက်​ကပ်​ရ​မည်။-
36 Sacrifique um novilho por dia como oferta pelo pecado para fazer propiciação. Purifique o altar, fazendo propiciação por ele, e unja-o para consagrá-lo.
37 ခု​နစ်​ရက်​တိုင်​အောင်​နေ့​စဉ်​ဤ​သို့​ပြု​လုပ်​ရ မည်။ ထို​အ​ခါ​ယဇ်​ပလ္လင်​သည်​အ​လွန်​သန့်​ရှင်း သ​ဖြင့်၊ ပလ္လင်​နှင့်​ထိ​မိ​သော​အ​ရာ​နှင့်​လူ​မှန် သ​မျှ​တို့​သည်​ဘေး​သင့်​လိမ့်​မည်။
37 Durante sete dias faça propiciação pelo altar, consagrando-o. Então o altar será santíssimo, e tudo o que nele tocar será santo.
38 ``ယဇ်​ပလ္လင်​ပေါ်​တွင်​နေ့​စဉ်​မ​ပြတ်​တစ်​နှစ် သား​သိုး​က​လေး​နှစ်​ကောင်​ကို​ပူ​ဇော်​ရ​မည်။-
38 "Eis o que você terá que sacrificar regularmente sobre o altar: a cada dia dois cordeiros de um ano.
39 နံ​နက်​တွင်​တစ်​ကောင်၊ ည​နေ​တွင်​တစ်​ကောင် ပူ​ဇော်​ရ​မည်။-
39 Ofereça um de manhã e o outro ao entardecer.
40 ပ​ထ​မ​သိုး​နှင့်​အ​တူ​ဂျုံ​မုန့်​ညက်​နှစ်​ပေါင်​နှင့် သံ​လွင်​ဆီ​တစ်​ကွတ်​ရော​သော​ပူ​ဇော်​သ​ကာ ကို​လည်း​ပူ​ဇော်​ရ​မည်။ စ​ပျစ်​ရည်​တစ်​ကွတ် ကို​လည်း​ပူ​ဇော်​သ​ကာ​အ​ဖြစ်​လောင်း​ချ ရ​မည်။-
40 Com o primeiro cordeiro ofereça um jarro da melhor farinha misturada com um litro de azeite de olivas moídas, e um litro de vinho como oferta derramada.
41 ည​နေ​တွင်​ဒု​တိ​ယ​သိုး​ကို​ပူ​ဇော်​လော့။ နံ နက်​တွင်​ပူ​ဇော်​သော​မုန့်​ညက်၊ သံ​လွင်​ဆီ၊ စ​ပျစ် ရည်​အ​ခြင်​အ​တွယ်​အ​တိုင်း၊ ည​နေ​၌​လည်း ပူ​ဇော်​လော့။ ဤ​သည်​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​သော​မွှေး​ကြိုင်​သည့်​ပူ​ဇော် သ​ကာ​ဖြစ်​၏။-
41 Ofereça o outro cordeiro ao entardecer com uma oferta de cereal e uma oferta derramada, como de manhã. É oferta de aroma agradável ao Senhor, preparada no fogo.
42 ငါ​စံ​ရာ​တဲ​တော်​တံ​ခါး​ဝ​၌​ဤ​မီး​ရှို့​ရာ ယဇ်​ကို၊ ငါ​၏​ရှေ့​တော်​တွင်​သား​စဉ်​မြေး​ဆက် ပူ​ဇော်​ရ​မည်။ ထို​နေ​ရာ​တွင်​ငါ​သည်​ငါ​၏ လူ​မျိုး​တော်​နှင့်​တွေ့​ဆုံ​စ​ကား​ပြော​မည်။-
42 "De geração em geração esse holocausto deverá ser feito regularmente à entrada da Tenda do Encontro, diante do Senhor. Nesse local eu os encontrarei e falarei com você;
43 ထို​နေ​ရာ​တွင်​ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​နှင့်​တွေ့​ဆုံ​၍၊ ငါ​၏​တောက်​ပ​သော ဘုန်း​အ​သ​ရေ​တော်​ဖြင့် ထို​အ​ရပ်​ကို​သန့်​ရှင်း ရာ​အ​ရပ်​ဖြစ်​စေ​မည်။-
43 ali me encontrarei com os israelitas, e o lugar será consagrado pela minha glória.
44 ငါ​သည်​ငါ​စံ​ရာ​တဲ​တော်​နှင့်​ယဇ်​ပလ္လင်​တို့​ကို သန့်​ရှင်း​စေ​၍၊ ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ် ငါ ၏​အ​မှု​တော်​ကို​ဆောင်​ရန်​အာ​ရုန်​နှင့်​သူ​၏ သား​တို့​ကို​သီး​သန့်​ရွေး​ချယ်​ခန့်​ထား​မည်။-
44 "Assim consagrarei a Tenda do Encontro e o altar, e consagrarei também Arão e seus filhos para me servirem como sacerdotes.
45 ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် အ​တူ​နေ​၍၊ သူ​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​မည်။-
45 E habitarei no meio dos israelitas e lhes serei o seu Deus.
46 ငါ​သည်​သူ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် သော​သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ကြ​မည်​ဖြစ်​၍၊ ငါ သည်​သူ​တို့​နှင့်​နေ​မည်။ ငါ​သည်​သူ​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။
46 Saberão que eu sou o Senhor, o seu Deus, que os tirou do Egito para habitar no meio deles. Eu sou o Senhor, o seu Deus. "

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Êxodo 29, comparar traduções ou montar um estudo — tudo direto pelo WhatsApp.