Esdras 4

Common Language Bible (MYA) vs ACF

Sair da comparação
ACF Almeida Corrigida Fiel
1 ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သော​သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​ကို ပြန်​လည်​တည်​ဆောက်​လျက်​ရှိ​ကြောင်း ယု​ဒ​အ​နွယ်​နှင့်​ဗင်္ယာ​မိန်​အ​နွယ်​တို့​၏​ရန်​သူ​များ​ကြား​သိ​ကြ​သော​အ​ခါ၊-
1 Ouvindo, pois, os adversários de Judá e Benjamim que os que voltaram do cativeiro edificavam o templo ao SENHOR Deus de Israel,
2 သူ​တို့​သည်​ဇေ​ရု​ဗ​ဗေ​လ​နှင့်​သား​ချင်း​စု​ခေါင်း​ဆောင်​များ​ထံ​သို့​သွား​၍``ဗိ​မာန်​တော်​တည်​ဆောက်​မှု​တွင် ငါ​တို့​ကို​လည်း​သင်​တို့​နှင့်​အ​တူ​ပါ​ဝင်​ခွင့်​ပြု​ပါ။ ငါ​တို့​သည်​သင်​တို့​ကိုး​ကွယ်​သည့်​ဘု​ရား​ကို​ပင်​ကိုး​ကွယ်​ပါ​၏။ ငါ​တို့​အား​ဤ​အ​ရပ်​တွင်​နေ​ထိုင်​ရန်​အာ​ရှု​ရိ​ဘု​ရင်​ဧ​သ​ရ​ဟဒ္ဒုန်​စေ​လွှတ်​လိုက်​ချိန်​မှ​အ​စ​ပြု​၍ ထို​ဘု​ရား​ကို​ယဇ်​ပူ​ဇော်​ခဲ့​ကြ​ပါ​သည်'' ဟု​ပြော​ကြား​ကြ​၏။
2 Chegaram-se a Zorobabel e aos chefes dos pais, e disseram-lhes: Deixai-nos edificar convosco, porque, como vós, buscaremos a vosso Deus; como também já lhe sacrificamos desde os dias de Esar-Hadom, rei da Assíria, que nos fez subir aqui.
3 ဇေ​ရု​ဗ​ဗေ​လ၊ ယော​ရှု​နှင့်​သား​ချင်း​စု​ဦး​စီး​များ​က သူ​တို့​အား``ငါ​တို့​သည်​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အ​တွက်​ဗိ​မာန်​တော်​တည်​ဆောက်​ရာ​တွင် သင်​တို့​၏​အ​ကူ​အ​ညီ​ကို​မ​လို​ပါ။ ပေ​ရ​သိ​ဘု​ရင်​ကု​ရု​၏​အ​မိန့်​တော်​အ​ရ ထို​ဗိ​မာန်​တော်​ကို​ငါ​တို့​ကိုယ်​တိုင်​တည်​ဆောက်​ကြ​ပါ​မည်'' ဟု​ပြန်​ပြော​ကြ​၏။
3 Porém Zorobabel, e Jesuá, e os outros chefes dos pais de Israel lhes disseram: Não convém que nós e vós edifiquemos casa a nosso Deus; mas nós sozinhos a edificaremos ao Senhor Deus de Israel, como nos ordenou o rei Ciro, rei da Pérsia.
4 ထို​အ​ခါ​ထို​ပြည်​တွင်​နေ​ထိုင်​လာ​ခဲ့​ကြ​သူ​များ​သည် တည်​ဆောက်​သော​ယု​ဒ​အ​မျိုး​သား​တို့​ကို စိတ်​ပျက်​အား​လျော့​၍​အ​ထ​မ​မြောက်​စေ​ရန် အ​စိုး​ရ​အ​ရာ​ရှိ​တို့​အား​တံ​စိုး​လက်​ဆောင်​ပေး​ကြ​၏။-
4 Todavia o povo da terra debilitava as mãos do povo de Judá, e inquietava-os no edificar.
5 ဧ​က​ရာဇ်​မင်း​ကု​ရု​လက်​ထက်​မှ​ဧ​က​ရာဇ်​မင်း​ဒါ​ရိ​လက်​ထက်​တိုင်​အောင် သူ​တို့​သည်​ဤ​အ​တိုင်း​နှောင့်​ယှက်​ကြ​လေ​သည်။
5 E alugaram contra eles conselheiros, para frustrarem o seu plano, todos os dias de Ciro, rei da Pérsia, até ao reinado de Dario, rei da Pérsia.
