Efésios 6
Common Language Bible (MYA) vs ARC
1 သားသမီးတို့၊ သင်တို့မိဘများ၏စကား ကိုနားထောင်ကြလော့။ ထိုသို့ပြုခြင်းသည် ခရစ်ယာန်များအနေဖြင့်ပြုအပ်သည့်ဝတ် ဖြစ်၏။-
1 Vós, filhos, sede obedientes a vossos pais no Senhor, porque isto é justo.
2 — ausente —
2 Honra a teu pai e a tua mãe, que é o primeiro mandamento com promessa,
3 — ausente —
3 para que te vá bem, e vivas muito tempo sobre a terra.
4 မိဘတို့၊ သားသမီးများကိုစိတ်ဆိုးစေရန်မပြု ကြနှင့်။ သို့ရာတွင်သူတို့အားသခင်ဘုရား၏ အလိုတော်နှင့်အညီသွန်သင်ဆုံးမကြလော့။
4 E vós, pais, não provoqueis a ira a vossos filhos, mas criai-os na doutrina e admoestação do Senhor.
5 ကျွန်ဖြစ်သူတို့၊ သင်တို့သည်ခရစ်တော်၏အစေ ကိုခံသကဲ့သို့ ကြောက်လန့်တုန်လှုပ်လျက်ရိုး သားသောစိတ်နှင့်သခင်တို့၏စကားကို နားထောင်ကြလော့။-
5 Vós, servos, obedecei a vosso senhor segundo a carne, com temor e tremor, na sinceridade de vosso coração, como a Cristo,
6 သခင်များနှစ်သက်စေရန်သူတို့၏ရှေ့မှောက် ၌သာနားထောင်ကြသည်မဟုတ်ဘဲ ခရစ်တော် ၏ကျွန်များအနေဖြင့် ဘုရားသခင်၏အလို တော်ရှိသည့်အတိုင်းစိတ်ရောကိုယ်ပါအစေခံ ကြလော့။-
6 não servindo à vista, como para agradar aos homens, mas como servos de Cristo, fazendo de coração a vontade de Deus;
7 လူ၏အစေကိုခံသကဲ့သို့သာမကဘုရား သခင်၏အစေကိုခံသကဲ့သို့ ဝမ်းမြောက် ရွှင်လန်းစွာအလုပ်ကိုလုပ်ဆောင်ကြလော့။-
7 servindo de boa vontade como ao Senhor e não como aos homens,
8 ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ မည်သူမဆို မိမိပြုသည့်ကောင်းမှုအတွက် သခင်ဘုရား ထံမှဆုလာဘ်ကိုရရှိလိမ့်မည်ဟုသိမှတ် ကြလော့။
8 sabendo que cada um receberá do Senhor todo o bem que fizer, seja servo, seja livre.
9 သခင်တို့၊ ခြိမ်းခြောက်မှုကိုမပြုဘဲထိုနည်းတူပင် ကျွန်များနှင့်ဆက်ဆံကြလော့။ သင်တို့နှင့်သင်တို့၏ ကျွန်များမှာကောင်းကင်ဘုံတွင်သခင်တစ်ပါးတည်း ရှိကြောင်းကိုလည်းကောင်း၊ ထိုသခင်သည်မျက်နှာ ကြီးငယ်လိုက်တော်မမူကြောင်းကိုလည်းကောင်း သတိရကြလော့။
9 E vós, senhores, fazei o mesmo para com eles, deixando as ameaças, sabendo também que o Senhor deles e vosso está no céu e que para com ele não há acepção de pessoas.
10 သင်တို့သည်သခင်ဘုရားနှင့်တစ်လုံးတစ်ဝတည်း ဖြစ်လျက် ကိုယ်တော်၏တန်ခိုးတော်အားဖြင့်ကြံ့ခိုင် ခြင်းရှိကြရန်ငါနောက်ဆုံးမှာကြားလို၏။-
10 No demais, irmãos meus, fortalecei-vos no Senhor e na força do seu poder.
11 မာရ်နတ်၏ပရိယာယ်များကိုခုခံကာကွယ်နိုင်ရန် ဘုရားသခင်၏လက်နက်စုံကိုဝတ်ဆင်ကြလော့။-
11 Revesti-vos de toda a armadura de Deus, para que possais estar firmes contra as astutas ciladas do diabo;
12 ငါတို့သည်လူသတ္တဝါတို့နှင့်ဆိုင်ပြိုင်တိုက်ခိုက် ကြရသည်မဟုတ်။ ကောင်းကင်လောကမှဆိုး ယုတ်သောဝိညာဉ်တန်ခိုးရှင်နှင့်လည်းကောင်း၊ ဤအမှောင်လောကကိုအစိုးရသူများ၊ တန်ခိုး ရှင်များ၊ အာဏာပိုင်များနှင့်လည်းကောင်း ဆိုင်ပြိုင်တိုက်ခိုက်ကြရ၏။-
12 porque não temos que lutar contra carne e sangue, mas, sim, contra os principados, contra as potestades, contra os príncipes das trevas deste século, contra as hostes espirituais da maldade, nos lugares celestiais.
