Êxodo 17
Common Language Bible (MYA) vs BKJ
1 ဣသရေလအမျိုးသားအပေါင်းတို့သည် ထာဝရဘုရား၏အမိန့်တော်အတိုင်းသိန် ဟုခေါ်သောတောကန္တာရမှထွက်၍ စခန်း တစ်ထောက်ပြီးတစ်ထောက်နားလျက်ခရီး သွားကြ၏။ သူတို့သည်ရေဖိဒိမ်အရပ်သို့ ရောက်၍စခန်းချကြ၏။ သို့ရာတွင်ထို အရပ်၌သောက်စရာရေမရှိ။-
1 E toda a congregação dos filhos de Israel partiu do deserto de Sim, segundo as suas jornadas, conforme a ordem do SENHOR, e acampou em Refidim. E não havia água para o povo beber.
2 ထိုအခါသူတို့သည်မောရှေအား``အကျွန်ုပ် တို့သောက်စရာရေပေးပါ'' ဟုညည်းညူ တောင်းဆိုကြ၏။
2 Por isso o povo contendeu com Moisés, e disse: Dai-nos água para bebermos. E Moisés lhes disse: Por que contendeis comigo? Por que tentais o SENHOR?
3 သို့ရာတွင်လူတို့သည်အလွန်ရေငတ်သဖြင့် မောရှေအားညည်းညူလျက်``အကျွန်ုပ်တို့နှင့် အကျွန်ုပ်တို့၏သားသမီးများ၊ တိရစ္ဆာန်များ ကိုရေငတ်စေခြင်းငှာ အဘယ်ကြောင့်အီဂျစ် ပြည်မှထုတ်ဆောင်ခဲ့ပါသနည်း'' ဟုဆို ကြ၏။
3 E o povo estava sedento por água; e o povo murmurou contra Moisés, e disse: Por que nos trouxeste do Egito, para nos matares de sede, a nós e aos nossos filhos, e ao nosso gado?
4 ထိုအခါမောရှေသည် ထာဝရဘုရား ကို``အကျွန်ုပ်သည်ဤလူတို့အတွက်မည်ကဲ့ သို့ဖြေရှင်းပေးရပါမည်နည်း။ သူတို့သည် မကြာမီအကျွန်ုပ်အားခဲနှင့်ပစ်သတ်ကြ ပါလိမ့်မည်'' ဟုတောင်းပန်လျှောက်ထား လေ၏။
4 E Moisés clamou ao SENHOR, dizendo: O que farei com este povo? Estão quase prontos para me apedrejar.
5 ထာဝရဘုရားက မောရှေကို``သင်နှင့်ဣသ ရေလအမျိုးသားခေါင်းဆောင်အချို့တို့သည် လူအပေါင်းတို့ကိုဦးဆောင်၍ရှေ့သို့သွား လော့။ နိုင်းမြစ်ကိုရိုက်သောတောင်ဝှေးကိုယူ ၍သွားလော့။-
5 E disse o SENHOR a Moisés: Vai adiante do povo, e toma contigo os anciãos de Israel; e o teu cajado, com o qual feriste o rio, toma na tua mão e vai.
6 သိနာတောင်၌ရှိသောကျောက်ဆောင်အနီး တွင်ငါရပ်နေမည်။ သင်သည်ကျောက်ဆောင် ကိုရိုက်လော့။ ထိုကျောက်ဆောင်မှလူတို့ သောက်ရန်ရေစီးထွက်လာလိမ့်မည်'' ဟုမိန့် တော်မူ၏။ မောရှေသည်ဣသရေလအမျိုး သားခေါင်းဆောင်တို့ရှေ့မှောက်တွင် ထာဝရ ဘုရားမိန့်တော်မူသည့်အတိုင်းကျောက် ဆောင်ကိုရိုက်လေ၏။
6 Eis que estarei em pé diante de ti sobre a rocha em Horebe, e tu ferirás a rocha, e dela sairá água para que o povo possa beber. E Moisés fez assim à vista dos anciãos de Israel.
7 ဣသရေလအမျိုးသားတို့က``ထာဝရ ဘုရားသည်ငါတို့နှင့်အတူရှိပါသလား'' ဟုမေးလျက်မောရှေအားညည်းညူ၍ထာဝရ ဘုရားကိုစုံစမ်းကြသဖြင့် ထိုအရပ်ကို``မဿာ'' ဟူ၍လည်းကောင်း``မေရိဘ'' ဟူ၍လည်းကောင်း ခေါ်ဝေါ်သမုတ်ကြသတည်း။
7 E chamou o nome do lugar Massá e Meribá, porque contenderam os filhos de Israel, e porque tentaram ao SENHOR, dizendo: Está o SENHOR entre nós ou não?
