Êxodo 12

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 ထာ​ဝ​ရ​ဘု​ရား​က အီ​ဂျစ်​ပြည်​တွင်​မော​ရှေ နှင့်​အာ​ရုန်​တို့​အား၊-
1 O Senhor disse a Moisés e a Aarão:
2 ``ဤ​လ​သည်​သင်​တို့​၏​နှစ်​ပ​ထ​မ​လ​ဖြစ် စေ​ရ​မည်။-
2 "Este mês será para vós o princípio dos meses: tê-lo-eis como o primeiro mês do ano.
3 ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ဤ​သို့​ညွှန်​ကြား​လော့။ ဤ​လ​ဆယ်​ရက်​နေ့​တွင် မိ​သား​စု​တစ်​စု​လျှင် သိုး​က​လေး​သို့​မ​ဟုတ် ဆိတ်​က​လေး​တစ်​ကောင်​ကျ​စီ​ရွေး​ယူ​ရ​မည်။-
3 Dizei a toda a assembléia de Israel: no décimo dia deste mês cada um de vós tome um cordeiro por família, um cordeiro por casa.
4 အ​ကယ်​၍​မိ​မိ​၏​မိ​သား​စု​သည်​သိုး​က​လေး တစ်​ကောင် သို့​မ​ဟုတ်​ဆိတ်​က​လေး​တစ်​ကောင် လုံး​ကို​စား​၍​မ​ကုန်​နိုင်​လျှင် အိမ်​နီး​ချင်း မိ​သား​စု​နှင့်​ပေါင်း​စပ်​၍​လူ​တစ်​ယောက်​စား နိုင်​သ​မျှ စား​မည့်​သူ​ဦး​ရေ​ကို​တွက်​ချက် ကာ​တိ​ရစ္ဆာန်​တစ်​ကောင်​ကို​စား​သုံး​ရ​မည်။-
4 Se a família for pequena demais para um cordeiro, então o tomará em comum com seu vizinho mais próximo, segundo o número das pessoas, calculando-se o que cada um pode comer.
5 သင်​တို့​သည်​သိုး​သို့​မ​ဟုတ်​ဆိတ်​ကို​ရွေး​ယူ နိုင်​သည်၊ သို့​သော်​ထို​တိ​ရစ္ဆာန်​သည်​အ​ပြစ်​အ​နာ ကင်း​သော​တစ်​နှစ်​သား​အ​ထီး​ဖြစ်​ရ​မည်။-
5 O animal será sem defeito, macho, de um ano; podereis tomar tanto um cordeiro como um cabrito.
6 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထို​သား​ကောင် များ​ကို​ထိန်း​ကျောင်း​ထား​ပြီး​လျှင် ပ​ထ​မ​လ တစ်​ဆယ်​လေး​ရက်​နေ့​ည​ဦး​ပိုင်း​၌​ယင်း​သား ကောင်​တို့​ကို​သတ်​ရ​မည်။-
6 E o guardareis até o décimo quarto dia deste mês; então toda a assembléia de Israel o imolará no crepúsculo.
7 ထို​နောက်​အ​သား​ကို​စား​သုံး​သူ​များ​နေ​ထိုင် ရာ​အိမ်​၏​တံ​ခါး​ထုပ်​နှင့်​တံ​ခါး​တိုင်​နှစ်​တိုင် တို့​တွင် ထို​သား​ကောင်​၏​သွေး​ကို​သုတ်​လိမ်း ရ​မည်။-
7 Tomarão do seu sangue e pô-lo-ão sobre as duas ombreiras e sobre a verga da porta das casas em que o comerem.
8 ထို​ည​တွင်​အ​သား​ကို​မီး​ကင်​၍​တ​ဆေး​မဲ့ မုန့်၊ ခါး​သော​အ​ရွက်​တို့​နှင့်​စား​ရ​ကြ​မည်။-
8 Naquela noite comerão a carne assada no fogo com pães sem fermento e ervas amargas.
9 အ​သား​ကို​အ​စိမ်း​လိုက်​ဖြစ်​စေ၊ ပြုတ်​၍​ဖြစ် စေ​မ​စား​ရ။ တိ​ရစ္ဆာန်​၏​ဦး​ခေါင်း၊ ခြေ​လက်၊ ဝမ်း တွင်း​သား​နှင့်​တ​ကွ​တစ်​ကောင်​လုံး​ကို​မီး​ကင် ရ​မည်။-
9 Nada comereis dele que seja cru, ou cozido, mas será assado no fogo completamente com a cabeça, as pernas e as entranhas.
