Esdras 5
Common Language Bible (MYA) vs NVI
1 ပရောဖက်ဟ္ဂဲနှင့်ဣဒေါသားပရောဖက်ဇာခရိတို့သည် ယုဒပြည်နှင့်ယေရုရှလင်မြို့တွင်နေထိုင်သူယုဒအမျိုးသားတို့အား ဣသရေလအမျိုးသားတို့ဘုရားသခင်၏ဗျာဒိတ်တော်ကိုပြန်ကြားကြ၏။-
1 Ora, os profetas Ageu e Zacarias, descendente de Ido, profetizaram aos judeus de Judá e de Jerusalém, em nome do Deus de Israel, que estava sobre eles.
2 ရှာလသေလ၏သားဇေရုဗဗေလနှင့်ယောဇဒက်၏သားယောရှုတို့သည် ထိုဗျာဒိတ်စကားများကိုကြားသောအခါယေရုရှလင်မြို့၊ ဗိမာန်တော်ကိုပြန်လည်စတင်တည်ဆောက်ကြလေသည်။ ပရောဖက်နှစ်ပါးတို့သည်သူတို့အားဝိုင်းဝန်းကူညီကြ၏။
2 Então Zorobabel, filho de Sealtiel, e Jesua, filho de Jozadaque, começaram a reconstruir o templo de Deus em Jerusalém. E os profetas de Deus estavam com eles e os ajudavam.
3 ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်၏ဘုရင်ခံတာတနဲ၊ ရှေသာဗောဇနဲနှင့်သူတို့၏လုပ်ဖော်ဆောင်ဘက်အရာရှိများသည် ချက်ချင်းပင်ယေရုရှလင်မြို့သို့သွား၍``ဤဗိမာန်တော်ကိုတည်ဆောက်မွမ်းမံရန် သင်တို့အားအဘယ်သူအမိန့်ပေးပါသနည်း'' ဟုမေးမြန်းကြ၏။-
3 Naquela época Tatenai, governador do território a oeste do Eufrates, Setar-Bozenai e seus companheiros foram perguntar a eles: "Quem os autorizou a reconstruir este templo e estes muros?
4 သူတို့သည်ဗိမာန်တော်တည်ဆောက်မှုတွင် ပါဝင်ကူညီကြသူတို့၏အမည်များကိုတောင်းယူကြ၏။-
4 E como se chamam os homens que estão construíndo este edifício? "
5 သို့ရာတွင်ဘုရားသခင်သည်ယုဒခေါင်းဆောင်များအားစောင့်ထိန်းကြည့်ရှုလျက်နေတော်မူသဖြင့် ပေရသိအရာရှိတို့သည်ဒါရိမင်းထံသို့စာရေးအကြောင်းကြားရန်နှင့် ထိုမင်းထံမှအမိန့်တစ်စုံတစ်ရာပြန်လည်မရမချင်းမည်သို့မျှအရေးယူဆောင်ရွက်ခြင်းမပြုရန်ဆုံးဖြတ်ကြ၏။-
5 Mas os olhos do seu Deus estavam sobre os líderes dos judeus, e eles não foram impedidos de trabalhar até que um relatório fosse enviado a Dario e dele se recebesse uma ordem oficial a respeito do assunto.
6 သူတို့သည်မင်းကြီးထံသို့အစီရင်ခံစာပေးပို့ကြ၏။
6 Temos aqui uma cópia da carta que Tatenai, governador do território a oeste do Eufrates, Setar-Bozenai e seus companheiros, os funcionários do oeste do Eufrates, enviaram ao rei Dario.
7 ထိုအစီရင်ခံစာတွင်``ဧကရာဇ်မင်းဒါရိထံသို့အစီရင်ခံအပ်ပါသည်။ အရှင်သည်ငြိမ်းချမ်းစွာစိုးစံတော်မူနိုင်ပါစေသော။
7 O relatório que lhe enviaram dizia o seguinte: "Ao rei Dario: Paz e prosperidade!
8 ``အကျွန်ုပ်တို့သည်ယုဒပြည်သို့သွားရောက်ကြရာ ကြီးမြတ်သောဘုရားသခင်၏ဗိမာန်တော်ကို ကျောက်တုံးကြီးများဖြင့်တည်ဆောက်၍ ကျောက်နံရံများပေါ်တွင်သစ်သားယက်မများကပ်လျက်လုပ်ဆောင်နေကြသည်ကိုတွေ့မြင်ရကြောင်း အရှင်မင်းကြီးအားလျှောက်ထားအစီရင်ခံအပ်ပါသည်။ တည်ဆောက်မှုကိုလုံ့လဖြင့်လုပ်ဆောင်ကြသောကြောင့် တိုးတက်အောင်မြင်လျက်ရှိပါသည်။
8 Informamos ao rei que fomos à província de Judá, ao templo do grande Deus. O povo o está reconstruindo com grandes pedras e colocando vigas de madeira nas paredes. A obra está sendo executada com diligência e está tendo rápido progresso.
