Deuteronômio 1

Common Language Bible (MYA) vs BKJ

Sair da comparação
1 ဤ​ကျမ်း​စောင်​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​တော​ကန္တာ​ရ​သို့ ရောက်​ရှိ​ကြ​သော​အ​ခါ မော​ရှေ​က​သူ​တို့ အား​ပြော​ကြား​သည့်​စ​ကား​ကို​မှတ်​တမ်း တင်​ထား​သည်။ သူ​တို့​သည်​သုဖ​မြို့​အ​နီး ယော်​ဒန်​မြစ်​ဝှမ်း​တွင်​ရောက်​ရှိ​နေ​ကြ​သည်။ သူ​တို့​တစ်​ဘက်​၌​ပါ​ရန်​မြို့​ရှိ​၍​အ​ခြား တစ်​ဘက်​၌​တော​ဖေ​လ​မြို့၊ လာ​ဗန်​မြို့၊ ဟာ​ဇ​ရုတ်​မြို့၊ ဒိ​ဇ​ဟတ်​မြို့​တို့​ရှိ​ကြ​သည်။-
1 Estas são as palavras que Moisés falou a todo Israel, deste lado do Jordão, no deserto, na planície diante do mar Vermelho, entre Parã e Tofel, e Labã, e Hazerote, e Di-Zaabe
2 (သိ​နာ​တောင်​မှ​ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​သို့ တောင်​ထူ​ထပ်​သော​ဧ​ဒုံ​ပြည်​လမ်း​ဖြင့် ခ​ရီး သွား​သော်​တစ်​ဆယ့်​တစ်​ရက်​ကြာ​၏။-)
2 (Há onze dias de jornada desde Horebe pelo caminho do monte Seir até Cades-Barneia).
3 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ်​ပြည် မှ​ထွက်​လာ​ကြ​ပြီး​နောက် လေး​ဆယ်​မြောက်​သော နှစ်၊ တစ်​ဆယ့်​တစ်​လ၊ ပ​ထ​မ​နေ့​ရက်​၌​ထာ​ဝ​ရ ဘု​ရား​က​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မိန့်​တော်​မူ​သ​မျှ​ကို​မော​ရှေ​သည်​ထပ်​မံ​၍ ဆင့်​ဆို​လေ​၏။-
3 E sucedeu que, no quadragésimo ano, no undécimo mês, no primeiro dia do mês, que Moisés falou aos filhos de Israel, conforme tudo o que o ­SENHOR lhe havia dito que ordenasse a eles;
4 မော​ရှေ​သည်​ဟေ​ရှ​ဘုန်​မြို့​တွင်​စိုး​စံ​သော အာ​မော​ရိ​ဘု​ရင်​ရှိ​ဟုန်​ကို​လည်း​ကောင်း၊ အာ​ရှ တ​ရုတ်​မြို့​နှင့်​ဧ​ဒြိ​မြို့​များ​တွင်​စိုး​စံ​သော ဗာ​ရှန်​ဘု​ရင်​သြ​ဃ​ကို​လည်​ကောင်း၊ နှိမ် နှင်း​ပြီး​နောက်​အောက်​ပါ​အ​တိုင်း​ဆင့်​ဆို ခြင်း​ဖြစ်​သည်။-
4 depois que havia ferido a Seom, rei dos amorreus, que habitava em Hesbom, e a Ogue, rei de Basã, que habitava em Astarote, em Edrei,
5 မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​မော​ဘ​ပြည်​တွင် ရောက်​ရှိ​နေ​ကြ​စဉ် ဘု​ရား​သ​ခင်​၏​ပ​ညတ် များ​နှင့်​သွန်​သင်​ချက်​များ​ကို​စ​တင်​ရှင်း​လင်း ပေး​လေ​သည်။
5 deste lado do Jordão, na terra de Moabe, começou Moisés a declarar esta lei, dizendo:
6 မော​ရှေ​က``ငါ​တို့​သည်​သိ​နာ​တောင်​တွင်​ရှိ​နေ ကြ​စဉ် ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား က`သင်​တို့​သည်​ဤ​တောင်​တွင်​ကြာ​မြင့်​စွာ​နေ ထိုင်​ခဲ့​ကြ​ပြီ။-
