Daniel 3

Common Language Bible (MYA) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည်​အ​မြင့်​ပေ​ကိုး ဆယ်၊ အ​နံ​ကိုး​ပေ​ရှိ​သော​ရွှေ​ရုပ်​ကြီး​ကို သွန်း​လုပ်​စေ​ပြီး​လျှင်​ဗာ​ဗု​လုန်​ဒု​ရ​လွင် ပြင်​တွင်​တည်​ထား​စေ​တော်​မူ​၏။-
1 O rei Nabucodonosor mandou fazer uma estátua que media vinte e sete metros de altura por dois metros e setenta de largura e ordenou que a pusessem na planície de Durá, na província da Babilônia.
2 မင်း​ကြီး​သည်​မင်း​ညီ​မင်း​သား​များ၊ ဘု​ရင်​ခံ များ၊ ဒု​တိ​ယ​ဘု​ရင်​ခံ​များ၊ တိုင်း​မင်း​ကြီး များ၊ ငွေ​တိုက်​စိုး​များ၊ တ​ရား​သူ​ကြီး​များ၊ ရဲ​မှူး​များ​အ​စ​ရှိ​သည့်​အ​ရာ​ရှိ​အ​ပေါင်း တို့​အား မိ​မိ​တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး အ​နု​မော​ဒ​နာ​ပွဲ​ကို​တက်​ရောက်​ကြ​ရန် အ​မိန့်​ပေး​တော်​မူ​၏။-
2 Depois, ordenou que todos os governadores regionais, os prefeitos, os governadores das províncias, os juízes, os tesoureiros, os magistrados, os conselheiros e todas as outras autoridades viessem à cerimônia de inauguração da estátua.
3 အ​ရာ​ရှိ​အ​ပေါင်း​တို့​သည်​ရွှေ​ရုပ်​ကြီး ၏​ရှေ့​တွင်​ရပ်​နေ​ကြ​သော​အ​ခါ၊-
3 Todos eles vieram e ficaram de pé em frente da estátua para a cerimônia de inauguração.
4 သံ​တော်​ဆင့်​တစ်​ဦး​က``ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ကို​ပြော​ဆို​ကြ​သော​လူ​မျိုး အ​သီး​သီး​နှင့်​နိုင်​ငံ​အ​သီး​သီး​က​လူ အ​ပေါင်း​တို့၊-
4 Aí o encarregado de anunciar o começo da cerimônia disse em voz alta: — Povos de todas as nações, raças e línguas!
5 သင်​တို့​သည်​တံ​ပိုး​ခ​ရာ​မှုတ်​သံ​ကို​ကြား ရ​ပြီး​နောက်​ပ​လွေ၊ ပတ်​သာ၊ စောင်း​ကြီး၊ စောင်း ငယ်​တို့​ကို​တီး​မှုတ်​သံ​ကို​လည်း​ကောင်း၊ ထို နောက်​အ​ခြား​တူ​ရိ​ယာ​များ​တီး​မှုတ်​သံ ကို​လည်း​ကောင်း​ကြား​ကြ​လိမ့်​မည်။ တူ​ရိ​ယာ တီး​မှုတ်​သံ​စ​သည်​နှင့်​တစ်​ပြိုင်​နက် နေ​ဗု​ခဒ် နေ​ဇာ​မင်း​တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး​ကို သင်​တို့​ဦး​ညွှတ်​ရှိ​ခိုး​ကြ​စေ။-
5 Quando ouvirem o som das trombetas, das flautas, das cítaras, das liras , das harpas e dos outros instrumentos musicais, ajoelhem-se todos e adorem a estátua de ouro que o rei Nabucodonosor mandou fazer.
