Deuteronômio 7

Common Language Bible (MYA) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​တို့​သိမ်း​ယူ​မည့်​ပြည်​သို့​သင်​တို့​ကို ပို့​ဆောင်​လျက် ထို​ပြည်​တွင်​နေ​ထိုင်​သော​သင်​တို့ ထက်​လူ​ဦး​ရေ​များ​၍​အင်​အား​ကြီး​သော​ဟိတ္တိ လူ​မျိုး၊ ဂိရ​ဂါရှိ​လူ​မျိုး၊ အာ​မော​ရိ​လူ​မျိုး၊ ခါ နာ​နိ​လူ​မျိုး၊ ဖေ​ရ​ဇိ​လူ​မျိုး၊ ဟိ​ဝိ​လူ​မျိုး၊ ယေ​ဗု​သိ​လူ​မျိုး​တည်း​ဟူ​သော​လူ​မျိုး​ခု​နစ် မျိုး​တို့​ကို​နှင်​ထုတ်​တော်​မူ​လိမ့်​မည်။-
1 Quando o Senhor teu Deus te houver introduzido na terra a que vais a fim de possuí-la, e tiver lançado fora de diante de ti muitas nações, a saber, os heteus, os girgaseus, os amorreus, os cananeus, os perizeus, os heveus e os jebuseus, sete nações mais numerosas e mais poderosas do que tu;
2 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​လူ​မျိုး​တို့​ကို​သင်​တို့​လက်​သို့​အပ်​သ​ဖြင့် သူ​တို့​ကို​သင်​တို့​တိုက်​ခိုက်​အောင်​မြင်​သော​အ​ခါ ထို​သူ​အ​ပေါင်း​တို့​ကို​သတ်​ဖြတ်​သုတ်​သင်​ပစ်​ရ မည်။ သူ​တို့​နှင့်​မိတ်​မ​ဖွဲ့​ရ။ သူ​တို့​အား​မ​ကြင် နာ​မ​သ​နား​ရ။-
2 e quando o Senhor teu Deus as tiver entregue, e as ferires, totalmente as destruirás; não farás com elas pacto algum, nem terás piedade delas;
3 သူ​တို့​နှင့်​လက်​ထပ်​ထိမ်း​မြား​ခြင်း​မ​ပြု​ရ။ သင်​တို့​၏​သား​သ​မီး​များ​ကို​လည်း သူ​တို့ နှင့်​လက်​ထပ်​ထိမ်း​မြား​ခြင်း​မ​ပြု​စေ​ရ။-
3 não contrairás com elas matrimônios; não darás tuas filhas a seus filhos, e não tomarás suas filhas para teus filhos;
4 ထို​သို့​ပြု​လျှင်​သင်​တို့​သည်​သင်​တို့​၏​သား သ​မီး​များ​အား ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​၍ အ​ခြား​သော​ဘု​ရား​များ​ကို​ကိုး​ကွယ်​စေ ကြ​လိမ့်​မည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​ထွက်​၍ သင်​တို့​ကို​ချက်​ခြင်း​ဖျက် ဆီး​ပစ်​တော်​မူ​လိမ့်​မည်။-
4 pois fariam teus filhos desviarem-se de mim, para servirem a outros deuses; e a ira do Senhor se acenderia contra vós, e depressa vos consumiria.
5 ထို့​ကြောင့်​သူ​တို့​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ချ ရ​မည်။ သူ​တို့​၏​ဘု​ရား​ကျောက်​တိုင်​များ​ကို ချိုး​ပစ်​ရ​မည်။ အာ​ရှ​ရ​ဘု​ရား​မ​၏​တိုင်​များ ကို​ခုတ်​လှဲ​ရ​မည်။ သူ​တို့​၏​ရုပ်​တု​များ​ကို မီး​ရှို့​ဖျက်​ဆီး​ရ​မည်။-
5 Mas assim lhes fareis: Derrubareis os seus altares, quebrareis as suas colunas, cortareis os seus aserins, e queimareis a fogo as suas imagens esculpidas.
