Deuteronômio 34

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 ထို​နောက်​မော​ရှေ​သည်​မော​ဘ​လွင်​ပြင်​မှ ယေ​ရိ ခေါ​မြို့​အ​ရှေ့​ဘက်​ရှိ​နေ​ဗော​ခေါ်​ပိ​သ​ဂါ​တောင် ထိပ်​ပေါ်​သို့​တက်​လေ​၏။ ထို​အ​ရပ်​တွင်​ထာ​ဝ​ရ ဘု​ရား​သည် မြောက်​ဘက်​ရှိ​ဒန်​မြို့​အ​ထိ​ကျယ် ပြန့်​သော​ဂိလဒ်​ပြည်​နယ်၊-
1 Subiu Moisés das planícies de Moab ao monte Nebo, ao cimo do Fasga, defronte de Jericó. O Senhor mostrou-lhe toda a terra, desde Galaad até Dá,
2 န​ဿ​လိ​ပြည်​နယ်​တစ်​လျှောက်​လုံး၊ ဧ​ဖ​ရိမ်​နှင့် မ​နာ​ရှေ​ပြည်​နယ်​များ၊ အ​နောက်​ဘက်​မြေ​ထဲ ပင်​လယ်​အ​ထိ ကျယ်​ပြန့်​သော​ယု​ဒ​ပြည်​နယ်၊-
2 todo o Neftali, a terra de Efraim e de Manassés, todo o território de Judá até o mar ocidental,
3 ယု​ဒ​ပြည်​နယ်​တောင်​ပိုင်း၊ ဇော​ရ​မြို့​မှ​စွန် ပ​လွံ​ပင်​မြို့​ဟု​ခေါ်​တွင်​သော ယေ​ရိ​ခေါ​မြို့ အ​ထိ​ကျယ်​ပြန့်​သည့်​လွင်​ပြင်​မှ​စ​၍ တစ် ပြည်​လုံး​ကို​မော​ရှေ​အား​ပြ​တော်​မူ​၏။-
3 o Negeb, a planície do Jordão, o vale de Jericó, a cidade das palmeiras, até Segor.
4 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဤ ပြည်​သည်​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​၏ အ​ဆက်​အ​နွယ်​တို့​အား ပေး​မည်​ဟု​ငါ​က​တိ ထား​သော​ပြည်​ဖြစ်​သည်။ ယ​ခု​ဤ​ပြည်​ကို သင်​ကြည့်​ရှု​လော့။ သို့​ရာ​တွင်​ဤ​ပြည်​ကို သင်​မ​ဝင်​ရ'' ဟု​မိန့်​တော်​မူ​၏။
4 O Senhor disse-lhe: Eis a terra que jurei a Abraão, a Isaac e a Jacó dar à sua posteridade. Viste-a com os teus olhos, mas não entrarás nela.
5 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် အ​တိုင်း ကိုယ်​တော်​၏​အ​စေ​ခံ​မော​ရှေ​သည် မော​ဘ​ပြည်​တွင်​အ​နိစ္စ​ရောက်​လေ​၏။-
5 E Moisés, o servo do Senhor, morreu ali na terra de Moab, como o Senhor decidira.
6 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ဘ​ပြည်၊ ဗက်​ပေ ဂု​ရ​မြို့​တစ်​ဘက်​ရှိ​ချိုင့်​ဝှမ်း​၌ မော​ရှေ​၏ အ​လောင်း​ကို​သင်္ဂြိုဟ်​တော်​မူ​၏။ သို့​ရာ​တွင် ယ​နေ့​တိုင်​အောင်​မော​ရှေ​၏​သင်္ချိုင်း​နေ​ရာ အ​တိ​အ​ကျ​ကို​မည်​သူ​မျှ​မ​သိ​ရ​ချေ။-
6 E ele o enterrou no vale da terra de Moab, defronte de Bet-Fogor, e ninguém jamais soube o lugar do seu sepulcro.
7 မော​ရှေ​သည်​အ​သက်​တစ်​ရာ့​နှစ်​ဆယ်​တွင် အ​နိစ္စ​ရောက်​၏။ မော​ရှေ​အ​နိစ္စ​ရောက်​ချိန် တွင်​မျက်​စိ​မ​မှုန်​သေး။ အင်​အား​လည်း မ​လျော့​သေး။-
7 Moisés tinha cento e vinte anos no momento de sua morte: sua vista não se tinha enfraquecido, e o seu vigor não se tinha abalado.
