Êxodo 25

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား အောက်​ပါ ပ​ညတ်​ချက်​များ​ကို​မိန့်​မြွက်​တော်​မူ​၏။-
1 O Senhor disse a Moisés:
2 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငါ့​အား လှူ​ဖွယ်​ပစ္စည်း​တို့​ကို​ဆက်​သ​ရ​မည်​ဟူ​၍ ပြော​ကြား​လော့။ သင်​သည်​အ​မျိုး​သား​တိုင်း ထံ​မှ​စေ​တ​နာ​အ​လျောက် ပေး​လှူ​သ​မျှ ပစ္စည်း​တို့​ကို​လက်​ခံ​ရ​မည်။-
2 "Dize aos israelitas que me façam uma oferta. Aceitareis essa oferenda de todo homem que a fizer de bom coração.
3 သင်​လက်​ခံ​ရ​မည့်​လှူ​ဖွယ်​ပစ္စည်း​များ​သည် ကား ရွှေ၊ ငွေ၊ ကြေး​ဝါ၊-
3 Eis o que aceitareis à guisa de oferta: ouro, prata, cobre,
4 ပိတ်​ချော၊ သိုး​မွေး​အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်၊ ဆိတ်​မွေး​အ​ထည်၊-
4 púrpura violeta e escarlate, carmesim, linho fino, peles de cabra,
5 အ​နီ​ဆိုး​သော​သိုး​ထီး​သား​ရေ၊ သား​ရေ​ချော၊ အ​ကာ​ရှ​သစ်​သား၊-
5 peles de carneiro tintas de vermelho, peles de golfinho, madeira de acácia,
6 မီး​ထွန်း​ရန်​ဆီ၊ ဘိ​သိက်​သွန်း​ရန်​ဆီ​နှင့်​မီး​ရှို့ ရာ​နံ့​သာ​ပေါင်း​အ​တွက်​အ​မွှေး​အ​ကြိုင်၊-
6 azeite para candeeiro, aromas para o óleo de unção e para os incensos odoríferos,
7 ယဇ်​ပု​ရော​ဟိတ်​မင်း​၏​သင်​တိုင်း နှင့်​ရင်​ဖုံး​တို့​တွင်​စီ​ချယ်​သည့်​မ​ဟူ​ရာ​ကျောက် နှင့် အ​ခြား​သော​ကျောက်​မျက်​ရ​တ​နာ​များ ဖြစ်​၏။-
7 pedras de ônix e outras pedras para os cabochões do efod e do peitoral.
8 ငါ​သည်​သူ​တို့​နှင့်​အ​တူ​နေ​နိုင်​ရန် ငါ့​အ​တွက် တဲ​တော်​ကို​တည်​ဆောက်​ရ​ကြ​မည်။-
8 Far-me-ão um santuário e habitarei no meio deles.
9 တဲ​တော်​နှင့်​အ​သုံး​အ​ဆောင်​ရှိ​သ​မျှ​တို့​ကို ငါ​ပြ​မည့်​ပုံ​စံ​အ​တိုင်း​ပြု​လုပ်​ရ​မည်။
9 Construireis o tabernáculo e todo o seu mobiliário exatamente segundo o modelo que vou mostrar-vos".
10 ``အ​လျား​လေး​ဆယ့်​ငါး​လက်​မ၊ အ​နံ​နှစ်​ဆယ့် ခု​နစ်​လက်​မ၊ အ​မြင့်​နှစ်​ဆယ့်​ခု​နစ်​လက်​မ​ရှိ သော​သေတ္တာ​တစ်​လုံး​ကို​အ​ကာ​ရှ​သစ်​သား ဖြင့်​ပြု​လုပ်​လော့။-
10 "Farão uma arca de madeira de acácia; seu comprimento será de dois côvados e meio, sua largura de um côvado e meio, e sua altura de um côvado e meio.