6 ဦး​ညွှတ်​ရှိ​ခိုး​ခြင်း​မ​ပြု​သူ​မည်​သူ​မ​ဆို ပြင်း​စွာ​အ​လျှံ​ထ​လျက်​နေ​သော မီး​ဖို​ကြီး ထဲ​သို့​ချက်​ချင်း​ပစ်​ချ​ခြင်း​ကို​ခံ​စေ'' ဟု အ​သံ​ကျယ်​စွာ​ကြေ​ညာ​လေ​သည်။-
6 Quem não se ajoelhar e não adorar a estátua será jogado na mesma hora numa fornalha acesa.
7 သို့​ဖြစ်​၍​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ပြော ဆို​သော​လူ​မျိုး​အ​သီး​သီး​နှင့် နိုင်​ငံ​အ​သီး သီး​က​လူ​တို့​သည်​တူ​ရိ​ယာ​တီး​မှုတ်​သံ ကို​ကြား​သည်​နှင့်​တစ်​ပြိုင်​နက် နေ​ဗု​ခဒ် နေ​ဇာ​တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး​ကို​ဦး ညွှတ်​ရှိ​ခိုး​ကြ​ကုန်​၏။
7 Assim, logo que os instrumentos começaram a tocar, todas as pessoas que estavam ali se ajoelharam e adoraram a estátua de ouro.
8 ဗာ​ဗု​လုန်​ပြည်​သား​အ​ချို့​တို့​သည်​ယု​ဒ အ​မျိုး​သား​တို့​အား ပြစ်​တင်​ပြော​ဆို​ရန် အ​ခွင့်​ကောင်း​ကို​ယူ​၍၊-
8 Foi nessa hora que alguns astrólogos aproveitaram a ocasião para acusar os judeus.
9 နေ​ဗု​ခဒ်​နေ​ဇာ​မင်း​အား``အ​ရှင်​မင်း​ကြီး သက်​တော်​ရာ​ကျော်​ရှည်​ပါ​စေ။-
9 Eles disseram ao rei Nabucodonosor: — Que o rei viva para sempre!
10 တူ​ရိ​ယာ​စ​တင်​တီး​မှုတ်​သည်​နှင့်​တစ်​ပြိုင် နက်​ရွှေ​ရုပ်​ကြီး​အား​လူ​တိုင်း​ဦး​ညွှတ်​ရှိ ခိုး​စေ။-
10 O senhor deu a seguinte ordem: “Quando ouvirem o som dos instrumentos musicais, todos se ajoelharão e adorarão a estátua de ouro.
11 ထို​အ​ရုပ်​ကြီး​အား​ဦး​ညွှတ်​ခြင်း​မ​ပြု​သူ ဟူ​သ​မျှ​သည် ပြင်း​စွာ​အ​လျှံ​ထ​လျက်​နေ သော​မီး​ဖို​ကြီး​ထဲ​သို့​ပစ်​ချ​ခြင်း​ကို​ခံ​စေ ဟူ​၍​အ​ရှင်​အ​မိန့်​တော်​ထုတ်​ပြန်​ခဲ့​ပါ​၏။-
11 Quem desobedecer a essa ordem será jogado numa fornalha acesa.”
12 ဗာ​ဗု​လုန်​နယ်​ကို​အုပ်​ချုပ်​ရန်​အ​ရှင်​မင်း ကြီး​တာ​ဝန်​ပေး​ထား​သူ​ရှာ​ဒ​ရက်၊ မေ​ရှက် နှင့်​အ​ဗေ​ဒ​နေ​ဂေါ​ဟူ​သော​ယု​ဒ​အ​မျိုး သား​များ​သည် အ​ရှင်​၏​အ​မိန့်​တော်​ကို မ​နာ​ခံ​ဘဲ​နေ​ကြ​ပါ​၏။ သူ​တို့​သည် အ​ရှင်​၏​ဘု​ရား​ကို​ရှိ​မ​ခိုး​ကြ​ပါ။ အရှင် တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး​ကို​လည်း​ဦး မ​ညွှတ်​ကြ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။
12 Ora, o senhor pôs como administradores da província da Babilônia alguns judeus. Esses judeus — Sadraque, Mesaque e Abede-Nego — não respeitam o senhor, não prestam culto ao deus do senhor, nem adoram a estátua de ouro que o senhor mandou fazer.
