Deuteronômio 3
Common Language Bible (MYA) vs BKJ
1 ``နောက်တစ်ဖန်ငါတို့သည် မြောက်ဘက်ရှိဗာရှန် ပြည်သို့ချီတက်ခဲ့ကြသည်။ ထိုအခါဗာရှန် ဘုရင်သြဃသည် မိမိ၏စစ်သူရဲအပေါင်း တို့နှင့်တကွငါတို့ကိုတိုက်ရန်ဧဒြိမြို့သို့ ချီတက်လာလေသည်။-
1 Depois, nos viramos e subimos o caminho de Basã; e Ogue, rei de Basã, veio contra nós, ele e todo o seu povo, para a batalha em Edrei.
2 သို့ရာတွင်ထာဝရဘုရားက`သူ့ကိုမကြောက် နှင့်။ ငါသည်သူနှင့်တကွ သူ၏လူအပေါင်း တို့ကိုလည်းကောင်း၊ သူ၏တိုင်းပြည်ကိုလည်း ကောင်း၊ သင့်လက်သို့ပေးအပ်မည်။ သင်သည် ဟေရှဘုန်မြို့၌စိုးစံသောအာမောရိဘုရင် ရှိဟုန်အားနှိမ်နင်းသကဲ့သို့ သူ့အားလည်း နှိမ်နင်းလော့' ဟုငါ့အားမိန့်တော်မူသည်။''
2 E o SENHOR me disse: Não o temas, porque o entregarei, e a todo o seu povo, e a sua terra, na tua mão; e farás a ele o que fizeste a Seom, rei dos amorreus, que habitava em Hesbom.
3 ``သို့ဖြစ်၍ထာဝရဘုရားသည် သြဃဘုရင် နှင့်သူ၏လူအပေါင်းတို့ကိုငါတို့၏လက်သို့ အပ်သဖြင့် ငါတို့သည်တစ်ယောက်မကျန်သတ် ဖြတ်သုတ်သင်ခဲ့ကြ၏။-
3 Assim também o SENHOR nosso Deus entregou em nossa mão a Ogue, rei de Basã, e a todo o seu povo; e o ferimos, até que não lhe sobrou ninguém.
4 တစ်ချိန်တည်းမှာပင်ငါတို့သည် သူပိုင်ဆိုင် သောမြို့ရှိသမျှကိုသိမ်းယူကြသည်။ ငါတို့ မသိမ်းယူသောမြို့ဟူ၍တစ်မြို့မှမရှိ။ ငါ တို့သည်မြို့ပေါင်းခြောက်ဆယ်၊ တစ်နည်းအား ဖြင့်ဗာရှန်ဘုရင်ကြီးစိုးသောအာဂေါဘ ဒေသတစ်ခုလုံးကိုသိမ်းယူကြသည်။-
4 E naquele tempo tomamos todas as suas cidades; não houve nenhuma cidade que não tomássemos deles, sessenta cidades, toda a região de Argobe e o reino de Ogue, em Basã.
5 ထိုမြို့အားလုံးတို့သည်မြင့်မားသောမြို့ရိုး၊ မြို့တံခါးများနှင့်မြို့တံခါးကန့်လန့်ကျင် များရှိသဖြင့် ခိုင်ခံ့သောမြို့များဖြစ်ကြ သည်။ အကာအကွယ်ကင်းမဲ့သောကျေးရွာ များလည်းအမြောက်အမြားရှိသည်။-
5 Todas essas cidades eram cercadas com muros altos, portões e barras; ao lado de cidades sem muros, em grande número.
6 ငါတို့သည်ဟေရှဘုန်ဘုရင်ရှိဟုန်ပိုင်သော မြို့များနှင့်မြို့သူမြို့သားများကိုဖျက်ဆီး သုတ်သင်သကဲ့သို့ သြဃမင်းပိုင်သောမြို့ အားလုံးကိုဖျက်ဆီး၍ ယောကျာ်းမိန်းမနှင့် ကလေးသူငယ်အပေါင်းတို့ကိုသတ်ဖြတ် သုတ်သင်ခဲ့ကြသည်။-
6 E as destruímos completamente, como fizemos a Seom, rei de Hesbom, destruindo completamente os homens, e as mulheres, e as crianças, de todas as cidades.
