Deuteronômio 28
Common Language Bible (MYA) vs NTLH
1 သင်တို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏အမိန့်ကိုနာခံ၍ ယနေ့ငါဆင့်ဆို သမျှသောပညတ်ရှိသမျှတို့ကိုတစ်သဝေ မတိမ်းစောင့်ထိန်းလျှင် ကိုယ်တော်သည်သင်တို့ အားကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့ထက် ချီးမြှောက်တော်မူမည်။-
1 Moisés disse ao povo: — Se vocês derem atenção a tudo o que o
2 သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော်ကိုနာခံလျှင်ကိုယ်တော်သည် အောက်ပါကောင်းချီးမင်္ဂလာအပေါင်းတို့ ကို သင်တို့အားခံစားစေတော်မူမည်။
2 Obedeçam ao Senhor Deus, e ele lhes dará todas estas bênçãos:
3 ``ထာဝရဘုရားသည် သင်တို့၏မြို့များနှင့် လယ်ယာများကိုကောင်းချီးပေးတော်မူမည်။
3 — Deus os abençoará nas cidades e nos campos.
4 ``ထာဝရဘုရားသည် သင်တို့တွင်သားသမီး မြောက်မြားစွာထွန်းကားစေရန်လည်းကောင်း၊ အသီးအနှံပေါများစေရန်လည်းကောင်း၊ သိုး နွားမြောက်မြားစွာတိုးပွားစေရန်လည်း ကောင်းကောင်းချီးပေးတော်မူမည်။
4 — Deus os abençoará dando-lhes muitos filhos, boas colheitas e muitas crias de gado e de ovelhas.
5 ``ထာဝရဘုရားသည် သင်တို့၏ကောက်ပဲ သီးနှံ၊ ၎င်းမှရသောအစားအစာတို့ကို ကောင်းချီးပေးတော်မူမည်။
5 — Deus os abençoará com boas colheitas de trigo e de cevada e com muita comida.
6 ``ထာဝရဘုရားသည် သင်တို့ပြုလေသမျှ တို့ကိုကောင်းချီးပေးတော်မူမည်။
6 — Deus os abençoará em tudo o que fizerem.
7 ``ထာဝရဘုရားသည် သင်တို့အားတိုက်ခိုက် သောရန်သူများကိုနှိမ်နင်းတော်မူလိမ့်မည်။ သူတို့သည်တစ်လမ်းတည်းဖြင့်လာရောက် တိုက်ခိုက်သော်လည်း လမ်းအသွယ်သွယ်ဖြင့် ထွက်ပြေးရလိမ့်မည်။
7 — Quando os inimigos atacarem, o Senhor Deus os destruirá na presença de vocês. Eles atacarão juntos, em ordem, mas fugirão para todos os lados, em desordem.
8 ``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့၏လုပ်ငန်းကိုကောင်းချီးပေး၍ သင်တို့၏ကျီများကိုစပါးနှင့်ပြည့်စေ တော်မူမည်။ ကိုယ်တော်သည်မိမိပေးသနား တော်မူမည့်ပြည်တွင် သင်တို့အားကောင်းချီး ပေးတော်မူမည်။
8 — O Senhor , nosso Deus, abençoará vocês em tudo o que fizerem e lhes dará tanto trigo, que os seus depósitos ficarão cheios. Ele os abençoará ricamente na terra que está dando a vocês.
9 ``သင်တို့၏ဘုရားသခင်ထာဝရဘုရား ၏အမိန့်ကိုနာခံ၍ ပညတ်ရှိသမျှကိုစောင့် ထိန်းလျှင် ကတိတော်အတိုင်းသင်တို့အား ကိုယ်တော်၏လူမျိုးတော်ဖြစ်စေမည်။-
9 — Se obedecerem a todas as leis do Senhor , nosso Deus, e cumprirem todas as suas ordens, ele fará com que sejam o seu único povo, o povo escolhido, como prometeu com juramento a vocês.
10 ထိုအခါသင်တို့သည်ထာဝရဘုရားရွေး ချယ်သောလူမျိုးတော်ဖြစ်ကြောင်းကို ကမ္ဘာ ပေါ်ရှိလူမျိုးအပေါင်းတို့ကသိမြင်သဖြင့် သင်တို့ကိုကြောက်ရွံ့ကြလိမ့်မည်။-
10 Todos os outros povos do mundo verão que vocês pertencem a Deus, o Senhor , e terão medo de vocês.
11 ထာဝရဘုရားသည် သင်တို့ကိုပေးမည်ဟု ဘိုးဘေးတို့အားကတိထားတော်မူသော ပြည်တွင် သင်တို့၌သားသမီး၊ သိုးနွား၊ တိရစ္ဆာန် မြောက်မြားစွာရရှိစေတော်မူလိမ့်မည်။ အသီးအနှံပေါများစေတော်မူလိမ့်မည်။-
11 Ele lhes dará muitos filhos, muitos animais e boas colheitas na terra que está dando a vocês, de acordo com o juramento que fez aos nossos antepassados.
