Deuteronômio 11

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​၍ ကိုယ်​တော်​၏​ပ​ညတ်​တော်​ရှိ​သ​မျှ​တို့ ကို​အ​စဉ်​လိုက်​နာ​စောင့်​ထိန်း​ရ​မည်။-
1 Amarás, pois, o Senhor, teu Deus, e observarás sempre o que ele te ordena, suas leis, seus preceitos e seus mandamentos.
2 ထာ​ဝ​ရ​ဘု​ရား​ကို​သင်​တို့​ကိုယ်​တိုင်​ထိ​တွေ့ သိ​မြင်​ခဲ့​ရ​သ​ဖြင့် ကိုယ်​တော်​၏​အ​ကြောင်း ကို​သိ​ရ​ပြီ​ဖြစ်​ကြောင်း​ယ​နေ့​သိ​မှတ်​ကြ လော့။ သင်​တို့​သာ​လျှင်​ထို​သို့​တွေ့​ကြုံ​ခံ​စား ခဲ့​ရ​ကြ​သည်။ သင်​တို့​၏​သား​သ​မီး​များ မူ​ကား ထို​အ​တွေ့​အ​ကြုံ​ကို​မ​ခံ​စား​ခဲ့​ရ ကြ။ ထာ​ဝ​ရ​ဘု​ရား​၏​ကြီး​မြတ်​တော်​မူ ခြင်း​ဘုန်း​တန်​ခိုး​တော်​နှင့်၊-
2 Quanto a vós pois não se trata de vossos filhos, que não conheceram e não foram testemunhas oculares das lições que o Senhor nos deu , {reconhecei} a grandeza de vosso Deus, o poder de sua mão, e o vigor de seu braço,
3 နိ​မိတ်​လက္ခ​ဏာ​များ​ကို​သင်​တို့​မြင်​ခဲ့​ရ​ကြ သည်။ ကိုယ်​တော်​သည်​အီ​ဂျစ်​ဘုရင်​နှင့်​သူ​၏​တိုင်း ပြည်​တစ်​ခု​လုံး​ကို မည်​ကဲ့​သို့​ဒဏ်​ခတ်​တော်​မူ သည်​ကို​သင်​တို့​မြင်​ခဲ့​ရ​၏။-
3 os prodígios e as obras que fez no Egito contra o faraó, rei do Egito, e contra toda a sua terra;
4 အီ​ဂျစ်​စစ်​တပ်​သည်​သင်​တို့​အား​လိုက်​လံ​တိုက် ခိုက်​စဉ်​က ကိုယ်​တော်​သည်​သူ​တို့​၏​မြင်း​များ၊ စစ်​ရ​ထား​များ​နှင့်​တ​ကွ​စစ်​တပ်​တစ်​ခု​လုံး ကို ပင်​လယ်​နီ​အ​တွင်း​၌​နစ်​မြုပ်​စေ​ခဲ့​ပုံ​ကို သင်​တို့​မြင်​ခဲ့​ရ​၏။-
4 o que fez ao exército egípcio, aos seus cavalos e aos seus carros, como os envolveu nas águas do mar Vermelho, quando vos perseguiam, aniquilando-os para sempre.
5 သင်​တို့​ဤ​အ​ရပ်​သို့​မ​ရောက်​မီ​တော​ကန္တာ​ရ ၌​သင်​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​ပြု​တော် မူ​သော​အ​မှု​ကို​သင်​တို့​သိ​မြင်​ခဲ့​ရ​ကြ ပြီ။-
5 {Lembra-te} do que fez por vós no deserto até a vossa chegada a este lugar;
6 ရု​ဗင်​အ​နွယ်​ဝင်​ဧလျာဘ​၏​သား​များ​ဖြစ်​ကြ သော ဒါ​သန်​နှင့်​အ​ဘိ​ရံ​တို့​အား​မည်​ကဲ့​သို့ စီ​ရင်​တော်​မူ​သည်​ကို​သင်​တို့​သတိ​ရ​ကြ​မည်။ လူ​အ​ပေါင်း​တို့​၏​မျက်​မှောက်​တွင်​သူ​တို့​သည် သူ​တို့​၏​မိ​သား​စု​များ၊ တဲ​များ၊ အ​စေ​ခံ များ၊ တိ​ရစ္ဆာန်​များ​နှင့်​တ​ကွ​မြေ​မျို​ခြင်း ခံ​ရ​၏။-
6 do castigo que infligiu a Datã e Abiron, filhos de Eliab, filho de Rubem, quando a terra, abrindo sua boca, engoliu-os no meio de todo o Israel, com suas famílias, suas tendas e todos os seres vivos que os seguiam.