6 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ပိုင်​သော​ကြောင့်​ထို​သို့​ဆောင်​ရွက်​ရ မည်။ ကမ္ဘာ​ပေါ်​တွင်​ရှိ​သ​မျှ​သော​လူ​မျိုး​တို့ အ​နက် သင်​တို့​ကို​မိ​မိ​၏​အ​ထူး​လူ​မျိုး တော်​အ​ဖြစ်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော် မူ​၏။''
6 Porque tu és povo santo ao Senhor teu Deus; o Senhor teu Deus te escolheu, a fim de lhe seres o seu próprio povo, acima de todos os povos que há sobre a terra.
7 ``သင်​တို့​သည်​အ​ခြား​သော​လူ​မျိုး​များ​ထက် လူ​ဦး​ရေ​ပို​များ​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား သည်​သင်​တို့​ကို​ချစ်​၍​ရွေး​ချယ်​ခြင်း​မ​ဟုတ်။ သင်​တို့​သည်​ကမ္ဘာ​ပေါ်​တွင်​လူဦး​ရေ​အ​နည်း ဆုံး​လူ​မျိုး​ဖြစ်​သည်။-
7 O Senhor não tomou prazer em vós nem vos escolheu porque fôsseis mais numerosos do que todos os outros povos, pois éreis menos em número do que qualquer povo;
8 သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို ချစ်​၍ သင်​တို့​၏​ဘိုး​ဘေး​တို့​အား​ထား​သော က​တိ​တည်​စေ​လို​တော်​မူ​သော​ကြောင့် အီ​ဂျစ် ဘု​ရင်​ထံ​ကျွန်​ခံ​ရာ​မှ​မ​ဟာ​တန်​ခိုး​တော် အား​ဖြင့် သင်​တို့​ကို​လွတ်​မြောက်​စေ​တော်​မူ သည်။-
8 mas, porque o Senhor vos amou, e porque quis guardar o juramento que fizera a vossos pais, foi que vos tirou com mão forte e vos resgatou da casa da servidão, da mão de Faraó, rei do Egito.
9 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သာ လျှင် ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း၊ သစ္စာ​တော်​တည် မြဲ​ကြောင်း​သိ​မှတ်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကို​ချစ်​၍​ပ​ညတ်​တော်​များ​ကို​လိုက်​နာ သော​သူ​တို့​၏​အ​မျိုး​အ​စဉ်​အ​ဆက်​ထောင် သောင်း​အ​ထိ မိ​မိ​၏​ပ​ဋိ​ညာဉ်​ကို​တည်​စေ ၍​သူ​တို့​အား​မေတ္တာ​က​ရု​ဏာ​ကို​ပြ​တော် မူ​မည်။-
9 Saberás, pois, que o Senhor teu Deus é que é Deus, o Deus fiel, que guarda o pacto e a misericórdia, até mil gerações, aos que o amam e guardam os seus mandamentos;
10 သို့​ရာ​တွင်​ကိုယ်​တော်​ကို​မုန်း​သော​သူ​တို့ အား​ချက်​ချင်း​ဒဏ်​ခတ်​တော်​မူ​မည်။-
10 e que retribui diretamente aos que o odeiam, para os destruir; não será remisso para quem o odeia, diretamente lhe retribuirá.
11 ထို့​ကြောင့်​သင်​တို့​အား ယ​နေ့​ငါ​သွန်​သင်​ပေး အပ်​သော​ပ​ညတ်​ရှိ​သ​မျှ​တို့​ကို​လိုက်​နာ ကျင့်​သုံး​ကြ​လော့။''