12 ကိုယ်တော်ရှင်သည်မိုးကောင်းကင်ကိုဖွင့်၍ ရာသီအလိုက်မိုးကိုရွာစေလျက်သင်လုပ် ဆောင်သမျှကိုအောင်မြင်စေတော်မူသဖြင့် သင်တို့သည်နိုင်ငံများစွာတို့အားချေးငှား ရလိမ့်မည်။ သို့ရာတွင်သင်တို့သည်မည်သည့် နိုင်ငံထံမှချေးယူရန်လိုမည်မဟုတ်။-
12 Deus abrirá o céu, onde guarda as suas ricas bênçãos, e lhes dará chuvas no tempo certo e assim abençoará o trabalho que vocês fizerem. Vocês emprestarão a muitas nações, porém não tomarão emprestado de ninguém.
13 သင်တို့အားငါယနေ့ဆင့်ဆိုသောပညတ် များကိုတစ်သဝေမတိမ်းလိုက်နာစောင့်ထိန်း လျှင် သင်တို့သည်နိုင်ငံများ၏နောက်လိုက်မဖြစ် ဘဲခေါင်းဆောင်နေရာ၌နေရလိမ့်မည်။ သင် တို့သည်စီးပွားမကျဆင်းဘဲ အစဉ်အမြဲ တိုးတက်လိမ့်မည်။-
13 Se obedecerem fielmente a todos os mandamentos do Senhor Deus que hoje eu estou dando a vocês, ele fará com que fiquem no primeiro lugar entre as nações e não no último; e fará também com que a fama de vocês sempre cresça e nunca diminua.
14 ထို့ကြောင့်သင်တို့သည်ဤပညတ်များကို တစ်သဝေမတိမ်းလိုက်နာစောင့်ထိန်းရမည်။ အခြားသောဘုရားများကိုလည်းမကိုး ကွယ်မဆည်းကပ်ရ။
14 Não se desviem desses mandamentos que hoje eu estou dando a vocês, nem para um lado nem para o outro, e nunca adorem nem sirvam outros deuses.
15 ``ယနေ့သင်တို့အားငါဆင့်ဆိုသောထာဝရ ဘုရား၏ ပညတ်တော်ရှိသမျှတို့ကိုတစ်သဝေ မတိမ်းမလိုက်နာမစောင့်ထိန်းလျှင် သင်တို့ အပေါ်၌အောက်ပါအမင်္ဂလာများသက် ရောက်စေတော်မူမည်။
15 — Porém, se vocês não derem atenção ao que o Senhor , nosso Deus, está mandando e não obedecerem às suas leis e aos seus mandamentos que lhes estou dando hoje, vocês serão castigados com as seguintes maldições:
16 ``ထာဝရဘုရားသည် သင်တို့၏မြို့များနှင့် လယ်များကိုကျိန်စာသင့်စေတော်မူမည်။
16 — Deus os amaldiçoará nas cidades e nos campos.
17 ``ထာဝရဘုရားသည် သင်တို့၏ကောက်ပဲသီးနှံ နှင့် ၎င်းမှရသောအစားအစာတို့ကိုကျိန်စာ သင့်စေတော်မူမည်။
17 — Deus os amaldiçoará dando-lhes pequenas colheitas de trigo e de cevada e pouco alimento.
18 ``ထာဝရဘုရားသည် သင်တို့တွင်သားသမီး အနည်းငယ်မျှသာထွန်းကားစေရန်လည်း ကောင်း၊ သင်တို့၏ကောက်ပဲသီးနှံကိုညံ့ဖျင်း စေရန်လည်းကောင်း၊ သိုးနွားအနည်းငယ်မျှ ကိုသာရရှိစေရန်လည်းကောင်း သင်တို့အား ကျိန်စာသင့်စေတော်မူမည်။
18 — Deus os amaldiçoará dando-lhes poucos filhos, colheitas pequenas e poucas crias de gado e de ovelhas.
19 ``ထာဝရဘုရားသည် သင်တို့ပြုလေသမျှ ကိုကျိန်စာသင့်စေတော်မူမည်။-
19 — Deus os amaldiçoará em tudo o que fizerem.
