Êxodo 21
Common Language Bible (MYA) vs ARC
1 ``ဣသရေလအမျိုးသားတို့အား အောက်ဖော် ပြပါပညတ်ချက်တို့ကိုသတ်မှတ်ပေးလော့။-
1 Estes são os estatutos que lhes proporás:
2 ဟေဗြဲအမျိုးသားကျွန်တစ်ယောက်ကိုဝယ် လျှင် သူသည်ခြောက်နှစ်ကျွန်ခံစေရမည်။ သတ္တမ နှစ်သို့ရောက်သော်သူသည်ကြေးမပေးရဘဲ လွတ်လပ်ခွင့်ရရှိစေရမည်။-
2 Se comprares um servo hebreu, seis anos servirá; mas, ao sétimo, sairá forro, de graça.
3 တစ်စုံတစ်ယောက်သည်ကျွန်ဖြစ်ပြီးမှအိမ် ထောင်ကျလျှင်၊ လွတ်မြောက်သည့်အခါသူ့ ဇနီးကိုခေါ်ဆောင်မသွားရ။ သို့ရာတွင်သူ သည်အိမ်ထောင်ရှိပြီးမှကျွန်ဖြစ်လာလျှင်၊ သူလွတ်မြောက်သည့်အခါသူ့ဇနီးလည်း လွတ်စေရမည်။-
3 Se entrou só com o seu corpo, só com o seu corpo sairá; se ele era homem casado, sairá sua mulher com ele.
4 သူ၏သခင်ကမိန်းမနှင့်စုံဖက်ပေးသဖြင့် သားသမီးများမွေးဖွားလျှင်၊ ထိုမိန်းမနှင့် သားသမီးတို့ကိုသခင်ပိုင်၏။ ထို့ကြောင့်သူ တစ်ယောက်တည်းသာလွတ်မြောက်စေရမည်။-
4 Se seu senhor lhe houver dado uma mulher, e ela lhe houver dado filhos ou filhas, a mulher e seus filhos serão de seu senhor, e ele sairá só com seu corpo.
5 သို့ရာတွင်ထိုကျွန်ကသူ၏သခင်၊ သူ၏ ဇနီးနှင့်သားသမီးတို့ကိုချစ်၍လွတ် မြောက်ခွင့်မယူလိုပါက၊-
5 Mas, se aquele servo expressamente disser: Eu amo a meu senhor, e a minha mulher, e a meus filhos, não quero sair forro,
6 သခင်ကသူ့ကိုဘုရားရှိခိုးရာဌာနသို့ခေါ် ဆောင်ခဲ့ရမည်။ ထိုကျွန်အားတံခါးသို့မဟုတ် တံခါးတိုင်အထိခေါ်ဆောင်ပြီးလျှင် သူ၏နား ရွက်ကိုစူးဖြင့်ဖောက်ရမည်။ ထိုနောက်သူသည် သခင်ထံ၌တစ်သက်ပတ်လုံးကျွန်ခံရ မည်။
6 então, seu senhor o levará aos juízes, e o fará chegar à porta, ou ao postigo, e seu senhor lhe furará a orelha com uma sovela; e o servirá para sempre.
7 ``တစ်စုံတစ်ယောက်သောသူသည်သမီးကိုကျွန် အဖြစ်ရောင်းလျှင်၊ ထိုကျွန်မိန်းမသည်ကျွန် ယောကျာ်းတို့ကဲ့သို့လွတ်မြောက်ခွင့်မရနိုင်။-
7 E, se algum vender sua filha por serva, não sairá como saem os servos.
8 သခင်ကထိုမိန်းမကိုမနှစ်သက်သဖြင့် မယားအဖြစ်မပေါင်းလိုလျှင်၊ သူ့ဖခင်က သူ့ကိုပြန်၍ရွေးယူစေရမည်။ သခင်သည် ဝတ္တရားပျက်ကွက်သဖြင့်ကျွန်မကိုအခြား အမျိုးသားများလက်သို့ရောင်းခွင့်မရှိစေ ရ။-
8 Se desagradar aos olhos de seu senhor, e não se desposar com ela, fará que se resgate; não poderá vendê-la a um povo estranho, usando deslealmente com ela.
