Êxodo 26

Common Language Bible (MYA) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ``ငါ​စံ​တော်​မူ​ရာ​တဲ​တော်​ကို ချည်​ချော၊ သိုး​မွေး အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​တို့​နှင့်​ရက် သော​ကန့်​လန့်​ကာ​ဆယ်​ခု​ဖြင့်​ပြု​လုပ်​လော့။ ထို ကန့်​လန့်​ကာ​များ​တွင် ခေ​ရု​ဗိမ်​ရုပ်​များ​ပန်း ပေါက်​ဖော်​ထား​ရ​မည်။-
1 "Faça o tabernáculo com dez cortinas internas de linho fino trançado e de fios de tecido azul, roxo e vermelho, e nelas mande bordar querubins.
2 ကန့်​လန့်​ကာ​များ​သည်​အ​လျား​တစ်​ဆယ့် လေး​ကိုက်၊ အ​နံ​နှစ်​ကိုက်​စီ​ရှိ​စေ​ရ​မည်။-
2 Todas as cortinas internas terão a mesma medida: doze metros e sessenta centímetros de comprimento e um metro e oitenta centímetros de largura.
3 ကန့်​လန့်​ကာ​ငါး​ထည်​ကို​စပ်​၍​ချုပ်​ရ​မည်။ အ​ခြား​ငါး​ထည်​ကို​လည်း​ထို​အ​တိုင်း​ချုပ် ရ​မည်။-
3 Prenda cinco dessas cortinas internas uma com a outra e faça o mesmo com as outra cinco.
4 ကန့်​လန့်​ကာ​တစ်​စုံ​စီ​၏​အ​ပြင်​ဘက်​နား​များ တွင် တပ်​ရန်​ပိတ်​အ​ပြာ​ကွင်း​များ​ကို​ပြု​လုပ် ရ​မည်။-
4 Faça laçadas de tecido azul ao longo da borda da cortina interna, na extremidade do primeiro conjunto de cortinas internas; o mesmo será feito à cortina interna na extremidade do outro conjunto.
5 ငါး​ထည်​စပ်​ပ​ထ​မ​ကန့်​လန့်​ကာ​ရှိ​ရှေ့​ဆုံး အ​ထည်​တွင်​ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း၊ ဒု​တိ​ယ​ငါး​ထည်​စပ်​ကန့်​လန့်​ကာ​ရှိ​နောက် ဆုံး​အ​ထည်​တွင် ကွင်း​ငါး​ဆယ်​ကို​လည်း ကောင်း​ကွင်း​ဆိုင်​မီ​အောင်​တပ်​ထား​ရ​မည်။-
5 Faça cinqüenta laçadas numa cortina interna e cinqüenta laçadas na cortina interna que está na extremidade do outro conjunto, de modo que as laçadas estarão opostas umas às outras.
6 ကန့်​လန့်​ကာ​နှစ်​စုံ​ကို​တစ်​ခု​တည်း​ဖြစ်​စေ​ရန် ဆက်​ရ​မည့်​ရွှေ​ချိတ်​ငါး​ဆယ်​ကို​ပြုလုပ်​လော့။
6 Faça também cinqüenta colchetes de ouro com os quais se prenderão as cortinas internas uma na outra, para que o tabernáculo seja um todo.
7 ``တဲ​တော်​အ​မိုး​အ​တွက်​အ​ထည်​တစ်​ဆယ့် တစ်​ထည်​ကို ဆိတ်​မွေး​နှင့်​ရက်​လုပ်​လော့။-
7 "Com o total de onze cortinas internas de pêlos de cabra faça uma tenda para cobrir o tabernáculo.
8 တစ်​ထည်​လျှင်​အ​လျား​တစ်​ဆယ့်​ငါး​ကိုက်၊ အ​နံ​နှစ်​ကိုက်​စီ​ရှိ​စေ​ရ​မည်။-
8 As onze cortinas internas terão o mesmo tamanho: treze metros e meio de comprimento e um metro e oitenta centímetros de largura.
9 အ​ထည်​ငါး​ထည်​ကို​တစ်​စပ်၊ အ​ခြား​ခြောက် ထည်​ကို​တစ်​စပ်​ချုပ်​ရ​မည်။ ဆ​ဋ္ဌ​မ​အ​ထည် ကို​တဲ​တော်​ဦး​၌​ခေါက်​တင်​ထား​ရ​မည်။-
9 Prenda de um lado cinco cortinas internas e também as outras seis do outro lado. Dobre em duas partes a sexta cortina interna na frente da tenda.
