Efésios 4
Common Language Bible (MYA) vs BKJ
1 သို့ဖြစ်၍သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်သောကြောင့် အကျဉ်းခံရသူငါ သည်သင်တို့အားနှိုးဆော်ပါ၏။ သင်တို့ သည်ဘုရားသခင်ရွေးချယ်ခေါ်ယူတော် မူခြင်းကိုခံရသည်နှင့်အညီကျင့်ကြံ ပြုမူကြလော့။-
1 Portanto eu, o preso do Senhor, rogo-vos que andeis como é digno da vocação com que fostes chamados,
2 အစဉ်စိတ်နှလုံးနှိမ့်ချကြလော့။ သိမ်မွေ့ နူးညံ့ကြလော့။ စိတ်ရှည်ကြလော့။ တစ်ဦး ကိုတစ်ဦးသည်းခံခြင်းအားဖြင့်မေတ္တာပြ ကြလော့။-
2 com toda a humildade e mansidão, com longanimidade, suportando-vos uns aos outros em amor;
3 သင်တို့အားစည်းလုံးစေသောငြိမ်သက်ခြင်း အားဖြင့် ဝိညာဉ်တော်ကပေးသောစည်လုံးညီ ညွတ်မှုကိုအစွမ်းကုန်ထိန်းသိမ်းကြလော့။-
3 procurando guardar a unidade do Espírito pelo vínculo da paz.
4 သင်တို့အားဘုရားသခင်ရွေးချယ်ခေါ်ယူ တော်မူခြင်းကြောင့်မျှော်လင့်ခြင်းတစ်ပါး တည်းရှိသကဲ့သို့ကိုယ်ခန္ဓာတော်တစ်ပါး တည်း၊ ဝိညာဉ်တော်တစ်ပါးတည်းရှိတော်မူ၏။-
4 Há um só corpo e um só Espírito, como também fostes chamados em uma só esperança da vossa vocação;
5 သခင်တစ်ပါးတည်း၊ ယုံကြည်ခြင်းတစ်ပါးတည်း၊ ဗတ္တိဇံတစ်ပါးတည်း၊-
5 um só Senhor, uma só fé, um só batismo;
6 လူသားအပေါင်းတို့၏အဖဘုရားသခင် တစ်ဆူတည်းရှိတော်မူ၏။ ထိုဘုရားသခင်သည် လူခပ်သိမ်းတို့ကိုအုပ်စိုးတော်မူ၍ လူခပ်သိမ်း တို့အားဖြင့်လုပ်ဆောင်တော်မူလျက်လူခပ်သိမ်း တို့အထဲတွင်ရှိတော်မူ၏။
6 um só Deus e Pai de todos, o qual é sobre todos, e através de todos, e em todos vós.
7 ခရစ်တော်ချပေးတော်မူသည်အတိုင်းငါတို့ တစ်ဦးစီသည်ထူးမြတ်သည့်ဆုကျေးဇူးကို ခံစားကြရပေသည်။-
7 Mas a cada um de nós a graça foi dada, segundo a medida do dom de Cristo.
8 ကျမ်းစာလာသည်အတိုင်း၊
8 Pelo que ele diz: Quando subiu ao alto, levou cativo o cativeiro, e deu dons aos homens.
9 ကိုယ်တော်တက်ကြွတော်မူသည်ဆိုရာ၌ အဘယ် ကိုဆိုလိုပါသနည်း။ ကိုယ်တော်သည်အနိမ့်ဆုံး အရပ်မြေကြီးသို့ ဦးစွာဆင်းသက်တော်မူသည် ဟုဆိုလိုပေသည်။-
9 (Agora que ele ascendeu, que é, senão o que também descendeu primeiro às partes inferiores da terra?
