Deuteronômio 23
Common Language Bible (MYA) vs ARC
1 ``သင်းကွပ်ထားသောယောကျာ်း သို့မဟုတ် ယောကျာ်းတန်ဆာပြတ်နေသူအား ထာဝရ ဘုရား၏လူမျိုးတော်စာရင်းတွင်မပါ ဝင်စေရ။
1 O quebrado de quebradura ou castrado não entrará na congregação do Senhor .
2 ``မိစ္ဆာမေထုံသံဝါသအားဖြင့်ရသောသား နှင့် ယင်း၏မျိုးဆက်ဆယ်ဆက်တိုင်အောင် ထာ ဝရဘုရား၏လူမျိုးတော်စာရင်းတွင် မပါဝင်စေရ။
2 Nenhum bastardo entrará na congregação do Senhor ; nem ainda a sua décima geração entrará na congregação do Senhor .
3 ``အမ္မုန်အမျိုးသား၊ မောဘအမျိုးသားနှင့် သူတို့၏အဆက်အနွယ်ဆယ်ဆက်တိုင်အောင် ထာဝရဘုရား၏လူမျိုးတော်စာရင်း တွင်မပါဝင်စေရ။-
3 Nenhum amonita ou moabita entrará na congregação do Senhor ; nem ainda a sua décima geração entrará na congregação do Senhor , eternamente.
4 သင်တို့အီဂျစ်ပြည်မှထွက်လာကြစဉ်သူ တို့သည် သင်တို့လိုအပ်သောရိက္ခာနှင့်ရေ ကိုမပေးကြ။ မက်ဆိုပိုတေးမီးယားပြည်၊ ပေသော်မြို့သား၊ ဗောရ၏သားဗာလမ်ကို ငှား၍သင်တို့အားကျိန်ဆဲစေကြ၏။-
4 Porquanto não saíram com pão e água a receber-vos no caminho, quando saíeis do Egito; e porquanto alugaram contra ti a Balaão, filho de Beor, de Petor, da Mesopotâmia, para te amaldiçoar.
5 သို့ရာတွင်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် သင်တို့ကိုချစ်သောကြောင့်ဗာ လမ်၏ကျိန်ဆဲခြင်းကိုလက်ခံတော်မမူ။ သူသည်သင်တို့အားကျိန်ဆဲစေမည့် အစားကောင်းချီးပေးစေတော်မူ၏။-
5 Porém o Senhor , teu Deus, não quis ouvir Balaão; antes, o Senhor , teu Deus, trocou em bênção a maldição, porquanto o Senhor , teu Deus, te amava.
6 သင်တို့၏နိုင်ငံတည်တံ့သမျှကာလပတ် လုံး ထိုလူမျိုးတို့၏အကျိုးကိုမရှာကြ နှင့်။
6 Não lhes procurarás nem paz nem bem em todos os teus dias, para sempre.
7 ``ဧဒုံအမျိုးသားတို့သည် သင်တို့၏သား ချင်းများဖြစ်သောကြောင့် သူတို့ကိုမမုန်းရ။ အီဂျစ်အမျိုးသားတို့ကိုလည်းမမုန်းရ။ သင်တို့သည်တစ်ခါက သူတို့၏ပြည်တွင် နေထိုင်ခဲ့ဖူးသည်။-
7 Não abominarás o edomita, pois é teu irmão; nem abominarás o egípcio, pois estrangeiro foste na sua terra.
8 ယင်းတို့၏အဆက်အနွယ်များသည် တတိယမျိုးဆက်မှစ၍ ထာဝရဘုရား ၏လူမျိုးတော်စာရင်းတွင်ပါဝင်နိုင်၏။
8 Os filhos que lhes nascerem na terceira geração, cada um deles entrará na congregação do Senhor .
9 ``သင်တို့သည်ရန်သူကိုစစ်ချီတိုက်ခိုက်နေ စဉ် တပ်စခန်း၌ဘာသာရေးထုံးနည်းအရ မသန့်ရှင်းမှုဟူသမျှကိုရှောင်ကြဉ်ရမည်။-
9 Quando o exército sair contra os teus inimigos, então, te guardarás de toda coisa má.
10 တစ်စုံတစ်ယောက်သည်ညအချိန်၌သုက် လွှတ်မိလျှင် သူသည်စခန်းအပြင်သို့ထွက် ၍နေရမည်။-
10 Quando entre ti houver alguém que, por algum acidente de noite, não estiver limpo, sairá fora do exército; não entrará no meio do exército.
11 ထိုသူသည်ညနေအချိန်တွင်ရေချိုး၍ နေ ဝင်ချိန်တွင်တပ်စခန်းထဲသို့ပြန်ဝင်နိုင်သည်။
11 Porém será que, declinando a tarde, se lavará em água; e, em se pondo o sol, entrará no meio do arraial.
12 ``ကျင်ကြီးစွန့်ရာနေရာကိုတပ်စခန်း အပြင်၌ထားရှိရမည်။-
12 Também terás um lugar fora do arraial; e ali sairás fora.
13 သင်တို့သည်တပ်ပြင်သို့ထွက်၍ကျင်ကြီးစွန့် သောအခါ သင့်ထံတွင်သစ်သားတူရွင်းကို အသင့်ဆောင်ထား၍ ထိုတူရွင်းဖြင့်တွင်းတူး ၍ကျင်ကြီးကိုပြန်ဖုံးလော့။-
13 E entre as tuas armas terás uma pá; e será que, quando estiveres assentado fora, então, com ela cavarás e, virando-te, cobrirás aquilo que saiu de ti.