6 ပေ​ရ​သိ​ဧ​က​ရာဇ်​ဘု​ရင်​ဇေ​ရဇ်​နန်း​တက်​စ​၌ ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ကြ​သူ​တို့​၏​ရန်​သူ​များ​သည် သူ​တို့​အ​ပေါ်​၌​စွပ်​စွဲ​ချက်​တင်​သွင်း​ကြ​၏။
6 No reinado de Assuero, no princípio do seu reinado, escreveram uma acusação contra os habitantes de Judá e de Jerusalém.
7 တစ်​ဖန်​ပေ​ရ​သိ​ဧ​က​ရာဇ်​ဘု​ရင်​အာ​တ​ဇေ​ရဇ်​လက်​ထက်​၌​ဗိ​ရှ​လံ၊ မိ​သ​ရေ​ဒတ်၊ တ​ဗေ​လ​နှင့်​သူ​တို့​၏​အ​ပေါင်း​အ​ဖော်​တို့​သည် မင်း​ကြီး​ထံ​သို့​လျှောက်​လွှာ​တင်​သွင်း​ကြ​၏။ ထို​လျှောက်​လွှာ​ကို​အာ​ရ​မိ​ဘာ​သာ​စ​ကား​ဖြင့် ရေး​သား​ပြန်​ဆို​ကာ​ဖတ်​ပြ​ရန်​ပင်​ဖြစ်​သည်။
7 E nos dias de Artaxerxes escreveram Bislão, Mitredate, Tabeel, e os outros seus companheiros, a Artaxerxes, rei da Pérsia; e a carta estava escrita em caracteres siríacos, e na língua siríaca.
8 ထို့​ပြင်​ယေ​ရု​ရှ​လင်​မြို့​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ဘု​ရင်​ခံ​ရေ​ဟုံ​နှင့်​အ​တွင်း​ဝန်​ရှိ​မ​ရှဲ​တို့​က အာ​တ​ဇေ​ရဇ်​မင်း​ထံ​သို့​အောက်​ဖော်​ပြ​ပါ​စာ​ကို​ရေး​သား​ပေး​ပို့​ကြ​လေ​သည်။
8 Escreveram, pois, Reum, o chanceler, e Sinsai, o escrivão, uma carta contra Jerusalém, ao rei Artaxerxes, do teor seguinte:
9 ``ဘု​ရင်​ခံ​ရေ​ဟုံ၊ အ​တွင်း​ဝန်​ရှိ​မ​ရှဲ​နှင့်​သူ​တို့​၏​အ​ပေါင်း​အ​ဖော်​များ၊ တ​ရား​သူ​ကြီး​များ၊ ဘေ​ရက်​မြို့၊ ဗာ​ဗု​လုန်​မြို့၊ ဧ​လံ​ပြည်​ရှိ​ရှု​ရှန်​မြို့​တို့​မှ လာ​ရောက်​အ​မှု​ထမ်း​ကြ​သော​အ​ရာ​ရှိ​များ၊-
9 Então escreveu Reum, o chanceler, e Sinsai, o escrivão, e os outros seus companheiros, os dinaítas, afarsaquitas, tarpelitas, afarsitas, arquevitas, babilônios, susanquitas, deavitas, elamitas,
10 ရှ​မာ​ရိ​မြို့​နှင့်​ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ရှိ​ပြည်​နယ် သို့​ပြောင်း​ရွှေ့​နေ​ထိုင်​စေ​ရန်​တန်​ခိုး​ကြီး​မား​သည့်​အာ​သ​နပ္ပါ​မင်း​စေ​လွှတ်​လိုက်​သည့်​အ​ခြား​ပြည်​သူ​များ​ထံ​မှ''
10 E os outros povos, que o grande e afamado Asnapar transportou, e que fez habitar na cidade de Samaria, e nas demais províncias dalém do rio, em tal tempo.
11 (စာ​တွင်​ပါ​ရှိ​သည့်​အ​ကြောင်း​အ​ရာ​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။)
11 Este, pois, é o teor da carta que mandaram ao rei Artaxerxes: Teus servos, os homens dalém do rio, em tal tempo.
12 ``အ​ရှင်​၏​အ​ခြား​နယ်​မြေ​များ​မှ ဤ​အ​ရပ်​သို့​လာ​ရောက်​ကြ​သော​ယု​ဒ​အ​မျိုး​သား​တို့​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​အ​ခြေ​စိုက်​နေ​ထိုင်​ကာ ထို​ဆိုး​ညစ်​ပုန်​ကန်​တတ်​သော​မြို့​ကို​ပြန်​လည်​တည်​ဆောက်​လျက်​ရှိ​ကြောင်း အ​ရှင့်​အား​အ​ကျွန်ုပ်​တို့​လျှောက်​ထား​အပ်​ပါ​သည်။ သူ​တို့​သည်​မြို့​ရိုး​များ​ကို ပြန်​လည်​စ​တင်​ဆောက်​လုပ်​လျက်​နေ​ကြ​ပြီ​ဖြစ်​၍​မ​ကြာ​မီ​ပြီး​စီး​ပါ​မည်။-
12 Saiba o rei que os judeus, que subiram de ti, vieram a nós em Jerusalém, e reedificam aquela rebelde e malvada cidade, e vão restaurando os seus muros, e reparando os seus fundamentos.