10 သို့ဖြစ်၍ဆင်းသက်တော်မူသောအရှင်ကား စကြဝဠာတစ်ခုလုံးတွင်ရှိတော်မူရန် မိုး ကောင်းကင်ဘဝဂ်သို့တက်ကြွတော်မူသော အရှင်ပေတည်း။-
10 Aquele que desceu é também o mesmo que subiu acima de todos os céus, para cumprir todas as coisas).
11 လူသားတို့အားဆုကျေးဇူးများကိုချပေး တော်မူသောအရှင်သည်လည်း ကိုယ်တော်ပင်ဖြစ် ပေသည်။ ကိုယ်တော်သည်လူအချို့တို့ကိုတမန် တော်အရာ၌လည်းကောင်း၊ အချို့တို့ကိုပရော ဖက်အရာ၌လည်းကောင်း၊ အချို့တို့ကိုဧဝံ ဂေလိတရားဟောဆရာအရာ၌လည်းကောင်း၊ အချို့တို့ကိုသင်းအုပ်ဆရာနှင့်ဋ္ဌမ္မပညာဆရာ အရာ၌လည်းကောင်းခန့်ထားတော်မူ၏။-
11 E ele mesmo deu alguns para apóstolos, e alguns para profetas, e alguns para evangelistas, e alguns para pastores e professores,
12 ဤသို့ပြုတော်မူခြင်းမှာခရစ်တော်၏ကိုယ်ခန္ဓာ တော်ကိုတည်ဆောက်ခြင်းအလို့ငှာ ဘုရားသခင် ၏လူစုတော်ဝင်အပေါင်းအားအမှုတော်ဆောင် ရွက်ခြင်းအတွက်အသင့်ပြင်ဆင်ပေးရန်ပင်ဖြစ် ပေသည်။-
12 para o aperfeiçoamento dos santos, para a obra do ministério, para a edificação do corpo de Cristo,
13 ထို့ကြောင့်ငါတို့၏ယုံကြည်ခြင်းအားဖြင့် လည်းကောင်း၊ ဘုရားသခင်၏သားတော်ကိုသိ ကျွမ်းခြင်းအားဖြင့်လည်းကောင်း ငါတို့ရရှိ သမျှသည်တစ်လုံးတစ်ဝတည်းဖြစ်ကြလျက် ခရစ်တော်၏ပြည့်စုံခြင်းပမာဏအတိုင်း ရင့်ကျက်သည့်သူများအဖြစ်သို့ရောက်ကြ ပေအံ့။-
13 até que todos cheguemos à unidade da fé e ao conhecimento do Filho de Deus, a homem perfeito, à medida da estatura da plenitude de Cristo;
14 ထိုအခါငါတို့သည်ပရိယာယ်ဖြင့်လူတို့ကို လမ်းလွဲအောင်လိမ်လည်ပြောဆိုတတ်သူတို့၏ သြဝါဒလှိုင်းလုံးများအထဲ၌ သြဝါဒလေ ကြောင်းပြောင်းတိုင်းလွင့်ပါသွားသောကလေး သူငယ်များကဲ့သို့ဖြစ်ကြတော့မည်မဟုတ်။-
14 para que não sejamos mais crianças, atiradas para lá e para cá, e carregadas por todo vento de doutrina, pela artimanha e astúcia dos homens que ficam à espreita para enganar.
15 ငါတို့သည်မေတ္တာနှင့်သမ္မာတရားကိုဟောပြော သောအားဖြင့် အသင်းတော်၏ဦးခေါင်းဖြစ်တော် မူသောခရစ်တော်၌အစစအရာရာတွင်ကြီး ပွားတိုးတက်မှုရှိရကြပေမည်။-
15 Antes, dizendo a verdade em amor, cresçamos em todas as coisas naquele que é a cabeça, Cristo,
16 ကိုယ်တော်၏စီမံအုပ်ချုပ်မှုအောက်တွင်ကိုယ်အင်္ဂါ ရှိသမျှတို့သည်တစ်ခုနှင့်တစ်ခုအဆစ်အပိုင်း များဖြင့်ဆက်စပ်လျက်နေကြ၏။ သို့ဖြစ်၍ကိုယ် အင်္ဂါအသီးသီးတို့သည် မိမိတို့သက်ဆိုင်ရာ အလုပ်တာဝန်ကိုဆောင်ရွက်ကြသောအခါ ကိုယ်ခန္ဓာတစ်ခုလုံးကိုမေတ္တာတရားအား ဖြင့်တည်ဆောက်၍ကြီးပွားစေလေသည်။
16 do qual todo o corpo, bem ajustado e compactado pelo auxílio de todas as juntas, segundo a eficaz operação de cada parte, faz o aumento do corpo, para sua edificação em amor.