13 ထို​အ​ခါ​မင်း​ကြီး​သည်​ပြင်း​စွာ​အ​မျက် ထွက်​တော်​မူ​သ​ဖြင့် ထို​သူ​သုံး​ယောက်​ကို အ​ထံ​တော်​သို့​ခေါ်​ဆောင်​ခဲ့​ရန်​အ​မိန့် ပေး​တော်​မူ​၏။-
13 Ao ouvir isso, Nabucodonosor ficou furioso e mandou chamar Sadraque, Mesaque e Abede-Nego. Eles foram levados para o lugar onde o rei estava,
14 မင်း​ကြီး​က``ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့်​အ​ဗေ​ဒ နေ​ဂေါ​တို့ သင်​တို့​သည်​ငါ​၏​ဘု​ရား​ကို​ရှိ မ​ခိုး၊ ငါ​စိုက်​ထူ​တည်​ထား​သည့်​ရွှေ​ရုပ်​ကြီး ကို​ဦး​မ​ညွှတ်​ဘဲ​နေ​ကြ​သည်​ဟု​ဆို​သည် မှာ​မှန်​သ​လော။-
14 e ele lhes disse: — É verdade que vocês não prestam culto ao meu deus, nem adoram a estátua de ouro que eu mandei fazer?
15 ယ​ခု​သင်​တို့​သည်​တံ​ပိုး​ခ​ရာ၊ ပ​လွေ၊ စောင်း ငယ်၊ ပတ်​သာ၊ စောင်း​ကြီး​နှင့်​အ​ခြား​တူ​ရိ ယာ​များ​တီး​မှုတ်​သံ​ကို​ကြား​သည်​နှင့်​တစ် ပြိုင်​နက်​ရွှေ​ရုပ်​ကြီး​ကို​ဦး​ညွှတ်​ရှိ​ခိုး​ကြ လော့။ အ​ကယ်​၍​ရှိ​မ​ခိုး​ကြ​ပါ​က​သင်​တို့ သည်​ပြင်း​စွာ​အ​လျှံ​ထ​လျက်​နေ​သော​မီး ဖို​ထဲ​သို့​ချက်​ချင်း​ပစ်​ချ​ခြင်း​ကို​ခံ​ရ ကြ​လတ္တံ့။ သင်​တို့​အား​ကယ်​နိုင်​မည့်​ဘု​ရား ရှိ​သည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​သ​လော'' ဟု​မိန့်​တော်​မူ​၏။
15 Pois bem! Será que agora vocês estão dispostos a se ajoelhar e a adorar a estátua, logo que os instrumentos musicais começarem a tocar? Se não, vocês serão jogados na mesma hora numa fornalha acesa. E quem é o deus que os poderá salvar?
16 ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့်​အ​ဗေ​ဒ​နေ​ဂေါ​တို့ က``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​တို့​သည်​မိ​မိ တို့​အ​တွက်​ထု​ချေ​လျှောက်​လဲ​ကြ​မည် မ​ဟုတ်​ပါ။-
16 Sadraque, Mesaque e Abede-Nego responderam assim: — Ó rei, nós não vamos nos defender.
17 အ​ကျွန်ုပ်​တို့​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင် သည် အ​ကျွန်ုပ်​တို့​အား​ပြင်း​စွာ​အ​လျှံ​ထ လျက်​ရှိ​သော​မီး​ဖို​ကြီး​ထဲ​မှ​လည်း​ကောင်း၊ အ​ရှင်​၏​လက်​မှ​လည်း​ကောင်း​ကယ်​နိုင် လျှင်​လည်း​ကယ်​တော်​မူ​မည်။-
17 Pois, se o nosso Deus, a quem adoramos, quiser, ele poderá nos salvar da fornalha e nos livrar do seu poder, ó rei.
18 ကယ်​တော်​မ​မူ​လျှင်​လည်း​အ​ကျွန်ုပ်​တို့ သည်​အ​ရှင်​၏​ဘု​ရား​ကို​ရှိ​မ​ခိုး၊ အ​ရှင် ၏​ရွှေ​ရုပ်​ကြီး​ကို​လည်း​ဦး​မ​ညွှတ်​ကြောင်း သိ​မှတ်​တော်​မူ​ပါ'' ဟု​ပြန်​လည်​လျှောက် ထား​ကြ​၏။
18 E mesmo que o nosso Deus não nos salve, o senhor pode ficar sabendo que não prestaremos culto ao seu deus, nem adoraremos a estátua de ouro que o senhor mandou fazer.