6 O ­SENHOR nosso Deus nos falou em Horebe, dizendo: Haveis habitado neste monte tempo suficiente;
7 စ​ခန်း​သိမ်း​၍​ခ​ရီး​ဆက်​ကြ​လော့။ အာ​မော​ရိ အ​မျိုး​သား​တို့​နေ​ထိုင်​ရာ​တောင်​ကုန်း​ဒေ​သ နှင့် ၎င်း​အ​နီး​ရှိ​ဒေ​သ​များ​ဖြစ်​သော​တောင် ကုန်း​ဒေ​သ၊ လွင်​ပြင်​ဒေ​သ၊ တောင်​ဘက်​ဒေ​သ၊ မြေ​ထဲ​ပင်​လယ်​ကမ်း​ခြေ​တို့​သို့​သွား​ကြ​လော့။ ခါ​နာန်​ပြည်​သို့​သွား​ကြ​လော့။ ထို​မှ​တစ်​ဖန် လေ​ဗ​နုန်​တောင်​ကို​ကျော်​၍ ဥ​ဖ​ရတ်​မြစ်​သို့ တိုင်​အောင်​သွား​ကြ​လော့။-
7 voltai-vos e empreendei vossa jornada, e ide ao monte dos amorreus, e a todos os lugares próximos, pela planície, pelas colinas, e pelo vale, e pelo sul, e pela beira-mar, à terra dos cananeus, e ao Líbano, ao grande rio, o rio Eufrates.
8 သင်​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​သော​အာ​ဗြ ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​မှ​စ​၍​သူ​တို့​၏​အ​ဆက် အ​နွယ်​တို့​အား ဤ​ဒေ​သ​အား​လုံး​ကို​ပေး မည်​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား​က​တိ​ထား​တော် မူ​ခဲ့​သည်။ သင်​တို့​သွား​၍​သိမ်း​ယူ​ကြ​လော့' ဟူ​၍​မိန့်​တော်​မူ​သည်'' ဟု​ဆို​၏။
8 Eis que coloquei a terra diante de vós; ide e possuí a terra que o ­SENHOR jurou a vossos pais, Abraão, Isaque e Jacó, que daria a eles e à sua semente depois deles.
9 မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​က​ငါ​သည်​သင်​တို့ အား​ခေါင်း​ဆောင်​ရ​သည့်​တာ​ဝန်​မှာ ငါ့​အ​တွက် အ​လွန်​ကြီး​လေး​လှ​သည်။ ငါ​တစ်​ဦး​တည်း ထို​တာ​ဝန်​ကို​မ​ထမ်း​နိုင်။-
9 E eu vos falei naquela ocasião, e disse: Não poderei levar-vos sozinho;
10 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်​ရှိ​ကြယ်​များ​နှင့်​အ​မျှ​သင်​တို့ ကို​များ​ပြား​စေ​တော်​မူ​ပြီ။-
10 o ­SENHOR vosso Deus vos multiplicou e eis que sois hoje, uma multidão como as estrelas dos céus.
11 သင်​တို့​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​အား​အ​ဆ​ပေါင်း​တစ်​ထောင် တိုး​ပွား​များ​ပြား​ပါ​စေ​သော။ က​တိ​တော်​ရှိ သည့်​အ​တိုင်း​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ သော။-
11 (O ­SENHOR Deus dos vossos pais vos faça que sejais mil vezes mais do que já sois, e vos abençoe, como vos prometeu!)
