Deuteronômio 20
Common Language Bible (MYA) vs NVI
1 ``သင်တို့သည်ရန်သူကိုချီတက်တိုက်ခိုက် ရာ၌ သင်တို့ထက်အင်အားကြီးမားသော ရထားတပ်၊ မြင်းတပ်နှင့်ခြေလျင်တပ်တို့ နှင့်ရင်ဆိုင်ရသောအခါမကြောက်ကြနှင့်။ သင်တို့ကိုအီဂျစ်ပြည်မှကယ်တင်ခဲ့သော ဘုရားသခင်ထာဝရဘုရားသည်သင် တို့နှင့်အတူရှိတော်မူလိမ့်မည်။-
1 Quando vocês forem à guerra contra os seus inimigos e virem cavalos e carros, e um exército maior do que o seu, não tenham medo, pois o Senhor, o seu Deus, que os tirou do Egito, estará com vocês.
2 စစ်ပွဲမဝင်မီယဇ်ပုရောဟိတ်တစ်ပါးသည် စစ်တပ်ရှေ့သို့ထွက်၍၊-
2 Quando chegar a hora da batalha, o sacerdote virá à frente e dirá ao exército:
3 `ဣသရေလအမျိုးသားတို့နားထောင်လော့။ ယနေ့သင်တို့သည်စစ်ပွဲထဲသို့ဝင်ရအံ့။ စိတ် ပျက်ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိကြနှင့်။-
3 "Ouça, ó Israel. Hoje vocês vão lutar contra os inimigos. Não se desanimem nem tenham medo; não fiquem apavorados nem aterrorizados por causa deles,
4 သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့နှင့်အတူချီတက်တော်မူမည်ဖြစ်၍ သင်တို့အားအောင်ပွဲကိုခံစေတော်မူလိမ့်မည်' ဟုတပ်သားတို့ကိုအားပေးနှိုးဆော်ရမည်။
4 pois o Senhor, o seu Deus, os acompanhará e lutará por vocês contra os inimigos, para lhes dar a vitória".
5 ``ထိုနောက်စစ်ဗိုလ်များက`သင်တို့တွင်အိမ် သစ်တစ်ဆောင်ကိုဆောက်၍ ဘုရားသခင်ထံ ဆက်ကပ်ခြင်းမပြုရသေးသူရှိသလော။ ရှိလျှင်ထိုသူသည်အိမ်သို့ပြန်စေ။ သို့မဟုတ် လျှင်အကယ်၍ သူသည်တိုက်ပွဲတွင်ကျဆုံး ခဲ့သော်အခြားသူတစ်ယောက်က သူ့အိမ် ကိုဘုရားသခင်ထံဆက်ကပ်ရလိမ့်မည်။-
5 Os oficiais dirão ao exército: "Há alguém que construiu uma casa e ainda não a dedicou? Volte ele para sua casa, para que não morra na guerra e outro a dedique.
6 သင်တို့တွင်စပျစ်ခြံကိုစိုက်၍အသီးကိုမစု သိမ်းရသေးသူရှိသလော။ ရှိလျှင်ထိုသူသည် အိမ်သို့ပြန်စေ။ သို့မဟုတ်လျှင်အကယ်၍သူ သည်တိုက်ပွဲတွင်ကျဆုံးခဲ့သော် အခြားသူ တစ်ယောက်ကခြံထွက်စပျစ်သီးကိုစားရ လိမ့်မည်။-
6 Há alguém que plantou uma vinha e ainda não desfrutou dela? Volte ele para sua casa, para que não morra na guerra e outro desfrute da vinha.
7 သင်တို့တွင်အမျိုးသမီးနှင့်ထိမ်းမြားရန် စေ့စပ်ထားသူရှိသလော။ ရှိလျှင်ထိုသူသည် အိမ်သို့ပြန်စေ။ သို့မဟုတ်လျှင်အကယ်၍ သူသည်တိုက်ပွဲတွင်ကျဆုံးခဲ့သော် အခြား သူတစ်ယောက်ကထိုအမျိုးသမီးကိုထိမ်း မြားလက်ထပ်လိမ့်မည်' ဟုတပ်သားတို့အား ပြောဆိုရမည်။
7 Há alguém comprometido para casar-se que ainda não recebeu sua mulher? Volte ele para sua casa, para que não morra na guerra e outro case-se com ela".
8 ``စစ်ဗိုလ်များကဆက်လက်၍`သင်တို့တွင် သူရဲဘောနည်း၍ကြောက်ရွံ့သောသူရှိ သလော။ ရှိလျှင်အိမ်သို့ပြန်စေ။ သို့မဟုတ် လျှင်သူ့ကြောင့် အခြားသူတို့စိတ်ဋ္ဌာတ်ကျ ဆင်းလိမ့်မည်ဟုတပ်သားတို့အားပြော ဆိုရမည်။-
8 Por fim os oficiais acrescentarão: "Alguém está com medo e não tem coragem? Volte ele para sua casa, para que os seus irmãos israelitas também não fiquem desanimados".