10 ပ​ထ​မ​အ​စပ်​၏​နောက်​ဆုံး​အ​ထည်​နား​တွင် ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း၊ ဒု​တိ​ယ​အ​စပ် ၏​အ​နား​တွင်​ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း တပ်​ထား​ရ​မည်။-
10 Faça cinqüenta laçadas ao longo da borda da cortina interna na extremidade do primeiro conjunto de cortinas, e também ao longo da borda da cortina interna do outro conjunto.
11 ထို​အ​ထည်​နှစ်​စပ်​ကို​ပေါင်း​၍​တဲ​တော်​၏ အ​မိုး​ဖြစ်​စေ​ရန် ကြေး​ဝါ​ချိတ်​ငါး​ဆယ်​ကို ပြု​လုပ်​ပြီး​လျှင်​ကွင်း​များ​တွင်​ချိတ်​ဆက် ပေး​လော့။-
11 Em seguida faça cinqüenta colchetes de bronze e ponha-os nas laçadas para unir a tenda como um todo.
12 ပို​နေ​သည့်​အ​ထည်​တစ်​ဝက်​ကို​တဲ​တော်​နောက် မှာ​တွဲ​ကျ​စေ​ရ​မည်။-
12 Quanto à sobra no comprimento das cortinas internas da tenda, a meia cortina interna que sobrar será pendurada na parte de trás do tabernáculo.
13 အ​ထည်​အ​လျား​တစ်​ဘက်​တစ်​ချက်​တွင်​ပို ထွက်​နေ​သည့်​ကိုက်​တစ်​ဝက်​ကို တဲ​တော်​၏ ဘေး​ဘက်​၌​တွဲ​ကျ​စေ​ရ​မည်။
13 As dez cortinas internas serão quarenta e cinco centímetros mais compridas de cada lado; e o que sobrar será pendurado nos dois lados do tabernáculo, para cobri-lo.
14 ``အ​မိုး​နှစ်​ထပ်​ထပ်​မံ​၍​ပြုလုပ်​ရ​မည်။ တစ် ထပ်​ကို​အ​နီ​ရောင်​ဆိုး​သော​သိုး​ထီး​သား​ရေ ဖြင့်​ပြု​လုပ်​ရ​မည်။ အ​ပေါ်​ဆုံး​အ​ထပ်​ကို သား​ရေ​ချော​ဖြင့်​ပြု​လုပ်​ရ​မည်။
14 Faça também para a tenda uma cobertura de pele de carneiro tingida de vermelho, e por cima desta uma cobertura de couro.
15 ``တဲ​တော်​အ​တွင်း​ဘောင်​ခွေ​များ​ကို အ​ကာ​ရှ သစ်​သား​ဖြင့်​ပြုလုပ်​ရ​မည်။-
15 "Faça armações verticais de madeira de acácia para o tabernáculo.
16 ဘောင်​ခွေ​များ​သည်​အ​လျား​တစ်​ဆယ့်​ငါး​ပေ၊ အ​နံ​နှစ်​ဆယ့်​ခု​နစ်​လက်​မ​စီ​ရှိ​၍၊-
16 Cada armação terá quatro metros e meio de comprimento por setenta centímetros de largura,
17 ဘောင်​ခွေ​ချင်း​ဆက်​စပ်​ထား​ရန်​စ​ရွေး​ဖော်​ထား ရ​မည်။ တဲ​တော်​အ​တွက်​ဘောင်​ခွေ​အား​လုံး​တွင် စ​ရွေး​ဖော်​ထား​ရ​မည်။-
17 com dois encaixes paralelos um ao outro. Todas as armações do tabernáculo devem ser feitas dessa maneira.
18 တဲ​တော်​တောင်​ဘက်​အ​တွက်​ဘောင်​ခွေ​နှစ်​ဆယ် ကို​ပြု​လုပ်​ရ​မည်။-
18 Faça vinte armações para o lado sul do tabernáculo
19 ဘောင်​ခွေ​တစ်​ခု​စီ​အောက်​ရှိ​ခြေ​ထောက်​နှစ်​ခု စီ​အ​တွက် ငွေ​ဖိ​နပ်​နှစ်​ခု​ကျ​ဖြင့်​ငွေ​ဖိ​နပ် လေး​ဆယ်​ကို​ပြု​လုပ်​ရ​မည်။-
19 e quarenta bases de prata debaixo delas: duas bases para cada armação, uma debaixo de cada encaixe.