20 ``သင်တို့သည်ဒုစရိုက်ကိုပြု၍ ထာဝရ ဘုရားကိုစွန့်ပယ်လျှင် သင်တို့ဆောင်ရွက် သမျှတို့၏အကျိုးဆက်များမှာပျက်စီး ဆုံးရှုံးခြင်း၊ သောကဗျာပါဒနှင့်ဆင်းရဲ ဒုက္ခများဖြစ်လိမ့်မည်။ သို့ဖြစ်၍သင်တို့သည် လျင်မြန်စွာသေကြေပျက်စီးရလိမ့်မည်။-
20 — Se vocês abandonarem o Senhor e começarem a praticar maldades, ele fará cair sobre vocês maldição, confusão e castigo. Ele os amaldiçoará em tudo o que fizerem e acabará logo com vocês.
21 သင်တို့တွင်ကပ်ရောဂါတစ်မျိုးနောက်တစ်မျိုး ကျရောက်သဖြင့် သင်တို့ဝင်ရောက်သိမ်းယူ မည့်ပြည်၌တစ်ယောက်မကျန်သေကြေ ပျက်စီးရလိမ့်မည်။-
21 O Senhor os castigará com doenças e mais doenças, até que todos morram na terra que vão invadir e que vai ser de vocês.
22 ထာဝရဘုရားသည် သင်တို့တွင်ကူးစက် တတ်သောဖောရောင်၍ဖျားသောရောဂါ များကျရောက်စေလိမ့်မည်။ မိုးခေါင်ခြင်း၊ လေပူတိုက်ခတ်ခြင်းဒဏ်တို့ကြောင့်သင် တို့၏အသီးအနှံများလည်းပျက်စီး ရလိမ့်မည်။ သင်တို့သေကြေပျက်စီးသည့် တိုင်အောင် ဤဘေးဒုက္ခများနှင့်တွေ့ကြုံ ရလိမ့်မည်။-
22 Ele os castigará com doenças contagiosas, infecções, inflamações e febres; mandará secas e ventos muito quentes; e fará com que pragas ataquem as plantas. Essas desgraças continuarão até que vocês morram.
23 မိုးမရွာသဖြင့်သင်တို့၏မြေသည်သံ ကဲ့သို့မာကျောလာလိမ့်မည်။-
23 Não haverá chuva, e o chão ficará duro como ferro.
24 ထာဝရဘုရားသည် မိုးရွာစေမည့်အစား ဖုံမုန်တိုင်း၊ သဲမုန်တိုင်းများကျရောက်စေ သဖြင့်သင်တို့သည်သေကြေပျက်စီးကုန် ကြလိမ့်မည်။
24 Em vez de chuva, o Senhor Deus mandará pó e areia sobre a terra, até que vocês sejam destruídos.
25 ``ထာဝရဘုရားသည်သင်တို့၏ရန်သူ များအားအောင်ပွဲခံစေမည်။ သင်တို့သည် ရန်သူအားလမ်းတစ်လမ်းတည်းဖြင့်တိုက် ခိုက်ကြလျက် စစ်ရှုံးသဖြင့်လမ်းအသွယ် သွယ်ဖြင့်ထွက်ပြေးရကြလိမ့်မည်။-
25 O Senhor fará com que sejam derrotados pelos inimigos. Vocês atacarão juntos, em ordem, mas fugirão para todos os lados, em desordem. Todos os povos do mundo ficarão espantados quando souberem do que aconteceu com vocês.
26 သင်တို့သေဆုံးသောအခါငှက်များနှင့် သားရဲတိရစ္ဆာန်တို့က သင်တို့၏အသား ကိုစားကြလိမ့်မည်။ ထိုငှက်နှင့်သားရဲ တိရစ္ဆာန်များကိုမောင်းနှင်မည့်သူရှိလိမ့် မည်မဟုတ်။-
26 Vocês morrerão, e o corpo de vocês servirá de comida para as aves e para os animais ferozes, e ninguém os enxotará.
27 အီဂျစ်အမျိုးသားတို့ကဲ့သို့ သင်တို့၌အနာ စိမ်းရောဂါစွဲစေတော်မူမည်။ သင်တို့၏ကိုယ် ပေါ်တွင်အနာပေါက်စေတော်မူမည်။ သင်တို့ တွင်ဆေးကု၍မရသောဝဲခြောက်နာ၊ ယား နာများစွဲကပ်လိမ့်မည်။-
27 O Senhor Deus castigará vocês com tumores, como fez com os egípcios; vocês sofrerão de úlceras, chagas e coceiras sem cura.