12 သို့​ရာ​တွင်​သင်​တို့​၏​အ​ငြင်း​ပွား​မှု​များ​ကို ဖြေ​ရှင်း​ရ​သည့်​ကြီး​လေး​သော​တာ​ဝန်​ကို ငါ တစ်​ဦး​တည်း​မည်​သို့​ထမ်း​ဆောင်​နိုင်​ပါ​အံ့ နည်း။-
12 Como posso sozinho suportar as vossas cargas, os vossos fardos, e as vossas contendas?
13 သင်​တို့​အ​နွယ်​အ​သီး​သီး​မှ​ပ​ညာ​အ​မြော် အ​မြင်​နှင့် အ​တွေ့​အ​ကြုံ​ရှိ​သော​ပ္ဂိုလ်​တို့ ကို​ရွေး​ချယ်​ပေး​ကြ​လော့။ သင်​တို့​ကို​အုပ်​ချုပ် စေ​ရန်​သူ​တို့​အား​ငါ​ခန့်​ထား​မည်' ဟု​ပြော ကြား​ခဲ့​သည်။-
13 Tomai homens sábios, e de entendimento, e conhecidos entre as vossas tribos, e os colocarei como líderes sobre vós.
14 သင်​တို့​က​ထို​အ​မှု​သည်​သင့်​မြတ်​ပါ​သည် ဟု​ဆို​၍ သ​ဘော​တူ​လက်​ခံ​ခဲ့​ကြ​သည်။-
14 E me respondestes, e dissestes: É bom que nós façamos o que dizes.
15 သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​အ​နွယ်​ထဲ​မှ​ပ​ညာ ရှိ​၍ အ​တွေ့​အ​ကြုံ​များ​သော​ခေါင်း​ဆောင်​များ ကို​ရွေး​ချယ်​ပြီး​လျှင်​သင်​တို့​အား​အုပ်​ချုပ် စေ​၏။ အ​ချို့​တို့​ကို​လူ​တစ်​ထောင်​အုပ်၊ အ​ချို့ တို့​ကို​လူ​တစ်​ရာ​အုပ်၊ အ​ချို့​တို့​ကို​လူ​ငါး ဆယ်​အုပ်၊ အ​ချို့​တို့​ကို​လူ​တစ်​ဆယ်​အုပ်​အ​ဖြစ် ခန့်​ထား​ခဲ့​သည်။ ထို့​ပြင်​သင်​တို့​အ​နွယ်​အား လုံး​၌ အ​ခြား​သော​အ​ရာ​ရှိ​များ​ကို​လည်း ခန့်​ထား​ခဲ့​၏။
15 Assim, tomei os chefes das vossas tribos, homens sábios e conhecidos, e fiz deles cabeças sobre vós, capitães sobre milhares e capitães sobre centenas, e capitães sobre cinquenta, e capitães sobre dezenas, e oficiais entre vossas tribos.
16 ``ထို​အ​ချိန်​က​ငါ​သည်​အုပ်​ချုပ်​သူ​တို့​အား`သင် တို့​အ​မျိုး​သား​ချင်း​နှင့်​ဆိုင်​သော​အ​မှု​အ​ခင်း များ​နှင့် သင်​တို့​တွင်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး ခြား​များ​နှင့်​ဆိုင်​သည့်​အ​မှု​အ​ခင်း​များ​ကို ကြား​နာ​၍ တ​ရား​မျှ​တ​စွာ​စီ​ရင်​ဆုံး​ဖြတ် ကြ​လော့။-
16 E, naquela ocasião, ordenei aos vossos juízes, dizendo: Ouvi as causas entre os vossos irmãos, e julgai com justiça entre cada homem e seu irmão, e o estrangeiro que está com ele.
17 အ​ဆုံး​အ​ဖြတ်​ပေး​ရာ​၌​မျက်​နှာ​မ​လိုက် နှင့်။ မျက်​နှာ​ကြီး​မျက်​နှာ​ငယ်​မ​လိုက်​ဘဲ ကြား​နာ​စစ်​ဆေး​လော့။ သင်​တို့​၏​အ​ဆုံး အ​ဖြတ်​သည်​ထာ​ဝ​ရ​ဘု​ရား​ချ​မှတ်​သော အ​ဆုံး​အ​ဖြတ်​ဖြစ်​သော​ကြောင့် မည်​သူ့​ကို မျှ​မ​ကြောက်​ရွံ့​ရ။ သင်​တို့​ကိုယ်​တိုင်​မ​စီ​ရင် နိုင်​သော​အ​မှု​ရှိ​လျှင် ငါ့​ထံ​သို့​တင်​ပြ​ကြ လော့။ ထို​အ​မှု​ကို​ငါ​စီ​ရင်​မည်' ဟု​မှာ​ကြား ခဲ့​၏။-
17 Não fareis diferenças entre pessoas em juízo, mas ouvireis os pequenos, bem como os grandes; não temereis a face do homem, porque o juízo é de Deus, e a causa que vos for difícil, a trareis diante de mim, e eu a ouvirei.
