Esdras 3
Common Language Bible (MYA) vs NAA
1 သတ္တမလသို့ရောက်သောအခါဣသရေလ အမျိုးသားတို့သည် မိမိတို့၏မြို့ရွာများ တွင်အတည်တကျနေထိုင်လျက်ရှိကြ၏။ ထိုနောက်သူတို့သည် ယေရုရှလင်မြို့တွင် စုဝေးကြလျက်၊-
1 Quando chegou o sétimo mês e os filhos de Israel já estavam morando nas suas cidades, o povo se reuniu, como um só homem, em Jerusalém.
2 ယောဇဒက်၏သားယောရှုနှင့်အဖော်ယဇ်ပုရော ဟိတ်များ၊ ရှာလသေလ၏သားဇေရုဗဗေလ နှင့်တကွ သူ၏ဆွေမျိုးသားချင်းများသည် ဘုရားသခင်၏အစေခံမောရှေစီရင်သည့် ပညတ်ကျမ်းတွင်ပါရှိသောညွှန်ကြားချက် များအတိုင်း ယဇ်များကိုမီးရှို့ပူဇော်နိုင် ရန်ယဇ်ပလ္လင်ကိုတည်ဆောက်ကြ၏။-
2 Então levantou-se Jesua, filho de Jozadaque, e seus irmãos, sacerdotes, e Zorobabel, filho de Sealtiel, e seus irmãos e edificaram o altar do Deus de Israel, para oferecerem holocaustos sobre ele, como está escrito na Lei de Moisés, homem de Deus.
3 သူတို့သည်ထိုပြည်တွင်နေထိုင်သူအခြား အမျိုးသားတို့ကိုကြောက်သော်လည်း ယဇ် ပလ္လင်ကိုအဟောင်း၌ပင်ပြန်လည်တည်ဆောက် ကြလေသည်။ ထိုနောက်နံနက်နှင့်ညဥ့်ဦးတွင် ပူဇော်နေကျဖြစ်သည့်မီးရှို့ရာယဇ်တို့ကို စတင်ပူဇော်ကြ၏။-
3 Firmaram o altar sobre as suas bases; e, apesar de estarem sob o terror dos povos de outras terras, ofereceram sobre ele holocaustos ao Senhor , de manhã e de tarde.
4 သူတို့သည်စည်းမျဉ်းသတ်မှတ်ချက်များရှိ သည့်အတိုင်း တဲနေပွဲကိုကျင်းပကြ၏။ နေ့ စဉ်ပူဇော်အပ်သည့်ယဇ်များကိုလည်းပူဇော် ကြ၏။-
4 Celebraram a Festa dos Tabernáculos, como está escrito, e ofereceram holocaustos diários, segundo o número ordenado para cada dia.
5 ထို့အပြင်သူတို့သည်အမြဲပူဇော်ရသည့် တစ်ကောင်လုံးမီးရှို့ရာယဇ်များကိုလည်းကောင်း၊ လဆန်းနေ့ပွဲတော်ကိုလည်းကောင်း၊ ထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်ရာ အခြားပွဲနေ့ များ၌ပူဇော်အပ်သည့်ယဇ်များကိုလည်း ကောင်း၊ ထာဝရဘုရားအားမိမိတို့စေတနာ အလျောက်ပေးလှူသည့်ပူဇော်သကာများ ကိုလည်းကောင်းတင်လှူပူဇော်ကြလေ သည်။-
5 Depois disto, ofereceram o holocausto contínuo e os sacrifícios das Festas da Lua Nova e de todas as festas fixas do Senhor , bem como os sacrifícios dos que traziam ofertas voluntárias ao Senhor .
6 ပြည်သူတို့သည်ဗိမာန်တော်ကိုပြန်လည်တည် ဆောက်ရန်အစမပြုရသေးသော်လည်း သတ္တမ လ၊ ပထမနေ့၌မီးရှို့ပူဇော်ရာယဇ်များကို ထာဝရဘုရားအား စတင်ပူဇော်ကြကုန်၏။
6 Desde o primeiro dia do sétimo mês, começaram a oferecer holocaustos ao Senhor , embora ainda não tivessem sido postos os fundamentos do templo do Senhor .
7 ပြည်သူတို့သည်ပန်းရန်များနှင့်လက်သမား များကိုပေးချေရန်ငွေပေးလှူကြ၏။ ပေရသိ ဘုရင်ကုရုမင်းခွင့်ပြုချက်အရလေဗနုန် တောမှ သစ်ကတိုးများကို ယုပ္ပေဆိပ်အရောက် စုံမျောစေခြင်းငှာ တုရုနှင့်ဇိဒုန်မြို့သား များထံသို့အစားအစာ၊ စပျစ်ရည်နှင့် သံလွင်ဆီတို့ကိုပေးပို့ကြ၏။-
7 Então deram dinheiro aos pedreiros e aos carpinteiros, bem como comida, bebida e azeite aos homens de Tiro e de Sidom, para trazerem do Líbano madeira de cedro até o mar, até Jope, segundo a permissão que lhes tinha dado Ciro, rei da Pérsia.