9 တစ်စုံတစ်ယောက်သောသူသည်မိမိဝယ်သော ကျွန်မကိုသူ၏သားနှင့်စုံဖက်ပေးလျှင်၊ ထို မိန်းမကိုသမီးကဲ့သို့ပြုစုထားရမည်။-
9 Mas, se a desposar com seu filho, fará com ela conforme o direito das filhas.
10 တစ်စုံတစ်ယောက်သောသူသည်ဒုတိယမိန်းမ တစ်ယောက်နှင့်စုံဖက်လျှင် ပထမဇနီးသည် အစားအစာ၊ အဝတ်အထည်နှင့်အခွင့် အရေးတို့ကိုယခင်အတိုင်းရရှိစေရ မည်။-
10 Se lhe tomar outra, não diminuirá o mantimento desta, nem a sua veste, nem a sua obrigação marital.
11 အဆိုပါဝတ္တရားများပျက်ကွက်ခဲ့လျှင်သူ သည်ငွေအလျော်မတောင်းဘဲ ထိုမိန်းမကို လွတ်မြောက်ခွင့်ပေးရမည်။
11 E, se lhe não fizer estas três coisas, sairá de graça, sem dar dinheiro.
12 ``လူတစ်ယောက်ကိုရိုက်နှက်၍ သေစေသူအား သေဒဏ်ခံစေရမည်။-
12 Quem ferir alguém, que morra, ele também certamente morrerá;
13 သေစေရန်မရည်ရွယ်ဘဲနှင့်မတော်တဆ သတ်မိလျှင် သတ်သောသူသည်ငါသတ်မှတ် ပေးမည့်လုံခြုံရာအရပ်သို့ရှောင်တိမ်းနေ နိုင်၏။-
13 porém, se lhe não armou ciladas, mas Deus o fez encontrar nas suas mãos, ordenar-te-ei um lugar para onde ele fugirá.
14 သို့ရာတွင်ဒေါသထွက်၍သေစေရန်ရည်ရွယ် ချက်ဖြင့် လူတစ်ယောက်ကိုသတ်သောသူသည်၊ ငါ၏ယဇ်ပလ္လင်၌ပင်ခိုလှုံနေစေကာမူ သူ့အားဆွဲထုတ်၍သေဒဏ်ခံစေရမည်။
14 Mas, se alguém se ensoberbecer contra o seu próximo, matando-o com engano, tirá-lo-ás do meu altar para que morra.
15 ``မိဘကိုရိုက်နှက်သောသူအား သေဒဏ် ခံစေရမည်။
15 O que ferir a seu pai ou a sua mãe certamente morrerá.
16 ``လူတစ်ယောက်ကိုရောင်းစားရန်ဖြစ်စေ၊ မိမိ ထံ၌ကျွန်စေစားရန်ဖြစ်စေအဋ္ဌမ္မဖမ်းဆီး သူအားသေဒဏ်ခံစေရမည်။
16 E quem furtar algum homem e o vender, ou for achado na sua mão, certamente morrerá.
17 ``မိဘကိုကျိန်ဆဲသောသူအားသေဒဏ်ခံ စေရမည်။
17 E quem amaldiçoar a seu pai ou a sua mãe certamente morrerá.
18 ``လူအချင်းချင်းခိုက်ရန်ဖြစ်ပွားရာ၌တစ် ယောက်သောသူက အခြားတစ်ယောက်အား ကျောက်ခဲနှင့်ဖြစ်စေ၊ လက်သီးနှင့်ဖြစ်စေ ဒဏ်ရာရစေသော်လည်း အသက်မသေဘဲ၊ အကယ်၍အရိုက်ခံရသူသည်အိပ်ရာထဲ ၌နေရလျှင်သော်လည်းကောင်း၊-
18 E, se alguns homens pelejarem, ferindo um ao outro com pedra ou com o punho, e este não morrer, mas cair na cama;
19 ထ၍တောင်ဝှေးဖြင့်လမ်းလျှောက်နိုင်လျှင် သော်လည်းကောင်း၊ ထိုသူကိုအပြစ်ဒဏ် မစီရင်ရ၊ ထိုသူအလုပ်ပျက်သည့်အချိန် အတွက် ဒဏ်ရာရစေသူကလျော်ကြေးကို ပေး၍၊ အနာပျောက်ကင်းသည့်အချိန်အထိ ဒဏ်ရာရသူအားတာဝန်ယူစောင့်ရှောက် ရမည်။
19 se ele tornar a levantar-se e andar fora sobre o seu bordão, então, aquele que o feriu será absolvido; somente lhe pagará o tempo que perdera e o fará curar totalmente.