10 နံ​နက်​တိုင်​အောင်​အ​သား​အ​ကြွင်း​အ​ကျန် မ​ရှိ​စေ​ရ။ အ​ကြွင်း​အ​ကျန်​ရှိ​ခဲ့​လျှင်​မီး ရှို့​ပစ်​ရ​မည်။-
10 Nada deixareis dele até pela manhã; se sobrar alguma coisa, queimá-la-eis no fogo.
11 သင်​တို့​သည်​ခါး​ကို​စည်း​၍​ဖိ​နပ်​ကို​စီး လျက်​လက်​ထဲ​တွင်​တောင်​ဝှေး​ကို​ကိုင်​ပြီး​လျှင် ထို​အ​သား​ကို​အ​လျင်​အ​မြန်​စား​ကြ​ရ​မည်။ ထို​ပွဲ​တော်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပသခါ ပွဲ​တော်​ဖြစ်​၏။
11 Eis a maneira como o comereis: tereis cingidos os vossos rins, vossas sandálias nos pés e vosso cajado na mão. Comê-lo-eis apressadamente: é a Páscoa do Senhor.
12 ``ထို​နေ့​ည​တွင်​ငါ​သည် အီ​ဂျစ်​ပြည်​ကို​ဖြတ် သန်း​ကြွ​သွား​၍ လူ​နှင့်​တိ​ရစ္ဆာန်​တို့​၏​သား​ဦး ရှိ​သ​မျှ​တို့​ကို​သေ​ဒဏ်​ခတ်​၍ အီ​ဂျစ်​ပြည် ရှိ​ဘု​ရား​အ​ပေါင်း​တို့​ကို​ဒဏ်​စီ​ရင်​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။-
12 "Naquela noite, passarei através do Egito, e ferirei os primogênitos no Egito, tanto os dos homens como os dos animais, e exercerei minha justiça contra todos os deuses do Egito. Eu sou o Senhor.
13 သင်​တို့​နေ​ထိုင်​ရာ​အိမ်​တံ​ခါး​တိုင်​တို့​တွင် သုတ်​လိမ်း​ထား​သော​သွေး​သည်​အ​မှတ်​အ​သား ဖြစ်​လိမ့်​မည်။ ငါ​သည်​သွေး​ကို​မြင်​ရ​သော​အ​ခါ သင်​တို့​အိမ်​ကို​ကျော်​လွန်​သွား​မည်။ သို့​ဖြစ်​၍ ငါ​သည်​အီ​ဂျစ်​ပြည်​ကို​ဒဏ်​ခတ်​သော​အ​ခါ သင်​တို့​သည်​၎င်း​ဒဏ်​မှ​လွတ်​ကင်း​ကြ​လိမ့် မည်။-
13 O sangue sobre as casas em que habitais vos servirá de sinal {de proteção}: vendo o sangue, passarei adiante, e não sereis atingidos pelo flagelo destruidor, quando eu ferir o Egito.
14 ငါ​ထာ​ဝ​ရ​ဘု​ရား​ပြု​သည့်​အ​မှု​ကို​သ​တိ​ရ ရန် ဤ​နေ့​ရက်​ကို​ပွဲ​တော်​နေ့​အ​ဖြစ်​ဆင်​ယင် ကျင်း​ပ​ရ​မည်။ သင်​တို့​သည်​ထို​နေ့​ကို​ဘု​ရား ပွဲ​တော်​နေ့​အ​ဖြစ်​ထာ​ဝ​စဉ်​ကျင်း​ပ​ရ​ကြ မည်'' ဟု​မိန့်​တော်​မူ​၏။
14 Conservareis a memória daquele dia, celebrando-o com uma festa em honra do Senhor: fareis isso de geração em geração, pois é uma instituição perpétua.