18 တစ်​ချိန်​တည်း​မှာ​ပင်​သင်​တို့​ပြု​ရ​မည့်​အ​မှု တို့​ကို​ငါ​ညွှန်​ကြား​ခဲ့​၏။''
18 E vos ordenei, naquela ocasião, todas as coisas que deveríeis fazer.
19 ``ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည့်​အ​တိုင်း ငါ​တို့​လိုက်​နာ​ကြ​၏။ ငါ​တို့​သည်​သိ​နာ​တောင်​မှ​ထွက်​ခွာ​ခဲ့​ပြီး နောက် အ​ပြော​ကျယ်​၍​ကြောက်​မက်​ဖွယ်​ကောင်း သော​တော​ကန္တာ​ရ​ကို​ဖြတ်​သန်း​လျက် တောင် ထူ​ထပ်​သော​အာ​မော​ရိ​ပြည်​သို့​ဦး​တည် ခ​ရီး​ပြု​ခဲ့​ကြ​၏။ ငါ​တို့​သည်​ကာ​ဒေ​ရှ ဗာ​နာ​အ​ရပ်​သို့​ရောက်​သော​အ​ခါ၊-
19 E quando partimos de Horebe, passamos por todo aquele grande e terrível deserto, que vistes pelo caminho dos montes dos amorreus, como o ­SENHOR nosso Deus nos ordenou; e chegamos a Cades-Barneia.
20 — ausente —
20 E eu vos disse: Chegastes aos montes dos amorreus, que o ­SENHOR nosso Deus nos dá.
21 — ausente —
21 Eis que o ­SENHOR teu Deus coloca a terra diante de ti; vai e possui-a, como o ­SENHOR Deus dos teus pais te disse; não temas, nem te desanimes.
22 ``သို့​ရာ​တွင်​သင်​တို့​သည် ငါ့​ထံ​သို့​ချဉ်း​ကပ် ၍`တိုင်း​ပြည်​၏​အ​ခြေ​အ​နေ​ကို​ထောက်​လှမ်း လျက် မည်​သည့်​လမ်း​ဖြင့်​ချီ​တက်​ရ​မည်၊ မြို့ များ​၏​အ​နေ​အ​ထား​မည်​သို့​ရှိ​သည်​ကို ပြန် လည်​သ​တင်း​ပို့​နိုင်​ရန်​အ​ထောက်​တော်​များ ကို​စေ​လွှတ်​ကြ​ပါ​စို့' ဟူ​၍​အ​ကြံ​ပေး တင်​ပြ​ကြ​၏။''
22 E vos aproximastes de mim, cada um de vós, e dissestes: Enviaremos homens diante de nós, e eles espiarão a terra, e nos dirão por qual caminho devemos subir, e as cidades que iremos.
23 ``ထို​အ​ကြံ​သည်​သင့်​မြတ်​သ​ဖြင့် ငါ​သည် တစ်​နွယ်​လျှင်​တစ်​ယောက်​ကျ​လူ​တစ်​ဆယ့် နှစ်​ယောက်​ကို​ရွေး​ခဲ့​၏။-
23 E o dizer me agradou bem, e tomei doze homens dentre vós, um de cada tribo;
24 သူ​တို့​သည်​တောင်​ကုန်း​ဒေသ​ကို​တက်​၍ ဧ​ရှ ကော​လ​ချိုင့်​သို့​တိုင်​အောင်​သွား​ပြီး​လျှင် ထို အ​ရပ်​၌​အ​ခြေ​အ​နေ​ကို​ထောက်​လှမ်း ကြ​၏။-
24 e eles foram e subiram o monte, e chegaram ao vale de Escol, e o espiaram.