13 အ​ရှင်​မင်း​ကြီး၊ ဤ​မြို့​ကို​ပြန်​လည်​တည်​ထောင်​ကာ​မြို့​ရိုး​များ​ကို​လည်း​ဆောက်​လုပ်​ပြီး​စီး​သွား​ပါ​က မြို့​သူ​မြို့​သား​တို့​သည်​အ​ကောက်​အ​ခွန်​များ​ကို​ပေး​ဆောင်​ကြ​တော့​မည်​မ​ဟုတ်​ပါ။ သို့​ဖြစ်​၍​အ​ရှင်​၏​အ​ခွန်​တော်​လျော့​နည်း​သွား​ပါ​လိမ့်​မည်။''
13 Agora saiba o rei que, se aquela cidade se reedificar, e os muros se restaurarem, eles não pagarão os direitos, os tributos e os pedágios; e assim se danificará a fazenda dos reis.
14 ``အ​ကျွန်ုပ်​တို့​သည်​အ​ရှင်​၏​ကျေး​ဇူး​တော်​နှင့်​မ​ကင်း​သူ​များ​ဖြစ်​သည့်​အ​လျောက် ယင်း​သို့​အ​ခွန်​တော်​ယုတ်​လျော့​မှု​ကို​မ​တွေ့​မ​မြင်​လို​ကြ​ပါ။-
14 Agora, pois, porquanto somos assalariados do palácio, e não nos convém ver a desonra do rei, por isso mandamos avisar ao rei,
15 ထို့​ကြောင့်​အ​ရှင်​၏​ဘိုး​တော်​ဘေး​တော်​များ​ထား​ရှိ​ခဲ့​သည့် မှတ်​တမ်း​များ​ကို​အ​မိန့်​ထုတ်​ဆင့်​၍​ရှာ​ဖွေ​ကြည့်​ရှု​စေ​တော်​မူ​ပါ​က ဤ​မြို့​သည်​ပုန်​ကန်​လေ့​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ ရှေး​ကာ​လ​မှ​အ​စ​ပြု​၍​ပြည်​နယ်​များ​ကို​အုပ်​စိုး​သော​ဘု​ရင်​များ၊ ဘု​ရင်​ခံ​များ​အား​ဒုက္ခ​ပေး​ခဲ့​ဖူး​ကြောင်း​ကို​လည်း​ကောင်း​တွေ့​ရှိ​ရ​ပါ​လိမ့်​မည်။ ဤ​မြို့​သား​တို့​သည်​အ​စဉ်​ပင်​အုပ်​ချုပ်​ရ​ခက်​သူ​များ​ဖြစ်​ကြ​ပါ​၏။ ဤ​အ​ကြောင်း​ကြောင့်​ဤ​မြို့​သည်​ဖျက်​ဆီး​ခြင်း​ခံ​ခဲ့​ရ​ပါ​သည်။-
15 Para que se busque no livro das crônicas de teus pais. E acharás no livro das crônicas, e saberás que aquela foi uma cidade rebelde, e danosa aos reis e províncias, e que nela houve rebelião em tempos antigos; por isso foi aquela cidade destruída.
16 သို့​ဖြစ်​၍​ဤ​မြို့​နှင့်​မြို့​ရိုး​ကို​ပြီး​စီး​အောင်​ပြန်​လည်​တည်​ဆောက်​ခဲ့​လျှင် အ​ရှင်​မင်း​ကြီး​သည်​ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​ကို​ထိန်း​သိမ်း​အုပ်​ချုပ်​နိုင်​တော့​မည်​မ​ဟုတ်​ကြောင်း​လျှောက်​ထား​အပ်​ပါ​သည်'' ဟူ​၍​တည်း။
16 Nós, pois, fazemos notório ao rei que, se aquela cidade se reedificar, e os seus muros se restaurarem, sucederá que não terás porção alguma deste lado do rio.
17 မင်း​ကြီး​၏​ပြန်​ကြား​လွှာ​မှာ၊
17 E o rei enviou esta resposta a Reum, o chanceler, e a Sinsai, o escrivão, e aos demais seus companheiros, que habitavam em Samaria; como também aos demais que estavam dalém do rio: Paz! em tal tempo.
