Êxodo 23
Common Language Bible (MYA) vs NVT
1 ``သင်တို့သည်မဟုတ်မမှန်သောသတင်း ကိုမလွှင့်နှင့်။ အပြစ်ကူးလွန်သူဘက်မှ မတရားသက်သေမခံနှင့်။-
1 “Não espalhe boatos falsos. Não coopere com pessoas perversas sendo falsa testemunha.
2 လူများစုနောက်သို့လိုက်၍မတရားသဖြင့် မပြုနှင့်။ လူများစုနောက်သို့လိုက်၍တရား မျှတမှုကိုဖောက်ပြန်စေရန်မတရားသော သက်သေကိုလည်းမခံနှင့်။-
2 “Não se deixe levar pela maioria na prática do mal. Quando o chamarem para testemunhar em um processo legal, não permita que a multidão o influencie a perverter a justiça.
3 အမှုစစ်ဆေးရာ၌ဆင်းရဲသည့်အကြောင်းကို ထောက်၍ ဆင်းရဲသားဘက်မှမတရားသက်သေ မခံနှင့်။
3 E não incline seu testemunho em favor de uma pessoa só porque ela é pobre.
4 ``သင့်ရန်သူ၏နွားသို့မဟုတ်မြည်းသည် အုပ်မှ ကွဲနေသည်ကိုတွေ့လျှင်သူ့ထံသို့ပြန်ပို့ရ မည်။-
4 “Se você deparar com o boi ou o jumento perdido de seu inimigo, leve-o de volta ao dono.
5 သူ၏မြည်းသည်ဝန်ပိ၍လဲနေလျှင်လွှဲရှောင် မသွားဘဲမြည်းကိုဝိုင်း၍ထူပေးရမည်။
5 Se vir o jumento de alguém que o odeia cair sob o peso de sua carga, não faça de conta que não viu. Pare e ajude o dono a levantá-lo.
6 ``ဆင်းရဲသောသူသည်ရုံး၌တရားဆိုင်ရ သောအခါ သူ့အားတရားသဖြင့်စီရင်လော့။-
6 “Não negue a justiça ao pobre em um processo legal.
7 လူတစ်ဦးအားမဟုတ်မမှန်မစွပ်စွဲရ။ အပြစ် ကင်းမဲ့သူကိုသေဒဏ်မစီရင်ရ။ ထိုသို့မ တရားမှုပြုသူအားငါအပြစ်ဒဏ်ပေးမည်။-
7 “Jamais acuse alguém falsamente. Jamais condene à morte uma pessoa inocente ou íntegra, pois eu nunca declaro inocente aquele que é culpado.
8 တံစိုးလက်ဆောင်စားသူသည်အမှန်တရားကို မမြင်နိုင်သည့်အပြင် အပြစ်ကင်းမဲ့သူကို ပျက်စီးစေနိုင်သောကြောင့်တံစိုးလက်ဆောင် မယူရ။
8 “Não aceite subornos, pois eles o levam a fazer vista grossa para algo que se pode ver claramente. O suborno faz até o justo distorcer a verdade.
9 ``သင်တို့သည်အီဂျစ်ပြည်တွင်ဧည့်သည်အဖြစ် နှင့် နေထိုင်ခဲ့ဖူး၍ဧည့်သည်၏ခံစားချက်ကို သိသည်ဖြစ်သောကြောင့် သင်တို့၏ပြည်တွင် ဧည့်သည်ဖြစ်သောအခြားအမျိုးသားတို့ ကိုမညှဉ်းဆဲနှင့်။
9 “Não explore os estrangeiros. Vocês sabem o que significa viver em terra estranha, pois foram estrangeiros no Egito.