11 သေတ္တာ​အ​တွင်း​အ​ပြင်​ကို​ရွှေ​ချ​၍​အ​နား​ပတ် လည်​ကို​ရွှေ​ကွပ်​ထား​ရ​မည်။-
11 Tu a recobrirás de ouro puro por dentro, e farás por fora, em volta dela, uma bordadura de ouro.
12 သေတ္တာ​ကို​သယ်​ဆောင်​ရန်​ရွှေ​ကွင်း​လေး​ကွင်း​ကို သွန်း​လုပ်​၍၊ ခြေ​လေး​ထောင့်​တွင်​တစ်​ဘက်​လျှင် နှစ်​ကွင်း​စီ​တပ်​ထား​ရ​မည်။-
12 Fundirás para a arca quatro argolas de ouro, que porás nos seus quatro pés, duas de um lado e duas de outro.
13 အ​ကာ​ရှ​သစ်​သား​ဖြင့်​ထမ်း​ပိုး​များ​ပြု​လုပ်​၍ ရွှေ​ချ​ထား​ရ​မည်။-
13 Farás dois varais de madeira de acácia, revestidos de ouro,
14 သေတ္တာ​ကို​သယ်​ဆောင်​ရန်​ထမ်း​ပိုး​များ​ကို​သေတ္တာ တစ်​ဘက်​တစ်​ချက်​ရှိ​ကွင်း​များ​တွင်​လျှို​ထား ရ​မည်။-
14 que passarás nas argolas fixadas dos lados da arca, para se poder transportá-la.
15 ထမ်း​ပိုး​များ​ကို​ကွင်း​များ​မှ​မ​ထုတ်​ရ။ အ​မြဲ​လျှို​သွင်း​ထား​ရ​မည်။-
15 Uma vez passados os varais nas argolas, delas não serão mais removidos.
16 ပ​ညတ်​တော်​များ​ကို​အက္ခ​ရာ​တင်​ထား​သည့် ကျောက်​ပြား​နှစ်​ပြား​ကို​ငါ​ပေး​မည်။ ထို​ကျောက် ပြား​များ​ကို​သေတ္တာ​ထဲ​၌​ထည့်​ထား​ရ​မည်။
16 Porás na arca o testemunho que eu te der.
17 ``အ​လျား​လေး​ဆယ့်​ငါး​လက်​မ​နှင့် အ​နံ​နှစ်​ဆယ့် ခု​နစ်​လက်​မ​ရှိ​သော​သေတ္တာ​အ​ဖုံး​ကို​ရွှေ​စင်​ဖြင့် ပြု​လုပ်​ရ​မည်။-
17 Farás também uma tampa de ouro puro, cujo comprimento será de dois côvados e meio, e a largura de um côvado e meio.
18 — ausente —
18 Farás dois querubins de ouro; e os farás de ouro batido, nas duas extremidades da tampa, um de um lado e outro de outro,
19 — ausente —
19 fixando-os de modo a formar uma só peça com as extremidades da tampa.
20 ခေ​ရု​ဗိမ်​များ​၏​ဖြန့်​ထား​သော​အ​တောင်​များ သည် သေတ္တာ​အ​ဖုံး​ကို​ဖြန့်​မိုး​ထား​စေ​ရ​မည်။ သူ​တို့​သည်​မျက်​နှာ​ချင်း​ဆိုင်​၍​သေတ္တာ​ဖုံး​ကို ကြည့်​နေ​စေ​ရ​မည်။-
20 Terão esses querubins suas asas estendidas para o alto, e protegerão com elas a tampa, sobre a qual terão a face inclinada.
21 သေတ္တာ​ထဲ​တွင်​ကျောက်​ပြား​နှစ်​ပြား​ကို​ထည့်​၍ သေတ္တာ​ဖုံး​ဖြင့်​ဖုံး​အုပ်​ထား​ရ​မည်။-
21 Colocarás a tampa sobre a arca e porás dentro da arca o testemunho que eu te der.
22 ထို​နေ​ရာ​၌​ငါ​သည်​သင်​တို့​နှင့်​တွေ့​ဆုံ​မည်။ ငါ သည်​ခေ​ရု​ဗိမ်​နှစ်​ပါး​အ​ကြား​အ​ဖုံး​ပေါ်​မှ​နေ တော်​မူ​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရန်​ရှိ​သ​မျှ​ကို​သင့်​အား​ငါ​မြွက် ဆို​မည်။
22 Ali virei ter contigo, e é de cima da tampa, do meio dos querubins que estão sobre a arca da aliança, que te darei todas as minhas ordens para os israelitas."