18 ``သင်​တို့​ပေး​ပို့​လိုက်​သော​စာ​ကို​ဘာ​သာ​ပြန်​၍ ငါ့​အား​ဖတ်​ပြ​ကြ​သည်။-
18 A carta que nos enviastes foi explicitamente lida diante de mim.
19 ငါ​သည်​အ​မိန့်​ထုတ်​ဆင့်​၍​ရှာ​ဖွေ​ကြည့်​ရှု​ရာ​ယေ​ရု​ရှ​လင်​မြို့​သည်​ရှေး​ကာ​လ​မှ​အ​စ​ပြု​၍ ဧ​က​ရာဇ်​မင်း​တို့​ကို​တော်​လှန်​ပုန်​ကန်​လေ့​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ ပုန်​ကန်​သူ​များ၊ အ​နှောင့်​အ​ယှက်​ပေး​တတ်​သူ​များ​နှင့်​ပြည့်​နှက်​နေ​ကြောင်း​ကို​လည်း​ကောင်း​တွေ့​ရှိ​ရ​သည်။-
19 E, ordenando-o eu, buscaram e acharam, que de tempos antigos aquela cidade se levantou contra os reis, e nela se têm feito rebelião e sedição.
20 တန်​ခိုး​ကြီး​သော​ဘု​ရင်​များ​သည်​ထို​မြို့​တွင်​စိုး​စံ​ကာ ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​တစ်​ခု​လုံး​မှ​အ​ခွန်​ဘဏ္ဍာ​တော်​များ​ကို​ကောက်​ခံ​ခဲ့​ကြ​၏။-
20 Também houve reis poderosos sobre Jerusalém que dalém do rio dominaram em todo o lugar, e se lhes pagaram direitos, tributos e pedágios.
21 သို့​ဖြစ်​၍​ငါ​၏​ထံ​မှ​နောက်​ထပ်​အ​မိန့်​တစ်​စုံ​တစ်​ရာ​မ​ရ​မ​ချင်း၊ ထို​မြို့​ပြန်​လည်​တည်​ဆောက်​မှု​ကို​ရပ်​ဆိုင်း​ထား​ကြ​ရန်​သင်​တို့​အ​မိန့်​ထုတ်​ဆင့်​ကြ​ရ​မည်။-
21 Agora, pois, dai ordem para impedirdes aqueles homens, a fim de que não se edifique aquela cidade, até que eu dê uma ordem.
22 ငါ​၏​အ​ကျိုး​ကို​ထပ်​မံ​၍​မ​ထိ​မ​ခိုက်​စေ​ရန်​ယင်း​အ​မိန့်​ကို​ချက်​ချင်း​ထုတ်​ပြန်​ကြ​ရ​မည်'' ဟူ​၍​တည်း။
22 E guardai-vos de serdes remissos nisto; por que cresceria o dano para prejuízo dos reis?
23 ဧ​က​ရဇ်​ဘု​ရင်​အာ​တ​ဇေ​ရဇ်​ထံ​မှ​ဤ​စာ​ကို ရေ​ဟုံ၊ ရှိ​မ​ရှဲ​နှင့်​သူ​တို့​၏​အ​ပေါင်း​အ​ဖော်​တို့​အား​ဖတ်​ပြ​သော​အ​ခါ သူ​တို့​သည်​ချက်​ချင်း​ပင်​ယေ​ရု​ရှ​လင်​မြို့​သို့​အ​လျင်​အ​မြန်​သွား​၍ ယု​ဒ​အ​မျိုး​သား​တို့​အား​ဗိ​မာန်​တော်​တည်​ဆောက်​မှု​ကို​အ​နိုင်​အ​ထက်​ရပ်​ဆိုင်း​စေ​ကြ​၏။
23 Então, depois que a cópia da carta do rei Artaxerxes foi lida perante Reum, e Sinsai, o escrivão, e seus companheiros, apressadamente foram eles a Jerusalém, aos judeus, e os impediram à força e com violência.
24 ဗိ​မာန်​တော်​တည်​ဆောက်​မှု​သည်​ပေ​ရ​သိ​ဧ​က​ရာဇ်​ဒါ​ရိ နန်း​စံ​ဒု​တိ​ယ​နှစ်​တိုင်​အောင်​ရပ်​စဲ​ခဲ့​လေ​သည်။
24 Então cessou a obra da casa de Deus, que estava em Jerusalém; e cessou até ao ano segundo do reinado de Dario, rei da Pérsia.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Esdras 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.