Ester 7

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 ဤ​သို့​ဖြင့်​မင်း​ကြီး​နှင့်​ဟာ​မန်​သည် ဧ​သ​တာ ၏​ည​စာ​စား​ပွဲ​သို့-
1 O rei e Amã vieram, pois, ao banquete de Ester.
2 ဒု​တိ​ယ​အ​ကြိမ်​သွား​ရောက်​ကြ​၏။ မင်း​ကြီး သည်​စ​ပျစ်​ရည်​သောက်​လျက်​နေ​စဉ်​ဧ​သ​တာ အား``မိ​ဖု​ရား​ဧ​သ​တာ၊ အ​ဘယ်​ဆု​ကို​တောင်း လို​ပါ​သ​နည်း။ ငါ့​အား​ပြော​ကြား​လော့။ သင့် အား​ငါ​ပေး​မည်။ ငါ​၏​အင်​ပါ​ယာ​နိုင်​ငံ​တော် တစ်​ဝက်​တိုင်​အောင်​သင့်​အား​ငါ​ပေး​မည်'' ဟု မိန့်​တော်​မူ​၏။
2 No segundo dia, bebendo vinho, disse ainda o rei a Ester: Qual é teu pedido, rainha Ester? Será atendido. Que é que desejas? Fosse mesmo a metade de meu reino, tu obterias.
3 မိ​ဖု​ရား​ဧ​သ​တာ​က``အ​ရှင်​မင်း​ကြီး​ကျွန် တော်​မ​သည်​စိတ်​တော်​နှင့်​တွေ့​၍​တောင်း​လျှောက် သည်​ကို​ပေး​တော်​မူ​မည်​ဆို​ပါ​လျှင် ကျွန်​တော် မ​၏​အ​သက်​နှင့်​ကျွန်​တော်​မ​၏​အ​မျိုး​သား ချင်း​တို့​၏​အ​သက်​ကို​ချမ်း​သာ​ပေး​တော် မူ​ပါ။-
3 A rainha respondeu: Se achei graça a teus olhos, ó rei, e se ao rei lhe parecer bem, concede-me a vida, eis o meu pedido; salva meu povo, eis o meu desejo.
4 ကျွန်​တော်​မ​နှင့်​ကျွန်​တော်​မ​၏​အ​မျိုး​သား ချင်း​တို့​အား​ရောင်း​စား​လိုက်​ကြ​ပြီ​ဖြစ်​၍ ကျွန်​တော်​မ​တို့​သည်​သေ​ရ​ကြ​ပါ​တော့​မည်။ အ​ကယ်​၍​ကျွန်​ဘ​ဝ​သို့​ရောက်​ရ​ကြ​ရုံ​သာ ဆို​လျှင်​ကျွန်​တော်​မ​သည်​အ​ရှင်​မင်း​ကြီး အား​အ​နှောင့်​အ​ယှက်​မ​ပေး​ဘဲ​ကြိတ်​၍​ခံ မည်​သာ​ဖြစ်​ပါ​၏။ ယ​ခု​မှာ​မူ​ကျွန်​တော် မ​တို့​သည်​အ​မျိုး​ပြုတ်​အောင်​သုတ်​သင် ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​ကြ​ပါ​တော့​မည်'' ဟု​လျှောက်​၏။
4 Fomos votados, eu e meu povo, ao extermínio, à morte, ao aniquilamento. Se tivéssemos sido vendidos como escravos, eu me calaria, mas eis que agora o opressor não poderia compensar o prejuízo que causa ao mesmo rei.
5 ထို​အ​ခါ​ဧ​က​ရာဇ်​မင်း​က``ဤ​သို့​သော အ​မှု​မျိုး​ကို​အ​ဘယ်​သူ​ပြု​ရဲ​သ​နည်း။ ထို​သူ​ကား​အ​ဘယ်​မှာ​ရှိ​သ​နည်း'' ဟု မေး​တော်​မူ​၏။
5 Quem é, replicou o rei, e onde está quem maquina tal projeto em seu coração?
6 ဧ​သ​တာ​က``ကျွန်​တော်​မ​တို့​၏​ရန်​သူ၊ ကျွန် တော်​မ​တို့​အား နှိပ်​စက်​ညှင်း​ပန်း​သူ​မှာ​ဤ သူ​ယုတ်​မာ​ဟာ​မန်​ပင်​ဖြစ်​ပါ​သည်'' ဟု ပြန်​၍​လျှောက်​လေ​၏။
