Deuteronômio 10

Common Language Bible (MYA) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ``ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား`ယ​ခင် ကျောက်​ပြား​ကဲ့​သို့​ကျောက်​ပြား​နှစ်​ချပ်​ကို​ခုတ် လော့။ ထို​ကျောက်​ပြား​ကို​ထည့်​ရန် သစ်​သား​သေတ္တာ တော်​ကို​လည်း​ပြု​လုပ်​လော့။ ထို့​နောက်​ငါ​ရှိ​ရာ တောင်​ပေါ်​သို့​တက်​လာ​လော့။-
1 “Naquela ocasião, o S enhor me disse: ‘Corte duas tábuas de pedra, como as anteriores. Faça também uma arca de madeira e suba ao monte para encontrar-se comigo,
2 သင့်​ကြောင့်​ကျိုး​ပဲ့​ခဲ့​သော​ကျောက်​ပြား​များ ပေါ်​တွင် ငါ​ရေး​ခဲ့​သော​ပညတ်​တော်​များ​ကို ဤ ကျောက်​ပြား​များ​ပေါ်​တွင်​ငါ​ရေး​မည်။ သင်​သည် ထို​ကျောက်​ပြား​များ​ကို သေတ္တာ​တော်​ထဲ​တွင် ထည့်​ထား​ရ​မည်' ဟု​မိန့်​တော်​မူ​၏။''
2 e eu escreverei nas tábuas as mesmas palavras que estavam nas anteriores, aquelas que você despedaçou. Em seguida, coloque as tábuas na arca’.
3 ``သို့​ဖြစ်​၍​ငါ​သည် အ​ကာ​ရှ​သစ်​သား​ဖြင့် သေတ္တာ​တော်​ကို​ပြု​လုပ်​၍ ယ​ခင်​ကျောက်​ပြား များ​နှင့်​အ​လား​တူ​ကျောက်​ပြား​နှစ်​ပြား​ကို ခုတ်​ပြီး​လျှင် ကျောက်​ပြား​များ​ကို​ယူ​ဆောင် လျက်​တောင်​ပေါ်​သို့​တက်​သွား​၏။-
3 “Fiz, portanto, a arca de madeira de acácia e cortei duas tábuas de pedra, como as anteriores. Subi ao monte levando as tábuas na mão.
4 ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​တောင် ခြေ​တွင်​စု​ရုံး​သော​နေ့​က မီး​ထဲ​မှ​သင်​တို့​အား မိန့်​တော်​မူ​သော​ပ​ညတ်​တော်​ဆယ်​ပါး​ကို ယ​ခင် ကျောက်​ပြား​များ​ပေါ်​တွင်​ရေး​သား​တော်​မူ သည်​အ​တိုင်း ထို​ကျောက်​ပြား​များ​ပေါ်​တွင် ရေး​သား​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် ထို ကျောက်​ပြား​များ​ကို​ငါ့​အား​ပေး​တော်​မူ​၏။-
4 Mais uma vez, o S enhor escreveu os dez mandamentos nas tábuas e as entregou a mim. Eram as mesmas palavras que o S enhor lhes tinha proclamado do meio do fogo no dia em que vocês se reuniram ao pé do monte.
5 ထို့​နောက်​ငါ​သည်​တောင်​ပေါ်​မှ​ပြန်​ဆင်း​ခဲ့​၏။ ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ငါ​သည်​ထို​ကျောက်​ပြား​များ​ကို​ငါ​ပြု​လုပ် သော​သေတ္တာ​တော်​ထဲ​တွင်​ထည့်​ထား​သည်​ဖြစ် ရာ ထို​ကျောက်​ပြား​များ​သည်​ယ​နေ့​တိုင် အောင်​သေတ္တာ​တော်​ထဲ​၌​ရှိ​သ​တည်း။''
5 Então virei-me, desci o monte e coloquei as tábuas na arca da aliança que eu tinha feito. As tábuas ainda estão dentro da arca, conforme o S enhor me ordenou.