15 ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည်​ခု​နစ်​ရက် ပတ်​လုံး​တ​ဆေး​ပါ​သော​မုန့်​ကို​မ​စား​ရ။ တ​ဆေး​မဲ့​မုန့်​ကို​သာ​စား​ရ​မည်။ ပ​ထ​မ နေ့​တွင်​သင်​တို့​၏​အိမ်​များ​မှ​တ​ဆေး​ကို ဖယ်​ရှား​ရ​မည်။ ထို​ခု​နစ်​ရက်​အ​တွင်း​၌​တစ် စုံ​တစ်​ယောက်​သော​သူ​သည် တ​ဆေး​ပါ​သော မုန့်​ကို​စား​မိ​လျှင်​ထို​သူ​သည်​ငါ​၏​လူ​မျိုး တော်​မှ​အ​ပယ်​ခံ​ရ​မည်။-
15 "Comereis pão sem fermento durante sete dias. Logo ao primeiro dia tirareis de vossas casas o fermento, pois todo o que comer pão fermentado, desde o primeiro dia até o sétimo, será cortado de Israel.
16 ပ​ထ​မ​နေ့​နှင့်​သတ္တမ​နေ့​၌​ဝတ်​ပြု​အ​စည်း အ​ဝေး​ကို​ကျင်း​ပ​ရ​မည်။ ထို​နေ့​ရက်​များ တွင်​စား​စ​ရာ​ပြင်​ဆင်​ခြင်း​အ​လုပ်​မှ​တစ် ပါး​အ​ခြား​အ​လုပ်​မ​လုပ်​ရ။-
16 No primeiro dia, assim como no sétimo, tereis uma santa assembléia. Durante esses dias não se fará trabalho algum, exceto a preparação da comida para todos.
17 ငါ​သည်​ထို​နေ့​တွင်​သင်​တို့​ဗိုလ်​ခြေ​များ​ကို အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သည်​ဖြစ်​ခြင်း ကြောင့် ဤ​တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ကို​ထာ​ဝ စဉ်​ကျင်း​ပ​ကြ​လော့။-
17 Guardareis {a festa} dos ázimos, porque foi naquele dia que tirei do Egito vossos exércitos. Guardareis aquele dia de geração em geração: é uma instituição perpétua.
18 သင်​တို့​သည်​ပ​ထ​မ​လ​တစ်​ဆယ့်​လေး​ရက် နေ့​ည​နေ​မှ နှစ်​ဆယ့်​တစ်​ရက်​နေ့​ည​နေ တိုင်​အောင်​တ​ဆေး​မဲ့​မုန့်​ကို​စား​ရ​မည်။-
18 No primeiro mês, desde a tarde do décimo quarto dia do mês até a tarde do vigésimo primeiro, comereis pães sem fermento.
19 ခု​နစ်​ရက်​ပတ်​လုံး​သင်​တို့​၏​အိမ်​များ​တွင် တ​ဆေး​မ​ရှိ​စေ​ရ။ ဣ​သ​ရေ​လ​အ​မျိုး​သား ဖြစ်​စေ၊ အ​ခြား​အ​မျိုး​သား​ဖြစ်​စေ မည်​သူ မ​ဆို​တ​ဆေး​ပါ​သော​မုန့်​ကို​စား​မိ​လျှင် ထို သူ​သည်​ငါ​၏​လူ​မျိုး​တော်​မှ​အ​ပယ်​ခံ​ရ​မည်။-
19 Durante sete dias não haverá fermento em vossas casas: se alguém comer pão fermentado, será cortado da assembléia de Israel, quer se trate de estrangeiro ou natural do país.
20 တ​ဆေး​ပါ​သည့်​မုန့်​ကို​လုံး​ဝ​မ​စား​ရ၊ သင် သည်​မည်​သည့်​အ​ရပ်​တွင်​နေ​ထိုင်​သည်​မ​ဆို တ​ဆေး​မဲ့​မုန့်​ကို​သာ​စား​ရ​မည်'' ဟု​မိန့်​တော် မူ​၏။
20 Não comereis pão fermentado: em todas as vossas casas comereis ázimos".
21 မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း ဆောင်​အ​ပေါင်း​တို့​ကို​ခေါ်​၍``သင်​တို့​၏​မိ​သား​စု အ​သီး​သီး​သည် ပ​သ​ခါ​ပွဲ​တော်​ကို​ဆင်​ယင် ကျင်း​ပ​နိုင်​ရန် တိ​ရစ္ဆာန်​များ​ထဲ​မှ​ရွေး​ယူ​၍ ပ​သ​ခါ​ပွဲ​အ​တွက်​သတ်​ကြ​လော့။-