20 ``တစ်စုံတစ်ယောက်သောသူသည် ကျွန်ယောကျာ်း ကိုဖြစ်စေ၊ ကျွန်မိန်းမကိုဖြစ်စေတုတ်နှင့် ရိုက်သဖြင့်၊ ထိုကျွန်သေလျှင်ထိုသူသည် အပြစ်ဒဏ်ကိုခံစေရမည်။-
20 Se alguém ferir a seu servo ou a sua serva com vara, e morrerem debaixo da sua mão, certamente será castigado;
21 သို့ရာတွင်ထိုကျွန်သည်တစ်ရက်နှစ်ရက်မျှ နာလျက်မသေလျှင်၊ ထိုသူကိုအပြစ်ဒဏ် မစီရင်ရ။ အဘယ်ကြောင့်ဆိုသော်ကျွန်ဟူ သည်မှာသခင်ပိုင်ပစ္စည်းမျှသာဖြစ်သော ကြောင့်တည်း။
21 porém, se ficarem vivos por um ou dois dias, não será castigado, porque é seu dinheiro.
22 ``လူတို့အချင်းချင်းခိုက်ရန်ဖြစ်ပွားနေစဉ် ကိုယ်ဝန်ဆောင်မိန်းမကိုထိခိုက်မိသဖြင့် ကိုယ် ဝန်ပျက်သော်လည်းဒဏ်ရာမရစေလျှင်၊ ထိ ခိုက်နာကျင်စေသောသူကထိုမိန်းမ၏လင် ယောကျာ်းတောင်းဆိုသမျှလျော်ကြေးကို တရားသူကြီးများ၏သဘောတူညီချက် ဖြင့်ပေးရမည်။-
22 Se alguns homens pelejarem, e ferirem uma mulher grávida, e forem causa de que aborte, porém se não houver morte, certamente aquele que feriu será multado conforme o que lhe impuser o marido da mulher e pagará diante dos juízes.
23 သို့ရာတွင်မိန်းမအားအနာတရဖြစ်စေလျှင် အသက်အစားအသက်၊-
23 Mas, se houver morte, então, darás vida por vida,
24 မျက်စိအစားမျက်စိ၊ သွားအစားသွား၊ လက်အစားလက်၊ ခြေအစားခြေ၊-
24 olho por olho, dente por dente, mão por mão, pé por pé,
25 မီးလောင်ခြင်းအစားမီးလောင်ခြင်း၊ ထိရှ ခြင်းအစားထိရှခြင်း၊ ဒဏ်ရာအစားဒဏ် ရာကိုခံစေရမည်။
25 queimadura por queimadura, ferida por ferida, golpe por golpe.
26 ``သခင်ကကျွန်ယောကျာ်းသို့မဟုတ်ကျွန်မိန်းမ ၏မျက်စိကိုရိုက်သဖြင့် မျက်စိပျက်လျှင်မျက်စိ အတွက်လျော်ကြေးအဖြစ်ကျွန်ကိုလွတ်မြောက် ခွင့်ပေးစေ။-
26 E, quando alguém ferir o olho do seu servo ou o olho da sua serva e o danificar, o deixará ir forro pelo seu olho.
27 သခင်ကကျွန်ကိုရိုက်၍ကျွန်၏သွားကျိုးလျှင် သွားအတွက်လျော်ကြေးအဖြစ်ကျွန်ကိုလွတ် မြောက်ခွင့်ပေးစေ။
27 E, se tirar o dente do seu servo ou o dente da sua serva, o deixará ir forro pelo seu dente.
28 ``နွားတစ်ကောင်သည်လူတစ်ယောက်ကိုဦးချိုဖြင့် ဝှေ့သတ်လျှင် ထိုနွားကိုကျောက်ခဲနှင့်ပစ်သတ်ရ မည်။ ထိုနွား၏အသားကိုမစားရ။ သို့ရာတွင် နွားပိုင်ရှင်ကိုအပြစ်ဒဏ်မပေးရ။-
28 E, se algum boi escornar homem ou mulher, que morra, o boi será apedrejado certamente, e a sua carne se não comerá; mas o dono do boi será absolvido.