28 သင်တို့တွင်စိတ်ဖောက်ပြန်ခြင်း၊ မျက်စိကွယ် ခြင်း၊ တွေဝေခြင်းစသည့်အဖြစ်ဆိုးများ နှင့်တွေ့ကြုံရလိမ့်မည်။-
28 O Senhor os castigará, fazendo com que fiquem loucos, cegos e confusos.
29 နေ့ခင်းကြောင်တောင်၌ပင်လျှင်စမ်းတဝါး ဝါးသွားရသောမျက်မမြင်ကဲ့သို့ သင်တို့ သည်လမ်းကိုရှာမတွေ့ဖြစ်လိမ့်မည်။ လုပ် ဆောင်သမျှတို့၌အောင်မြင်လိမ့်မည်မဟုတ်။ သင်တို့သည်သူတစ်ပါး၏နှိပ်စက်ခြင်း၊ လု ယူခြင်းကိုအမြဲခံရလျက်မည်သူကမျှ သင်တို့အားကယ်မည်မဟုတ်။
29 Ao meio-dia vocês andarão sem rumo, como um cego apalpando o caminho. Vocês fracassarão em tudo o que fizerem, serão perseguidos e explorados a vida inteira, e não haverá ninguém que os socorra.
30 ``သင်နှင့်လက်ထပ်ရန်စေ့စပ်ထားသောမိန်းမ ကို အခြားသူတစ်ယောက်ကမယားအဖြစ် ပေါင်းသင်းလိမ့်မည်။ သင်သည်အိမ်ကိုဆောက် သော်လည်းထိုအိမ်တွင်မနေရ။ စပျစ်ဥယျာဉ် ကိုစိုက်သော်လည်းအသီးကိုမစားရ။-
30 — Você contratará casamento, mas outro homem terá relações com a moça; você construirá uma casa, mas não morará nela; plantará uma parreira , mas não colherá as uvas.
31 သင်၏နွားကိုသင့်မျက်စိရှေ့တွင်သတ်သော် လည်း သင်သည်အသားကိုမစားရ။ သင်၏ မြည်းများခိုးယူသွားသည်ကိုမျက်စိဖြင့် မြင်ရသော်လည်း မြည်းများကိုပြန်မရ။ သင်၏သိုးများရန်သူ့လက်သို့ကျရောက် လိမ့်မည်။ သို့ရာတွင်သင့်အားကူညီမည့် သူရှိလိမ့်မည်မဟုတ်။-
31 Você verá o seu gado sendo morto, mas não comerá da carne. Verá outros levarem embora os seus jumentos, e estes não serão devolvidos. Os inimigos levarão as suas ovelhas, e não haverá ninguém para socorrê-lo.
32 သင်၏မျက်မှောက်တွင်သင်၏သားသမီး များကို လူမျိုးခြားသားတို့ကကျွန် အဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြလိမ့် မည်။ နေ့စဉ်သင်သည်သားသမီးများ ပြန်ရောက်လာနိုးနိုးဖြင့်မျှော်သော်လည်း မျက်စိညောင်းရုံသာရှိမည်။-
32 — Na presença de vocês, estrangeiros pegarão os seus filhos e as suas filhas e os levarão embora como escravos. Vocês morrerão de saudade deles, mas não poderão fazer nada para trazê-los de volta.
33 သင်တို့ပင်ပန်းကြီးစွာစိုက်ပျိုးရသော အသီးအနှံအားလုံးကို အခြားတစ်နိုင်ငံ သားတို့ကသိမ်းယူလိမ့်မည်။ သင်တို့သည် ညှဉ်းဆဲနှိပ်စက်ခြင်းကိုအမြဲခံရရုံမှ တစ်ပါး မည်သည့်အကျိုးအမြတ်ကိုမျှ ခံစားရလိမ့်မည်မဟုတ်။-
33 Estrangeiros virão e levarão os cereais que com tanto trabalho vocês plantaram e colheram. Todos os dias vocês serão maltratados e perseguidos
34 သင်တို့ခံရသောဆင်းရဲဒုက္ခကြောင့်သင် တို့ရူးသွပ်ကြလိမ့်မည်။-
34 e ficarão loucos por causa dos maus-tratos que vão receber.
35 သင်တို့၏ခြေထောက်များတွင်နာကျင်၍ မပျောက်နိုင်သောအနာများပေါက်လိမ့်မည်။ သင်၏တစ်ကိုယ်လုံးတွင်အနာစိမ်းများ ပေါက်လိမ့်မည်။
35 O Senhor Deus os castigará com tumores incuráveis nas pernas; da ponta dos pés até a cabeça, o corpo de vocês ficará coberto de feridas que nunca saram.