21 Moisés convocou todos os anciãos de Israel e disse-lhes: "Ide e escolhei um cordeiro por família, e imolai a Páscoa.
22 ထို​နောက်​ဟု​ဿုပ်​ညွန့်​တစ်​စည်း​ကို​ယူ​၍​အင်​တုံ ထဲ​ရှိ​သိုး​၏​သွေး​၌​နှစ်​ပြီး​လျှင် တံ​ခါး​ထုပ်​နှင့် တံ​ခါး​တိုင်​နှစ်​တိုင်​တို့​ကို​သုတ်​ရ​မည်။ နံ​နက် ချိန်​သို့​ရောက်​သည့်​တိုင်​အောင်​မည်​သူ​မျှ​မိ​မိ အိမ်​အ​ပြင်​သို့​မ​ထွက်​ရ။-
22 Depois disso, tomareis um feixe de hissopo, ensopá-lo-eis no sangue que estiver na bacia e aspergireis com esse sangue a verga e as duas ombreiras da porta. Nenhum de vós transporá o limiar de sua casa até pela manhã.
23 ထာ​ဝ​ရ​ဘု​ရား​သည်​အီ​ဂျစ်​အ​မျိုး​သား တို့​ကို​သေ​ဒဏ်​စီ​ရင်​ရန် အီ​ဂျစ်​ပြည်​ကို ဖြတ်​သန်း​ကြွ​သွား​သည့်​အ​ခါ​တံ​ခါး​ထုပ်၊ တံ​ခါး​တိုင်​တို့​တွင်​သွေး​ကို​မြင်​ရ​လျှင် သင် တို့​အ​သက်​ချမ်း​သာ​ရ​စေ​ရန် သေ​မင်း​တ​မန် အား သင်​တို့​၏​အိမ်​များ​ကို​ကျော်​သွား​စေ တော်​မူ​မည်။ သင်​တို့​၏​အိမ်​များ​ထဲ​သို့​ဝင်​၍ သင်​တို့​အား​သတ်​ခွင့်​ပေး​မည်​မ​ဟုတ်။-
23 Quando o Senhor passar para ferir o Egito, vendo o sangue sobre a verga e sobre as duas ombreiras da porta, passará adiante e não permitirá ao destruidor entrar em vossas casas para ferir.
24 သင်​တို့​နှင့်​သင်​တို့​၏​သား​သ​မီး​များ​သည် ဤ​ပ​ညတ်​ချက်​များ​ကို​အ​စဉ်​လိုက်​နာ ကျင့်​သုံး​ရ​ကြ​မည်။-
24 Observareis esse costume como uma instituição perpétua para vós e vossos filhos.
25 ထာ​ဝ​ရ​ဘု​ရား​က​တိ​ထား​တော်​မူ​သော ပြည်​သို့ သင်​တို့​ဝင်​ရောက်​ကြ​သော​အ​ခါ ဤ​ဝတ်​ကို​ပြု​ရ​မည်။-
25 Quando tiverdes penetrado na terra que o Senhor vos dará, como prometeu, observareis esse rito.
26 သင်​တို့​၏​သား​သမီး​များ​က`ဤ​သို့​ဝတ်​ပြု ခြင်း​မှာ​မည်​သို့​ဆို​လို​ပါ​သ​နည်း' ဟု​မေး လျှင်၊-
26 E quando vossos filhos vos disserem: que significa esse rito? respondereis:
27 သင်​တို့​က`ထာ​ဝ​ရ​ဘု​ရား​သည်​အီ​ဂျစ် ပြည်​သား​တို့​အား​သုတ်​သင်​ဖျက်​ဆီး​သော အ​ခါ အီ​ဂျစ်​ပြည်​မှ​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​အိမ်​များ​ကို​ကျော်​၍ ငါ​တို့​အား အ​သက်​ချမ်း​သာ​စေ​ခဲ့​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​အား​ပ​သ​ခါ​ယဇ်​ကို​ပူ​ဇော်​ခြင်း ဖြစ်​သည်' ဟု​ဖြေ​ကြား​ရ​မည်'' ဟု​ညွှန် ကြား​လေ​၏။
27 é o sacrifício da Páscoa, em honra do Senhor que, ferindo os egípcios, passou por cima das casas dos israelitas no Egito e preservou nossas casas." O povo inclinou-se e prostrou-se.
28 ထို​နောက်​မောရှေ​နှင့်​အာ​ရုန်​တို့​ညွှန်​ကြား သည့်​အ​တိုင်း သူ​တို့​သည်​လိုက်​နာ​ဆောင်​ရွက် ကြ​၏။
28 Em seguida, retiraram-se os israelitas para fazerem o que o Senhor tinha ordenado a Moisés e a Aarão. Assim o fizeram.