20 တဲ​တော်​မြောက်​ဘက်​အ​တွက်​ဘောင်​ခွေ​နှစ် ဆယ်​နှင့်၊-
20 Para o outro lado, o lado norte do tabernáculo, faça vinte armações
21 ဘောင်​ခွေ​တစ်​ခု​စီ​အောက်​တွင်​ငွေ​ဖိ​နပ်​နှစ်​ခု ကျ​ဖြင့် ငွေ​ဖိ​နပ်​လေး​ဆယ်​ကို​ပြု​လုပ်​ရ​မည်။-
21 e quarenta bases de prata, duas debaixo de cada armação.
22 တဲ​တော်​၏​အ​နောက်​ဘက်​အ​တွက်​ဘောင်​ခွေ ခြောက်​ခု​ပြု​လုပ်​ရ​မည်။-
22 Faça seis armações para o lado ocidental do tabernáculo,
23 တဲ​တော်​အ​နောက်​ဘက်​ထောင့်​များ​အ​တွက် ဘောင်​ခွေ​နှစ်​ခု​ပြု​လုပ်​ရ​မည်။-
23 e duas armações na parte de trás, nos cantos.
24 ဤ​ထောင့်​ဘောင်​ခွေ​တို့​ကို​အောက်​ခြေ​မှ​အ​ထက် အ​ထိ​ကွင်း​ဖြင့်​ထိန်း​ချုပ်​ထား​ရ​မည်။ ထောင့်​နှစ် ထောင့်​အ​တွက်​ဘောင်​ခွေ​နှစ်​ခု​ကို​ထို​နည်း အ​တိုင်း​ပြု​လုပ်​ရ​မည်။-
24 As armações nesses dois cantos serão duplas, desde a parte inferior até a superior, colocadas numa única argola; ambas serão assim.
25 သို့​ဖြစ်​၍​ဘောင်​ခွေ​ရှစ်​ခု​နှင့်​တစ်​ခု​စီ​အ​တွက် ငွေ ဖိ​နပ်​နှစ်​ခု​ကျ​ဖြင့်​ငွေ​ဖိ​နပ်​တစ်​ဆယ့်​ခြောက်​ခု ရှိ​ရ​မည်။
25 Desse modo, haverá oito armações e dezesseis bases de prata, duas debaixo de cada armação.
26 ``တဲ​တော်​အ​တွက်​ကန့်​လန့်​ကျင် စု​စု​ပေါင်း​တစ် ဆယ့်​ငါး​ခု​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့်​ပြု​လုပ် လော့။ တဲ​တော်​တောင်​ဘက်​ရှိ​ဘောင်​ခွေ​များ အ​တွက်​ကန့်​လန့်​ကျင်​ငါး​ခု၊-
26 "Faça também travessões de madeira de acácia: cinco para as armações de um lado do tabernáculo,
27 မြောက်​ဘက်​ရှိ​ဘောင်​ခွေ​များ​အ​တွက်​ငါး​ခု​နှင့် အ​နောက်​ဘက်​ရှိ​ဘောင်​များ​အ​တွက်​ငါး​ခု​ပြု လုပ်​ရ​မည်။-
27 cinco para as do outro lado e cinco para as do lado ocidental, na parte de trás do tabernáculo.
28 ဘောင်​ခွေ​များ​၏​အ​လယ်​ကို​ဖြတ်​သည့်​ကန့်​လန့် ကျင်​တို့​သည် တဲ​တော်​အ​စွန်း​တစ်​ဘက်​တစ်​ချက် တွင်​အ​ဆုံး​သတ်​ရ​မည်။-
28 O travessão central se estenderá de uma extremidade à outra entre as armações.
29 ဘောင်​ခွေ​များ​ကို​ရွှေ​ချ​ရ​မည်။ ကန့်​လန့်​ကျင်​များ ကို​လည်း​ရွှေ​ချ​ရ​မည်။ ကန့်​လန့်​ကျင်​များ​ကို လျှို​ရန်​ရွှေ​ကွင်း​များ​တပ်​ထား​ရ​မည်။-
29 Revista de ouro as armações e faça argolas de ouro para sustentar os travessões, os quais também terão que ser revestidos de ouro.