25 သူ​တို့​သည်​ထို​အ​ရပ်​မှ​ထွက်​သော​သစ်​သီး အ​ချို့​ကို ငါ​တို့​ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ​၏။ ငါ တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး သ​နား​တော်​မူ​မည့်​ပြည်​သည် မြေ​သြ​ဇာ အ​လွန်​ထက်​သန်​ကြောင်း​ပြန်​ကြား​ကြ​၏။''
25 E eles tomaram em suas mãos o fruto da terra, e o trouxeram até nós, e nos trouxeram a palavra, e disseram: É uma terra boa a que o ­SENHOR nosso Deus nos dá.
26 ``သို့​ရာ​တွင်​သင်​တို့​သည်​သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​ဖီ​ဆန်​လျက် ထို​ပြည်​ထဲ​သို့​မ​ဝင်​ဘဲ​နေ​ကြ​၏။-
26 Mesmo assim, não quisestes subir, mas vos rebelastes contra a ordem do ­SENHOR vosso Deus;
27 သင်​တို့​က`ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို မုန်း​သ​ဖြင့် အာ​မော​ရိ​အ​မျိုး​သား​တို့​၏​လက် ဖြင့် ငါ​တို့​အား​သေ​စေ​ခြင်း​ငှာ​အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​တော်​မူ​ခဲ့​၏။-
27 e murmurastes em vossas tendas, e dissestes: Portanto o ­SENHOR nos odeia, e nos trouxe da terra do Egito, para nos entregar nas mãos dos amorreus, para nos destruir.
28 ငါ​တို့​သည်​အ​ဘယ်​ကြောင့် ထို​ပြည်​သို့​သွား ရ​ပါ​မည်​နည်း။ ငါ​တို့​သည်​ကြောက်​ရွံ့​ပါ​၏။ ငါ​တို့​စေ​လွှတ်​လိုက်​သော​သူ​များ​ပြော​ကြား ချက်​အ​ရ ထို​ပြည်​သား​တို့​သည်​ငါ​တို့​ထက် ခွန်​အား​ကြီး​၍ အ​ရပ်​အ​မောင်း​လည်း​မြင့်​မား သည်။ သူ​တို့​သည်​မိုး​ထိ​အောင်​မြင့်​သော​မြို့​ရိုး အ​တွင်း​၌​နေ​ထိုင်​ကြ​သည်။ အ​လွန်​ထွား ကြိုင်း​သော​သူ​များ​ကို​တွေ့​မြင်​ခဲ့​ကြ​သည်' ဟူ​၍​သင်​တို့​ပြော​ဆို​ညည်း​ညူ​ကြ​သည်။
28 Para onde subiremos? Nossos irmãos desanimaram os nossos corações, dizendo: Esse povo é maior e mais alto do que nós; as cidades são grandes e muradas até os céus; além disso, vimos ali os filhos dos anaquins.
29 ``ထို​အ​ခါ ငါ​က​သင်​တို့​အား`ထို​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။-
29 Então, eu vos disse: Não vos amedronteis, nem os temais.
30 — ausente —
30 O ­SENHOR vosso Deus, que vai diante de vós, pelejará por vós, conforme tudo o que fez por nós, no Egito, diante dos vossos olhos;
31 — ausente —
31 e no deserto, onde vistes como o ­SENHOR teu Deus vos levou, como um homem leva seu filho, por todo o caminho em que fostes, até que chegastes a este lugar.
32 — ausente —
32 No entanto, nisto não crestes no ­SENHOR vosso Deus,
33 — ausente —
33 que foi pelo caminho diante de vós, para vos achar um lugar onde pudésseis armar vossas tendas, à noite no fogo, para vos mostrar por qual caminho devíeis andar, e de dia na nuvem.