19 ထို​အ​ခါ​နေ​ဗု​ခဒ်​နေ​ဇာ​သည်​မိ​မိ​စိတ်​ကို မ​ချုပ်​တည်း​နိုင်​တော့​ဘဲ ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့် အ​ဗေ​ဒ​နေ​ဂေါ​တို့​အ​ပေါ်​တွင်​အ​မျက်​ထွက် ကာ​မျက်​နှာ​နီ​မြန်း​၍​လာ​တော်​မူ​၏။ ထို ကြောင့်​မင်း​ကြီး​သည်​မီး​ဖို​ကြီး​ကို​ခု​နစ်​ဆ မျှ​ပို​၍​ပူ​အောင်​မီး​ထိုး​စေ​တော်​မူ​ပြီး​လျှင်၊-
19 Ao ouvir isso, Nabucodonosor ficou furioso com os três jovens e, vermelho de raiva, mandou que se esquentasse a fornalha sete vezes mais do que de costume.
20 မိ​မိ​၏​တပ်​မ​တော်​တွင်​ခွန်​အား​အ​ကြီး​မား ဆုံး​သော​သူ​တို့​အား ထို​သူ​သုံး​ယောက်​ကို ပြင်း​စွာ​အ​လျှံ​ထ​လျက်​ရှိ​သော​မီး​ဖို​ကြီး ထဲ​သို့​ပစ်​ချ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။-
20 Depois, mandou que os seus soldados mais fortes amarrassem Sadraque, Mesaque e Abede-Nego e os jogassem na fornalha.
21 သို့​ဖြစ်​၍​သူ​တို့​သည်​ထို​သူ​သုံး​ယောက်​တို့ အား​ဘောင်း​ဘီ၊ အင်္ကျီ၊ ဝတ်​လုံ​အင်္ကျီ​အ​စ​ရှိ သည့်​အ​ဝတ်​တန်​ဆာ​များ​နှင့်​တ​ကွ​တုပ် နှောင်​ပြီး​လျှင် ပြင်း​စွာ​အ​လျှံ​ထ​လျက်​နေ သော​မီး​ဖို​ကြီး​ထဲ​သို့​ပစ်​ချ​လိုက်​ကြ​၏။-
21 Os três jovens, completamente vestidos com os seus mantos , capas , chapéus e todas as outras roupas, foram amarrados e jogados na fornalha.
22 မင်း​ကြီး​ကြပ်​တည်း​စွာ​မိန့်​မှာ​တော်​မူ​ခဲ့​သည့် အ​တိုင်း မီး​ဖို​ကြီး​ကို​အ​လွန့်​အ​လွန်​ပူ​အောင် ပြု​လုပ်​ထား​သ​ဖြင့်​ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ ဒ​နေ​ဂေါ​တို့​အား​မီး​ဖို​ကြီး​သို့​သယ်​ဆောင် လာ​သော​သူ​တို့​သည် မီး​လျှံ​အ​ရှိန်​ကြောင့် သေ​ကြ​ကုန်​၏။-
22 A ordem do rei tinha sido cumprida, e a fornalha estava mais quente do que nunca; por isso, as labaredas mataram os soldados que jogaram os três jovens lá dentro.