23 ``အ​လျား​သုံး​ဆယ့်​ခြောက်​လက်​မ၊ အ​နံ တစ်​ဆယ့်​ရှစ်​လက်​မ၊ အ​မြင့်​နှစ်​ဆယ့်​ခု​နစ် လက်​မ​ရှိ​သော​စား​ပွဲ​တစ်​လုံး​ကို​အကာ​ရှ သစ်​သား​ဖြင့်​ပြု​လုပ်​လော့။-
23 "Farás uma mesa de madeira de acácia, cujo comprimento será de dois côvados, a largura de um côvado e a altura de um côvado e meio.
24 စား​ပွဲ​ကို​ရွှေ​ချ​၍​အ​နား​ကို​ရွှေ​ကွပ်​ထား​ရ​မည်။-
24 Recobri-la-ás de ouro puro e farás em volta dela uma bordadura de ouro.
25 စား​ပွဲ​ပတ်​လည်​တွင်​သုံး​လက်​မ​ဗြက်​ရှိ​သော ဘောင်​တပ်​၍​အ​နား​ကို​ရွှေ​ကွပ်​ရ​မည်။-
25 Farás em volta dela uma orla de um palmo de largura com uma bordadura de ouro corrente ao redor.
26 စား​ပွဲ​ခြေ​လေး​ထောင့်​တွင်​စား​ပွဲ​ကို​သယ်​ယူ ရန် ရွှေ​ကွင်း​လေး​ကွင်း​တပ်​ထား​ရ​မည်။-
26 Farás para essa mesa quatro argolas de ouro, que fixarás nos quatro ângulos de seus pés.
27 ထမ်း​ပိုး​လျှို​ရန်​ကွင်း​များ​ကို​ဘောင်​အ​နီး​၌ ကပ်​၍​တပ်​ဆင်​ရ​မည်။-
27 Essas argolas, colocadas à altura da orla, receberão os varais destinados a transportar a mesa.
28 ထမ်း​ပိုး​များ​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့်​ပြု လုပ်​၍​ရွှေ​ချ​ထား​ရ​မည်။-
28 Farás, de madeira de acácia, varais revestidos de ouro, que servirão para o transporte da mesa.
29 စား​ပွဲ​နှင့်​ဆိုင်​သော​လင်​ပန်း၊ ခွက်၊ ခ​ရား​နှင့်​စ​ပျစ် ရည်​ဖ​လား​များ​ကို​ရွှေ​ဖြင့်​ပြုလုပ်​ရ​မည်။-
29 Farás de ouro puro os seus pratos, seus incensários, seus copos e suas taças, que servirão para as libações.
30 ပ​ဋိ​ညာဉ်​သေတ္တာ​၏​အ​ရှေ့​တွင်​စား​ပွဲ​ကို​ထား ရ​မည်။ ထို​စား​ပွဲ​ပေါ်​မှာ​ရှေ့​တော်​တင်​မုန့်​အမြဲ ရှိ​စေ​ရ​မည်။
30 Porás sobre essa mesa os pães da proposição, que ficarão constantemente diante de mim."
31 ``ဆီ​မီး​ခုံ​ကို​ရွှေ​ဖြင့်​ပြု​လုပ်​လော့။ ဆီ​မီး​ခုံ တိုင်​နှင့်​အောက်​ခံ​ခုံ​တို့​ကို​ရွှေ​ဖြင့်​ထု​လုပ်​လော့။ ဆီ​မီး​ခုံ​တိုင်​တွင်​ပွင့်​ဖူး၊ ပွင့်​ချပ်​အ​စ​ရှိ​သော အ​လှ​ပန်း​များ​သည် ဆီ​မီး​ခုံ​တိုင်​နှင့်​တစ်​သား တည်း​ရှိ​စေ​ရ​မည်။-
31 "Farás um candelabro de ouro puro; e o farás de ouro batido, com o seu pedestal e sua haste: seus cálices, seus botões e suas flores formarão uma só peça com ele.