34 ``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ညည်း​ညူ သံ​ကို​ကြား​ရ​သော​အ​ခါ​အ​မျက်​ထွက်​လျက် အ​လေး​အ​နက်​ကြေ​ညာ​တော်​မူ​၏။-
34 E o ­SENHOR ouviu a voz das vossas palavras, e irou-se, e jurou, dizendo:
35 ကိုယ်​တော်​က`သင်​တို့​၏​ဘိုး​ဘေး​တို့​အား​ငါ​ပေး မည်​ဟူ​၍​က​တိ​ထား​သော​မြေ​သြ​ဇာ​ကောင်း သည့်​ပြည်​သို့ ဆိုး​ယုတ်​သော​ဤ​လူ​မျိုး​ဆက်​ထဲ မှ​တစ်​ဦး​တစ်​ယောက်​မျှ​မ​ဝင်​ရ။-
35 Certamente, nenhum dos homens desta maligna geração verá a boa terra que jurei dar aos vossos pais,
36 ယေ​ဖုန္နာ​၏​သား​ကာ​လက်​တစ်​ဦး​တည်း​သာ​ထို ပြည်​သို့​ဝင်​ရ​မည်။ သူ​သည်​ငါ့​အား​သစ္စာ​ရှိ​သူ ဖြစ်​၍​သူ​ထောက်​လှမ်း​ခဲ့​သော​ပြည်​ကို​သူ​နှင့်​သူ ၏​အ​ဆက်​အ​နွယ်​တို့​အား​ငါ​ပေး​မည်' ဟု​မိန့် တော်​မူ​၏။-
36 exceto Calebe, filho de Jefoné; ele a verá, e a terra que pisou darei a ele e a seus filhos, porque seguiu fielmente o ­SENHOR.
37 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အ​တွက်​ကြောင့်​ငါ့ ကို​လည်း​အ​မျက်​တော်​ထွက်​လျက် ငါ့​အား`သင် ကိုယ်​တိုင်​ပင်​လျှင်​ထို​ပြည်​သို့​မ​ဝင်​ရ။-
37 o ­SENHOR também se irou comigo, por vossa causa, e disse: Tu também não entrarás lá.
38 သင်​၏​လက်​ထောက်​ဖြစ်​သူ​နုန်​၏​သား​ယော​ရှု မူ​ကား​ထို​ပြည်​သို့​ဝင်​ရ​မည်။ ယောရှု​ကို​အား​ပေး လော့။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ခေါင်း​ဆောင်​၍​ထို​ပြည်​ကို​သိမ်း​ယူ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏။''
38 Mas Josué, filho de Num, que está diante de vós, entrará lá; encoraja-o, pois ele fará com que Israel herde a terra.
39 ``ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​က ငါ​တို့​အား`သင် တို့​က​ရန်​သူ​၏​လက်​တွင်း​သို့​ကျ​ရောက်​မည် ဟု​ဆို​သော​က​လေး​များ၊ တစ်​နည်း​အား​ဖြင့် အ​မှား​အ​မှန်​ကို​ခွဲ​ခြား​၍​မ​သိ​နိုင်​သေး သော​သင်​တို့​၏​က​လေး​များ​သည် ထို​ပြည် သို့​ဝင်​ရောက်​ကြ​လိမ့်​မည်။ ငါ​သည်​ထို​ပြည် ကို​သူ​တို့​အား​ပေး​သ​ဖြင့်​သူ​တို့​သိမ်း​ယူ ကြ​လိမ့်​မည်။-
39 Além disso, vossas crianças, que dissestes que seriam uma presa, e vossos filhos, que naquele dia não tinham conhecimento entre o bem e o mal, entrarão na terra, e a eles a darei, e eles a possuirão.