13 သို့ဖြစ်၍ဘုရားသခင်၏လက်နက်စုံကိုကိုင် ဆောင်ကြလော့။ သို့မှသာလျှင်ခဲယဉ်းဆိုး ယုတ်ရာကာလကျရောက်လာချိန်၌ သင်တို့ သည်ရန်သူ၏တိုက်စစ်ကိုခုခံကာကွယ် နိုင်လိမ့်မည်။ အဆုံးတိုင်အောင်တိုက်ခိုက် ပြီးသောအခါ၌သင်တို့သည်ရပ်တည် နိုင်ကြလိမ့်မည်။
13 Portanto, tomai toda a armadura de Deus, para que possais resistir no dia mau e, havendo feito tudo, ficar firmes.
14 သို့ဖြစ်၍အသင့်ရှိနေကြလော့။ သစ္စာတရား တည်းဟူသောခါးပန်းကြိုးကိုလည်းကောင်း၊ ဖြောင့်မတ်ခြင်းတည်းဟူသောရင်အုပ်တန် ဆာကိုလည်းကောင်း၊-
14 Estai, pois, firmes, tendo cingidos os vossos lombos com a verdade, e vestida a couraça da justiça,
15 ငြိမ်းချမ်းရေးသတင်းကောင်းကိုကြေညာရန် အသင့်ရှိခြင်းတည်းဟူသောဖိနပ်ကိုလည်း ကောင်းဝတ်ဆင်ကြလော့။-
15 e calçados os pés na preparação do evangelho da paz;
16 ယုံကြည်ခြင်းတည်းဟူသောဒိုင်းလွှားကို အမြဲဆွဲကိုင်ထားကြလော့။ သင်တို့သည် ထိုဒိုင်းလွှားအားဖြင့်မာရ်နတ်ပစ်ခတ်သော မီးမြားလက်နက်ဟူသမျှကိုငြိမ်းသတ် နိုင်လိမ့်မည်။-
16 tomando sobretudo o escudo da fé, com o qual podereis apagar todos os dardos inflamados do maligno.
17 ကယ်တင်ခြင်းတည်းဟူသောသံခမောက်ကို လည်းကောင်း၊ ဝိညာဉ်တော်ကပေးသောဘုရား သခင်၏နှုတ်ကပတ်တော်တည်းဟူသော ဋ္ဌားကိုလည်းကောင်းယူဆောင်ကြလော့။-
17 Tomai também o capacete da salvação e a espada do Espírito, que é a palavra de Deus,
18 သင်တို့အားကူညီစောင်မတော်မူရန်ဘုရား သခင်အားအစဉ်အမြဲဆုတောင်းကြလော့။ ဝိညာဉ်တော်ညွှန်ကြားတော်မူသည့်အတိုင်း အခါခပ်သိမ်းဆုတောင်းကြလော့။ ထို့ကြောင့် နိုးနိုးကြားကြားနေကြလော့။ ဇွဲသတ္တိရှိကြ လော့။ အခါမလပ်ဘုရားသခင်၏လူစု တော်အတွက်ဆုတောင်းကြလော့။-
18 orando em todo tempo com toda oração e súplica no Espírito e vigiando nisso com toda perseverança e súplica por todos os santos
19 ငါဟောပြောချိန်၌ဘုရားသခင်သည်ငါ့အား နှုတ်သတ္တိကိုပေးသနားတော်မူရန်လည်းကောင်း၊ သတင်းကောင်း၏နက်နဲသောအရာကိုရဲရင့် စွာဖွင့်ပြနိုင်ရန်လည်းကောင်း ငါ့အတွက်လည်း ဆုတောင်းကြလော့။-
19 e por mim; para que me seja dada, no abrir da minha boca, a palavra com confiança, para fazer notório o mistério do evangelho,
20 ငါသည်အကျဉ်းခံနေရသူဖြစ်သော်လည်းထို သတင်းကောင်းအတွက်သံတမန်ဖြစ်ပါ၏။ ထို သတင်းကောင်းကိုဟောပြောအပ်သည်နှင့်အညီ ငါသည်ရဲရင့်စွာဟောပြောနိုင်ရန်ဆုတောင်း ကြလော့။
20 pelo qual sou embaixador em cadeias; para que possa falar dele livremente, como me convém falar.
21 ငါနှင့်ပတ်သက်သောအကြောင်းအရာကိုသင် တို့သိစေခြင်းငှာ သတင်းအလုံးစုံကိုသင် တို့အားတုခိတ်ကပြောပြလိမ့်မည်။ သခင် ဘုရား၏အမှုတော်ကိုဆောင်ရာတွင်သူ သည်ငါတို့အားသစ္စာရှိစွာကူညီသူ၊ ငါ တို့၏ချစ်လှစွာသောညီဖြစ်ပေသည်။-
21 Ora, para que vós também possais saber dos meus negócios e o que eu faço, Tíquico, irmão amado e fiel ministro do Senhor, vos informará de tudo,
22 ထို့ကြောင့်ငါတို့နှင့်ဆိုင်သောသတင်းအလုံး စုံကိုပြောပြရန်နှင့် သင်တို့ကိုအားပေးကူ ညီရန်သူ့အားသင်တို့ထံသို့ငါစေလွှတ် လိုက်ပါသည်။
22 o qual vos enviei para o mesmo fim, para que saibais do nosso estado, e ele console os vossos corações.
23 အဖဘုရားသခင်နှင့်သခင်ယေရှုခရစ်သည် ညီအစ်ကိုအပေါင်းတို့အားငြိမ်သက်ခြင်း၊ ချစ် ခြင်း၊ ယုံကြည်ခြင်းကိုချပေးတော်မူပါစေ သော။-
23 Paz seja com os irmãos e amor com fé, da parte de Deus Pai e da do Senhor Jesus Cristo.
24 အဘယ်အခါ၌မျှမပျက်မပြယ်နိုင်သည့် မေတ္တာဖြင့် ငါတို့သခင်ယေရှုခရစ်အားချစ် ကြကုန်သောလူအပေါင်းတို့အပေါ်သို့ ဘုရားသခင်၏ကျေးဇူးတော်သက်ရောက် ပါစေသော။ ဧဖက်သြဝါဒစာပြီး၏။
24 A graça seja com todos os que amam a nosso Senhor Jesus Cristo em sinceridade. Amém!
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Efésios 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.