6 (ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဗင်္ယာ​ကန်​ရေ တွင်း​မှ​မော​သ​ရုတ်​စ​ခန်း​သို့​ခ​ရီး​သွား​ကြ​၏။ အာ​ရုန်​သည်​ထို​စ​ခန်း​တွင်​အနိစ္စ​ရောက်​သ​ဖြင့် သူ့ အား​သင်္ဂြိုဟ်​ကြ​လေ​သည်။ သူ​၏​သား​ဧ​လာ​ဇာ သည်​ဖ​ခင်​၏​ယဇ်​ပု​ရော​ဟိတ်​အ​ရိုက်​အ​ရာ ကို​ဆက်​ခံ​လေ​သည်။-
6 (Os israelitas saíram dos poços do povo de Jacã e viajaram para Moserá, onde Arão morreu e foi sepultado. Eleazar, seu filho, serviu como sacerdote em seu lugar.
7 သူ​တို့​သည်​ထို​စ​ခန်း​မှ​ရုတ်​ဂေါ​ဒ​စ​ခန်း​သို့ လည်း​ကောင်း၊ ထို​မှ​တစ်​ဆင့်​စမ်း​ပေါက်​ပေါ​များ ရာ ယု​ဟ​ဘ​သ​အ​ရပ်​သို့​လည်း​ကောင်း​ခ​ရီး ဆက်​ကြ​၏။-
7 Em seguida, viajaram para Gudgodá e, de lá, para Jotbatá, terra com muitos ribeiros.
8 တောင်​ပေါ်​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​လေဝိ​အမျိုး သား​တို့​အား ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ထိန်း သိမ်း​ရန်​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ ကို​ဆောင်​ရွက်​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​၏ နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ကောင်း​ချီး​မင်္ဂလာ ပေး​ရန်​လည်း​ကောင်း​ခန့်​ထား​တော်​မူ​၏။ ယ​နေ့ တိုင်​အောင်​သူ​တို့​သည်​ထို​ဝတ္တရား​များ​ကို ဆောင်​ရွက်​လျက်​ရှိ​ကြ​၏။-
8 Naquela ocasião, o S enhor separou a tribo de Levi para carregar a arca da aliança do S enhor e para estar diante do S enhor , a fim de servi-lo e de pronunciar bênçãos em seu nome. Essas são suas responsabilidades até hoje.
9 ထို​အ​ကြောင်း​ကြောင့်​လေ​ဝိ​အ​မျိုး​သား​တို့ သည်​အ​ခြား​အ​မျိုး​သား​ချင်း​တို့​နည်း​တူ နယ်​မြေ​သီး​ခြား​မ​ရ​ခဲ့​ကြ​ချေ။ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​က​တိ​တော် အ​တိုင်း သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ် ပု​ရော​ဟိတ်​များ​ဖြစ်​ရ​သည့်​အ​ခွင့်​ထူး​ကို ရ​ရှိ​ကြ​လေ​သည်။)
9 Por isso os levitas não têm porção alguma de terra como herança entre seus irmãos israelitas. O próprio S enhor é sua herança, conforme o S enhor , seu Deus, lhes prometeu.)
10 ``ငါ​သည်​ပ​ထ​မ​အ​ကြိမ်​ကဲ့​သို့ တောင်​ပေါ် တွင်​ရက်​ပေါင်း​လေး​ဆယ်​ပတ်​လုံး​နေ​ခဲ့​သည်။ သင်​တို့​အား​မ​သုတ်​သင်​မ​ဖျက်​ဆီး​ပစ်​ရန် ငါ​တောင်း​ပန်​လျှောက်​ထား​ချက်​ကို​ထာ​ဝ​ရ ဘု​ရား​သည် ဤ​တစ်​ကြိမ်​၌​လည်း​နား​ညောင်း လက်​ခံ​တော်​မူ​၏။-
10 “Quanto a mim, fiquei no monte, na presença do S enhor , quarenta dias e quarenta noites, como da primeira vez. E, também dessa vez, o S enhor ouviu minhas súplicas e concordou em não destruí-los.