7 တိရစ္ဆာန်များနှင့်မြို့များမှဥစ္စာပစ္စည်းများ ကိုလည်း သိမ်းယူခဲ့ကြသည်။
7 Mas todo o gado, e os despojos das cidades, tomamos por presa para nós.
8 ``သို့ဖြစ်၍ထိုအချိန်တွင်ငါတို့သည် အာနုန် မြစ်မှဟေရမုန်တောင်အထိကျယ်ပြန့်သော ယောဒန်မြစ်အရှေ့ဘက်ရှိနယ်မြေကို ထို အာမောရိဘုရင်နှစ်ပါးတို့ထံမှသိမ်း ယူကြ၏။-
8 E naquele tempo tomamos das mãos daqueles dois reis dos amorreus a terra que estava deste lado do Jordão, desde o ribeiro de Arnom até ao monte Hermom;
9 (ဟေရမုန်တောင်ကိုဇိဒုန်အမျိုးသားတို့က စိရုန်ဟူ၍လည်းကောင်း၊ အာမောရိအမျိုး သားတို့က ရှနိရဟူ၍လည်းကောင်းခေါ်ဝေါ် သမုတ်ကြ၏။-)
9 (Hermom que os sidônios chamam Siriom; e os amorreus o chamam Senir);
10 ငါတို့သည်ဗာရှန်ဘုရင်သြဃမင်းပိုင်သော မြေပြန့်ရှိမြို့များကိုလည်းကောင်း၊ အရှေ့ဘက် ရှိသာလကမြို့နှင့် ဧဒြိမြို့များအထိကျယ် ပြန့်သောဂိလဒ်ပြည်နှင့် ဗာရှန်ပြည်အားလုံး ကိုလည်းကောင်းသိမ်းယူခဲ့ကြသည်။''
10 todas as cidades da planície, e toda Gileade, e toda Basã, até Salca, e Edrei, cidades do reino de Ogue, em Basã.
11 (သြဃဘုရင်သည်အလွန်ထွားကြိုင်းသော ရီဖိမ် အနွယ်ဝင်ထဲမှနောက်ဆုံးကြွင်းကျန်သူဖြစ်၏။ သူ၏အလောင်းထည့်ရာခေါင်းကိုကျောက်ဖြင့် ပြုလုပ်၍ အနံခြောက်ပေ၊ အလျားတစ်ဆယ့် လေးပေနီးပါးရှိ၏။ ထိုဘုရင်၏ခေါင်းကို အမ္မုန်ပြည်ရဗ္ဗတ်မြို့တွင်ယနေ့တိုင်တွေ့မြင် နိုင်လေသည်။)
11 Porque somente Ogue, rei de Basã, permaneceu dos remanescentes dos gigantes; eis que o seu leito, um leito de ferro, não está em Rabá, dos filhos de Amom? De nove côvados era o seu comprimento, e de quatro côvados a sua largura, conforme côvado de um homem.
12 ``ငါတို့သည်ဤပြည်ကိုသိမ်းပိုက်စဉ်အခါ က အာနုန်မြစ်အနီးရှိ၊ အာရော်မြို့မှစ၍ ဂိလဒ်တောင်ကုန်းဒေသတစ်ဝက်နှင့် ယင်းဒေသ ရှိမြို့များကိုရုဗင်အနွယ်နှင့်ဂဒ်အနွယ်တို့ အားငါခွဲဝေပေး၏။-
12 E esta terra, que tomamos naquele tempo, desde Aroer, que está junto ao ribeiro de Arnom, e metade do monte Gileade, e as suas cidades, dei aos rubenitas e aos gaditas.
13 ဂိလဒ်ပြည်ကျန်တစ်ဝက်နှင့်သြဃဘုရင်အုပ် စိုးသောဗာရှန်ပြည်အားလုံး၊ တစ်နည်းအား ဖြင့်အာဂေါဘဒေသတစ်ခုလုံးကို မနာရှေ အနွယ်တစ်ဝက်တို့အားငါခွဲဝေပေး၏။''
13 E o restante de Gileade, e toda Basã, sendo o reino de Ogue, dei à meia tribo de Manassés; toda a região de Argobe, com toda Basã, que era chamada terra de gigantes.
14 မနာရှေအနွယ်ဝင်ယာဣရသည် ဂေရှုရနှင့် မာခါနယ်စပ်အထိကျယ်ဝန်းသောဗာရှန် ပြည်၊ တစ်နည်းအားဖြင့်အာဂေါဘဒေသ တစ်ခုလုံးကိုသိမ်းယူသည်။ သူသည်ကျေးရွာ များကို သူ၏နာမည်ဖြင့်မှည့်ခေါ်ရာ၌ ယနေ့ တိုင်အောင်ယာဣရ၏ကျေးရွာများဟုခေါ် တွင်သတည်း။)
14 Jair, filho de Manassés, tomou toda a terra de Argobe até as costas dos gesuritas e maacatitas; e as chamou, segundo o seu próprio nome, Basã-Havote-Jair, até este dia.
