Daniel 8
Common Language Bible (MYA) vs NVI
1 ဗေလရှာဇာမင်းနန်းစံတတိယနှစ်၌ငါ ဒံယေလသည် ဒုတိယဗျာဒိတ်ရူပါရုံ ကိုမြင်ရ၏။-
1 No terceiro ano do reinado do rei Belsazar, eu, Daniel, tive outra visão, depois da primeira.
2 ထိုဗျာဒိတ်ရူပါရုံထဲတွင်ငါသည်ဧလံ ပြည်နယ်မြို့ရိုးများကာရံထားသော ရှုရှန် မြို့တွင်းသို့ရုတ်တရက်ရောက်ရှိနေသည် ကိုတွေ့ရ၏။ ငါသည်ဥလဲမြစ်အနီးတွင် ရပ်၍၊-
2 Na minha visão eu me vi na cidadela de Susã, na província de Elão; na visão eu estava junto do canal de Ulai.
3 မျှော်ကြည့်လိုက်ရာမြစ်အနီးတွင်ရပ်နေ သောသိုးထီးတစ်ကောင်ကိုမြင်ရ၏။ ထိုသိုး မှာဦးချိုရှည်ကြီးနှစ်ချောင်းရှိ၍တစ်ချောင်း မှာအခြားတစ်ချောင်းထက်ပိုရှည်၍နောက် မှပေါက်သောချိုဖြစ်သည်။-
3 Olhei para cima, e diante de mim, junto ao canal, estava um carneiro, seus dois chifres eram compridos, um mais que o outro, mas o mais comprido cresceu depois do outro.
4 ထိုသိုးသည်ဦးချိုဖြင့်အနောက်၊ တောင်၊ မြောက် အရပ်သုံးမျက်နှာသို့ခတ်ဝှေ့၍နေသည် ကိုငါကြည့်လျက်နေမိ၏။ သူ့အားအဘယ် တိရစ္ဆာန်မျှမဆီးတားနိုင်။ သူ၏လက်တွင်း မှလွတ်မြောက်အောင်လည်းမတတ်နိုင်။ သူ သည်မိမိအလိုရှိသည်အတိုင်းပြုကာ မာန်မာနထောင်လွှားလာလေသည်။
4 Observei o carneiro enquanto ele avançava para o oeste, para o norte e para o sul. Nenhum animal conseguia resistir-lhe, e ninguém podia livrar-se do seu poder. Ele fazia o que bem queria e foi ficando cada vez maior.
5 ငါသည်ဤအခြင်းအရာ၏အနက်အဋ္ဌိပ္ပါယ် ကိုစဉ်းစားတွေးတောလျက်နေစဉ် အနောက် အရပ်မှဆိတ်တစ်ကောင်သည်ပြေး၍ထွက် လာ၏။ သူသည်အရှိန်ပြင်းလှသဖြင့်မြေ ကိုပင်မနင်းမိချေ။ သူ၏မျက်လုံးများ အကြားတွင်ငေါ၍ထွက်နေသောဦးချို တစ်ချောင်းရှိ၏။-
5 Enquanto eu estava considerando isso, de repente um bode, com um chifre enorme entre os olhos, veio do oeste, percorrendo toda a extensão da terra sem encostar no chão.
6 သူသည်ယခင်ကမြစ်အနီးတွင် ငါမြင် ခဲ့သောသိုး၏အနီးသို့ရောက်လာသော အခါ တစ်ဟုန်တည်းပြေး၍ဝှေ့လေ၏။-
6 Ele veio na direção do carneiro de dois chifres que eu tinha visto ao lado do canal, e avançou contra ele com grande fúria.
7 ငါသည်ဆိတ်ကသိုးအားဝှေ့သည်ကိုကြည့် ၍နေ၏။ ဆိတ်သည်ပြင်းစွာအမျက်ထွက်၍ သိုးကိုတအားကုန်ဝှေ့လိုက်ရာသိုး၏ဦး ချိုနှစ်ချောင်းကျိုးလေ၏။ သိုးသည်ပြန်လည် ခုခံနိုင်စွမ်းမရှိသဖြင့်မြေပေါ်သို့လဲ ကျကာခြေနှင့်အနင်းခံရလေသည်။ အဘယ်သူမျှသူ့အားမကယ်နိုင်တော့ပေ။
7 Eu o vi atacar furiosamente o carneiro, atingi-lo e quebrar os seus dois chifres. O carneiro não teve forças para resistir-lhe; o bode o derrubou no chão e o pisoteou, e ninguém foi capaz de livrar o carneiro do seu poder.