29 သန်း​ခေါင်​အ​ချိန်​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် အီ​ဂျစ်​ဘု​ရင်​၏​နန်း​လျာ​သား​ဦး​မှ​စ​၍ ထောင်​တွင်း​ရှိ အ​ကျဉ်း​သ​မား​သား​ဦး​တိုင် အောင်​အီ​ဂျစ်​ပြည်​ရှိ​သား​ဦး​မှန်​သ​မျှ​ကို လည်း​ကောင်း၊ တိ​ရစ္ဆာန်​တို့​၏​သား​ဦး​ဟူ​သ​မျှ ကို​လည်း​ကောင်း​သေ​ဒဏ်​စီ​ရင်​တော်​မူ​၏။-
29 Pelo meio da noite, o Senhor feriu todos os primogênitos no Egito, desde o primogênito do faraó, que devia assentar-se no trono, até o primogênito do cativo que estava no cárcere, e todos os primogênitos dos animais.
30 ထို​ည​တွင်​အီ​ဂျစ်​ဘု​ရင်​နှင့်​မှူး​မတ်​ပြည်​သူ အ​ပေါင်း​တို့​သည် ထ​၍​အော်​ဟစ်​ငို​ကြွေး​မြည် တမ်း​ကြ​လေ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​အီ​ဂျစ် တစ်​နိုင်​ငံ​လုံး​တွင် သား​မ​သေ​သော​အိမ်​တစ် အိမ်​မျှ​မ​ရှိ​သော​ကြောင့်​ဖြစ်​သ​တည်း။-
30 O faraó levantou-se durante a noite, assim como todos os seus servos e todos os egípcios e fez-se um grande clamor no Egito, porque não havia casa em que não houvesse um morto.
31 ထို​ည​ချင်း​တွင်​ဘု​ရင်​သည်​မော​ရှေ​နှင့်​အာ​ရုန် တို့​ကို​ခေါ်​၍``သင်​တို့​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ငါ​၏​ပြည်​မှ​ထွက်​သွား​ကြ လော့။ သင်​တို့​တောင်း​ဆို​သည့်​အ​တိုင်း​သွား​၍ ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ကြ လော့။-
31 Naquela mesma noite, o rei mandou chamar Moisés e Aarão e disse-lhes: "Ide! Saí do meio do meu povo, vós e os israelitas. Ide prestar um culto ao Senhor, como o dissestes.
32 သင်​တို့​၏ သိုး၊ ဆိတ်၊ နွား​တို့​ကို​လည်း​ယူ​ဆောင် သွား​ကြ​လော့။ ငါ​သည်​ကောင်း​ချီး​ခံ​စား​ရ​စေ ရန်​ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း​ပေး​ပါ​လော့'' ဟု​ဆို​လေ​၏။-
32 Tomai vossas ovelhas e vossos bois, como o pedistes. Ide e abençoai-me".
33 အီ​ဂျစ်​အ​မျိုး​သား​တို့​က``သင်​တို့​သည်​ဤ ပြည်​မှ​မ​ထွက်​လျှင် ငါ​တို့​အား​လုံး​သေ​ရ ပါ​လိမ့်​မည်'' ဟု​ဆို​လျက်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​အီ​ဂျစ်​ပြည်​မှ အ​လျင်​အ​မြန် ထွက်​သွား​ရန်​တိုက်​တွန်း​ကြ​လေ​သည်။-
33 Os egípcios instavam com o povo para que saísse o quanto antes do país. "Vamos morrer todos", diziam eles.
34 သို့​ဖြစ်​၍​သူ​တို့​သည်​တ​ဆေး​မ​ရော​သေး သော​မုန့်​စိမ်း​ကို​မုန့်​နယ်​ခွက်​များ​တွင်​ထည့်​၍ အ​ဝတ်​နှင့်​ထုတ်​ပြီး​လျှင်​ပ​ခုံး​ပေါ်​၌​ထမ်း ယူ​ကြ​၏။-