14 သင်တို့ကိုကာကွယ်လျက်သင်တို့အားအောင် ပွဲခံစေရန် သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် တပ်စခန်းတွင်သင်တို့နှင့်အတူ ရှိတော်မူသည်ဖြစ်၍ တပ်စခန်းကိုဘာသာ ရေးထုံးနည်းအရသန့်ရှင်းစွာထားရကြမည်။ ထာဝရဘုရားသည် သင်တို့အားမစွန့်မပယ် စေရန်မသန့်ရှင်းသောအမှုဟူသမျှကို မပြုလုပ်ရ။
14 Porquanto o Senhor , teu Deus, anda no meio do teu arraial, para te livrar e entregar os teus inimigos diante de ti; pelo que o teu arraial será santo, para que ele não veja coisa feia em ti e se torne atrás de ti.
15 ``သခင်ထံမှထွက်ပြေး၍သင့်ထံသို့ခိုလှုံရန် ရောက်ရှိလာသောကျွန်ကို သူ၏သခင်ထံသို့ ပြန်မပို့နှင့်။-
15 Não entregarás a seu senhor o servo que se acolher a ti de seu senhor.
16 ထိုကျွန်သည်သင်တို့၏မြို့များအနက် သူနေ ထိုင်လိုသည့်မြို့၌နေခွင့်ပြုရမည်။ သင်သည် သူ့ကိုမညှင်းဆဲမနှိပ်စက်ရ။
16 Contigo ficará, no meio de ti, no lugar que escolher em alguma das tuas portas, onde lhe estiver bem; não o oprimirás.
17 ``ဣသရေလလူမျိုးထဲမှယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေကိုးကွယ်ရာဌာနဆိုင်ရာ ပြည့်တန်ဆာအလုပ်ကိုမလုပ်ရ။-
17 Não haverá rameira dentre as filhas de Israel; nem haverá sodomita dentre os filhos de Israel.
18 ပြည့်တန်ဆာအလုပ်ဖြင့်ရသောငွေကို ကတိ သစ္စာပြုချက်အရ သင်၏ဘုရားသခင်ထာဝရ ဘုရား၏သန့်ရှင်းရာဌာနတော်သို့မလှူဒါန်း ရ။ ထာဝရဘုရားသည်ထိုအလုပ်ကိုစက် ဆုပ်ရွံရှာတော်မူ၏။
18 Não trarás salário de rameira nem preço de cão à casa do Senhor , teu Deus, por qualquer voto; porque ambos estes são igualmente abominação ao Senhor , teu Deus.
19 ``သင်သည်ဣသရေလအမျိုးသားချင်း တစ်ဦးအား ငွေ၊ စားစရာသို့မဟုတ်ပစ္စည်း တစ်ခုခုကိုချေးငှားသောအခါအတိုး မယူရ။-
19 A teu irmão não emprestarás à usura; nem à usura de dinheiro, nem à usura de comida, nem à usura de qualquer coisa que se empreste à usura.
20 လူမျိုးခြားများထံမှအတိုးယူနိုင်သော် လည်း ဣသရေလအမျိုးသားချင်းထံမှ အတိုးမယူရ။ ဤပညတ်ကိုလိုက်နာလျှင် ဘုရားသခင်ထာဝရဘုရားသည် သင်တို့ သိမ်းယူမည့်ပြည်တွင်သင်တို့ပြုလေသမျှ ကိုကောင်းချီးပေးတော်မူလိမ့်မည်။
20 Ao estranho emprestarás à usura; porém a teu irmão não emprestarás à usura, para que o Senhor , teu Deus, te abençoe em tudo que puseres a tua mão, na terra, a qual passas a possuir.
21 ``သင်တို့၏ဘုရားသခင်ထာဝရဘုရား အားကတိသစ္စာထားလျှင် ထိုကတိသစ္စာဝတ် ကိုဖြေရန်မနှောင့်နှေးစေနှင့်။ အကယ်၍ နှောင့်နှေးခဲ့သော်သင်၌အပြစ်ရောက်လိမ့် မည်။-
21 Quando votares algum voto ao Senhor , teu Deus, não tardarás em pagá-lo; porque o Senhor , teu Deus, certamente o requererá de ti, e em ti haverá pecado.
22 ထာဝရဘုရားအားကတိမထားဘဲနေလို လျှင်နေနိုင်၏။
22 Porém, abstendo-te de votar, não haverá pecado em ti.
23 သို့ရာတွင်မိမိ၏ဆန္ဒအလျောက်ကတိသစ္စာ ထားလျှင် ထိုကတိအတိုင်းတည်စေရမည်။
23 O que saiu da tua boca guardarás e o farás, mesmo a oferta voluntária, assim como votaste ao Senhor , teu Deus, e o declaraste pela tua boca.
24 ``သင်တို့သည်ဣသရေလအမျိုးသားချင်း တစ်ဦး၏စပျစ်ဥယျာဉ်ထဲရှိ လမ်းအတိုင်း ဖြတ်သန်းသွားသည့်အခါ စပျစ်သီးများကို လိုသလောက်ဆွတ်ခူးစားနိုင်သော်လည်း အပိုမယူသွားရ။-
24 Quando entrares na vinha do teu próximo, comerás uvas conforme o teu desejo até te fartares, porém não as porás no teu vaso.
25 သင်တို့သည်အမျိုးသားချင်းတစ်ဦး၏လယ် ကန်သင်းအတိုင်းဖြတ်သန်းသွားအခါ လက် နှင့်ဆွတ်၍ရသမျှသောစပါးနှံများကိုစား နိုင်သည်။ သို့ရာတွင်စပါးနှံများကိုတံစဉ် ဖြင့်မရိတ်ရ။
25 Quando entrares na seara do teu próximo, com a tua mão arrancarás as espigas, porém não meterás a foice na seara do teu próximo.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Deuteronômio 23, comparar traduções ou montar um estudo — tudo direto pelo WhatsApp.