15 ``မနာရှေအနွယ်ဝင်မာခိရအမျိုးသား တို့အား ဂိလဒ်မြို့ကိုငါခွဲဝေပေး၏။-
15 E dei Gileade a Maquir.
16 ရုဗင်နှင့်ဂဒ်အနွယ်ဝင်တို့အား ဂိလဒ်မြို့မှ အာနုန်မြစ်အထိနယ်မြေကိုငါခွဲဝေပေး ၏။ ထိုမြစ်လယ်တစ်လျှောက်သည်သူတို့၏ တောင်ဘက်နယ်နိမိတ်ဖြစ်၍ အမ္မုန်ပြည်နယ် စပ်တစ်စိတ်တစ်ဒေသဖြစ်သောယဗ္ဗုတ်မြစ် သည်သူတို့၏မြောက်ဘက်နယ်နိမိတ်ဖြစ် သည်။-
16 E aos rubenitas e aos gaditas dei desde Gileade até o ribeiro de Arnom, metade do vale, da fronteira até o ribeiro de Jaboque, que é a fronteira dos filhos de Amom;
17 သူတို့၏နယ်မြေသည်အနောက်ဘက်ယော်ဒန် မြစ်သို့လည်းကောင်း၊ မြောက်ဘက်ဂါလိလဲ အိုင်သို့လည်းကောင်း၊ တောင်ဘက်ပင်လယ်သေ သို့လည်းကောင်း၊ အရှေ့ဘက်ပိသဂါတောင် ခြေသို့လည်းကောင်းကျယ်ဝန်းသည်။''
17 também a planície, e o Jordão e a sua costa, desde Quinerete até ao mar da planície, que é o mar salgado, abaixo de Asdote-Pisga, para o oriente.
18 ``တစ်ချိန်တည်းမှာပင် ငါသည်သူတို့အား`ငါ တို့၏ဘုရားသခင်ထာဝရဘုရားသည် ယော်ဒန်မြစ်အရှေ့ဘက်တွင်ရှိသောဤပြည် ကို သင်တို့အားသိမ်းယူစေတော်မူပြီ။ ယခု သင်တို့၏စစ်သူရဲတို့ကိုလက်နက်စွဲကိုင် စေလော့။ အခြားသောဣသရေလအနွယ် ဝင်တို့နယ်မြေရရှိရေးအတွက် စစ်ကူ တိုက်ခိုက်ရန်သူတို့အလျင်ယော်ဒန်မြစ် ကိုဖြတ်ကူးစေလော့။-
18 E naquele tempo eu vos ordenei, dizendo: O SENHOR vosso Deus vos deu essa terra, para possuí-la; passareis armados diante de vossos irmãos, os filhos de Israel, todos os que estiverem capacitados para a guerra.
19 ငါသတ်မှတ်ပေးသောမြို့များတွင် သင်တို့ ၏သားမယားများနှင့်တိရစ္ဆာန်များသာလျှင် နေရစ်ခဲ့ရမည်။ သင်တို့တွင်တိရစ္ဆာန်များစွာ ရှိသည်ကိုငါသိ၏။-
19 Mas as vossas esposas, e os vossos pequenos, e o vosso gado (pois sei que tendes muito gado) permanecerão nas cidades que vos dei;
20 ထာဝရဘုရားသည်သင်တို့အားအေးချမ်း စွာနေထိုင်ခွင့်ပေးတော်မူသည့်နည်းတူ အခြား သောဣသရေလအနွယ်တို့အား ယော်ဒန်မြစ် အနောက်ဘက်နယ်မြေကိုသိမ်းပိုက်၍ အေးချမ်း စွာနေထိုင်ခွင့်ပေးတော်မူသည်တိုင်အောင် သင် တို့သည်သူတို့ကိုကူညီရမည်။ သို့ဆောင်ရွက် ပြီးမှသင်တို့အပေါင်းသည် ငါခွဲဝေပေး သောပြည်သို့ပြန်လာရကြမည်' ဟုညွှန် ကြားခဲ့သည်။
20 até que o SENHOR dê descanso a vossos irmãos, bem como a vós, e até que eles também possuam a terra que o SENHOR vosso Deus lhes deu além do Jordão; e então voltareis, cada homem à sua possessão, que vos dei.