34 O povo tomou a sua massa antes que fosse levedada; cada um carregava em seus ombros a cesta embrulhada em seu manto.
35 မော​ရှေ​မှာ​ကြား​ထား​သည့်​အ​တိုင်း​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သည် အီ​ဂျစ်​ပြည် သား​တို့​ထံ​မှ​ရွှေ​ထည်၊ ငွေ​ထည်၊ အ​ဝတ် အ​ထည်​များ​ကို​တောင်း​ယူ​ကြ​၏။-
35 Os israelitas, segundo a ordem de Moisés, tinham pedido aos egípcios objetos de prata, objetos de ouro e vestes.
36 အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ရို​သေ​လေး​စား​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သ​ဖြင့်​သူ​တို့ တောင်း​သ​မျှ​ကို​ပေး​ကြ​၏။ ဤ​နည်း​အား ဖြင့်​သူ​တို့​သည် အီ​ဂျစ်​အ​မျိုး​သား​တို့​၏ ပစ္စည်း​ဥစ္စာ​များ​ကို​ယူ​ဆောင်​သွား​ကြ​၏။
36 O Senhor lhes fizera ganhar o favor dos egípcios, que atenderam ao seu pedido. Foi assim que despojaram os egípcios.
37 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရာ​မ​သက် မြို့​မှ သု​ကုတ်​မြို့​သို့​ခြေ​လျင်​ခ​ရီး​ဖြင့်​ထွက်​ခွာ လာ​ခဲ့​ကြ​၏။ အ​ရေ​အ​တွက်​အား​ဖြင့်​အ​မျိုး သ​မီး​နှင့်​က​လေး​များ​မ​ပါ​ဘဲ စု​စု​ပေါင်း လူ​ခြောက်​သိန်း​မျှ​ရှိ​လေ​သည်။-
37 Os israelitas partiram de Ramsés para Socot, em número de seiscentos mil homens, aproximadamente, sem contar os meninos.
38 သူ​တို့​နှင့်​အ​တူ​ဣ​သ​ရေ​လ​အ​မျိုး​သား မ​ဟုတ်​သော​သူ​မြောက်​မြား​စွာ​တို့​နှင့် သိုး၊ ဆိတ်၊ နွား​များ​စွာ​တို့​လည်း​လိုက်​ပါ​သွား​ကြ​လေ သည်။-
38 Além disso, acompanhava-os uma numerosa multidão, bem como rebanhos consideráveis de ovelhas e de bois.
39 သူ​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ယူ​ဆောင်​ခဲ့​သော တ​ဆေး​မ​ရော​သည့်​မုန့်​စိမ်း​ဖြင့်​မုန့်​ဖုတ်​ကြ ၏။ အီ​ဂျစ်​ပြည်​မှ​သူ​တို့​အား​ရုတ်​တ​ရက် နှင်​ထုတ်​လိုက်​ကြ​သည်​ဖြစ်​ခြင်း​ကြောင့် မုန့် စိမ်း​၌​တ​ဆေး​ရော​ရန်​အ​ချိန်​မ​ရ​ခဲ့ ကြ​ချေ။
39 Cozeram bolos ázimos da massa que levaram do Egito, pois esta não se tinha fermentado, porque tinham sido lançados fora do país e não puderam deter-se nem fazer provisões.
40 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ် ပြည်​တွင် နှစ်​ပေါင်း​လေး​ရာ​သုံး​ဆယ်​နေ​ထိုင် ခဲ့​ကြ​၏။-
40 A permanência dos israelitas no Egito durara quatrocentos e trinta anos.
41 နှစ်​ပေါင်း​လေး​ရာ​သုံး​ဆယ်​စေ့​သော​နေ့​၌ ပင်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​သည် အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ခဲ့​ကြ​၏။-
41 Exatamente no fim desses quatrocentos e trinta anos, todos os exércitos do Senhor saíram do Egito:
42 ထို​နေ့​ည​သည်​ထာ​ဝ​ရ​ဘု​ရား​က​သူ​တို့ ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ရန်​စောင့်​ကြပ် ကြည့်​ရှု​သော​ည​ဖြစ်​၏။ သို့​ဖြစ်​၍​ဣ​သ​ရေ​လ အ​မျိုး​အ​စဉ်​အ​ဆက်​တို့​သည် ထို​ည​ကို ထာ​ဝ​ရ​ဘု​ရား​ထုတ်​ဆောင်​တော်​မူ​ရာ​ည အ​ထိမ်း​အ​မှတ်​ပွဲ​တော်​အ​ဖြစ်​နှစ်​စဉ် ကျင်း​ပ​ကြ​လေ​သည်။
42 Foi uma noite de vigília para o Senhor, a fim de tirá-los do Egito: essa mesma noite é uma vigília a ser celebrada de geração em geração por todos os israelitas, em honra do Senhor.