8 ဆိတ်သည်ပို၍ပို၍မာန်မာနထောင်လွှား လာ၏။ သို့ရာတွင်သူတန်ခိုးအကြီးဆုံး အချိန်သို့ရောက်သောအခါသူ၏ဦးချို သည်ကျိုးသွားပြီးလျှင် ထိုဦးချို၏နေရာ တွင်အရပ်လေးမျက်နှာသို့ငေါထွက်နေ သောဦးချိုလေးချောင်းပေါက်၍လာလေ သည်။-
8 O bode tornou-se muito grande, mas no auge da sua força o seu grande chifre foi quebrado, e em seu lugar cresceram quatro chifres enormes, na direção dos quatro ventos da terra.
9 ထိုဦးချိုလေးချောင်းအနက်တစ်ချောင်း တွင်ချိုအတက်တစ်ချောင်းပေါက်၍လာ၏။ ထိုချိုတက်သည်တောင်ဘက်အရပ်၊ အရှေ့ အရပ်နှင့်ကတိထားတော်မူသောပြည်တော် သို့တိုင်အောင်အာဏာတန်ခိုးရှိလေသည်။-
9 De um deles saiu um outro chifre, que começou pequeno, mas cresceu em poder na direção do sul, do leste e da Terra Magnífica.
10 ချိုအတက်သည်ကောင်းကင်ဗိုလ်ခြေတည်း ဟူသောကြယ်တာရာများကိုတိုက်ခိုက်နိုင် သည်တိုင်အောင် အင်အားကြီးမားလာကာ ထိုကြယ်တာရာအချို့တို့ကိုမြေသို့ ချ၍နင်းချေလေသည်။-
10 Cresceu até alcançar o exército dos céus, e atirou na terra alguns componentes do exército das estrelas e os pisoteou.
11 ကောင်းကင်ဗိုလ်ခြေတို့၏အရှင်ကိုပင်အာ ခံလျက် ကိုယ်တော်အားပူဇော်နေကျဖြစ် သည့်ယဇ်များကိုရပ်စဲစေ၍ဗိမာန်တော် ကိုပျက်စီးစေ၏။-
11 Tanto cresceu que chegou a desafiar o príncipe do exército; suprimiu o sacrifício diário oferecido ao príncipe, e o local do santuário foi destruído.
12 လူတို့သည်နေ့စဉ်ပူဇော်နေကျယဇ်များ ကိုပူဇော်မည့်အစားစစ်မှန်သောဘာသာ တရားကိုမြေသို့တိုင်အောင်ရှုတ်ချကြ၏။ ထိုဦးချိုသည်ပြုလေသမျှသောအမှု တို့တွင်အောင်မြင်လေသည်။
12 Por causa da rebelião, o exército dos santos e o sacrifício diário foram dados ao chifre. Ele tinha êxito em tudo o que fazia, e a verdade foi lançada por terra.
13 ထိုနောက်ကောင်းကင်တမန်တစ်ပါးက အခြား တစ်ပါးအား``ဗျာဒိတ်ရူပါရုံတွင်တွေ့ရှိရ သည့်အရာများသည်အဘယ်မျှကြာအောင် ဖြစ်ပျက်နေပါမည်နည်း။ နေ့စဉ်ယဇ်ပူဇော် ခြင်းကိုကြောက်မက်ဖွယ်ရာအပြစ်ဒုစရိုက် ဖြင့်အစားထိုးမှုသည်လည်းကောင်း၊ ကောင်း ကင်ဗိုလ်ခြေနှင့်ဗိမာန်တော်ကိုနင်းချေမှု သည်လည်းကောင်းအဘယ်မျှကြာဖြစ် ပျက်လိမ့်မည်နည်း'' ဟုမေးသည်ကိုငါ ကြားရ၏။
13 Então ouvi dois anjos conversando, e um deles perguntou ao outro: "Quanto tempo durarão os acontecimentos anunciados por essa visão? Até quando será suprimido o sacrifício diário e a rebelião devastadora prevalecerá? Até quando o santuário e o exército ficarão entregues ao poder do chifre e serão pisoteados? "
14 ဒုတိယကောင်းကင်တမန်က``ရက်ပေါင်း တစ်ထောင့်တစ်ရာ့ငါးဆယ် ကြာလိမ့်မည်။ ထိုကာလအတောအတွင်း၌ နံနက်နှင့်ညဥ့်ဦးယံယဇ်ပူဇော်မှုများကို ပြုကြလိမ့်မည်မဟုတ်။ ထိုနောက်ဗိမာန်တော် သည်ပြန်လည်သန့်စင်၍လာလိမ့်မည်'' ဟု ပြန်ပြော၏။