8 သို့ဖြစ်၍သူတို့သည် ယေရုရှလင်မြို့ရှိဗိမာန် တော်တည်ခဲ့ရာသို့ပြန်လည်ရောက်ရှိလာသည့် နှစ်၊ ဒုတိယလ၌ဗိမာန်တော်တည်ဆောက်မှု လုပ်ငန်းကို စတင်လုပ်ကိုင်ကြလေသည်။ ဇေရုဗ ဗေလ၊ ယောရှုနှင့်ဆွေမျိုးသားချင်းများ၊ ယဇ် ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များမှစ ၍ ယေရုရှလင်မြို့သို့ပြန်လာကြသည့်ပြည် နှင်ဒဏ်သင့်သူအပေါင်းတို့သည် တည်ဆောက် မှုလုပ်ငန်းတွင်ပါဝင်ကြလေသည်။ အသက် နှစ်ဆယ်နှင့်အထက်ရှိသူလေဝိအနွယ် ဝင်တို့သည် ဗိမာန်တော်တည်ဆောက်မှုကို ကြီးကြပ်ရန်တာဝန်ယူကြရ၏။-
8 No segundo ano depois que eles voltaram à Casa de Deus, em Jerusalém, no segundo mês, Zorobabel, filho de Sealtiel, e Jesua, filho de Jozadaque, e os seus outros irmãos, sacerdotes e levitas, e todos os que voltaram do cativeiro a Jerusalém puseram mãos à obra e constituíram levitas com mais de vinte anos para supervisionar a reconstrução da Casa do Senhor .
9 လေဝိအနွယ်ဝင်ယောရှုနှင့်သားများ (ဟောဒဝိ သားချင်းစုမှ) ကာဒမေလနှင့်သားများသည် ဗိမာန်တော်တည်ဆောက်မှုကိုကြီးကြပ်ရန် တာဝန်ယူရာတွင် ပါဝင်ဆောင်ရွက်ကြလေ သည်။ (သူတို့အားဟေနဒဒ်သားချင်းစုမှ လေဝိအနွယ်ဝင်များကအကူအညီ ပေးကြ၏။)
9 Então se apresentaram Jesua com os seus filhos e os seus irmãos, Cadmiel e os seus filhos, os filhos de Judá, para juntamente supervisionarem os que faziam a obra na Casa de Deus, bem como os filhos de Henadade, seus filhos e seus irmãos, os levitas.
10 တည်ဆောက်သူတို့သည်ဗိမာန်တော်ကိုအုတ် မြစ်ချကြသောအခါ ယဇ်ပုရောဟိတ်တို့ သည်မိမိတို့ဝတ်လုံများကိုဝတ်၍ တံပိုး ခရာများကိုကိုင်ဆောင်ကာနေရာယူကြ၏။ အာသပ်သားချင်းစုမှလေဝိအနွယ်ဝင်တို့ ကလင်းကွင်းများကိုကိုင်ကြ၏။ သူတို့သည် ဒါဝိဒ်မင်းပေးခဲ့သည့်ညွှန်ကြားချက်အတိုင်း ထာဝရဘုရားအားထောမနာပြုကြ၏။-
10 Quando os construtores lançaram os alicerces do templo do Senhor , apresentaram-se os sacerdotes, paramentados e com trombetas, e os levitas, filhos de Asafe, com címbalos, para louvarem o Senhor , segundo as instruções deixadas por Davi, rei de Israel.
11 သူတို့က၊
11 Cantavam responsivamente, louvando e dando graças ao Senhor , com estas palavras: Ele é bom, porque a sua misericórdia dura para sempre sobre Israel. E todo o povo jubilou com altas vozes, louvando o
12 ဗိမာန်တော်ဟောင်းကိုမြင်ဖူးသောအသက်ကြီး သူယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များ နှင့်သားချင်းစုဦးစီးအမြောက်အမြားတို့သည် ဤဗိမာန်တော်အုတ်မြစ်ချသည်ကိုမြင်သော် အော် ဟစ်ငိုကြွေးကြကုန်၏။ သို့ရာတွင်အခြားသူတို့ ကမူဝမ်းမြောက်စွာကြွေးကြော်ကြလေသည်။-
12 Porém muitos dos sacerdotes, levitas e chefes de famílias, já idosos, que tinham visto o primeiro templo, choraram em alta voz quando, diante de seus olhos, foram lançados os alicerces deste templo; muitos, no entanto, levantaram as vozes com gritos de alegria.
13 ဝမ်းမြောက်စွာကြွေးကြော်သံနှင့်ငိုကြွေးသံကို အဘယ်သူမျှခွဲခြား၍မရကြ။ လူတို့သည် ကျယ်စွာအော်ဟစ်ကြသောကြောင့် အဝေးကပင် ကြားရလေသည်။
13 E assim não se podiam distinguir as vozes de alegria das vozes do choro do povo; pois o povo gritava tão alto, que as vozes se ouviam de longe.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Esdras 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.