11 Guardarás, pois, os mandamentos, os estatutos e os preceitos que eu hoje te ordeno, para os cumprires.
12 ``သင်​တို့​သည်​ဤ​ပညတ်​တို့​ကို​တစ်​သ​ဝေ​မ​တိမ်း လိုက်​နာ​လျှင် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် ဘိုး​ဘေး​တို့​အား​က​တိ​ထား​တော် မူ​သည့်​အ​တိုင်း​ပ​ဋိ​ညာဉ်​ကို​ဆက်​လက်​တည် စေ​၍ ခိုင်​မြဲ​သော​မေတ္တာ​ကို​ပြ​တော်​မူ​လိမ့်​မည်။-
12 Sucederá, pois, que, por ouvirdes estes preceitos, e os guardardes e cumprirdes, o Senhor teu Deus te guardará o pacto e a misericórdia que com juramento prometeu a teus pais;
13 ကိုယ်​တော်​သည်​သင်​တို့​ကို​ချစ်​၍​ကောင်း​ချီး​ပေး တော်​မူ​သ​ဖြင့် သင်​တို့​သည်​လူ​ဦး​ရေ​တိုး​ပွား​၍ သား​သ​မီး​များ​စွာ​ရ​ကြ​လိမ့်​မည်။ သင်​တို့​၏ လယ်​ကွင်း​များ​ကို​ကောင်း​ချီး​ပေး​သ​ဖြင့်​အ​သီး အ​နှံ၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ​တို့​အ​ထွက်​များ လိမ့်​မည်။ သင်​တို့​ကို​ကောင်း​ချီး​ပေး​သ​ဖြင့် သင် တို့​တွင်​သိုး​နွား​တိရစ္ဆာန်​များ​တိုး​ပွား​များ​ပြား လိမ့်​မည်။ သင်​တို့​ဘိုး​ဘေး​တို့​အား​က​တိ​ထား သော​ပြည်​သို့​သင်​တို့​ရောက်​ရှိ​သော​အ​ခါ ထို ကောင်း​ချီး​မင်္ဂလာ​များ​ကို​ချ​ပေး​တော်​မူ​လိမ့် မည်။-
13 ele te amará, te abençoará e te fará multiplicar; abençoará o fruto do teu ventre, e o fruto da tua terra, o teu grão, o teu mosto e o teu azeite, a criação das tuas vacas, e as crias dos teus rebanhos, na terra que com juramento prometeu a teus pais te daria.
14 သင်​တို့​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​တ​ကာ​တို့ ထက် ကောင်း​ချီး​မင်္ဂလာ​ပို​၍​ခံ​စား​ရ​လိမ့်​မည်။ သင်​တို့​တွင်​မြုံ​သော​သူ၊ သား​မ​ပေါက်​သော တိရစ္ဆာန်​မ​ရှိ​စေ​ရ။-
14 Bendito serás mais do que todos os povos; não haverá estéril no meio de ti, seja homem, seja mulher, nem entre os teus animais.
15 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ရော​ဂါ ဘေး​အ​မျိုး​မျိုး​မှ​ကာ​ကွယ်​တော်​မူ​လိမ့်​မည်။ အီ​ဂျစ်​ပြည်​တွင်​သင်​တို့​တွေ့​မြင်​ခဲ့​ရ​သော ရော​ဂါ​ဆိုး​ဘေး​မ​သင့်​စေ​ရ။ သို့​သော်​သင် တို့​၏​ရန်​သူ​ဟူ​သ​မျှ​မူ​ကား ရော​ဂါ​ဆိုး ဘေး​သင့်​လိမ့်​မည်။-
15 E o Senhor desviará de ti toda enfermidade; não porá sobre ti nenhuma das más doenças dos egípcios, que bem conheces; no entanto as porás sobre todos os que te odiarem.
16 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က သင် တို့​၏​လက်​သို့​အပ်​တော်​မူ​သော​လူ​မျိုး​ရှိ​သ​မျှ ကို သင်​တို့​သည်​သုတ်​သင်​ဖျက်​ဆီး​ပစ်​ရ​မည်။ ထို သူ​တို့​အား​မ​သ​နား​မ​ညှာ​တာ​ရ။ ထို​သူ​တို့ ၏​ဘု​ရား​များ​ကို​ဝတ်​မ​ပြု​ရ။ ဝတ်​ပြု​လျှင် သင်​တို့​အ​တွက်​ကျော့​ကွင်း​သ​ဖွယ်​ဖြစ်​လိမ့် မည်။''
16 Consumirás todos os povos que o Senhor teu Deus te entregar; os teus olhos não terão piedade deles; e não servirás a seus deuses, pois isso te seria por laço.