14 Ele me disse: "Isso tudo levará duas mil e trezentas tardes e manhãs; então o santuário será reconsagrado".
15 ငါဒံယေလသည်ဗျာဒိတ်ရူပါရုံ၏အနက် ကိုသိရှိနိုင်ရန်ကြိုးစားလျက်နေစဉ် လူ့ သဏ္ဌာန်ကိုဆောင်သူတစ်ဦးသည်ငါ၏ရှေ့ တွင်ရပ်၍နေသည်ကိုမြင်ရ၏။-
15 Enquanto eu, Daniel, observava a visão e tentava entendê-la, diante de mim apareceu um ser que parecia homem.
16 ထိုအချိန်၌``အချင်းဂါဗြေလ၊ ထိုသူအား ရူပါရုံ၏အနက်ကိုဖော်ပြလော့'' ဟူ၍ဥလဲ မြစ်ဘက်မှလူ့အသံနှင့်ဟစ်၍ပြောဆိုသည် ကိုငါကြားရ၏။-
16 E ouvi a voz de um homem que vinha do Ulai: "Gabriel, dê a esse homem o significado da visão".
17 ဂါဗြေလသည်ငါ၏အနီးသို့လာ၍ရပ် လိုက်သောအခါငါသည်လွန်စွာထိတ်လန့် သွားသဖြင့်မြေသို့လဲကျလေသည်။
17 Quando ele se aproximou de mim, fiquei aterrorizado e caí prostrado. E ele me disse: "Filho do homem, saiba que a visão refere-se aos tempos do fim".
18 သူဤသို့ပြောနေစဉ်ငါသည်မေ့မြော၍ မြေပေါ်သို့လဲကျသွားလေသည်။ သို့ရာ တွင်သူသည်ငါ့အားဆွဲကိုင်ထူမပြီး လျှင်၊-
18 Enquanto ele falava comigo, caí prostrado, rosto em terra, e perdi os sentidos. Então ele tocou em mim e me pôs de pé.
19 ``ထာဝရဘုရားအမျက်တော်၏အကျိုး ဆက်ကား အဘယ်သို့ဖြစ်မည်ကိုသင့်အား ငါဖော်ပြနေခြင်းဖြစ်၏။ ရူပါရုံသည် အဆုံးစွန်သောကာလနှင့်သက်ဆိုင်၏။
19 E disse: "Vou contar-lhe o que acontecerá depois, no tempo da ira, pois a visão se refere ao tempo do fim.
20 ``သင်မြင်ရသောဦးချိုနှစ်ချောင်းရှိသည့် သိုးသည် မေဒိနှင့်ပါရှနိုင်ငံများကိုဆို လို၏။-
20 O carneiro de dois chifres que você viu representa os reis da Média e da Pérsia.
21 ဆိတ်သည်ဂရိတ်နိုင်ငံဖြစ်၏။ သူ၏မျက်စိ များအကြားမှငေါ၍ထွက်နေသောဦးချို ကား ထိုနိုင်ငံ၏ပထမမြောက်ဘုရင်ဖြစ်၏။-
21 O bode peludo é o rei da Grécia, e o grande chifre entre os seus olhos é o primeiro rei.
22 ထိုဦးချိုကျိုး၍သွားသောအခါပေါက်လာ သည့်ဦးချိုလေးချောင်းတို့မှာ ထိုနိုင်ငံမှကွဲ ပြားပေါ်ပေါက်လာမည့်နိုင်ငံလေးခုဖြစ်၏။ သို့ရာတွင်ထိုနိုင်ငံတို့သည် ပထမနိုင်ငံ လောက်အင်အားကြီးမားကြလိမ့်မည် မဟုတ်။
22 Os quatro chifres que tomaram o lugar do chifre que foi quebrado são quatro reinos que surgirão da nação daquele rei, mas não terão o mesmo poder.