30 သင့်​အား​တောင်​ပေါ်​မှာ​ပြ​သော​ပုံ​စံ​အ​တိုင်း တဲ​တော်​ကို​တည်​ဆောက်​ရ​မည်။
30 "Faça o tabernáculo de acordo com o modelo que lhe foi mostrado no monte.
31 ``အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး နှင့်​ချည်​ချော​ဖြင့် ရက်​သော​ကန့်​လန့်​ကာ​ကို​ပြု လုပ်​လော့။ ကန့်​လန့်​ကာ​တွင်​ခေ​ရု​ဗိမ်​ရုပ်​များ ကို​ပန်း​ဖော်​ထား​ရ​မည်။-
31 "Faça um véu de linho fino trançado e de fios de tecido azul, roxo e vermelho, e mande bordar nele querubins.
32 ကန့်​လန့်​ကာ​ကို​ရွှေ​ချိတ်​များ​တပ်​ထား​သော အ​ကာ​ရှ​သစ်​သား​တိုင်​လေး​တိုင်​အ​ပေါ်​တွင် ချိတ်​ဆွဲ​ထား​ရ​မည်။ တိုင်​များ​ကို​ရွှေ​ချ​၍ ငွေ​ဖိ​နပ်​လေး​ခု​တွင်​စွပ်​ထား​ရ​မည်။-
32 Pendure-o com ganchos de ouro em quatro colunas de madeira de acácia revestidas de ouro e fincadas em quatro bases de prata.
33 ကန့်​လန့်​ကာ​ကို​ချိတ်​ပြီး​နောက်​ကန့်​လန့်​ကာ နောက်​တွင် ကျောက်​ပြား​နှစ်​ပြား​ပါ​ရှိ​သည့် ပ​ဋိ​ညာဉ်​သေတ္တာ​ကို​ထား​လော့။ ကန့်​လန့်​ကာ သည်​သန့်​ရှင်း​ရာ​ဌာ​န​နှင့်​အ​သန့်​ရှင်း​ဆုံး ဌာ​န​တော်​တို့​ကို​ပိုင်း​ခြား​ထား​မည်။-
33 Pendure o véu pelos colchetes e coloque atrás do véu a arca da aliança. O véu separará o Lugar Santo do Lugar Santíssimo.
34 ပ​ဋိ​ညာဉ်​သေတ္တာ​တွင်​အ​ဖုံး​တပ်​ထား​ရ​မည်။-
34 Coloque a tampa sobre a arca da aliança no Lugar Santíssimo.
35 စား​ပွဲ​နှင့်​ဆီ​မီး​ခုံ​ကို​ကန့်​လန့်​ကာ​အ​ပြင်​ဘက် တွင်​ထား​ရှိ​ရ​မည်။ စား​ပွဲ​ကို​မြောက်​ဘက်​တွင် လည်း​ကောင်း၊ ဆီ​မီး​ခုံ​ကို​တောင်​ဘက်​တွင်​လည်း ကောင်း​တစ်​ဘက်​တစ်​ချက်​၌​ထား​ရှိ​ရ​မည်။
35 Coloque a mesa do lado de fora do véu, no lado norte do tabernáculo; e o candelabro em frente dela, no lado sul.
36 ``တဲ​တော်​အ​ဝင်​ဝ​၌​ကာ​ရန်​အ​တွက်​သိုး​မွေး အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​နှင့်​ချည်​ချော ဖြင့်​ရက်​၍ ပန်း​အ​လှ​ဖော်​ထား​သော​ကန့်​လန့်​ကာ တစ်​ခု​ကို​လည်း​ပြု​လုပ်​ရ​မည်။-
36 "Para a entrada da tenda faça uma cortina de linho fino trançado e de fios de tecido azul, roxo e vermelho, obra de bordador.
37 ဤ​ကန့်​လန့်​ကာ​ချိတ်​ဆွဲ​ရန်​အ​တွက်​အ​ကာ​ရှ သစ်​သား​တိုင်​ငါး​တိုင်​ပြု​လုပ်​၍၊ ရွှေ​ချိတ်​များ တပ်​ထား​ရ​မည်။ တိုင်​များ​ကို​ရွှေ​ချ​၍​တိုင် ဖိ​နပ်​ငါး​ခု​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ်​ရ​မည်။
37 Faça ganchos de ouro para essa cortina e cinco colunas de madeira de acácia revestidas de ouro. Mande fundir para eles cinco bases de bronze. "

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Êxodo 26, comparar traduções ou montar um estudo — tudo direto pelo WhatsApp.