43 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား``ပ​သ​ခါ​ပွဲ​တော်​နှင့်​ဆိုင်​သော​စည်း​ကမ်း ဥ​ပ​ဒေ​သ​များ​သည်​ကား​ဤ​သို့​တည်း။ မည် သည့်​လူ​မျိုး​ခြား​ကို​မျှ​ထို​ပွဲ​တွင်​ပါ​ဝင် စား​သောက်​ခွင့်​မ​ပြု​ရ။-
43 O Senhor disse a Moisés e a Aarão: "Eis a regra relativa à Páscoa: nenhum estrangeiro comerá dela;
44 သို့​သော်​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို ခံ ပြီး​သော​ငွေ​ဝယ်​ကျွန်​သည်​စား​နိုင်​၏။-
44 todo escravo adquirido a preço de dinheiro, e que tiver sido circuncidado, comerá dela,
45 ဧည့်​သည်​သို့​မ​ဟုတ်​အ​ခ​စား​အ​လုပ် သ​မား​များ​မ​စား​ရ။-
45 mas nem o estrangeiro nem o mercenário comerão dela.
46 ပသခါ​စား​ပွဲ​ကို​ပြင်​ဆင်​သော​အိမ်​ထဲ​၌​သာ စား​ရ​မည်။ အိမ်​ပြင်​သို့​ယူ​မ​သွား​ရ။ သား ကောင်​၏​အ​ရိုး​များ​ကို​လည်း​မ​ချိုး​ရ။-
46 O cordeiro será comido em uma mesma casa: tu não levarás nada de sua carne para fora da casa e não lhe quebrarás osso algum.
47 ဣ​သ​ရေ​လ​အ​မျိုး​တစ်​မျိုး​လုံး​သည်​ထို​ပွဲ တော်​ကို​ကျင်း​ပ​ရ​မည်။-
47 Toda a assembléia de Israel celebrará a Páscoa.
48 လူ​မျိုး​ခြား​တစ်​ဦး​ဦး​သည်​သင်​နှင့်​အ​တူ နေ​ထိုင်​၍ ထာ​ဝ​ရ​ဘု​ရား​၏​ပ​သ​ခါ​ပွဲ​တော် တွင်​ပါ​ဝင်​လို​လျှင် သူ​နှင့်​သူ​၏​အိမ်​သား​တို့ ကို​ဦး​စွာ​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​စေ​ပြီး မှ ထို​သူ​အား​ဣ​သ​ရေ​လ​အ​မျိုး​သား ကဲ့​သို့​သတ်​မှတ်​ကာ​ထို​ပွဲ​တော်​၌​ပါ​ဝင် စေ​နိုင်​၏။ အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ မ​ခံ​သူ​မှန်​သ​မျှ​သည်​ထို​ပွဲ​သို့​ဝင်​၍ မ​စား​ရ။-
48 Se um estrangeiro, habitando em tua casa, quiser celebrar a Páscoa em honra do Senhor, que primeiro seja circuncidado todo varão de sua casa e somente depois poderá fazê-lo e será tratado com a mesma igualdade que o natural do país; mas nenhum incircunciso comerá a Páscoa.
49 ဣ​သ​ရေ​လ​အ​မျိုး​သား​များ​သော်​လည်း ကောင်း၊ သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ မျိုး​ခြား​တို့​သည်​သော်​လည်း​ကောင်း ဤ​စည်း ကမ်း​ဥ​ပ​ဒေ​သ​များ​ကို​လိုက်​နာ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
49 Haverá uma mesma lei para o natural e o estrangeiro que peregrina entre vós".
50 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား​မိန့်​ကြား​သ​မျှ​အ​တိုင်း ဣ​သ​ရေ​လ အ​မျိုး​သား​တို့​လိုက်​နာ​ဆောင်​ရွက်​ကြ​၏။-
50 Todos os israelitas fizeram o que o Senhor havia ordenado a Moisés e a Aarão. Obedeceram-lhes.
51 ထို​နေ့​၌​ပင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​၏။
51 Naquele mesmo dia, o Senhor fez sair do Egito os israelitas, como fileiras de um exército.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Êxodo 12, comparar traduções ou montar um estudo — tudo direto pelo WhatsApp.