36 ``ထာဝရဘုရားသည်သင်တို့နှင့်သင်တို့ ၏ဘုရင်ကို သင်တို့နှင့်သင်တို့၏ဘိုးဘေး များမရောက်ဘူးသောနိုင်ငံရပ်ခြားသို့ ဖမ်းဆီးခေါ်ဆောင်သွားစေတော်မူလိမ့်မည်။ သင်တို့သည်ထိုပြည်တွင်သစ်သားနှင့် ကျောက်နှင့်ထုလုပ်သောဘုရားများကို ကိုးကွယ်ကြလိမ့်မည်။-
36 — O Senhor Deus levará todos vocês, junto com o rei que tiverem escolhido, para um país estrangeiro, que nem vocês nem os seus antepassados conheciam. Ali vocês adorarão deuses de madeira e de pedra.
37 သင်တို့ကိုအပြည်ပြည်သို့ကွဲလွင့်စေတော် မူသောအခါ ယင်းပြည်သားတို့သည်သင် တို့၏အဖြစ်ကိုမြင်၍ထိတ်လန့်ကြလိမ့် မည်။ သင်တို့အားပြောင်လှောင်သရော်ကဲ့ရဲ့ ရှုတ်ချကြလိမ့်မည်။
37 Os povos dos países para onde o Senhor os levar ficarão espantados quando souberem do que aconteceu com vocês. Eles falarão mal e zombarão de vocês.
38 ``သင်တို့သည်မျိုးစေ့များစွာကြဲသော် လည်းထွက်လာသော အသီးအနှံများကို ကျိုင်းကောင်များကိုက်စားသောကြောင့် အနည်းငယ်မျှသာရိတ်သိမ်းရလိမ့်မည်။-
38 — Vocês plantarão muitas sementes, mas a colheita será pequena porque os gafanhotos acabarão com tudo.
39 သင်တို့သည်စပျစ်ဥယျာဉ်များစိုက်ပျိုး ပြုစုသော်လည်း စပျစ်နွယ်များကိုပိုးကိုက် သဖြင့်စပျစ်သီးကိုမစားရ။ စပျစ်ရည်ကို လည်းမသောက်ရ။-
39 Vocês farão plantações de uvas e cuidarão delas, mas não colherão as uvas, nem beberão do vinho, pois os bichos acabarão com as plantas.
40 သင်တို့နေထိုင်ရာပြည်တွင်သံလွင်ပင်များ အနှံ့အပြားပေါက်လျက်ရှိမည်ဖြစ်သော် လည်း အသီးများကြွေကျကုန်သဖြင့်သင် တို့သည်သံလွင်သီးကိုမရနိုင်။-
40 No país inteiro haverá muitas oliveiras, mas vocês não terão azeite para se ungirem , pois as azeitonas cairão das árvores antes de ficarem maduras.
41 သင်တို့တွင်သားသမီးများပေါက်ဖွားမည် ဖြစ်သော်လည်း ရန်သူကသူတို့ကိုသုံ့ပန်း အဖြစ်ဖမ်းဆီးသွားမည်ဖြစ်သောကြောင့် သင်တို့သည်သားမဲ့သမီးမဲ့ဖြစ်လိမ့်မည်။-
41 Vocês terão filhos e filhas, mas estrangeiros os levarão como prisioneiros.
42 သင်တို့၏သစ်ပင်နှင့်ကောက်ပဲသီးနှံရှိသမျှ တို့သည် ပိုးကျ၍ပျက်စီးကုန်လိမ့်မည်။
42 Os gafanhotos destruirão todas as árvores e todas as plantas da terra de vocês.
43 ``သင်တို့ပြည်တွင်နေထိုင်သောလူမျိုးခြား သားတို့သည် ဂုဏ်အသရေတိုးမြင့်သည်ထက် တိုးမြင့်၍ သင်တို့မှာမူကားဂုဏ်အသရေ ကျဆင်းလာလိမ့်မည်။-
43 — Os estrangeiros que moram no meio de vocês ficarão cada vez mais poderosos, ao passo que vocês ficarão cada vez mais fracos.