7 ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အံ့​သြ​ဖွယ်​အ​မှု​တော်​များ​ကို သင်​တို့ ကိုယ်​တိုင်​တွေ့​မြင်​ခဲ့​ရ​ကြ​ပြီ။''
7 Os vossos filhos viram todas as obras que o Senhor fez.
8 ``ယ​နေ့​သင်​တို့​အား​ငါ​မှာ​ကြား​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​လော့။ သို့​မှ​သာ လျှင်​သင်​တို့​သည် တစ်​ဖက်​ကမ်း​ရှိ​ပြည်​ကို​ဝင် ရောက်​သိမ်း​ပိုက်​နိုင်​လိမ့်​မည်။-
8 Observareis, pois, as ordens que hoje vos dou, para que sejais fortes e entreis na posse da terra que ides ocupar,
9 ထို့​အ​ပြင်​သင်​တို့​၏​ဘိုး​ဘေး​တို့​နှင့်​သူ​တို့ အ​ဆက်​အ​နွယ်​များ​အား​ပေး​မည်​ဟူ​၍ ထာ​ဝ​ရ ဘု​ရား​က​တိ​ထား​တော်​မူ​သော​အ​စာ​ရေ​စာ ပေါ​ကြွယ်​ဝ​သည့်​ပြည်​တွင် သင်​တို့​သည်​ကြာ ရှည်​စွာ နေ​ထိုင်​ရ​ကြ​လိမ့်​မည်။-
9 e prolongueis os vossos dias na terra que o Senhor jurou dar a vossos pais e à sua posteridade, terra que mana leite e mel.
10 ယ​ခင်​သင်​တို့​နေ​ထိုင်​ခဲ့​ကြ​သော​အီ​ဂျစ် ပြည်​တွင် သင်​တို့​သည်​လယ်​များ​ထဲ​သို့​ပင်​ပန်း စွာ​ရေ​သွင်း​၍​စ​ပါး​စိုက်​ပျိုး​ရ​ကြ​၏။-
10 Com efeito, a terra em que vais entrar para possuí-la, não é como o Egito de onde saíste, onde, depois de lançada a semente, devias regar a terra com a força de teus pés, como se rega uma horta.
11 သို့​ရာ​တွင်​သင်​တို့​ဝင်​ရောက်​မည့်​ပြည်​သည် ကား​တောင်​များ၊ ချိုင့်​ဝှမ်း​များ​ရှိ​၍​မိုး​ရေ ဖြင့်​စိုက်​ပျိုး​နိုင်​သော​ပြည်၊-
11 A terra que ides ocupar é uma terra de montes e vales, que bebe as chuvas do céu.
12 သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် တစ်​နှစ်​ပတ်​လုံး​ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ သော​ပြည်​ဖြစ်​သည်။''
12 É uma terra de que o Senhor, teu Deus, toma cuidado, e para a qual os seus olhos estão continuamente voltados do começo ao fim do ano.
13 ``သို့​ဖြစ်​၍​သင်​တို့​အား ယ​နေ့​ငါ​မှာ​ကြား​သော ပ​ညတ်​တော်​များ​ကို​စောင့်​ထိန်း​ကြ​လော့။ သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး အ​ကြွင်း​မဲ့​ချစ်​၍​အ​မှု​တော်​ကို​ဆောင်​ရွက် လော့။-
13 Se obedecerdes aos mandamentos que hoje vos prescrevo, se amardes o Senhor, servindo-o de todo o vosso coração e de toda a vossa alma,
14 — ausente —
14 derramarei sobre a vossa terra a chuva em seu tempo, a chuva do outono e a da primavera, e recolherás o teu trigo, o teu vinho e o teu óleo;
15 — ausente —
15 darei erva aos teus campos para os teus animais, e te alimentarás até ficares saciado.
16 သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​ပယ်​၍ အ​ခြား​သော​ဘု​ရား​များ​ကို​ဝတ်​မ​ပြု​မ ကိုး​ကွယ်​မိ​စေ​ရန်​သ​တိ​ပြု​လော့။-
16 Tende cuidado para que o vosso coração não seja seduzido e vos desvieis do Senhor para servir deuses estranhos, rendendo-lhes culto e prostrando-vos diante deles.
17 အ​ခြား​သော​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ် လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​အ​မျက် ထွက်​၍ မိုး​ကို​မ​ရွာ​စေ​သ​ဖြင့်​လယ်​မြေ​များ ခြောက်​သွေ့​၍ အ​သီး​အ​နှံ​များ​မ​ဖြစ်​ထွန်း နိုင်​ရှိ​လိမ့်​မည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​ပေး သ​နား​တော်​မူ​သော​ပြည်​သည်​ကောင်း​မွန်​သော် လည်း သင်​တို့​သည်​မ​ကြာ​မီ​သေ​ကြေ​ပျက်​စီး ကြ​လိမ့်​မည်။''
17 A cólera do Senhor se inflamaria contra vós e ele fecharia os céus: a chuva cessaria de cair, e não haveria mais colheita, no vosso solo, de modo que não tardaríeis a perecer nesta boa terra que o Senhor vos dá.
