Ester 3

Common Language Bible (MYA) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 ကာ​လ​အ​နည်း​ငယ်​ကြာ​သော်​ဇေ​ရဇ်​မင်း သည်​အာ​ဂတ် မှ​ဆင်း​သက်​သူ၊ ဟ​မ္မေဒါ​သ​၏​သား​ဟာ​မန် အား​ဝန်​ကြီး​ချုပ်​အ​ဖြစ်​ချီး​မြှင့်​တော်​မူ​၏။-
1 Depois destas coisas o rei Assuero engrandeceu a Hamã, filho de Hamedata, o agagita, e o exaltou, pondo-lhe o assento acima dos de todos os príncipes que estavam com ele.
2 မင်း​ကြီး​သည်​ဟာ​မန်​အား​ဦး​ညွတ်​ရှိ​ခိုး ၍​အ​ရို​အ​သေ​ပေး​ကြ​ရန် အ​မှု​တော်​ထမ်း အ​ရာ​ရှိ​အ​ပေါင်း​တို့​အား​အ​မိန့်​ထုတ်​ပြန် တော်​မူ​သည့်​အ​တိုင်း​လိုက်​နာ​ကြ​လေ​သည်။-
2 E todos os servos do rei que estavam à porta do rei se inclinavam e se prostravam perante Hamã, porque assim ordenara o rei a seu respeito: porém Mordecai não se inclinava nem se prostrava.
3 မော်​ဒ​ကဲ​တစ်​ဦး​တည်း​သာ​လျှင်​မ​လိုက်​နာ ဘဲ​နေ​၏။ အ​ခြား​နန်း​တွင်း​အ​ရာ​ရှိ​များ​က သူ့​အား``သင်​သည်​အ​ဘယ်​ကြောင့်​ဘု​ရင့်​အ​မိန့် တော်​ကို​ဖီ​ဆန်​ပါ​သ​နည်း'' ဟု​မေး​မြန်း​ကာ၊-
3 Então os servos do rei que estavam à porta do rei disseram a Mordecai: Por que transgrides a ordem do rei?
4 အ​လျှော့​ပေး​ရန်​နေ့​စဉ်​နေ့​တိုင်း​တိုက်​တွန်း ကြ​၏။ သို့​ရာ​တွင်​မော်​ဒ​ကဲ​သည်​နား​မ​ထောင် ဘဲ``ငါ​သည်​ယု​ဒ​အ​မျိုး​သား​တစ်​ဦး​ဖြစ် သ​ဖြင့်​ဟာ​မန်​အား​ဦး​မ​ညွှတ်​ရှိ​မ​ခိုး​နိုင် ပါ'' ဟု​ရှင်း​ပြ​လေ​သည်။ ထို့​ကြောင့်​ထို​သူ တို့​သည်​မော်​ဒ​ကဲ​၏​အ​ပြု​အ​မူ​ကို ဟာ​မန် သည်း​ခံ​မည်​မ​ခံ​မည်​ကို​သိ​လို​၍​ဟာ​မန် အား​တိုင်​ကြား​ကြ​၏။-
4 E sucedeu que, dizendo-lhe eles isso dia após dia, e não lhes dando ele ouvidos, o fizeram saber a Hamã, para verem se o procedimento de Mordecai seria tolerado; pois ele lhes tinha declarado que era judeu.
5 ဤ​သို့​မော်​ဒ​ကဲ​ဦး​မ​ညွှတ်​ရှိ​မ​ခိုး​လို သည့်​အ​ကြောင်း​ကို​ကြား​သိ​ရ​သော​အ​ခါ ဟာ​မန်​သည်​လွန်​စွာ​အ​မျက်​ထွက်​လေ​သည်။-
5 Vendo, pois, Hamã que Mordecai não se inclinava nem se prostrava diante dele, encheu-se de furor.
6 မော်​ဒ​ကဲ​သည်​ယု​ဒ​အ​မျိုး​သား​တစ်​ဦး ဖြစ်​ကြောင်း​ကို​လည်း​သိ​ရှိ​ရ​သ​ဖြင့် ဟာ​မန် သည်​မော်​ဒ​ကဲ​တစ်​ဦး​တည်း​ကို​သာ​မ​ဟုတ်၊ ပေ​ရ​သိ​အင်​ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း ရှိ ရှိ​သ​မျှ​သော​ယု​ဒ​အ​မျိုး​သား​တို့​ကို​ပါ ကွပ်​မျက်​ရန်​ကြံ​စည်​လေ​သည်။
6 Mas, achou pouco tirar a vida somente a Mordecai; porque lhe haviam declarado o povo de Mordecai. Por esse motivo Hamã procurou destruir todos os judeus, o povo de Mordecai, que havia em todo o reino de Assuero.