11 ထို့​နောက်​သင်​တို့​၏​ဘိုး​ဘေး​တို့​အား ပေး​မည် ဟု​က​တိ​ထား​တော်​မူ​သော​ပြည်​ကို​ချီ​တက် သိမ်း​ယူ​နိုင်​ရန် သင်​တို့​ကို​ခေါင်း​ဆောင်​ရ​မည် ဟု​ငါ့​အား​မိန့်​တော်​မူ​၏။''
11 Então o S enhor me disse: ‘Levante-se, siga viagem e guie o povo, para que entrem e tomem posse da terra que jurei dar a seus antepassados’.”
12 ``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော် မူ​သော​ကျင့်​ဝတ်​ကား​ဤ​သို့​တည်း၊ ထာ​ဝ​ရ ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍၊-
12 “Agora, Israel, o que o S enhor , seu Deus, requer de você? Somente que você tema o S enhor , seu Deus, que viva de maneira agradável a ele e que ame e sirva ao S enhor , seu Deus, de todo o coração e de toda a alma.
13 မိန့်​တော်​မူ​သ​မျှ​ကို​လိုက်​နာ​လော့။ ထာ​ဝ​ရ ဘု​ရား​ကို​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ချစ်​၍ အ​မှု တော်​ကို​ဆောင်​ရွက်​လော့။ သင်​တို့​၏​ကောင်း​ကျိုး အ​လို့​ငှာ ယ​နေ့​ငါ​ပေး​သော​ပ​ညတ်​အ​လုံး စုံ​ကို​စောင့်​ထိန်း​လော့။-
13 Obedeça sempre aos mandamentos e decretos do S enhor que hoje lhe dou para o seu próprio bem.
14 ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်​အ​ထက် ဘ​ဝဂ်​ကို​ပင်​ပိုင်​တော်​မူ​၏။ ကမ္ဘာ​မြေ​ကြီး​နှင့် မြေ​ကြီး​ပေါ်​တွင် ရှိ​သ​မျှ​အ​ရာ​ခပ်​သိမ်း​တို့ ကို​လည်း​ပိုင်​တော်​မူ​၏။-
14 “Veja, os mais altos céus e a terra, e tudo que nela há, pertencem ao S enhor , seu Deus.
15 သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့ ၏​ဘိုး​ဘေး​တို့​ကို​ချစ်​ခင်​မြတ်​နိုး​သ​ဖြင့် လူ မျိုး​များ​စွာ​ရှိ​သည့်​အ​နက်​သင်​တို့​ကို​ရွေး ချယ်​တော်​မူ​ခဲ့​ရာ သင်​တို့​သည်​ယ​နေ့​တိုင် အောင်​ကိုယ်တော်​၏​လူ​မျိုး​တော်​ဖြစ်​ကြ​၏။-
15 E, no entanto, o S enhor escolheu seus antepassados para amá-los, e escolheu vocês, descendentes deles, dentre todas as nações, como hoje se vê.
16 သို့​ဖြစ်​သော​ကြောင့်​သင်​တို့​သည်​ယ​ခု​မှ​စ​၍ ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​နာ​ခံ လျက် ခေါင်း​မာ​သော​သ​ဘော​ကို​ပယ်​ရှား​ကြ လော့။-