18 ``ဤ​ပညတ်​တော်​များ​ကို​အ​စဉ်​သ​တိ​ရ​၍ မြတ်​နိုး​လော့။ ယင်း​တို့​ကို​သ​တိ​ရ​စေ​ရန် သင်​တို့​၏​လက်​တွင်​လည်း​ကောင်း၊ န​ဖူး​ပေါ် တွင်​လည်း​ကောင်း​ချည်​ထား​လော့။-
18 Gravai, pois, profundamente em vosso coração e em vossa alma estas minhas palavras; prenderas às vossas mãos como um sinal, e levaras como uma faixa frontal entre os vossos olhos.
19 သင်​တို့​၏​သား​သ​မီး​များ​အား​သင်​ကြား​ပေး လော့။ သင်​တို့​သည်​အိမ်​၌​ရှိ​သည်​ဖြစ်​စေ၊ ခ​ရီး သွား​သည်​ဖြစ်​စေ၊ နား​နေ​သည်​ဖြစ်​စေ၊ အ​လုပ် လုပ်​နေ​သည်​ဖြစ်​စေ ဤ​ပညတ်​များ​အ​ကြောင်း ကို​ပြော​ဆို​နေ​ရ​မည်။-
19 Ensinai-as aos vossos filhos, falando-lhes delas seja em vossa casa, seja em viagem, quando vos deitardes ou levantardes.
20 သင်​တို့​၏​အိမ်​တံ​ခါး​တိုင်​နှင့်​ဝင်း​တံ​ခါး​များ တွင် ယင်း​တို့​ကို​ရေး​ထား​ရ​မည်။-
20 Escreve-as nas ombreiras e nas portas de tua casa,
21 သို့​ပြု​လျှင်​သင်​တို့​နှင့်​သင်​တို့​၏​သား​သ​မီး တို့​သည် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က သင်​တို့ ၏​ဘိုးဘေး​တို့​အား​ပေး​မည်​ဟု​ကတိ​ထား​သော ပြည်​၌​ကြာ​ရှည်​စွာ​နေ​ထိုင်​ရ​လိမ့်​မည်။ မြေ​ပြင် အ​ထက်​မိုး​ကောင်း​ကင်​တည်​ရှိ​သ​မျှ​ကာ​လ ပတ်​လုံး သင်​တို့​သည်​ထို​ပြည်​၌​နေ​ထိုင်​ရ​ကြ လိမ့်​မည်။''
21 para que se multipliquem os teus dias e os dias de teus filhos na terra que o Senhor jurou dar a teus pais, e sejam tão numerosos como os dias do céu sobre a terra.
22 ``သင်​တို့​အား​ငါ​မှာ​ကြား​သော​ပ​ညတ်​တော် ရှိ​သ​မျှ​တို့​ကို လိုက်​နာ​ရန်​သ​တိ​ပြု​ကြ​လော့။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​၍ မိန့်​တော်​မူ​သ​မျှ​ကို​လိုက်​လျှောက်​လျက် သစ္စာ​တော်​ကို​စောင့်​လော့။-
22 Se observardes fielmente todos os mandamentos que vos prescrevo, amando o Senhor, vosso Deus, andando em seus caminhos e apegando-vos a ele,
23 သို့​မှ​သာ​လျှင်​သင်​တို့​ချီ​တက်​တိုက်​ခိုက်​သော အ​ခါ သင်​တို့​ထက်​ဦး​ရေ​များ​၍​အင်​အား​ကြီး မား​သည့်​လူ​မျိုး​တို့​ကို​ထာ​ဝ​ရ​ဘု​ရား​နှင် ထုတ်​တော်​မူ​သ​ဖြင့် သူ​တို့​၏​ပြည်​ကို​သင် တို့​သိမ်း​ပိုက်​နိုင်​လိမ့်​မည်။-
23 então o Senhor expulsará de diante de vós todas essas nações, e despojareis povos mais numerosos e mais fortes do que vós.
24 သင်​တို့​ခြေ​နင်း​သ​မျှ​သော​မြေ​ကို​ပိုင်​ရ​လိမ့် မည်။ သင်​တို့​၏​နယ်​မြေ​သည်​တောင်​ဘက်​တော ကန္တာ​ရ​မှ မြောက်​ဘက်​လေ​ဗ​နုန်​တောင်​သို့​တိုင် အောင်​လည်း​ကောင်း၊ အ​ရှေ့​ဘက်​ဥ​ဖ​ရတ်​မြစ် မှ​အ​နောက်​ဘက်​မြေ​ထဲ​ပင်​လယ်​သို့​တိုင်​အောင် လည်း​ကောင်း​ကျယ်​ပြန့်​လိမ့်​မည်။-
24 Todo lugar em que pisar a planta de vossos pés vos pertencerá. Vossa fronteiras irão desde o deserto até o Líbano e desde o rio Eufrates até o mar do ocidente.