7 ဇေ​ရဇ်​မင်း​နန်း​စံ​ဆယ့်​နှစ်​နှစ်​မြောက်၊ နိ​သန် ခေါ်​ပ​ထ​မ​လ​၌​ဟာ​မန်​သည် မိ​မိ​၏​အ​ကြံ အ​စည်​ကို​အ​ကောင်​အ​ထည်​ဖော်​ရန် သင့် လျော်​မည့်​နေ့​ရက်​ကို​ပု​ရ​ဟု​ခေါ်​သော မဲ စ​နစ်​ဖြင့်​ရွေး​ချယ်​စေ​ရာ​အာ​ဒါ​ခေါ်​ဒွါ ဒ​သ​မ​လ၊ ဆယ့်​သုံး​ရက်​နေ့​ကို​ရ​ရှိ​လေ သည်။
7 No primeiro mês, que é o mês de nisã, no ano duodécimo do rei Assuero, se lançou Pur, isto é, a sorte, perante Hamã, para cada dia e para mês, até o duodécimo, que é o mês de adar.
8 ထို့​ကြောင့်​ဟာ​မန်​သည်​မင်း​ကြီး​အား``အ​ရှင် ၏​အင်​ပါ​ယာ​နိုင်​ငံ​တော်​ပြည်​နယ်​တိုင်း​မှာ ပင်​ပျံ့​နှံ့​လျက်​နေ​သည့်​လူ​မျိုး​တစ်​မျိုး​ရှိ ပါ​သည်။ သူ​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​သည် အ​ခြား​လူ​မျိုး​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​နှင့် မ​တူ​ပါ။ သူ​တို့​သည်​နိုင်​ငံ​တော်​၏​တရား ဥ​ပ​ဒေ​များ​ကို​လည်း​မ​လိုက်​နာ​ကြ​ပါ။ သို့​ဖြစ်​၍​သူ​တို့​အား​သည်း​ခံ​လျက်​နေ ခြင်း​အား​ဖြင့်​အ​ရှင့်​၏​အ​တွက်​အ​ကျိုး ရှိ​မည်​မ​ဟုတ်​ပါ။-
8 E Hamã disse ao rei Assuero: Existe espalhado e disperso entre os povos em todas as províncias do teu reino um povo, cujas leis são diferentes das leis de todos os povos, e que não cumprem as leis do rei; pelo que não convém ao rei tolerá-lo.
9 အ​ရှင်​မင်း​ကြီး​သ​ဘော​တူ​တော်​မူ​ပါ​လျှင် သူ​တို့​အား​ကွပ်​မျက်​ရန်​အ​မိန့်​ထုတ်​ပြန်​တော် မူ​ပါ။ အ​ရှင်​ဤ​သို့​ပြု​တော်​မူ​မည်​ဆို​ပါ​လျှင် နိုင်​ငံ​တော်​အုပ်​ချုပ်​ရေး​အ​တွက် အ​ရှင့်​ဘဏ္ဍာ တော်​သို့​ငွေ​သုံး​ရာ​ခု​နစ်​ဆယ့်​ငါး​တန်​ပေး သွင်း​ရန်​ကျွန်​တော်​မျိုး​တာ​ဝန်​ယူ​ပါ​မည်'' ဟု​လျှောက်​၏။
9 Se bem parecer ao rei, decrete-se que seja destruído; e eu pagarei dez mil talentos de prata aos encarregados dos negócios do rei, para os recolherem ao tesouro do rei.
10 ထို​အ​ခါ​မင်း​ကြီး​သည်​မိ​မိ​၏​အ​မိန့်​ကြေ ငြာ​ချက်​များ​ကို​တ​ရား​ဝင်​ဖြစ်​စေ​ရန် တံ​ဆိပ် ခတ်​နှိပ်​ရ​သည့်​လက်​စွပ်​တော်​ကို​ချွတ်​၍​ယု​ဒ အ​မျိုး​သား​တို့​၏​ရန်​သူ၊ အာ​ဂတ်​မှ​ဆင်း သက်​သူ၊ ဟ​မ္မေ​ဒါ​သ​၏​သား​ဟာ​မန်​အား ပေး​အပ်​လျက်၊-
10 Então o rei tirou do seu dedo o anel, e o deu a Hamã, filho de Hamedata, o agagita, o inimigo dos judeus;
11 ``သင့်​သ​ဘော​အ​တိုင်း​ပြု​ရန်​ထို​လူ​မျိုး​နှင့် သူ​တို့​၏​ငွေ​ကို​သင့်​လက်​သို့​ငါ​ပေး​အပ်​၏'' ဟု​မိန့်​တော်​မူ​၏။
11 e disse o rei a Hamã: Essa prata te é dada, como também esse povo, para fazeres dele o que bem parecer aos teus olhos.