10 ``သင်တို့သည်ခြောက်နှစ်ပတ်လုံးထွန်ယက် စိုက်ပျိုး၍ ထွက်သမျှသီးနှံကိုစုသိမ်းရ မည်။-
10 “Plantem e colham os produtos da terra por seis anos,
11 သို့ရာတွင်သတ္တမနှစ်၌ထွန်ယက်စိုက်ပျိုးခြင်း မပြုဘဲ မြေကိုအလွတ်ထား၍ထိုမြေပေါ် တွင်ပေါက်သမျှသီးနှံကိုမရိတ်သိမ်းရ။ ဆင်းရဲ သူတို့အားထိုမြေမှထွက်သောသီးနှံကိုစား စေ၍ ကြွင်းကျန်သမျှကိုတောတိရစ္ဆာန်များ အတွက်ဖြစ်စေရမည်။ သင်တို့၏စပျစ်ခြံ၊ သံလွင်ခြံတို့ကိုလည်းထိုနည်းအတိုင်း ပြုလုပ်ရမည်။
11 mas, no sétimo ano, deixem que ela se renove e descanse sem cultivo. Permitam que os pobres do povo colham o que crescer espontaneamente durante esse ano. Deixem o resto para servir de alimento aos animais selvagens. Façam o mesmo com os vinhedos e os olivais.
12 ``သင်တို့သည်ခြောက်ရက်ပတ်လုံးအလုပ်ကို လုပ်၍ သတ္တမနေ့တွင်နားနေရမည်။ ထိုသို့ပြု လျှင် သင်၏ကျွန်များ၊ သင်ခိုင်းစေသောအခြား အမျိုးသားများနှင့်တိရစ္ဆာန်များသည် အလုပ် မှနားခွင့်ရကြလိမ့်မည်။
12 “Vocês têm seis dias da semana para realizar suas tarefas habituais, mas não devem trabalhar no sétimo. Desse modo, seu boi e seu jumento descansarão, e os escravos e estrangeiros que vivem entre vocês recuperarão as forças.
13 ``သင်တို့အားငါမှာကြားသမျှကိုနားထောင် လော့။ အခြားသောဘုရားတို့ထံဆုမပန်နှင့်။ ထိုဘုရားတို့၏နာမကိုမျှမမြွက်ဆို ကြနှင့်။
13 “Prestem muita atenção a todas as minhas instruções. Não invoquem o nome de outros deuses; nem mesmo mencionem o nome deles.”
14 ``သင်တို့သည်ငါ၏ဂုဏ်တော်ကိုချီးကူးရန် ပွဲကိုတစ်နှစ်လျှင်သုံးကြိမ်ကျင်းပရမည်။-
14 “A cada ano, celebrem três festas em minha honra.
15 တဆေးမဲ့မုန့်ပွဲတော်ကိုကျင်းပရမည်။ ငါ မိန့်မှာခဲ့သည့်အတိုင်း အီဂျစ်ပြည်မှထွက်ခဲ့ ရသောအဗိဗလ၌ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစားရကြမည်။ မည်သူမျှ ပူဇော်သကာမပါဘဲနှင့် ငါ့ထံသို့ချဉ်းကပ် ၍ကိုးကွယ်ဝတ်ပြုခြင်းမပြုရ။
15 Primeiro, celebrem a Festa dos Pães sem Fermento. Durante sete dias, o pão que vocês comerem será preparado sem fermento, conforme eu lhes ordenei. Celebrem essa festa anualmente no tempo determinado, no mês de abibe, pois é o aniversário de sua partida do Egito. Ninguém deve se apresentar diante de mim de mãos vazias.
16 ``သင်တို့လယ်များမှကောက်ရိတ်သိမ်းချိန်သို့ ရောက်လျှင် သင်တို့စိုက်ပျိုးခဲ့သောသီးနှံများ နှင့်ကောက်သိမ်းပွဲတော်ကိုကျင်းပရမည်။
16 “Celebrem também a Festa da Colheita, quando me trarão os primeiros frutos de suas colheitas. “Por fim, celebrem a Festa da Última Colheita
17 နှစ်စဉ်ဤပွဲသုံးကြိမ်ကျင်းပစဉ်တွင်ယောကျာ်း အပေါင်းတို့သည် ထာဝရအရှင်ဘုရားသခင် ၏ထံတော်သို့ချဉ်းကပ်ကိုးကွယ်ရမည်။
17 A cada ano, nessas três ocasiões, todos os homens de Israel devem comparecer diante do Soberano, o S enhor .
18 ``ငါ့အားယဇ်ကောင်ပူဇော်သောအခါ တဆေး ပါသောမုန့်နှင့်မပူဇော်ရ။ ဤပွဲတော်များတွင် ငါ့အားပူဇော်သောယဇ်ကောင်၏အဆီကို နောက် တစ်နေ့နံနက်သို့တိုင်အောင်မကြွင်းကျန်စေရ။
18 “Não ofereçam o sangue de meus sacrifícios com pão que contenha fermento. E não guardem até a manhã seguinte a gordura das ofertas da festa.
