Êxodo 13
Common Language Bible (MYA) vs ARIB
1 — ausente —
1 Então falou o Senhor a Moisés, dizendo:
2 — ausente —
2 Santifica-me todo primogênito, todo o que abrir a madre de sua mãe entre os filhos de Israel, assim de homens como de animais; porque meu é.
3 ထိုနောက်မောရှေက ဣသရေလအမျိုးသား တို့အား``ထာဝရဘုရားသည်မဟာတန်ခိုး တော်ဖြင့် သင်တို့ကျွန်ခံရာအီဂျစ်ပြည်မှ သင်တို့ကိုထုတ်ဆောင်ခဲ့သောနေ့ရက်ကို သတိရကြလော့။ ဤနေ့ရက်တွင်တဆေး ပါသောမုန့်ကိုမစားရ။-
3 E Moisés disse ao povo: Lembrai-vos deste dia, em que saístes do Egito, da casa da servidão; pois com mão forte o Senhor vos tirou daqui; portanto não se comerá pão levedado.
4 သင်တို့သည်အဗိဗလခေါ်သောပထမလ အတွင်း ဤနေ့ရက်တွင်အီဂျစ်ပြည်မှထွက် ခွာလာရကြ၏။-
4 Hoje, no mês de abibe, vós saís.
5 ထာဝရဘုရားသည်ခါနန်အမျိုးသား၊ ဟိတ္တိ အမျိုးသား၊ အာမောရိအမျိုးသား၊ ဟိဝိ အမျိုးသား၊ ယေဗုသိအမျိုးသားတို့နေထိုင် ရာပြည်ကို သင်တို့အားပေးမည်ဟုသင်တို့၏ ဘိုးဘေးတို့ကိုခိုင်မြဲသောသစ္စာကတိထား တော်မူခဲ့၏။ ကိုယ်တော်ပို့ဆောင်၍သင်တို့သည် အစာရေစာပေါကြွယ်ဝ၍မြေသြဇာထက် သန်သောပြည်သို့ရောက်ရှိသောအခါ နှစ်စဉ် ပထမလတွင်ဤပွဲတော်ကိုကျင်းပရမည်။-
5 Quando o Senhor te houver introduzido na terra dos cananeus, dos heteus, dos amorreus, dos heveus e dos jebuseus, que ele jurou a teus pais que te daria, terra que mana leite e mel, guardarás este culto neste mês.
6 ခုနစ်ရက်ပတ်လုံးတဆေးမဲ့မုန့်ကိုစားပြီး လျှင် သတ္တမနေ့၌ထာဝရဘုရားပွဲတော် ကိုကျင်းပရမည်။-
6 Sete dias comerás pães ázimos, e ao sétimo dia haverá uma festa ao Senhor.
7 ခုနစ်ရက်ပတ်လုံးတဆေးပါသောမုန့်ကို မစားရ။ ထိုရက်အတွင်းသင်တို့နေထိုင်ရာ ပြည်တစ်လျှောက်လုံးတွင်တဆေးပါသော မုန့်ဖြစ်စေ၊ တဆေးဖြစ်စေမရှိစေရ။-
7 Sete dias se comerão pães ázimos, e o levedado não se verá contigo, nem ainda fermento será visto em todos os teus termos.
8 ထိုပွဲတော်စတင်ကျင်းပသောနေ့တွင်သင် ၏သားတို့အား`အီဂျစ်ပြည်မှငါတို့ထွက် ခွာလာစဉ်က ထာဝရဘုရားပြုတော်မူ သောကျေးဇူးတော်ကိုအောက်မေ့သည့်အထိမ်း အမှတ်ပွဲတော်ဖြစ်သည်' ဟုရှင်းပြရမည်။-
8 Naquele dia contarás a teu filho, dizendo: Isto é por causa do que o Senhor me fez, quando eu saí do Egito;
9 ထာဝရဘုရားသည်မဟာတန်ခိုးတော်ဖြင့် သင်တို့အားအီဂျစ်ပြည်မှထုတ်ဆောင်လာ သောကြောင့် သင်တို့သည်ထာဝရဘုရား၏ ပညတ်တော်ကိုအမြဲရွတ်ဆိုလေ့လာနေစေ ရန် ပွဲတော်သည်သင်တို့၏လက်သို့မဟုတ်သင် တို့၏နဖူးပေါ်တွင်ချည်ထားသောအမှတ်လက္ခ ဏာသဖွယ် သင်တို့အားသတိရစေလိမ့်မည်။-
9 e te será por sinal sobre tua mão e por memorial entre teus olhos, para que a lei do Senhor esteja em tua boca; porquanto com mão forte o Senhor te tirou do Egito.