12 ပ​ထ​မ​လ၊ ဆယ့်​သုံး​ရက်​နေ့​၌​ဟာ​မန်​သည် မင်း​ကြီး​၏​အ​တွင်း​ဝန်​များ​ကို​ခေါ်​၍ အ​မိန့် ကြေ​ငြာ​ချက်​ရေး​သား​ရန်​နှုတ်​တိုက်​ချ​၍ ပေး​လေ​သည်။ ထို​နောက်​ထို​အ​မိန့်​ကို​အင် ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း​ရှိ​လူ​အ​မျိုး မျိုး​တို့​၏​ဘာ​သာ​စ​ကား​သို့​ပြန်​ဆို​ရေး သား​စေ​၍​အုပ်​ချုပ်​သူ​များ၊ ဘု​ရင်​ခံ​များ နှင့်​မင်း​အရာ​ရှိ​ထံ​သို့​ပေး​ပို့​၏။ ထို​အ​မိန့် တော်​ကို​ဇေ​ရဇ်​မင်း​၏​နာ​မည်​နှင့်​ထုတ် ပြန်​ကာ ဘု​ရင့်​တံ​ဆိပ်​တော်​ခတ်​နှိပ်​ထား လေ​သည်။-
12 Então foram chamados os secretários do rei no primeiro mês, no dia treze do mesmo e, conforme tudo, quando Hamã ordenou, se escreveu aos sátrapas do rei, e aos governadores que havia sobre todas as províncias, e aos príncipes de todos os povos; a cada província segundo o seu modo de escrever, e a cada povo segundo a sua língua; em nome do rei Assuero se escreveu, e com o anel do rei se selou.
13 စာ​ပို့​လု​လင်​တို့​သည်​ထို​အ​မိန့်​တော်​ကို အင်​ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း​ရှိ​ပြည်​နယ် ရှိ​သ​မျှ​သို့​ယူ​ဆောင်​သွား​ကြ​၏။ ထို​အ​မိန့် တော်​တွင်``အာ​ဒါ​လ၊ ဆယ့်​သုံး​ရက်​နေ့​တစ်​နေ့ တည်း​၌​ယု​ဒ​အ​မျိုး​သား​လူ​ကြီး​လူ​ငယ် ယောကျာ်း​မိန်း​မ​ရှိ​သ​မျှ​ကို​မ​သ​နား၊ မ ညှာ​တာ​ဘဲ​သတ်​ဖြတ်​ကာ​သူ​တို့​၏​ဥစ္စာ ပစ္စည်း​များ​ကို​လု​ယူ​စေ'' ဟု​ပါ​ရှိ​၏။-
13 Entiaram-se as cartas pelos correios a todas províncias do rei, para que destruíssem, matassem, e fizessem perecer todos os judeus, moços e velhos, crianças e mulheres, em um mesmo dia, a treze do duodécimo mês, que é o mês de adar, e para que lhes saqueassem os bens.
14 ယင်း​သို့​ဆောင်​ရွက်​ရန်​အ​ချိန်​ကျ​လျှင် အ​သင့်​ရှိ​နေ​ကြ​စေ​ရန် ထို​အ​မိန့်​တော်​ကို ပြည်​နယ်​တိုင်း​တွင်​ကြေ​ငြာ​ရန်​ဖြစ်​သည်။
14 Uma cópia do documento havia de ser publicada como decreto em cada província, para que todos os povos estivessem preparados para aquele dia.
15 မင်း​ကြီး​၏​အ​မိန့်​တော်​အ​ရ​ရှု​ရှန်​မြို့​တော် တွင်​ဤ​အ​မိန့်​တော်​ကို​ထုတ်​ပြန်​ကြေ​ငြာ ကြ​၏။ ထို​နောက်​စာ​ပို့​လု​လင်​တို့​သည်​ကြေ ငြာ​ချက်​ကို​ပြည်​နယ်​များ​သို့​ယူ​ဆောင်​သွား ကြ​၏။ ရှု​ရှန်​မြို့​တော်​တွင်​မ​ငြိမ်​မ​သက်​ဖြစ် နေ​ချိန်​၌​မင်း​ကြီး​နှင့်​ဟာ​မန်​တို့​သည်​ထိုင် လျက်​စ​ပျစ်​ရည်​သောက်​နေ​ကြ​လေ​သည်။
15 Os correios saíram às pressas segundo a ordem do rei, e o decreto foi proclamado em Susã, a capital. Então, o rei e Hamã se assentaram a beber, mas a cidade de Susã estava perplexa.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Ester 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.