9 ``ထိုနောက်အကျွန်ုပ်တို့သည်ပြည်သူ့ခေါင်းဆောင်များအား ထိုဗိမာန်ကိုအဘယ်သူ၏အမိန့်ခွင့်ပြုချက်အရပြန်လည်တည်ဆောက်ကြသည်ကိုမေးမြန်းပါသည်။-
9 Então perguntamos aos líderes: Quem os autorizou a reconstruir este templo e estes muros?
10 ထိုတည်ဆောက်မှုကိုခေါင်းဆောင်သူများ၏အမည်များကိုလည်း အရှင့်ထံအကြောင်းကြားနိုင်ရန်အကျွန်ုပ်တို့တောင်းယူကြပါသည်။-
10 Também perguntamos os nomes dos líderes deles, para que registrássemos para a tua informação.
11 သူတို့က`ငါတို့သည်မိုးမြေရှင်ဘုရားသခင်အစေခံများဖြစ်၍ ရှေးနှစ်ပေါင်းများစွာကပင်တန်ခိုးကြီးမားသည့် ဣသရေလဘုရင်တစ်ပါးတည်ဆောက်မွမ်းမံထားခဲ့သည့်ဗိမာန်တော်ကို ပြန်လည်တည်ဆောက်မွမ်းမံကြခြင်းဖြစ်ပါသည်။-
11 Esta é a resposta que nos deram: Somos servos do Deus dos céus e da terra, e estamos reconstruindo o templo construído há muitos anos, templo que foi construído e terminado por um grande rei de Israel.
12 သို့ရာတွင်ငါတို့သည်မိုးကောင်းကင်ဘုံရှင်ဘုရားသခင်၏အမျက်တော်ကိုလှုံ့ဆော်ခဲ့ကြသဖြင့် ကိုယ်တော်သည်ငါတို့အားဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ၏လက်သို့အပ်တော်မူလေသည်။ ဗိမာန်တော်သည်လည်းပြိုပျက်၍ပြည်သူတို့သည် ဗာဗုလုန်မြို့သို့ပြည်နှင်ဒဏ်သင့်ကြရပါ၏'' ဟုပြောကြားကြပါသည်။-
12 Mas, visto que os nossos antepassados irritaram o Deus dos céus, ele os entregou nas mãos do babilônio Nabucodonosor, rei da Babilônia, que destruiu este templo e deportou o povo para a Babilônia.
13 ထို့နောက်သူတို့က`ဗာဗုလုန်ဧကရာဇ်ဘုရင်ကုရုသည် မိမိနန်းစံပထမနှစ်၌ဗိမာန်တော်ကိုပြန်လည်တည်ဆောက်ရန် အမိန့်ထုတ်ဆင့်တော်မူပါ၏။-
13 Contudo, no seu primeiro ano como rei de Babilônia, o rei Ciro emitiu um decreto ordenando a reconstrução desta casa de Deus.
14 ထိုမင်းသည်ယေရုရှလင်မြို့ဗိမာန်တော်မှနေဗုခဒ်နေဇာသိမ်းယူကာ ဗာဗုလုန်မြို့ဘုရားဗိမာန်တွင်ထားရှိသည့်ဗိမာန်တော်ဆိုင်ရာရွှေ၊ ငွေအသုံးအဆောင်တော်များကိုပြန်လည်ပေးအပ်တော်မူခဲ့ပါ၏။-
14 Ele até mesmo tirou do templo da Babilônia os utensílios de ouro e de prata da casa de Deus, os quais Nabucodonosor havia tirado do templo de Jerusalém e levara para o templo da Babilônia. O rei Ciro os confiou a um homem chamado Sesbazar, ao qual tinha nomeado governador,
15 ကုရုမင်းသည်ယုဒဘုရင်ခံအဖြစ် မိမိခန့်ထားသည့်ရှေရှဗာဇာအမည်ရှိသူ၏လက်သို့ ထိုအသုံးအဆောင်တော်များကိုအပ်နှံတော်မူ၍ ယေရုရှလင်မြို့ဗိမာန်တော်သို့ပြန်လည်ယူဆောင်သွားစေပြီးလျှင် ထိုဗိမာန်တော်ကိုနေရာဟောင်းတွင် ပြန်လည်တည်ဆောက်ရန်မိန့်မှာတော်မူပါ၏။-
15 e lhe disse: ‘Leve estes utensílios e coloque-os no templo de Jerusalém, e reconstrua a casa de Deus em seu antigo local’.
16 သို့ဖြစ်၍ရှေရှဗာဇာသည်လာရောက်ပြီးနောက် ဗိမာန်တော်အုတ်မြစ်ကိုချပါ၏။ ထိုဗိမာန်တော်တည်ဆောက်မှုမှာ ယနေ့တိုင်ဆက်လက်လုပ်ကိုင်လာခဲ့သော်လည်းမပြီးပြတ်သေးပါ' ဟုပြန်လည်ပြောကြားကြပါသည်။
16 Então Sesbazar veio e lançou os alicerces do templo de Deus em Jerusalém. Desde aquele dia ela tem estado em construção, mas ainda não foi concluída.
17 ``ယေရုရှလင်မြို့ဗိမာန်တော်ကိုပြန်လည်တည်ဆောက်စေရန် ကုရုမင်းအမိန့်တော်ရှိမရှိသိနိုင်ရန် အရှင်မင်းကြီးအလိုရှိတော်မူပါလျှင် နန်းတွင်းမှတ်တမ်းများတွင်ယခုရှာဖွေ၍ကြည့်စေတော်မူပါ။ ထိုနောက်ဤအမှုကိုအရှင်အဘယ်သို့ပြုစေတော်မူလိုသည်ကို အကျွန်ုပ်တို့အားအမိန့်ရှိတော်မူပါ'' ဟုဖော်ပြပါရှိလေသည်။
17 Agora, se for do agrado do rei que se faça uma pesquisa nos arquivos reais da Babilônia para verificar se o rei Ciro de fato emitiu um decreto ordenando a reconstrução da casa de Deus de Jerusalém. E que o rei nos envie sua decisão sobre o assunto".
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Esdras 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.