32 ဆီ​မီး​ခုံ​တိုင်​တစ်​ဘက်​တစ်​ချက်​မှ​အ​လက် သုံး​လက်​စီ၊ ပေါင်း​ခြောက်​လက်​ဖြာ​ထွက်​စေ ရ​မည်။-
32 Seis braços sairão dos seus lados, três de um lado e três de outro.
33 အ​လက်​ခြောက်​လက်​မှ​တစ်​လက်​စီ​တွင်​ပွင့်​ဖူး၊ ပွင့်​ချပ်​ပါ​ရှိ​သော​ဗာ​ဒံ​ပွင့်​ပုံ​အ​လှ​ပန်း​သုံး ပွင့်​ရှိ​စေ​ရ​မည်။-
33 Num braço haverá três cálices em forma de flor de amendoeira, com um botão e uma flor; noutro haverá três cálices em forma de flor de amendoeira, com um botão e uma flor e assim por diante para os seis braços do candelabro.
34 ဆီ​မီး​ခုံ​တိုင်​တွင်​ပွင့်​ဖူး၊ ပွင့်​ချပ်​များ​ပါ​ရှိ သော​ဗာ​ဒံ​ပွင့်​ပုံ​ပန်း​လေး​ပွင့်​ရှိ​စေ​ရ​မည်။-
34 No próprio candelabro haverá quatro cálices em forma de flor de amendoeira, com seus botões e suas flores:
35 အ​လက်​သုံး​စုံ​တွင်​တစ်​စုံ​စီ​ကြား​၌​ပွင့်​ဖူး တစ်​ဖူး​ရှိ​စေ​ရ​မည်။-
35 um botão sob os dois primeiros braços do candelabro, um botão sob os dois braços seguintes e um botão sob os dois últimos: e assim será com os seis braços que saem do candelabro.
36 ပွင့်​ဖူး​အ​လက်​နှင့်​ဆီ​မီး​ခုံ​တိုင်​တို့​ကို​ရွှေ ဖြင့်​တစ်​သား​တည်း​ထု​လုပ်​ရ​မည်။-
36 Esses botões e esses braços formarão um todo com o candelabro, tudo formando uma só peça de ouro puro batido.
37 ဆီ​မီး​ခုံ​အ​တွက်​မီး​ခွက်​ခု​နစ်​လုံး​ကို​ပြု​လုပ် လော့။ ထို​မီး​ခွက်​များ​မှ​ရှေ့​သို့​အ​လင်း​ရောင် ထွက်​လာ​စေ​ရန်​စီ​မံ​လော့။-
37 Farás sete lâmpadas, que serão colocadas em cima, de maneira a alumiar a frente do candelabro.
38 မီးညှပ်​နှင့်​မီး​ခံ​ခွက်​တို့​ကို​လည်း​ရွှေ​ဖြင့်​ပြု​လုပ် ရ​မည်။-
38 Seus espevitadores e seus cinzeiros serão de ouro puro.
39 ဆီ​မီး​တိုင်​နှင့်​ကိ​ရိ​ယာ​တန်​ဆာ​ရှိ​သ​မျှ​တို့ ကို​ရွှေ​ခု​နစ်​ဆယ့်​ငါး​ပေါင်​အ​ချိန်​ဖြင့်​ပြု လုပ်​ရ​မည်။-
39 Empregar-se-á um talento de ouro puro para confeccionar o candelabro e seus acessórios.
40 တောင်​ပေါ်​တွင်​သင့်​အား​ငါ​ပြ​သော​ပုံ​စံ​နှင့် အ​ညီ​ပြု​လုပ်​ရန်​သ​တိ​ပြု​လော့။
40 Cuida para que se execute esse trabalho segundo o modelo que te mostrei no monte."

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Êxodo 25, comparar traduções ou montar um estudo — tudo direto pelo WhatsApp.