8 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မော​ဘ​လွင် ပြင်​တွင် ရက်​ပေါင်း​သုံး​ဆယ်​ပတ်​လုံး​မော​ရှေ ကွယ်​လွန်​သည့်​အ​တွက်​ငို​ကြွေး​မြည်​တမ်း ကြ​၏။
8 Os israelitas choraram-no durante trinta dias nas planícies de Moab; e, passado esse tempo, acabaram-se os dias de pranto consagrados ao luto por Moisés.
9 မော​ရှေ​သည်​နုန်​၏​သား​ယော​ရှု​အ​ပေါ်​လက် တင်​၍ မိ​မိ​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​ရန်​ခန့် အပ်​ခဲ့​သည်။ သို့​ဖြစ်​၍​ယော​ရှု​သည်​ပညာ​ဉာဏ် နှင့်​ပြည့်​စုံ​လေ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​ယော​ရှု​၏​စ​ကား​ကို​နား​ထောင်​၍ မော​ရှေ​ဆင့်​ဆို​သော​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​များ​ကို​လိုက်​နာ​ကြ​လေ​သည်။
9 Josué, filho de Nun, ficou cheio do Espírito de Sabedoria, porque Moisés lhe tinha imposto as suas mãos. Os israelitas obedeceram-lhe, assim como o Senhor tinha ordenado a Moisés.
10 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် မော​ရှေ​ကဲ့ သို့​သော​ပ​ရော​ဖက်​မ​ပေါ်​ထွန်း​တော့​ချေ။ သူ သည်​ထာ​ဝ​ရ​ဘု​ရား​အား ကိုယ်​တိုင်​ကိုယ် ကြပ်​သိ​ကျွမ်း​သူ​ဖြစ်​သည်။-
10 Não se levantou mais em Israel profeta comparável a Moisés, com quem o Senhor conversava face a face.
11 ထာ​ဝ​ရ​ဘု​ရား​၏​စေ​လွှတ်​ချက်​အ​ရ​မော​ရှေ သည် အီ​ဂျစ်​ပြည်​ဘု​ရင်၊ မှူး​မတ်​များ​နှင့်​ပြည်​သူ အ​ပေါင်း​တို့​ရှေ့​တွင် အ​ခြား​မည်​သည့်​ပ​ရော​ဖက် မျှ​မ​ပြ​ဘူး​သော​အံ့​သြ​ဖွယ်​ရာ​များ​နှင့် နိ​မိတ် လက္ခ​ဏာ​များ​ကို​ပြ​ခဲ့​လေ​သည်။-
11 {Ninguém o igualou} quanto a todos os sinais e prodígios que o Senhor o mandou fazer na terra do Egito, diante do faraó, de seus servos e de sua terra,
12 မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​ရှေ့​၌​လည်း အ​ခြား​မည်​သည့်​ပ​ရော​ဖက်​မျှ မ​ပြု​လုပ်​နိုင်​သည့် အ​လွန်​ကြောက်​မက်​ဖွယ် ကောင်း​သော​အ​မှု​များ​ကို​ပြု​လုပ်​ခဲ့​လေ သ​တည်း။ ရှင်​မော​ရှေ​ရေး​ထား​သော​တ​ရား​ဟော​ရာ​ကျမ်း​ပြီး​၏။
12 nem quanto a todos os feitos e às terríveis ações que ele operou sob os olhos de todo o Israel.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Deuteronômio 34, comparar traduções ou montar um estudo — tudo direto pelo WhatsApp.