6 O opressor, o inimigo, disse a rainha, é Amã, eis aí o infame!
7 မင်း​ကြီး​သည်​အ​မျက်​ထွက်​၍​ည​စာ​စား ပွဲ​မှ​ထ​ပြီး​လျှင်​ဥ​ယျာဉ်​တော်​သို့​ကြွ​တော် မူ​၏။ ဟာ​မန်​သည်​ဤ​အ​မှု​ကိစ္စ​အ​တွက် မိ​မိ​အား​ဧ​ကန်​မု​ချ​မင်း​ကြီး​အ​ပြစ်​ပေး တော်​မူ​မည်​ကို​သိ​သ​ဖြင့် မိ​မိ​၏​အ​သက် ကို​ချမ်း​သာ​ပေး​ပါ​မည့်​အ​ကြောင်း ဧ​သ​တာ​အား​အ​သ​နား​ခံ​ရန်​နေ ရစ်​ခဲ့​၏။-
7 Amã ficou tomado de terror diante do rei e da rainha. O rei, aceso em cólera, levantou-se e deixou o banquete, dirigindo-se ao jardim do palácio, ao passo que Amã permanecia ali, para implorar a Ester o perdão de sua vida, porque via bem que no espírito do rei estava decretada sua perda.
8 သူ​သည်​ဧ​သ​တာ​၏​သ​လွန်​ထက်​သို့​လှဲ​ချ ကာ​အ​သ​နား​ခံ​မည်​အ​ပြု​တွင်​မင်း​ကြီး သည် ဥ​ယျာဉ်​တော်​မှ​ပြန်​လည်​ရောက်​ရှိ​ကာ ည​စာ​ခန်း​မ​ဆောင်​သို့​ဝင်​လာ​လေ​သည်။ ဟာ​မန်​၏​အ​မူ​အ​ရာ​ကို​မြင်​သော​အ​ခါ မင်း​ကြီး​က``ဤ​သူ​သည်​မိ​ဖု​ရား​အား​နန်း တော်​အ​တွင်း​ငါ့​ရှေ့​မှောက်​၌​ပင်​မ​တ​ရား ပြု​ကျင့်​မည်​လော'' ဟု​ဟစ်​အော်​မိန့်​မြွက် တော်​မူ​၏။
8 Quando o rei voltou do jardim do palácio para a sala do banquete, viu Amã que se tinha deixado cair sobre o divã em que repousava Ester: Como!, exclamou. Ei-lo que quer fazer violência à rainha em minha casa, em meu palácio! Mal tinha saído essa palavra da boca do rei, quando cobriram a face de Amã.
9 ထို​နောက်​မိန်း​မ​စိုး​ဟာ​ဗော​န​က``ဟာ​မန် သည်​အ​ရှင်​မင်း​ကြီး​၏​အ​သက်​ကို​ကယ် ဆယ်​သူ​မော်​ဒ​ကဲ​အား​သတ်​ရန် မိ​မိ​၏ အိမ်​၌​လည်​ဆွဲ​စိုက်​ထူ​ထား​ပါ​သည်။ ထို လည်​ဆွဲ​တိုင်​သည်​ခု​နစ်​ဆယ့်​ငါး​ပေ​မြင့် ပါ​၏'' ဟု​လျှောက်​လေ​၏။
9 Harbona, um dos eunucos, disse ao rei. A forca preparada por Amã para Mardoqueu, cuja denúncia em favor do rei tinha sido tão salutar, acha-se levantada na casa de Amã, alta de cinqüenta côvados.- Que o suspendam nela!, exclamou o rei.
10 သို့​ဖြစ်​၍​ဟာ​မန်​သည်​မော်​ဒ​ကဲ​အ​တွက် မိ​မိ​စိုက်​ထူ​ထား​သည့်​လည်​ဆွဲ​တိုင်​၌​ပင် ကွပ်​မျက်​ခြင်း​ခံ​ရ​လေ​တော့​၏။ ထို​နောက် မှ​မင်း​ကြီး​သည်​အ​မျက်​တော်​ပြေ​သွား လေ​သည်။
10 E suspenderam Amã na forca que tinha preparado para Mardoqueu. Isso acalmou a cólera do rei.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Ester 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.