10 နှစ်စဉ်သတ်မှတ်သောအချိန်၌ဤပွဲတော်ကို ကျင်းပရမည်။
10 Portanto guardarás este estatuto a seu tempo, de ano em ano.
11 ``ထာဝရဘုရားသည်သင်တို့နှင့်သင်တို့၏ဘိုး ဘေးတို့အားပေးမည်ဟု ခိုင်မြဲသောကတိသစ္စာ ထားသောခါနာန်ပြည်သို့သင်တို့ကိုပို့ဆောင် လိမ့်မည်။ ထိုပြည်သို့ရောက်သောအခါ၊-
11 Também quando o Senhor te houver introduzido na terra dos cananeus, como jurou a ti e a teus pais, quando te houver dado,
12 သင်တို့၌ဖွားမြင်သောသားဦးမှန်သမျှကို ထာဝရဘုရားအားဆက်ကပ်ရမည်။ သင်တို့ ၏တိရစ္ဆာန်များမှ သားဦးပေါက်အထီးမှန် သမျှကိုလည်းထာဝရဘုရားပိုင်တော် မူ၏။-
12 separarás para o Senhor tudo o que abrir a madre, até mesmo todo primogênito dos teus animais; os machos serão do Senhor.
13 သို့ရာတွင်သားဦးပေါက်မြည်းအထီးကိုသိုး ကလေးနှင့်လဲ၍ရွေးယူရမည်။ ထိုသို့လဲ၍ မရွေးယူလိုလျှင် မြည်းကလေး၏လည်ပင်း ကိုချိုးရမည်။ သင်တို့၏သားဦးယောကျာ်းမှန် သမျှကိုပြန်၍ရွေးယူကြရမည်။-
13 Mas todo primogênito de jumenta resgatarás com um cordeiro; e, se o não quiseres resgatar, quebrar-lhe-ás a cerviz:; e todo primogênito do homem entre teus filhos resgatarás.
14 နောင်အခါ၌သင်၏သားက`အဘယ်ကြောင့်ဤ သို့ပြုလုပ်ရပါသနည်း' ဟုမေးလျှင်`ထာဝရ ဘုရားသည်မဟာတန်ခိုးတော်ဖြင့် ငါတို့ကို ကျွန်ခံရာအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့တော် မူ၏။-
14 E quando teu filho te perguntar no futuro, dizendo: Que é isto? responder-lhe-ás: O Senhor, com mão forte, nos tirou do Egito, da casa da servidão.
15 အီဂျစ်ဘုရင်သည်ခေါင်းမာ၍ငါတို့အား သွားခွင့်မပေးသောအခါ ထာဝရဘုရား သည်အီဂျစ်ပြည်၌ရှိသောလူနှင့်တိရစ္ဆာန် တို့၏သားဦးပေါက်မှန်သမျှတို့ကိုသေ ဒဏ်စီရင်တော်မူ၏။ ထိုအကြောင်းကြောင့် ငါတို့သည်တိရစ္ဆာန်သားဦးပေါက်မှန်သမျှ ကို ထာဝရဘုရားအားယဇ်ပူဇော်ရ၏။ သို့သော်လည်းငါတို့၏သားဦးများကို ပြန်၍ရွေးယူကြသည်။-
15 Porque sucedeu que, endurecendo-se Faraó, para não nos deixar ir, o Senhor matou todos os primogênitos na terra do Egito, tanto os primogênitos dos homens como os primogênitos dos animais; por isso eu sacrifico ao Senhor todos os primogênitos, sendo machos; mas a todo primogênito de meus filhos eu resgato.