44 သူတို့သည်သင်တို့အားငွေချေးနိုင်ကြမည် ဖြစ်သော်လည်း သင်တို့၌မူကားသူတို့အား ချေးနိုင်စွမ်းရှိမည်မဟုတ်။ သူတို့သည်သင် တို့၏ခေါင်းဆောင်များဖြစ်၍ သင်တို့သည် သူတို့၏တပည့်များဖြစ်ကြလိမ့်မည်။
44 Eles emprestarão a vocês, mas não tomarão emprestado de vocês; eles ficarão no primeiro lugar entre as nações, e vocês ficarão no último.
45 ``သင်တို့တွင်ဤဘေးဒဏ်များကျရောက် လိမ့်မည်။ သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏အမိန့်တော်ကိုမနာခံ၊ ကိုယ်တော် ၏ပညတ်တော်များကိုမစောင့်ထိန်းလျှင် သင်တို့သေကြေပျက်စီးသည့်တိုင်အောင် ဤကဲ့သို့သောဘေးဒဏ်များနှင့်တွေ့ကြုံ ရလိမ့်မည်။-
45 Moisés disse ao povo: — Todas essas maldições cairão sobre vocês e os perseguirão até os destruírem completamente. Pois vocês não deram atenção ao que o
46 ထိုဘေးဒဏ်အပေါင်းကျရောက်လာလျှင် ယင်း တို့သည်ထာဝရဘုရား၏တရားစီရင်တော် မူချက်ဖြစ်ကြောင်း သင်နှင့်သင်၏အဆက် အနွယ်များအစဉ်အမြဲမှတ်သားထား ရမည်။-
46 Essas desgraças serão para sempre a prova de que Deus castigou vocês e os seus descendentes.
47 ထာဝရဘုရားသည်သင်တို့အားကောင်း ချီးမင်္ဂလာအမျိုးမျိုးကိုချပေးသော်လည်း သင်တို့သည်ကိုယ်တော်၏အမှုတော်ကို ဝမ်းမြောက်ရွှင်လန်းစွာမဆောင်ရွက်ကြ။-
47 O Senhor lhes dará tudo o que é bom; mas, se vocês não o servirem com alegria e gratidão,
48 သို့ဖြစ်၍သင်တို့ကိုတိုက်ခိုက်ရန် ထာဝရ ဘုရားစေလွှတ်သောရန်သူ၏အမှုကိုသင် တို့ထမ်းရလိမ့်မည်။ သင်တို့သည်စားရေး၊ သောက်ရေး၊ ဝတ်ရေးမှစ၍အရာရာ၌ချို့ တဲ့လျက်ရှိကြလိမ့်မည်။ သင်တို့သေကြေ ပျက်စီးသည့်တိုင်အောင် ရန်သူများသည် သင်တို့အားညှင်းဆဲနှိပ်စက်လိမ့်မည်။-
48 serão escravos dos inimigos que o Senhor mandará contra vocês. Vocês os servirão com fome e com sede, sem roupa e precisando de tudo. Deus tratará vocês com crueldade até os destruir.
49 ထာဝရဘုရားသည်သင်တို့ကိုတိုက်ခိုက် စေရန် သင်တို့နှင့်ဘာသာစကားချင်းမတူ သောကမ္ဘာတစ်စွန်းမှ လူမျိုးတစ်မျိုးကိုခေါ် ဆောင်ခဲ့တော်မူလိမ့်မည်။ ထိုသူတို့သည် လင်းယုန်ထိုးသုတ်သကဲ့သို့ သင်တို့ကို တိုက်ခိုက်လိမ့်မည်။-
49 — O Senhor Deus fará vir contra vocês, de longe, lá do fim do mundo, um povo estrangeiro que fala uma língua que vocês não entendem. Eles os atacarão como uma águia.
50 သင်တို့အားကြီးငယ်မဟူမည်သူ့ကိုမျှ သနားညှာတာလိမ့်မည်မဟုတ်။-
50 São gente cruel, que não respeita os velhos, nem tem pena dos moços.
51 သူတို့သည်သင်တို့၏အစားအစာဖြစ် သောသိုးနွားများနှင့် အသီးအနှံများကို စားသုံးကြသဖြင့်သင်တို့သည်အစာငတ် ၍သေကြေပျက်စီးကြလိမ့်မည်။ သင်တို့၏ စပါး၊ စပျစ်ရည်၊ သံလွင်ဆီ၊ သိုးနွားတို့ ကိုအကုန်စားသုံးလိုက်ကြသဖြင့် သင် တို့အစာငတ်၍သေရကြလိမ့်မည်။-
51 Eles vão devorar todo o seu gado e todas as suas colheitas, e vocês morrerão de fome. Eles não deixarão para vocês nem cereais, nem vinho, nem azeite, nem crias de vacas e de ovelhas.