40 သင်​တို့​မူ​ကား​လှည့်​၍​အာ​ကာ​ဘာ​ပင်​လယ် ကွေ့​သို့​ဦး​တည်​လျက် တော​ကန္တာ​ရ​ထဲ​သို့​ပြန် ကြ​လော့' ဟု​မိန့်​တော်​မူ​၏။''
40 Mas quanto a vós, virai-vos e empreendei vossa jornada para o deserto, pelo caminho do mar Vermelho.
41 ``သင်​တို့​က​ငါ့​အား`အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား ပြစ်​မှား​မိ​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သည့်​အ​တိုင်း ယ​ခု​စစ်​ချီ​တိုက်​ခိုက်​ပါ​မည်' ဟု ဆို​ကြ​၏။ ထို့​နောက်​သင်​တို့​သည်​တောင်​ကုန်း ဒေ​သ​ကို​လွယ်​ကူ​စွာ​ဝင်​ရောက်​တိုက်​ခိုက်​နိုင် မည့်​အ​ထင်​နှင့် သင်​တို့​အား​လုံး​စစ်​ချီ​တိုက် ရန်​အ​သင့်​ပြင်​ကြ​၏။''
41 Então respondestes e me dissestes: Pecamos contra o ­SENHOR; subiremos e pelejaremos, conforme tudo o que o ­SENHOR nosso Deus nos ordenou. E depois que havíeis cingido cada homem as suas armas de guerra, e estivestes prestes a subir o monte.
42 ``သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား`ငါ​သည် သူ​တို့​နှင့်​အ​တူ​ရှိ​မည်​မ​ဟုတ်​သော​ကြောင့် စစ်​ချီ တိုက်​ခိုက်​ခြင်း​မ​ပြု​ရန်​သ​တိ​ပေး​လော့။ သူ​တို့ သည်​စစ်​ရေး​နိမ့်​လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏။-
42 E o ­SENHOR me disse: Dize a eles: Não subais, nem pelejeis, pois eu não estou entre vós; para que não sejais feridos diante de vossos inimigos.
43 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို သင်​တို့​အား​ဆင့်​ဆို​သော်​လည်း သင်​တို့​သည် အ​မိန့်​တော်​ကို​မ​နာ​ခံ​ကြ။ သင်​တို့​သည် ထာ​ဝရ​ဘု​ရား​ကို​ဖီ​ဆန်​လျက် မာ​န​ထောင် လွှား​လျက်​တောင်​ကုန်း​ဒေ​သ​သို့​ချီ​တက်​ခဲ့ ကြ​၏။-
43 E eu vos falei, e não ouvistes, mas vos rebelastes contra a ordem do ­SENHOR, e subistes com arrogância o monte.
44 ထို​အ​ခါ​တောင်​များ​ပေါ်​တွင်​နေ​ထိုင်​သော အာ​မော​ရိ​အ​မျိုး​သား​တို့​သည် ပျား​အုပ်​ပ​မာ သင်​တို့​အား​ထွက်​၍​တိုက်​ကြ​၏။ သူ​တို့​သည် သင်​တို့​ကို​လိုက်​လံ​တိုက်​ခိုက်​ကြ​ရာ ဧ​ဒုံ​ပြည် ဟော​မာ​မြို့​တွင်​သင်​တို့​အား​စစ်​ရေး​နိမ့်​စေ ခဲ့​ကြ​သည်။-
44 E os amorreus, que habitavam naquele monte, vieram contra vós, e vos perseguiram, como fazem as abelhas, e vos destruíram em Seir até Horma.
45 ထို​အ​ခါ​သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကူ​မ​တော် မူ​ရန်​ငို​ကြွေး​တောင်း​ပန်​ကြ​၏။ သို့​ရာ​တွင်​ကိုယ် တော်​သည် သင်​တို့​၏​တောင်း​ပန်​သံ​ကို​နား​ညောင်း တော်​မ​မူ၊ ဂ​ရု​လည်း​ပြု​တော်​မ​မူ၊-
45 E voltastes, e chorastes diante do ­SENHOR; mas o ­SENHOR não ouviu a vossa voz, nem vos deu ouvidos.
46 ``ထို့​ကြောင့်​ငါ​တို့​သည်​ကာ​ဒေ​ရှ​အ​ရပ်​၌ ကြာ​မြင့်​စွာ​နေ​ထိုင်​ကြ​လျက်။-
46 Assim, permanecestes em Cades por muitos dias, segundo os dias que estivestes ali.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Deuteronômio 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.