17 သို့ဖြစ်၍သင်တို့သည်ဘုရားမဲ့သူများနည်း တူဆက်လက်မကျင့်ကြံကြရန် သခင်ဘုရား ၏နာမတော်ကိုအမှီပြု၍ငါသတိပေး လို၏။ သူတို့၏အကြံအစည်များကား အချည်းနှီးသာဖြစ်သည်။-
17 E, portanto, digo isto e testifico no Senhor, para que não andeis mais como andam também os outros gentios, na vaidade da sua mente;
18 သူတို့သည်ဉာဏ်အလင်းကွယ်၍အသိတရား လုံးဝကင်းမဲ့လျက်ခေါင်းမာကြသဖြင့် ဘုရား သခင်ချမှတ်ပေးတော်မူသောအသက်နှင့် ကင်းကွာလျက်ရှိကြ၏။-
18 com seu entendimento obscurecido, separados da vida de Deus, pela ignorância que há neles, pela cegueira do seu coração,
19 ရှက်ကြောက်စိတ်လုံးဝမရှိတော့သဖြင့်သူတို့ သည်ကာမဂုဏ်လိုက်စားကာ ညစ်ညမ်းသောအကျင့် အမျိုးမျိုးတို့ကိုအချုပ်အချယ်မရှိပြုကျင့် ကြပေသည်။
19 os quais, havendo perdido todo o sentimento, se entregaram à lascívia, para cometerem toda impureza com ganância.
20 ခရစ်တော်၏လမ်းစဉ်သည်ထိုလမ်းစဉ်မဟုတ် ကြောင်းကိုသင်တို့သင်ကြားခဲ့ကြပြီ။-
20 Mas vós não aprendestes assim a Cristo;
21 ကိုယ်တော်၏အကြောင်းကိုအမှန်ပင်သင်တို့ကြားနာ ကြရပြီ။ ကိုယ်တော်၏တပည့်များအနေဖြင့် သခင် ယေရှု၏သမ္မာတရားတော်အကြောင်းကိုသင်ကြား ခဲ့ကြပြီ။-
21 se é que o tendes ouvido e por ele fostes ensinados, como a verdade está em Jesus,
22 သို့ဖြစ်၍အထက်ကကျင်လည်ခဲ့သောလူဟောင်း ဘဝကိုစွန့်ပစ်လော့။ လှည့်ဖြားတတ်သောဆန္ဒများ ကြောင့်ယိုယွင်းပျက်စီးသည့်လူဟောင်းကိုစွန့်လွှတ် ကြလော့။-
22 que, concernente ao procedimento anterior, vos despojeis do velho homem, que é corrupto segundo as cobiças do engano;
23 သင်တို့သည်စိတ်သစ်သဘောသစ်ကိုခံယူကြ ရမည်။-
23 e vos renoveis no espírito da vossa mente;
24 ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီဖန်ဆင်း ခြင်းကိုခံရ၍ သမ္မာတရားဆိုင်ရာဖြောင့်မတ် သန့်ရှင်းသူလူသစ်ဖြစ်ကြရမည်။
24 e vos revistais do novo homem, que, segundo Deus, é criado em justiça e verdadeira santidade.