19 ``နှစ်စဉ်သင်တို့၏လယ်များမှ အစဦးဆုံးရိတ် သိမ်းရသောသီးနှံများကို သင်၏ဘုရားသခင် ထာဝရဘုရား၏အိမ်တော်သို့ယူဆောင်လှူဒါန်း ရမည်။
19 “Quando fizerem a colheita, levem à casa do S enhor , seu Deus, o melhor de seus primeiros frutos. “Não cozinhem o cabrito no leite da mãe dele.”
20 ``ခရီးလမ်းတွင်သင်တို့အားစောင့်ရှောက်ရန်နှင့် ငါပြင်ဆင်သောအရပ်သို့ သင်တို့ကိုပို့ဆောင်ရန် သင်တို့ရှေ့ကကောင်းကင်တမန်ကိုငါစေလွှတ် မည်။-
20 “Vejam, eu enviarei um anjo à sua frente para protegê-los ao longo da jornada e conduzi-los em segurança ao lugar que lhes preparei.
21 သူ့ကိုရိုသေလေးစား၍သူ့စကားကိုနားထောင် လော့။ သူ့ကိုငါစေလွှတ်သောကြောင့်သူ့ကိုမပုန် ကန်နှင့်။ သူသည်ထိုသို့သောပုန်ကန်မှုကိုခွင့် လွှတ်လိမ့်မည်မဟုတ်။-
21 Prestem muita atenção nele e obedeçam a suas instruções. Não se rebelem contra ele, pois é meu representante e não perdoará sua rebeldia.
22 သို့ရာတွင်သင်တို့သည်သူ့စကားကိုနား ထောင်၍ ငါမိန့်မှာသမျှအတိုင်းပြုလုပ်လျှင် ငါသည်သင်တို့၏ရန်သူအပေါင်းကိုတိုက် ခိုက်၍ သင့်အားဆန့်ကျင်သူအပေါင်းကို ဆန့်ကျင်မည်။-
22 Mas, se tiverem o cuidado de lhe obedecer e de seguir todas as minhas instruções, serei inimigo de seus inimigos e farei oposição aos que se opuserem a vocês.
23 ငါ၏ကောင်းကင်တမန်သည်သင်တို့ရှေ့က သွား၍ အာမောရိအမျိုးသား၊ ဟိတ္တိအမျိုး သား၊ ဖေရဇိအမျိုးသား၊ ခါနာန်အမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိအမျိုးသားတို့ နေထိုင်ရာပြည်သို့ပို့ဆောင်လိမ့်မည်။ ထိုအမျိုး သားအပေါင်းတို့ကိုငါသုတ်သင်ဖျက်ဆီး မည်။-
23 Meu anjo irá à sua frente e os conduzirá à terra dos amorreus, hititas, ferezeus, cananeus, heveus e jebuseus, e eu destruirei todas essas nações.
24 သင်တို့သည်သူတို့၏ဘုရားများကိုဦး မချဝတ်မပြုရ။ သူတို့၏ဘာသာဋ္ဌလေ့ အတိုင်းမကျင့်ရ။ သူတို့၏ဘုရားများကို ဖြိုဖျက်၍သူတို့ကိုးကွယ်သောကျောက်တိုင် များကိုချိုးဖျက်ရမည်။-
24 Não adorem seus deuses, nem os sirvam de maneira alguma, e nem sequer imitem suas práticas. Antes, destruam-nas completamente e despedacem suas colunas sagradas.
25 သင်တို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုကိုးကွယ်လျှင် ငါသည်သင်တို့အား ဝလင်စွာစားသောက်ရစေမည်။ အနာရောဂါ တို့မှလည်းကင်းရှင်းစေမည်။-
25 “Sirvam somente ao S enhor , seu Deus, e eu os abençoarei com alimento e água e os protegerei de doenças.