29 အကယ်၍နွားသည်လူကိုဝှေ့တတ်ကြောင်း နွား ပိုင်ရှင်အားသတိပေးပါလျက်နှင့်ချည်နှောင် ၍မထားသောကြောင့် လူတစ်ယောက်ကိုဝှေ့ သတ်ခဲ့လျှင်ထိုနွားကိုကျောက်ခဲနှင့်ပစ်၍ သတ်ရမည်။ နွားရှင်ကိုလည်းသေဒဏ်ပေးရ မည်။-
29 Mas, se o boi dantes era escornador, e o seu dono foi conhecedor disso e não o guardou, matando homem ou mulher, o boi será apedrejado, e também o seu dono morrerá.
30 အကယ်၍နွားပိုင်ရှင်သည်မိမိအသက် ချမ်းသာရန်အတွက်လျော်ကြေးပေးခွင့် ရလျှင် တောင်းဆိုသမျှလျော်ကြေးကိုပေး ဆောင်ရမည်။-
30 Se lhe for imposto resgate, então, dará como resgate da sua vida tudo quanto lhe for imposto,
31 နွားသည်ယောကျာ်းကလေးသို့မဟုတ်မိန်း ကလေးတစ်ဦးကိုဝှေ့သတ်လျှင် ထိုနည်း အတိုင်းစီရင်ရမည်။-
31 quer tenha escornado um filho, quer tenha escornado uma filha; conforme a este estatuto lhe será feito.
32 နွားသည်ကျွန်ယောကျာ်းသို့မဟုတ်ကျွန်မိန်းမ တစ်ဦးကိုဝှေ့သတ်လျှင် နွားပိုင်ရှင်ကကျွန် ပိုင်ရှင်အားငွေသားသုံးဆယ်လျော်ကြေးပေး ဆောင်ရမည်။ နွားကိုလည်းကျောက်ခဲနှင့်ပစ် သတ်ရမည်။
32 Se o boi escornar um servo, ou uma serva, dar-se-ão trinta siclos de prata ao seu senhor, e o boi será apedrejado.
33 ``လူတစ်ဦးသည်တွင်းတူး၍မဖုံးဘဲထား သဖြင့် နွားသို့မဟုတ်မြည်းတစ်ကောင်ထိုတွင်း သို့ကျလျှင်၊-
33 Se alguém abrir uma cova ou se alguém cavar uma cova e não a cobrir, e nela cair um boi ou jumento,
34 ပိုင်ရှင်အားတိရစ္ဆာန်အသေကောင်အတွက် လျော်ကြေးပေးဆောင်၍တိရစ္ဆာန်အသေ ကောင်ကိုပိုင်စေ။-
34 o dono da cova o pagará, ao seu dono o dinheiro restituirá; mas o morto será seu.
35 လူတစ်ဦး၏နွားကအခြားလူတစ်ဦး၏နွား ကိုဝှေ့သတ်လျှင် အသက်ရှင်သောနွားကိုရောင်း ၍နွားပိုင်ရှင်နှစ်ဦးကငွေကိုခွဲဝေယူရမည်။ နွားသေ၏အသားကိုလည်းခွဲဝေယူရကြ မည်။-
35 Se o boi de alguém ferir de morte o boi do seu próximo, então, se venderá o boi vivo, e o dinheiro dele se repartirá igualmente, e também o morto se repartirá igualmente.
36 သို့ရာတွင်နွားပိုင်ရှင်ကမိမိ၏နွားသည်ဝှေ့ တတ်ကြောင်းကိုသိလျက်နှင့် ချည်နှောင်၍မ ထားခဲ့လျှင်နွားသေအတွက်နွားတစ်ကောင် ကိုအစားလျော်၍နွားသေကိုပိုင်စေ။
36 Mas, se foi notório que aquele boi dantes era escornador, e seu dono não o guardou, certamente pagará boi por boi; porém o morto será seu.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Êxodo 21, comparar traduções ou montar um estudo — tudo direto pelo WhatsApp.