52 သူတို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရား ပေးသနားတော်မူမည့်ပြည်တွင်မြို့ ရှိသမျှကိုတိုက်ခိုက်သဖြင့် သင်တို့လုံခြုံ ပြီဟုစိတ်ချရသောမြင့်မားခိုင်ခံ့သည့် မြို့ရိုးတို့သည်ပြိုကျကုန်လိမ့်မည်။
52 Cercarão as cidades onde vocês moram, até que caiam as muralhas altas e fortes em que vocês confiavam. Todas as cidades da terra que o Senhor , nosso Deus, lhes deu serão cercadas pelo inimigo.
53 ``ရန်သူတို့သည် သင်တို့၏မြို့များကိုဝိုင်း၍ တပ်ချထားသောအခါ သင်တို့သည်ဆာလောင် ငတ်မွတ်လှသဖြင့် သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးသနားတော်မူသောသား သမီးများ၏အသားကိုပင်လျှင်စားကြ လိမ့်မည်။-
53 O cerco será terrível. Os moradores das cidades ficarão tão desesperados, que comerão os próprios filhos que Deus lhes deu. A situação será tão terrível, que não haverá nada para comer. Até o homem mais educado e carinhoso ficará tão desesperado, que comerá os próprios filhos, e será tão mau, que não repartirá a carne com os irmãos, nem com a sua querida mulher, nem com os outros filhos. A situação será tão terrível, que até a mulher mais delicada e carinhosa, que nunca precisou andar a pé quando saía de casa, ficará tão desesperada, que comerá, às escondidas, seu bebê recém-nascido e a placenta também. Ela será tão má, que não dará nenhum pedaço para o seu querido marido, nem para os outros filhos.
58 ``သင်တို့သည်ဤကျမ်းတွင်ရေးထားသော ထာဝရဘုရား၏ပညတ်တော်အားလုံး ကို တစ်သဝေမတိမ်းမလိုက်နာလျှင်သော် လည်းကောင်း၊ သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏အံ့သြကြောက်မက်ဖွယ်ကောင်း သောနာမတော်ကို မရိုသေကြလျှင်သော် လည်းကောင်း၊-
58 — Se vocês não cumprirem todas as leis que estão escritas neste livro e se não respeitarem o nome do Senhor , nosso Deus, esse nome que é glorioso e causa medo,
59 ကိုယ်တော်သည်သင်တို့နှင့်သင်တို့၏အဆက် အနွယ်တို့၌ ကုသ၍မရနိုင်သောရောဂါ ဆိုးများနှင့်ကြောက်မက်ဖွယ်ကောင်းသော ကပ်ရောဂါများကျရောက်စေတော်မူမည်။-
59 então ele castigará vocês e os seus descendentes com pragas e com doenças terríveis e demoradas.
60 အီဂျစ်ပြည်တွင်သင်တို့တွေ့ကြုံခဲ့ရသော ကြောက်မက်ဖွယ်ရောဂါဆိုးများကို သင်တို့ ၌တစ်ဖန်ကျရောက်စေတော်မူသဖြင့် သင်တို့နာလန်ထူနိုင်လိမ့်မည်မဟုတ်။-
60 Ele os castigará com as mesmas doenças com que castigou os egípcios, doenças que não têm cura e que deixam vocês com tanto medo.
61 ထာဝရဘုရား၏ပညတ်များနှင့်သြဝါဒ များပါရှိသော ဤကျမ်းတွင်ဖော်ပြခြင်း မရှိသည့်အခြားရောဂါနှင့်ကပ်ရောဂါ အမျိုးမျိုးကိုလည်း သင်တို့အပေါ်သို့ကျ ရောက်စေတော်မူသဖြင့်သင်တို့သေကြေ ပျက်စီးရလိမ့်မည်။-
61 O Senhor mandará também doenças e pragas que não estão escritas neste Livro da Lei e os destruirá.
62 သင်တို့သည်မိုးကောင်းကင်ရှိကြယ်များ ကဲ့သို့ အရေအတွက်များပြားကြသော် လည်း ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော်ကိုမနာခံသောကြောင့် လူ နည်းစုမျှလောက်သာအသက်ရှင်၍ကြွင်း ကျန်လိမ့်မည်။-
62 Vocês, que já foram tão numerosos como as estrelas do céu, ficarão um punhado de gente porque não obedeceram às ordens do Senhor , nosso Deus.