17 ``ထို​လူ​မျိုး​တို့​သည်​ငါ​တို့​ထက်​လူ​ဦး​ရေ များ​ပြား​သ​ဖြင့် ငါ​တို့​နှင်​ထုတ်​ခြင်း​ငှာ​မ တတ်​နိုင်​ပါ' ဟူ​၍​မ​ဆို​ကြ​နှင့်။-
17 Se disseres no teu coração: Estas nações são mais numerosas do que eu; como as poderei desapossar?
18 သူ​တို့​ကို​မ​ကြောက်​နှင့်။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အီ​ဂျစ်​ပြည် ဘု​ရင်​နှင့်​ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့ အား မည်​ကဲ့​သို့​စီ​ရင်​တော်​မူ​ခဲ့​ကြောင်း ကို​သ​တိ​ရ​ကြ​လော့။-
18 delas não terás medo; antes lembrarte-ás do que o Senhor teu Deus fez a Faraó e a todos os egípcios;
19 သင်​တို့​ကိုယ်​တိုင်​မြင်​ခဲ့​ရ​သော​ကြောက်​မက်​ဖွယ် ကပ်​ကြီး​များ၊ အံ့​သြ​ဖွယ်​သော​နိ​မိတ်​လက္ခ​ဏာ များ၊ သင်​တို့​အား​လွတ်​မြောက်​စေ​ခဲ့​သော သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​မ​ဟာ​တန် ခိုး​တော်​နှင့်​လက်​ရုံး​တော်​တို့​ကို​သ​တိ​ရ​ကြ လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​အီ​ဂျစ်​အ​မျိုး​သား တို့​ကို​သေ​ကြေ​ပျက်​စီး​စေ​ခဲ့​သည့်​နည်း​တူ ယ​ခု​သင်​တို့​ကြောက်​ရွံ့​သော​လူ​မျိုး​အ​ပေါင်း တို့​ကို​လည်း​သေ​ကြေ​ပျက်​စီး​စေ​တော်​မူ မည်။-
19 das grandes provas que os teus olhos viram, e dos sinais, e das maravilhas, e da mão forte, e do braço estendido, com que o Senhor teu Deus te tirou: Assim fará o Senhor teu Deus a todos os povos, diante dos quais tu temes.
20 သင်​တို့​၏​လက်​မှ​လွတ်​၍​ထွက်​ပြေး​ပုန်း အောင်း​နေ​သူ​တို့​ပင်​လျှင် ကပ်​ဆိုက်​၍​သေ ကြေ​ပျက်​စီး​လိမ့်​မည်။-
20 Além disso o Senhor teu Deus mandará entre eles vespões, até que pereçam os restantes que se tiverem escondido de ti.
21 သို့​ဖြစ်​၍​ထို​လူ​မျိုး​တို့​ကို​မ​ကြောက်​ကြ​နှင့်။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ ကိုယ်​တော်​သည် တန်​ခိုး​ကြီး​၍​ကြောက်​ရွံ့​ဖွယ်​သော​ဘု​ရား ဖြစ်​တော်​မူ​၏။-
21 Não te espantes diante deles, porque o Senhor teu Deus está no meio de ti, Deus grande e terrível.
22 ကိုယ်​တော်​သည်​သင်​တို့​ချီ​တက်​နေ​စဉ် ထို​လူ မျိုး​များ​ကို​တ​ဖြည်း​ဖြည်း​နှင်​ထုတ်​တော်​မူ လိမ့်​မည်။ သင်​တို့​သည်​သူ​တို့​အား​လုံး​ကို ချက်​ချင်း​မ​ပယ်​ရှင်း​နှင့်။ ချက်​ချင်း​ပယ်​ရှင်း လျှင် သား​ရဲ​တိရစ္ဆာန်​တို့​သည်​များ​ပြား​လာ​၍ သင်​တို့​ကို​အန္တရာယ်​ပြု​လိမ့်​မည်။-
22 E o Senhor teu Deus lançará fora de diante de ti, pouco a pouco, estas nações; não poderás destruí-las todas de pronto, para que as feras do campo não se multipliquem contra ti.