9 စစ်ဗိုလ်များကတပ်သားတို့အားပြောဆိုပြီး နောက်တပ်ခွဲတစ်ခုစီမှခေါင်းဆောင်များကို ရွေးချယ်ခန့်ထားရမည်။
9 Quando os oficiais terminarem de falar ao exército, designarão chefes para comandar as tropas.
10 ``သင်တို့သည်မြို့တစ်မြို့ကိုစစ်ချီတိုက်ခိုက် သောအခါ ပထမဦးစွာမြို့သားတို့အား လက်နက်ချခွင့်ပေးရမည်။-
10 Quando vocês avançarem para atacar uma cidade, enviem-lhe primeiro uma proposta de paz.
11 သူတို့ကမြို့တံခါးများကိုဖွင့်၍လက်နက် ချလျှင် သူတို့သည်သင်တို့စေခိုင်းသမျှကို ဆောင်ရွက်ရသောသင်တို့၏ကျွန်များဖြစ် ရမည်။-
11 Se os seus habitantes aceitarem, e abrirem suas portas, serão seus escravos e se sujeitarão a trabalhos forçados.
12 သို့ရာတွင်ထိုမြို့သားတို့သည်လက်နက် မချဘဲခုခံတိုက်ခိုက်မည်ဆိုလျှင် သင်တို့ ၏စစ်တပ်သည်မြို့ကိုဝိုင်းထားရမည်။-
12 Mas se eles recusarem a paz e entrarem em guerra contra vocês, sitiem a cidade.
13 သင်တို့၏ဘုရားသခင်ထာဝရဘုရားက သင်တို့အားမြို့ကိုသိမ်းယူစေသောအခါ မြို့ထဲ၌ရှိသောယောကျာ်းရှိသမျှတို့ကို သတ်ဖြတ်သုတ်သင်ရမည်။-
13 Quando o Senhor, o seu Deus, entregá-la em suas mãos, matem ao fio da espada todos os homens que nela houver.
14 သို့ရာတွင်မိန်းမများ၊ ကလေးများ၊ သိုးနွား စသောတိရစ္ဆာန်များနှင့်မြို့တွင်း၌ရှိသမျှ သောပစ္စည်းများကို သင်တို့အတွက်သိမ်းယူ နိုင်သည်။ ထာဝရဘုရားသည်ရန်သူပိုင်သမျှ ပစ္စည်းအားလုံးကို သင်တို့သုံးစွဲရန်သင်တို့ လက်သို့ပေးအပ်တော်မူ၏။-
14 Mas as mulheres, as crianças, os rebanhos e tudo o que acharem na cidade, será de vocês; vocês poderão ficar com os despojos dos seus inimigos dados pelo Senhor, o seu Deus.
15 သင်တို့နေထိုင်မည့်ပြည်နှင့်အလှမ်းဝေးသော မြို့များကို ဤနည်းအတိုင်းတိုက်ခိုက်သိမ်းပိုက် ရမည်။
15 É assim que vocês tratarão todas as cidades distantes que não pertencem às nações vizinhas de vocês.
16 ``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူမည့်ပြည်ရှိမြို့များကို တိုက်ခိုက် သိမ်းယူသောအခါ၌မူကား မြို့တွင်းရှိလူ ရှိသမျှကိုသတ်ဖြတ်သုတ်သင်ရမည်။-
16 Contudo, nas cidades das nações que o Senhor, o seu Deus, lhes dá por herança, não deixem vivo nenhuma alma.
17 ထာဝရဘုရားမိန့်တော်မူသည့်အတိုင်းဟိတ္တိ အမျိုးသား၊ အာမောရိအမျိုးသား၊ ခါနာန် အမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုး သား၊ ယေဗုသိအမျိုးသားအပေါင်းတို့ကို တစ်ယောက်မကျန်သတ်ဖြတ်သုတ်သင်ရမည်။-
17 Conforme a ordem do Senhor, o seu Deus, destruam totalmente os hititas, os amorreus, os cananeus, os ferezeus, os heveus e os jebuseus.
18 ထိုသူတို့သည်မိမိတို့၏ကိုးကွယ်မှုဆိုင်ရာ စက်ဆုပ်ဖွယ်သောအလေ့အကျင့်များကို သင် တို့အားသင်ကြားပေးသဖြင့်သင်တို့သည် ထာဝရဘုရားကိုပြစ်မှားလိမ့်မည်။ ထို့ ကြောင့်သူတို့ကိုသတ်ဖြတ်သုတ်သင်ရမည်။
18 Se não, eles os ensinarão a praticar todas as coisas repugnantes que eles fazem quando adoram os seus deuses, e vocês pecarão contra o Senhor, contra o seu Deus.
19 ``သင်တို့သည်မြို့တစ်မြို့ကို ကြာမြင့်စွာတပ် ချဝိုင်းထားရသည့်အခါအသီးပင်များ ကိုမခုတ်လှဲရ။ အသီးကိုစားနိုင်သည်။ ထို အပင်များသည်သင်တို့၏ရန်သူများမဟုတ် သဖြင့်မဖျက်ဆီးနှင့်။-
19 Quando sitiarem uma cidade por um longo período, lutando contra ela para conquistá-la, não destruam as árvores dessa cidade a golpes de machado, pois vocês poderão comer as suas frutas. Não as derrubem. Por acaso as árvores são gente, para que vocês as sitiem?
20 မြို့ကိုကျဆုံးသည်အထိတိုက်ခိုက်ရန်ခံတပ် ဆောက်လုပ်ရေးအတွက် အခြားသစ်ပင်များ ကိုခုတ်လှဲနိုင်သည်။
20 Entretanto, poderão derrubar as árvores que vocês sabem que não são frutíferas, para utilizá-las em obras que ajudem o cerco, até que caia a cidade que está em guerra contra vocês.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Deuteronômio 20, comparar traduções ou montar um estudo — tudo direto pelo WhatsApp.