63 ထာဝရဘုရားသည်သင်တို့အားကြီးပွား တိုးတက်စေရာ၌လည်းကောင်း၊ လူဦးရေ တိုးပွားများပြားစေရာ၌လည်းကောင်း၊ နှစ်သက်အားရတော်မူသည့်နည်းတူသင် တို့ကိုသုတ်သင်ဖျက်ဆီးရာ၌လည်း ကောင်း၊ အကျိုးနည်းဆုံးရှုံးစေရာ၌ လည်းကောင်း နှစ်သက်အားရတော်မူလိမ့် မည်။ သင်တို့ဝင်ရောက်သိမ်းယူမည့်ပြည်မှ သင်တို့အားထုတ်ပယ်တော်မူလိမ့်မည်။
63 E assim como o Senhor tinha prazer em abençoá-los e fazer com que aumentassem em número, assim também terá prazer em castigá-los e destruí-los. Vocês serão arrancados da terra que vão invadir e que vai ser de vocês.
64 ``ထာဝရဘုရားသည် သင်တို့အားကမ္ဘာတစ် စွန်းမှတစ်စွန်းတိုင်အောင် လူမျိုးအပေါင်းတို့ ထဲသို့ပျံ့နှံ့ကွဲလွင့်စေတော်မူလိမ့်မည်။ ထို အခါသင်တို့နှင့်သင်တို့ဘိုးဘေးတို့မကိုး ကွယ်ဘူးသောသစ်သား၊ သံတို့ဖြင့်ထုလုပ် သည့်ဘုရားများကိုဝတ်ပြုကိုးကွယ်ကြ လိမ့်မည်။-
64 — O Senhor Deus os espalhará por todos os países, de uma ponta do mundo à outra. Ali vocês adorarão deuses de madeira e de pedra, que nem vocês nem os seus antepassados conheciam.
65 သင်တို့သည်ရောက်ရှိသောနေရာတွင်ငြိမ်း ချမ်းမှုကိုမရရှိနိုင်။ အတည်တကျနေ ထိုင်ရာအရပ်မရှိ။ထာဝရဘုရားသည် သင်တို့အားပူပင်သောကရောက်စေတော် မူမည်။ မျှော်လင့်ရာမဲ့ပြီးစိတ်ပျက်အား လျော့စေတော်မူမည်။-
65 E também nesses países vocês não terão sossego nem paz; o Senhor fará com que fiquem cheios de aflição, desespero e medo.
66 သင်တို့သည်အသက်ဘေးနှင့်အစဉ်တွေ့ ကြုံနေရမည်။ နေ့ညမပြတ်ကြောက်ရွံ့ ထိတ်လန့်၍သေဘေးနှင့်အစဉ်ရင်ဆိုင် လျက်နေရမည်။-
66 A vida de vocês estará sempre em perigo; dia e noite o medo os acompanhará, e vocês ficarão desesperados da vida.
67 သင်တို့တွေ့မြင်နေရသမျှတို့ကြောင့် စိတ်တုန်လှုပ်ချောက်ချားလျက်ရှိလိမ့်မည်။ နံနက်တိုင်းသင်တို့သည်ညအချိန်ရောက် ပါစေဟူ၍လည်းကောင်း၊ ညနေတိုင်း၌ လည်းနံနက်အချိန်ရောက်ပါစေဟူ၍ လည်းကောင်းတမ်းတကြလိမ့်မည်။-
67 Vocês terão tanto medo e verão coisas tão terríveis, que de manhã dirão: “Tomara que já fosse noite!” E ao cair a noite dirão: “Quem dera que já fosse dia!”
68 ထာဝရဘုရားသည်သင်တို့အား အီဂျစ် ပြည်သို့နောက်တစ်ဖန်မပြန်စေရဟုမိန့် တော်မူခဲ့သော်လည်း သင်္ဘောများဖြင့်သင် တို့ကိုထိုပြည်သို့ပြန်လည်ပို့ဆောင်တော် မူလိမ့်မည်။ ထိုပြည်တွင်သင်တို့ကိုယ်ကို ရန်သူများထံ၌ကျွန်အဖြစ်ရောင်းသော် လည်း သင်တို့ကိုဝယ်ယူမည့်သူရှိလိမ့်မည် မဟုတ်'' ဟုဆင့်ဆိုလေ၏။
68 O Senhor Deus os fará voltar em navios para o Egito, ainda que ele tenha dito que vocês nunca mais iriam para lá. Ali vocês procurarão vender-se como escravos e escravas aos seus inimigos, os egípcios, mas ninguém vai querer comprá-los.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Deuteronômio 28, comparar traduções ou montar um estudo — tudo direto pelo WhatsApp.