26 သင်တို့၏ပြည်တွင်ကိုယ်ဝန်ပျက်သောမိန်းမ၊ မြုံသောမိန်းမဟူ၍မရှိစေရ။ သင်တို့အား အသက်ရှည်စေမည်။
26 Em sua terra, nenhuma grávida sofrerá aborto e nenhuma mulher será estéril. Eu lhes darei vida longa e plena.
27 ``သင်တို့ကိုရန်ဘက်ပြုသူတို့သည် ငါ့ကိုကြောက် ရွံ့ရကြလိမ့်မည်။ သင်တို့ဝင်ရောက်တိုက်ခိုက်သော ပြည်မှ လူတို့သည်ကစဥ့်ကလျားဖြစ်၍ထွက် ပြေးကြလိမ့်မည်။-
27 “Enviarei pavor à sua frente e criarei pânico entre os povos cujas terras vocês invadirem. Farei todos os seus inimigos darem meia-volta e fugirem.
28 ဟိဝိအမျိုးသား၊ ခါနာန်အမျိုးသား၊ ဟိတ္တိ အမျိုးသားတို့သည်ထိတ်လန့်တကြားဖြစ် ၍ထွက်ပြေးရကြလိမ့်မည်။-
28 Sim, enviarei terror adiante de vocês para expulsar os heveus, os cananeus e os hititas,
29 ငါသည်ထိုလူမျိုးအားလုံးတို့ကိုတစ်နှစ် အတွင်းမောင်းထုတ်မည်မဟုတ်။ အကယ်၍ထို သို့ပြုမူပါမူ တိုင်းပြည်တွင်လူသူကင်းမဲ့၍ သားရဲများမင်းမူသဖြင့်သင်တို့အားအန္တရာယ် ဖြစ်စေမည်။-
29 mas não os expulsarei num só ano, pois a terra ficaria deserta e os animais se multiplicariam e se tornariam uma ameaça para vocês.
30 သင်တို့သည်တိုင်းပြည်ကိုသိမ်းပိုက်နိုင်ရန်လူဦး ရေတိုးပွားလာသည်အထိ ငါသည်သူတို့ကို တစ်စတစ်စမောင်းထုတ်မည်။-
30 Eu os expulsarei aos poucos, até que sua população tenha aumentado o suficiente para tomar posse da terra.
31 ငါသည်သင်တို့တိုင်းပြည်၏နယ်နိမိတ်ကို ပင်လယ်နီမှမြေထဲပင်လယ်သို့လည်းကောင်း၊ တောကန္တာရမှဥဖရတ်မြစ်သို့လည်းကောင်း ကျယ်ပြန့်စေမည်။ ငါသည်ထိုပြည်သားတို့ ကိုသင်တို့၏လက်သို့အပ်သဖြင့် သင်တို့သည် သူတို့အားနှင်ထုတ်နိုင်လိမ့်မည်။-
31 Estabelecerei os limites de seu território desde o mar Vermelho até o mar Mediterrâneo, e do deserto do leste até o rio Eufrates. Entregarei em suas mãos os povos que hoje vivem na terra e os expulsarei de diante de vocês.
32 သူတို့နှင့်လည်းကောင်း၊ သူတို့ဘုရားများနှင့် သော်လည်းကောင်း သင်တို့သည်မည်သည့်ပဋိ ညာဉ်ကိုမျှမပြုလုပ်ရ။-
32 “Não façam tratados com eles nem com seus deuses.
33 သင်တို့၏ပြည်တွင်သူတို့ကိုနေထိုင်ခွင့်မပေး နှင့်။ သူတို့အားနေထိုင်ခွင့်ပေးလျှင် သူတို့သည် သင်တို့ကိုငါ့အားပြစ်မှားစေလိမ့်မည်။ သင် တို့သည်သူတို့၏ဘုရားများကိုကိုးကွယ် ပါက အမှန်ပင်ပျက်စီးဆုံးရှုံးစေမည့် ထောင်ချောက်ထဲသို့ကျရောက်ကြလိမ့်မည်။''
33 Esses povos não devem habitar em sua terra, pois os fariam pecar contra mim. Se vocês servirem aos deuses deles, cairão na armadilha da idolatria”.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Êxodo 23, comparar traduções ou montar um estudo — tudo direto pelo WhatsApp.