25 ထို့ကြောင့်မုသားကိုမပြောကြနှင့်။ ငါတို့အပေါင်း သည် ခရစ်တော်၏ကိုယ်အင်္ဂါအစိတ်အပိုင်းများဖြစ် ကြသဖြင့် ယုံကြည်သူအချင်းချင်းအားသစ္စာ စကားကိုပြောကြလော့။-
25 Por isso deixai a mentira e falai a verdade cada um com o seu próximo; porque somos membros uns dos outros.
26 သင်တို့သည်အပြစ်ကူးရာရောက်သည့်တိုင်အောင် အမျက်မထွက်ကြနှင့်။ နေမဝင်မီအမျက်ကို ပြေငြိမ်းစေကြလော့။-
26 Irai-vos e não pequeis; não se ponha o sol sobre a vossa ira.
27 မာရ်နတ်ကိုအခွင့်မပေးကြနှင့်။-
27 Nem deis lugar ao diabo.
28 ခိုးဝှက်ဖူးသူသည်နောက်တစ်ဖန်မခိုးဝှက်တော့ဘဲ ချို့တဲ့သူများအားဝေမျှပေးကမ်းနိုင်ရန် မိမိ လက်ဖြင့်အလုပ်ကိုရိုးဖြောင့်စွာကြိုးစားလုပ် ကိုင်စေ။-
28 Aquele que furtava não furte mais; antes, trabalhe, fazendo com suas mãos aquilo que é bom, para que tenha o que dar ao que tiver necessidade.
29 ညစ်ညမ်းသည့်စကားတစ်ခွန်းကိုမျှသင်တို့နှုတ်မှ မထွက်စေနှင့်။ သူတစ်ပါးတို့အားအကျိုးရှိစေမည့် စကား၊ အပြုသဘောပါသည့်စကားကိုသာ ပြောကြားကြလော့။ သို့မှသာလျှင်သင်တို့၏စကား ကိုကြားကြသူတို့သည်အကျိုးကျေးဇူးခံစား ရလိမ့်မည်။-
29 Que nenhuma palavra imprópria proceda de vossa boca, mas aquilo que é bom para promover a edificação, para que ministre graça aos que a ouvem.
30 ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကိုစိတ် မနာစေနှင့်၊ အဘယ်ကြောင့်ဆိုသော်ဝိညာဉ်တော် သည် သင်တို့အားဘုရားသခင်ပိုင်တော်မူကြောင်း သက်သေခံတံဆိပ်အမှတ်အသားဖြစ်၍ နောက်ဆုံး သောနေ့ရက်၌သင်တို့သည်ကိုယ်တော်၏ကယ်တင် ခြင်းကိုခံရလိမ့်မည်ဖြစ်ကြောင်းအာမခံချက် ဖြစ်သောကြောင့်တည်း။-
30 E não entristeçais o Espírito Santo de Deus, no qual estais selados para o dia da redenção.
31 ထို့ကြောင့်နာကြည်းခြင်း၊ စိတ်ဆိုးခြင်း၊ အမျက် ထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ သူတစ်ပါး အသရေဖျက်ခြင်း၊ ခပ်သိမ်းသောမုန်းတီးခြင်း တို့ကိုပယ်ရှားကြလော့။-
31 Toda amargura, e ira, e cólera, e tumulto, e blasfêmias, e toda a malícia seja tirada de entre vós.
32 သင်တို့သည်တစ်ဦးကိုတစ်ဦးသနားချစ်ခင်ကြ လော့။ ဘုရားသခင်သည်ခရစ်တော်ကြောင့်သင်တို့ အားအပြစ်လွှတ်တော်မူသည့်နည်းတူ သင်တို့သည် လည်းတစ်ဦးနှင့်တစ်ဦးအပြစ်လွှတ်ကြလော့။
32 E sede amáveis uns para com os outros, compassivos, perdoando-vos uns aos outros, como também Deus vos perdoou por causa de Cristo.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Efésios 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.