23 ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​များ​ကို​သင်​တို့ ၏​လက်​သို့​အပ်​သ​ဖြင့် သူ​တို့​သည်​က​စဥ့် က​လျား​ဖြစ်​၍​ချေ​မှုန်း​ခြင်း​ကို​ခံ​ရ​ကြ လိမ့်​မည်။-
23 E o Senhor as entregará a ti, e lhes infligirá uma grande derrota, até que sejam destruídas.
24 ကိုယ်​တော်​သည်​သူ​တို့​၏​ဘု​ရင်​များ​ကို​သင်​တို့ ၏​လက်​သို့​အပ်​မည်။ သင်​တို့​သည်​ထို​ဘု​ရင်​များ ကို​သုတ်​သင်​ပယ်​ရှင်း​သ​ဖြင့် သူ​တို့​အ​ကြောင်း​ကို လူ​တို့​သ​တိ​ရ​ကြ​တော့​မည်​မ​ဟုတ်။ မည်​သည့် ရန်​သူ​က​မျှ​သင်​တို့​ကို​မ​ခု​ခံ​နိုင်။ သင်​တို့ သည်​ရန်​သူ​အား​လုံး​ကို​ချေ​မှုန်း​လိမ့်​မည်။-
24 Também os seus reis te entregará nas tuas mãos, e farás desaparecer o nome deles de debaixo do céu; nenhum te poderá resistir, até que os tenhas destruído.
25 သူ​တို့​၏​ရုပ်​တု​များ​ကို​မီး​ရှို့​ပစ်​လော့။ ထို​ရုပ်​တု များ​တွင်​မွမ်း​မံ​ထား​သော​ရွှေ​ငွေ​ကို​တပ်​မက်​၍ သင်​တို့​အ​ဖို့​မ​ယူ​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည် ရုပ်​တု​ကိုး​ကွယ်​ခြင်း​ကို​ရွံ​ရှာ​မုန်း​တီး​တော်​မူ သ​ဖြင့် ရုပ်​တု​များ​မှ​ရွှေ​ငွေ​ကို​ယူ​မိ​လျှင်​သင် တို့​အ​တွက်​ကျော့​ကွင်း​သ​ဖွယ်​ဖြစ်​လိမ့်​မည်။-
25 As imagens esculpidas de seus deuses queimarás a fogo; não cobiçarás a prata nem o ouro que estão sobre elas, nem deles te apropriarás, para que não te enlaces neles; pois são abominação ao Senhor teu Deus.
26 ထို​ရုပ်တု​များ​ကို​သင်​တို့​၏​နေ​အိမ်​များ​သို့​မ ယူ​ဆောင်​ခဲ့​ရ။ ယင်း​သို့​ယူ​ဆောင်​ခဲ့​လျှင်​ရုပ်​တု များ​ကဲ့​သို့ သင်​တို့​သည်​လည်း​ကျိန်​စာ​သင့်​လိမ့် မည်။ ရုပ်​တု​များ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ကျိန် စာ​သင့်​သော​ကြောင့် ရုပ်​တု​များ​ကို​သင်​တို့​ရွံ ရှာ​မုန်း​တီး​ကြ​ရ​မည်။''
26 Não meterás, pois, uma abominação em tua casa, para que não sejas anátema, semelhante a ela; de todo a detestarás, e de todo a abominarás, pois é anátema.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Deuteronômio 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.