8 အာမလက်အမျိုးသားတို့သည် ရေဖိဒိမ် အရပ်သို့လာရောက်၍ ဣသရေလအမျိုး သားတို့ကိုတိုက်ခိုက်ကြ၏။-
8 E veio Amaleque e lutou com Israel em Refidim.
9 မောရှေကယောရှုအား``သင်သည်နက်ဖြန်နေ့ တွင်အာမလက်အမျိုးသားတို့ကိုစစ်ချီ တိုက်ခိုက်ရန်လူအချို့ကိုရွေးလော့။ ငါသည် ထာဝရဘုရားအပ်နှင်းထားတော်မူသော တောင်ဝှေးကိုကိုင်လျက် တောင်ထိပ်ပေါ်တွင် ရပ်နေမည်'' ဟုဆို၏။-
9 E Moisés disse a Josué: Escolhe para nós homens, e vai, luta contra Amaleque. Amanhã estarei no cume do outeiro com o cajado de Deus na minha mão.
10 ယောရှုသည်မောရှေမှာကြားသည့်အတိုင်း အာမလက်အမျိုးသားတို့ကိုတိုက်ခိုက်ရန် စစ်ချီသွားနေစဉ်မောရှေ၊ အာရုန်နှင့်ဟုရ တို့သည်တောင်ထိပ်ပေါ်သို့တက်ကြ၏။-
10 Então Josué fez como Moisés lhe dissera, e lutou contra Amaleque; e Moisés, Arão e Hur subiram ao cume do outeiro.
11 မောရှေသည်မိမိ၏လက်များကိုမြှောက်ထား သည့်အခါ ဣသရေလအမျိုးသားတို့ဘက် ကစစ်ရေးသာ၏။ သူ၏လက်များကိုချသည့် အခါအာမလက်အမျိုးသားတို့ဘက်က စစ်ရေးသာ၏။-
11 E aconteceu que, quando Moisés levantava sua mão, Israel prevalecia; e quando ele baixava sua mão, Amaleque prevalecia.
12 မောရှေ၏လက်များညောင်းလာသောအခါ အာရုန်နှင့်ဟုရတို့သည် မောရှေအားကျောက် တုံးတစ်ခုပေါ်တွင်ထိုင်စေပြီးလျှင် တစ်ဘက် စီ၌ရပ်လျက်မောရှေ၏လက်များကိုချီပင့် ထားကြ၏။ သူတို့နှစ်ဦးသည်မောရှေ၏ လက်များကိုနေဝင်သည့်တိုင်အောင်ချီပင့် ထားကြသည်ဖြစ်ရာ၊-
12 Mas as mãos de Moisés estavam pesadas; e tomaram uma pedra e a colocaram debaixo dele, e ele assentou-se nela. E Arão e Hur apoiaram suas mãos, um de um lado, e o outro, de outro lado; e suas mãos ficaram firmes até que o sol se pôs.
13 ယောရှုသည်အာမလက်တပ်ကိုအောင်မြင် ချေမှုန်းခဲ့လေ၏။
13 E Josué derrotou Amaleque e seu povo ao fio da espada.
14 ထိုနောက်ထာဝရဘုရားကမောရှေအား``ဤ အောင်ပွဲအကြောင်းကိုအမှတ်တရဖြစ်စေ ရန် ရေး၍မှတ်တမ်းတင်လော့။ ငါသည်အာမလက် အမျိုးသားတို့ကိုလုံးဝဖျက်ဆီးပစ်မည် ဖြစ်ကြောင်းယောရှုအားပြောလော့'' ဟုမိန့် တော်မူ၏။-
14 E o SENHOR disse a Moisés: Escreve isto por memorial em um livro, e repita-o nos ouvidos de Josué, porquanto eu eliminarei totalmente a memória de Amaleque de debaixo do céu.
15 မောရှေသည်ယဇ်ပလ္လင်ကိုတည်၍``ထာဝရ ဘုရားသည်ငါ၏အလံဖြစ်၏'' ဟုနာမည် မှည့်လေ၏။-
15 E Moisés construiu um altar, e chamou seu nome Jeová Nissi,
16 ထိုနောက်မောရှေက``ထာဝရဘုရား၏အလံ တော်ကိုမြှောက်ထားလော့။ ထာဝရဘုရားသည် အာမလက်အမျိုးသားတို့အားထာဝစဉ် တိုက်ခိုက်တော်မူမည်'' ဟုဆိုလေ၏။
16 porque disse: Porque o SENHOR jurou que o SENHOR fará guerra contra Amaleque de geração em geração.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Êxodo 17, comparar traduções ou montar um estudo — tudo direto pelo WhatsApp.