25 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား က​တိ​တော်​ရှိ​သည့်​အ​တိုင်း သင်​တို့​ရောက်​ရာ အ​ရပ်​တွင်​ရှိ​သော​လူ​အ​ပေါင်း​တို့​သည် သင် တို့​ကို​ကြောက်​ရွံ့​ကြ​လိမ့်​မည်။ မည်​သူ​က​မျှ သင်​တို့​ကို​မ​ခု​ခံ​နိုင်။''
25 Ninguém vos poderá resistir: o Senhor, vosso Deus, semeará o pânico e o terror de vós em todas as terras onde pisardes, como vos prometeu.
26 ``ကောင်းချီး​မင်္ဂလာ​နှင့်​ကျိန်​ခြင်း​တို့​အ​နက် တစ် ခု​ခု​ကို​ယ​နေ့​ရွေး​ယူ​လော့။-
26 Vede: proponho-vos hoje bênção ou maldição.
27 ယ​နေ့​ငါ​ပေး​သော​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​များ​ကို သင် တို့​စောင့်​ထိန်း​လျှင်​ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ ရ​မည်။-
27 Bênção, se obedecerdes aos mandamentos do Senhor, vosso Deus, que hoje vos prescrevo.
28 သို့​ရာ​တွင်​သင်​တို့​သည် ဤ​ပ​ညတ်​တော်​များ ကို​မ​စောင့်​ထိန်း​ဘဲ သင်​တို့​ယ​ခင်​က​မ​ကိုး ကွယ်​ဘူး​သော​အ​ခြား​ဘု​ရား​များ​ကို ကိုး ကွယ်​လျှင်​ကျိန်​ခြင်း​ကို​ခံ​ရ​မည်။-
28 Maldição, se não obedecerdes aos mandamentos do Senhor, vosso Deus, e vos apartardes do caminho que hoje vos mostro, para seguintes deuses estranhos que não conheceis.
29 ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​သိမ်း​ပိုက်​မည့် ပြည်​ထဲ​သို့​ပို့​ဆောင်​တော်​မူ​သော​အ​ခါ သင် တို့​သည်​ထို​ကောင်း​ချီး​မင်္ဂ​လာ​ကို​ဂေ​ရ​ဇိမ် တောင်​ပေါ်​မှာ​လည်း​ကောင်း၊ ထို​ကျိန်​ခြင်း​ကို ဧ​ဗ​လ​တောင်​ပေါ်​မှာ​လည်း​ကောင်း​ကြေ​ညာ ရ​ကြ​မည်။-
29 Quando o Senhor, vosso Deus, te tiver introduzido na terra que vais possuir, pronunciarás a bênção sobre o monte Garizim, e a maldição sobre o monte Ebal.
30 (ဤ​တောင်​နှစ်​လုံး​သည် ယော်​ဒန်​မြစ်​အ​နောက် ဘက်၊ ယော်​ဒန်​မြစ်​ဝှမ်း​တွင်​နေ​ထိုင်​သော ခါ​နာန် အ​မျိုး​သား​တို့​၏​နယ်​မြေ​ထဲ​၌​တည်​ရှိ​သည်။ ယင်း​တောင်​တို့​သည် ဂိ​လ​ဂါ​လ​မြို့​အ​နီး​မော​ရေ သ​ပိတ်​ပင်​များ​နှင့် မ​ဝေး​သော​အ​နောက်​ဘက် တွင်​တည်​ရှိ​၏။-)
30 Essas montanhas encontram-se além do Jordão, do outro lado do caminho do ocidente, na terra dos cananeus que habitam nas planícies defronte de Gálgala, perto dos carvalhos de Moré.
31 သင်​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​လျက် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​မည့်​ပြည်​ကို သိမ်း​ပိုက်​ရ​တော့​မည်။ သင်​တို့​သည်​ထို​ပြည် ကို​သိမ်း​ပိုက်​၍​အ​ခြေ​ချ​နေ​ထိုင်​ကြ​သော အ​ခါ၊-
31 Com efeito, vós passareis o Jordão e tomareis posse da terra que te dá o Senhor. Quando a possuirdes e nela habitardes,
32 သင်​တို့​အား​ငါ​ယ​နေ့​မှာ​ကြား​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို စောင့်​ထိန်း​ရန်​မ​မေ့​ကြ နှင့်။''
32 cuidareis de praticar todos os preceitos e todas as leis que hoje vos proponho.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Deuteronômio 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.