23 ``ထိုနိုင်ငံများသည်ပျက်သုဉ်းချိန်နီး၍ အပြစ်ဒဏ်သင့်လောက်အောင်ယုတ်မာလာ သောအခါခေါင်းမာဆိုးညစ်၊ ကောက်ကျစ် လိမ်လည်တတ်သောဘုရင်တစ်ပါးပေါ် ပေါက်လာလိမ့်မည်။-
23 "No final do reinado deles, quando a rebelião dos ímpios tiver chegado ao máximo, surgirá um rei de duro semblante, mestre em astúcias.
24 သူသည်ကိုယ်ပိုင်စွမ်းရည်မရှိဘဲတန်ခိုး ကြီးမား၍လာလိမ့်မည်။ သူသည်ကြောက်မက် ဖွယ်ကောင်းသည့်သတ်ဖြတ်ဖျက်ဆီးမှုများ ကိုပြု၍ အဘယ်အမှုကိစ္စတွင်မဆိုအောင် မြင်လိမ့်မည်။ တန်ခိုးကြီးမားသူများနှင့် ထာဝရဘုရား၏လူမျိုးတော်တို့ကို ဖျက်ဆီးလိမ့်မည်။-
24 Ele se tornará muito forte, mas não pelo seu próprio poder. Provocará devastações terríveis e será bem sucedido em tudo o que fizer. Destruirá os homens poderosos e o povo santo.
25 သူသည်ပါးနပ်လိမ္မာသူဖြစ်သဖြင့် လိမ် လည်လှည့်စားမှုတို့တွင်အောင်မြင်လိမ့်မည်။ သူသည်မာန်မာနထောင်လွှားကာလူအ မြောက်အမြားကိုအမှတ်မထင်သုတ်သင် သတ်ဖြတ်လိမ့်မည်။ သူသည်ဘုရင်တကာ တို့၏ဘုရင်ကိုပင်လျှင်အံတုလိမ့်မည်။ သို့ ရာတွင်သူသည်လူ့လက်ဖြင့်မဟုတ်ဘဲ သုတ်သင်ဖျက်ဆီးခြင်းကိုခံရလိမ့်မည်။-
25 Com o intuito de prosperar, ele enganará a muitos, e se considerará superior aos outros. Destruirá muitos que nele confiam e se insurgirá contra o Príncipe dos príncipes. Apesar disso, ele será destruído, mas não pelo poder dos homens.
26 ညဥ့်ဦးယံ၊ နံနက်ယံပူဇော်ရာယဇ်များ နှင့်သက်ဆိုင်၍ သင့်အားငါရှင်းလင်းပြသည့် ဤရူပါရုံသည်အကောင်အထည်ပေါ်လာ လိမ့်မည်။ သို့ရာတွင်ယင်းသို့အကောင်အထည် ပေါ်ရန်အချိန်များစွာလိုသေးသဖြင့်ထို ရူပါရုံကိုလျှို့ဝှက်၍ထားလော့'' ဟုဆို၏။
26 "A visão das tardes e das manhãs que você recebeu é verdadeira; sela porém a visão, pois refere-se ao futuro distante".
27 ငါဒံယေလသည်ရက်ပေါင်းများစွာစိတ် ညှိုးငယ်လျက် မကျန်းမမာဖြစ်၍နေ၏။ ထို နောက်ငါသည်ထ၍ဘုရင်ပေးအပ်ထားသည့် အလုပ်တာဝန်ကိုဆောင်ရွက်၏။ သို့ရာတွင် ထိုဗျာဒိတ်ရူပါရုံကြောင့်စိတ်ရှုပ်ထွေးလျက် နေသဖြင့် ငါသည်ယင်း၏အနက်အဋ္ဌိပ္ပါယ် ကိုနားမလည်နိုင်ပါ။
27 Eu, Daniel, fiquei exausto e doente por vários dias. Depois levantei-me e voltei a cuidar dos negócios do rei. Fiquei assustado com a visão; estava além da compreensão.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Daniel 8, comparar traduções ou montar um estudo — tudo direto pelo WhatsApp.