16 ထာဝရဘုရားသည်မဟာတန်ခိုးတော် ဖြင့် ငါတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့ ခြင်းကြောင့် ဤပွဲတော်သည်သင်၏လက်သို့ မဟုတ်သင်၏နဖူးပေါ်တွင်ချည်ထားသော အမှတ်လက္ခဏာသဖွယ် သင်တို့အားသတိ ရစေလိမ့်မည်' ဟုပြန်ပြောရမည်'' ဟူ၍ ပြောဆိုလေ၏။
16 E isto será por sinal sobre tua mão, e por frontais entre os teus olhos, porque o Senhor, com mão forte, nos tirou do Egito.
17 အီဂျစ်ဘုရင်သည်ဣသရေလအမျိုးသား တို့အားထွက်ခွင့်ပြုသောအခါ ထာဝရ ဘုရားသည်ဖိလိတ္တိမြို့သို့သွားသောပင် လယ်ကမ်းခြေဖြတ်လမ်းဖြင့် သူတို့ကိုပို့ ဆောင်တော်မမူ။ သူတို့သည်စစ်ပွဲတိုက်ရမည် ကိုသိမြင်လျှင်စိတ်ပြောင်း၍ အီဂျစ်ပြည် သို့ပြန်သွားကြမည်ဖြစ်ကြောင်းဘုရားသခင်သိတော်မူ၏။-
17 Ora, quando Faraó deixou ir o povo, Deus não o conduziu pelo caminho da terra dos filisteus, se bem que fosse mais perto; porque Deus disse: Para que porventura o povo não se arrependa, vendo a guerra, e volte para o Egito;
18 သို့ဖြစ်၍သူတို့အားတောကန္တာရခရီး ဖြင့် ဧဒုံပင်လယ်ဘက်သို့လှည့်ပတ်လျက် သွားစေတော်မူ၏။ ဣသရေလအမျိုးသား တို့တွင်စစ်ပွဲဝင်ရန်လက်နက်အပြည့်အစုံ ပါရှိကြ၏။
18 mas Deus fez o povo rodear pelo caminho do deserto perto do Mar Vermelho; e os filhos de Israel subiram armados da terra do Egito.
19 ယောသပ်ကဣသရေလအမျိုးသားတို့အား ကတိသစ္စာထားစေခဲ့သည့်အတိုင်း မောရှေ သည်ယောသပ်၏အရိုးတို့ကိုယူဆောင်ခဲ့ လေသည်။ ယောသပ်က``ဘုရားသခင်သည် သင်တို့ကိုကယ်တင်ထုတ်ဆောင်သောအခါ ငါ့အရိုးတို့ကိုဤအရပ်မှယူဆောင် သွားရမည်'' ဟုခိုင်မြဲသောကတိပြု စေ၏။
19 Moisés levou consigo os ossos de José, porquanto havia este solenemente ajuramentado os filhos de Israel, dizendo: Certamente Deus vos visitará; e vós haveis de levar daqui convosco os meus ossos.
20 သူတို့သည်သုကုတ်မြို့မှခရီးဆက်ခဲ့ကြ ရာ တောကန္တာရအစပ်ရှိဧသံမြို့တွင်စခန်း ချကြ၏။-
20 Assim partiram de Sucote, e acamparam-se em Etã, à entrada do deserto.
21 နေ့နှင့်ညအချိန်တွင်သူတို့အားလမ်းပြရန် ထာဝရဘုရားသည်နေ့အချိန်၌မိုးတိမ် တိုင်အဖြစ်ဖြင့်လည်းကောင်း၊ ညအချိန်၌ အလင်းရောင်ပေးရန်မီးတိုင်အဖြစ်ဖြင့် လည်းကောင်း သူတို့၏ရှေ့ကကြွတော်မူ၏။-
21 E o Senhor ia adiante deles, de dia numa coluna e os dois para os guiar pelo caminho, e de noite numa coluna de fogo para os alumiar, a fim de que caminhassem de dia e de noite.
22 နေ့အချိန်၌မိုးတိမ်တိုင်၊ ညအချိန်၌မီး တိုင်သည်သူတို့ရှေ့ကအစဉ်မပြတ်သွား လေ၏။
22 Não desaparecia de diante do povo a coluna de nuvem de dia, nem a coluna de fogo de noite.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Êxodo 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.