21 ``ထိုအခါကငါသည်ယောရှုအားလည်း`သင် ၏ဘုရားသခင်ထာဝရဘုရားသည် ထိုဘုရင် နှစ်ပါးတို့အားစီရင်တော်မူခဲ့ပုံအလုံးစုံကို သိမြင်ခဲ့ရပြီ။ ထာဝရဘုရားသည်သင်ဝင် ရောက်တိုက်ခိုက်သမျှသောတိုင်းနိုင်ငံဘုရင် တို့ကိုလည်း ထိုနည်းတူစီရင်တော်မူလိမ့် မည်။-
21 E naquele tempo eu ordenei a Josué, dizendo: Os teus olhos viram tudo o que o SENHOR teu Deus fez a esses dois reis; assim fará o SENHOR a todos os reinos aos quais passares.
22 သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ဘက်၌စစ်ကူတိုက်မည်ဖြစ်သောကြောင့် သူတို့ကိုမကြောက်နှင့်' ဟူ၍မှာကြား၏။''
22 Não os temas, pois o SENHOR teu Deus lutará por ti.
23 ``ထိုအချိန်တွင်ငါသည်ထာဝရဘုရား အား၊-
23 E naquele tempo supliquei ao SENHOR, dizendo:
24 `အို အရှင်ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူ မည့်ကြီးမားအံ့သြဖွယ်ကောင်းသောအမှုတော် အရိပ်အမြွက်မျှလောက်ကိုသာ အကျွန်ုပ်အား ပြတော်မူပြီ။ ကောင်းကင်ဘုံ၌လည်းကောင်း၊ ကမ္ဘာ လောက၌လည်းကောင်းကိုယ်တော်နည်းတူကြီး မားသောအမှုတော်များကိုပြုနိုင်သောဘုရား မရှိပါ။-
24 Ó Senhor DEUS, começaste a mostrar ao teu servo a tua grandeza, e a tua mão forte; pois que Deus há nos céus ou na terra, que possa fazer segundo as tuas obras, e segundo o teu poder?
25 အို ထာဝရဘုရား၊ အကျွန်ုပ်အားယော်ဒန်မြစ်ကို ကူးစေ၍ တစ်ဘက်တွင်ရှိသောမြေသြဇာကောင်း သည့်ပြည်ကိုလည်းကောင်း၊ သာယာသည့်တောင် ကုန်းဒေသနှင့်လေဗနုန်တောင်ကိုလည်းကောင်း တွေ့မြင်ခွင့်ပေးတော်မူပါ' ဟုတောင်းပန် လျှောက်ထား၏။''
25 Suplico-te, deixa-me passar, e ver a boa terra que está além do Jordão, este bom monte, e o Líbano.
26 ``သို့သော်လည်းသင်တို့အတွက်ကြောင့်ထာဝရ ဘုရားသည်ငါ့ကိုအမျက်ထွက်၍ ငါ၏တောင်းပန် စကားကိုလက်ခံတော်မမူ။ ထာဝရဘုရား က`ဆက်၍မလျှောက်နှင့်။ ဤအကြောင်းကို နောက်ထပ်မလျှောက်ထားနှင့်။-
26 Mas o SENHOR se irou comigo, por vossa causa, e não me ouviu; e o SENHOR me disse: Basta; não me fales mais desse assunto.
27 ပိသဂါတောင်ထိပ်ပေါ်သို့တက်၍အရှေ့၊ အနောက်၊ တောင်၊ မြောက်သို့ကြည့်လော့။ သင်သည်ယော်ဒန်မြစ် တစ်ဘက်သို့ကူးရမည်မဟုတ်သောကြောင့် သင် မြင်သမျှကိုသေချာစွာကြည့်ရှုလော့။-
27 Sobe ao topo de Pisga, e levanta os teus olhos ao ocidente, e ao norte, e ao sul, e ao oriente, e contempla com os teus olhos, pois não passarás este Jordão.
28 ယောရှုအားတာဝန်လွှဲအပ်လော့။ သူသည်ဤလူ မျိုးကိုခေါင်းဆောင်၍ သင်မြင်သောပြည်သို့ ဖြတ်ကူးသိမ်းယူရမည်ဖြစ်သောကြောင့်သူ့ ကိုအားပေးလော့။ ကြံ့ခိုင်စေလော့' ဟုငါ့ အားမိန့်တော်မူ၏။''
28 Mas ordena a Josué, e encoraja-o, e fortalece-o, porque ele passará, diante deste povo, e fará com que herdem a terra que verás.
29 ``သို့ဖြစ်၍ငါတို့သည်ဗက်ပေဂုရမြို့တစ်ဘက် တွင်ရှိသောချိုင့်ဝှမ်း၌စခန်းချကြ၏။''
29 Assim, permanecemos no vale diante de Bete-Peor.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Deuteronômio 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.