16 Portanto, submetam-se a ele de coração e deixem de ser teimosos.
17 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​အ​ပေါင်း​တို့​နှင့်​အ​ရှင်​သ​ခင်​အ​ပေါင်း တို့​၏​အ​ထွတ်​အ​ထိပ်​ဖြစ်​တော်​မူ​၏။ ထာ​ဝ​ရ ဘု​ရား​သည်​ကြီး​မြတ်​၍​တန်​ခိုး​တော်​နှင့်​ပြည့် စုံ​သော​ဘု​ရား၊ ကြောက်​ရွံ့​ရို​သေ​ဖွယ်​သော ဘု​ရား​ဖြစ်​တော်​မူ​၏။ လူ​ကဲ့​သို့​မျက်​နှာ လိုက်​ခြင်း​တံစိုး​လက်​ဆောင်​စား​ခြင်း​ရှိ​တော် မ​မူ။-
17 “Pois o S enhor , seu Deus, é Deus dos deuses e Senhor dos senhores. É o grande Deus, o Deus poderoso e temível, que não mostra parcialidade e não aceita subornos.
18 မိ​ဘ​မဲ့​က​လေး​များ​နှင့်​မု​ဆိုး​မ​များ​သည် တ​ရား​မျှ​တ​မှု​ရ​ရှိ​စေ​ရန်​စီ​ရင်​တော်​မူ​၏။ သင်​တို့​နှင့်​အ​တူ​တ​ကွ​နေ​ထိုင်​သော​လူ​မျိုး ခြား​များ​ကို​ချစ်​တော်​မူ​သ​ဖြင့် သူ​တို့​၏ စား​ရေး​ဝတ်​ရေး​ကို​ကြည့်​ရှု​တော်​မူ​၏။-
18 Ele faz justiça aos órfãos e às viúvas. Ama os estrangeiros que vivem entre vocês e lhes dá alimento e roupas.
19 သို့​ဖြစ်​၍​လူ​မျိုး​ခြား​တို့​ကို​ချစ်​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​သည်​ယ​ခင် အ​ခါ​က​အီ​ဂျစ်​ပြည်​တွင်​လူ​မျိုး​ခြား အ​ဖြစ်​နေ​ထိုင်​ခဲ့​ရ​ဖူး​သော​ကြောင့်​ဖြစ်​သည်။-
19 Portanto, amem também os estrangeiros, pois, em outros tempos, vocês foram estrangeiros na terra do Egito.
20 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ရို​သေ​၍ ကိုယ်​တော်​ကို​သာ​ဝတ်​ပြု ကိုး​ကွယ်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​သစ္စာ စောင့်​၍ နာ​မ​တော်​ကို​သာ​တိုင်​တည်​လျက် သစ္စာ​ဆို​ရ​မည်။-
20 Temam o S enhor , seu Deus, sirvam-no e apeguem-se a ele. Quando fizerem juramentos, jurem somente pelo nome dele.
21 ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​သည် သင်​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​၏။ သင်​တို့​အ​တွက် ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​သော​အ​မှု ကြီး​များ​ကို သင်​တို့​ကိုယ်​တိုင်​မြင်​ခဲ့​ရ​ကြ​ပြီ။-
21 Somente ele é seu Deus, o único digno de seu louvor, aquele que, por vocês, fez os milagres poderosos que vocês viram com os próprios olhos.
22 သင်​တို့​၏​ဘိုး​ဘေး​တို့​သည် အီ​ဂျစ်​ပြည်​သို့ သွား​စဉ်​က​လူ​ဦး​ရေ​အား​ဖြင့်​ခု​နစ်​ဆယ် မျှ​သာ​ရှိ​၏။ သို့​ရာ​တွင်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ယ​ခု​အ​ခါ သင်​တို့​ကို​မိုး​ကောင်း​ကင်​ကြယ်​နှင့်​အ​မျှ လူ​ဦး​ရေ​များ​ပြား​စေ​တော်​မူ​ပြီ။''
22 Quando seus antepassados desceram até o Egito, eram apenas setenta pessoas. Agora, porém, o S enhor , seu Deus, os tornou tão numerosos quanto as estrelas do céu!”

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Deuteronômio 10, comparar traduções ou montar um estudo — tudo direto pelo WhatsApp.