23 သို့​ဖြစ်​၍​ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ တို့​သည် တုပ်​နှောင်​လျက်​ပင်​ပြင်း​စွာ​အ​လျှံ ထ​လျက်​နေ​သော​မီး​ဖို​ကြီး​ထဲ​သို့​ကျ ရောက်​သွား​ကြ​လေ​သည်။
23 E, amarrados, Sadraque, Mesaque e Abede-Nego caíram na fornalha.
24 ထို​အ​ခါ​နေ​ဗု​ခဒ်​နေ​ဇာ​သည်​အံ့​အား​သင့် လျက် ရုတ်​တ​ရက်​ထ​တော်​မူ​ပြီး​လျှင် မိ​မိ ၏​အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​များ​အား``ငါ​တို့ သည်​လူ​သုံး​ယောက်​တို့​ကို​တုပ်​နှောင်​၍​ပြင်း စွာ​အ​လျှံ​ထ​လျက်​ရှိ​သည့်​မီး​ဖို​ကြီး​ထဲ သို့​ပစ်​ချ​ခဲ့​ကြ​သည်​မ​ဟုတ်​ပါ​လော'' ဟု မေး​တော်​မူ​၏။
24 De repente, Nabucodonosor se levantou e perguntou, muito espantado, aos seus conselheiros: — Não foram três os homens que amarramos e jogamos na fornalha? — Sim, senhor! — responderam eles.
25 ထို​သူ​တို့​က``မှန်​ပါ​သည်​အ​ရှင်​မင်း​ကြီး'' ဟု​လျှောက်​ထား​လျှင်၊
25 — Como é, então, que estou vendo quatro homens andando soltos na fornalha? — perguntou o rei. — Eles estão passeando lá dentro, sem sofrerem nada. E o quarto homem parece um anjo.
26 သို့​ဖြစ်​၍​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် ပြင်း​စွာ အ​လျှံ​ထ​လျက်​နေ​သော​မီး​ဖို​ကြီး​အ​ဝ သို့​ချဉ်း​ကပ်​ပြီး​လျှင်``အ​မြင့်​မြတ်​ဆုံး​သော ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ရှာ​ဒ​ရက်၊ မေ​ရှက် နှင့်​အ​ဗေ​ဒ​နေ​ဂေါ​တို့၊ မီး​ဖို​ထဲ​မှ​ထွက်​လာ ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​သူ​တို့ သည်​ချက်​ချင်း​ပင်​ထွက်​လာ​ကြ​၏။-
26 Aí o rei chegou perto da porta da fornalha e gritou: — Sadraque, Mesaque e Abede-Nego, Os três saíram da fornalha,
27 မင်း​ညီ​မင်း​သား​များ၊ ဘု​ရင်​ခံ​များ၊ ဒု​တိ​ယ ဘု​ရင်​ခံ​များ​နှင့်​ဘု​ရင့်​အ​တိုင်​ပင်​ခံ​အ​ရာ ရှိ​အ​ပေါင်း​တို့​သည် မီး​လောင်​ခြင်း​မ​ခံ​ရ ကြ​သော​လူ​သုံး​ဦး​တို့​ကို​ဝိုင်း​၍​ကြည့်​ရှု​ကြ ကုန်​၏။ ထို​သူ​တို့​၏​ဆံ​ခြည်​ပင်​တစ်​ပင်​မျှ မီး​မ​မြိုက်။ အ​ဝတ်​အင်္ကျီ​များ​သည်​မီး​မ​လောင်၊ သူ​တို့​ကိုယ်​မှ​မီး​ခိုး​နံ့​လည်း​မ​ရ။
27 e todas as autoridades que estavam ali chegaram perto deles e viram que o fogo não havia feito nenhum mal a eles. As labaredas não tinham chamuscado nem um cabelo da sua cabeça, as suas roupas não estavam queimadas, e eles não estavam com cheiro de fumaça.
28 မင်း​ကြီး​က``ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့်​အ​ဗေ​ဒ နေ​ဂေါ​တို့​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​ကို ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​ကောင်း ကင်​တ​မန်​ကို​စေ​လွှတ်​တော်​မူ​၍ မိ​မိ​ကို​ယုံ ကြည်​ကိုး​စား​ကြ​သော​ဤ​သူ​သုံး​ဦး​တို့ အား​ကယ်​တင်​တော်​မူ​၏။ သူ​တို့​သည်​မိ​မိ တို့​၏​ဘု​ရား​မှ​တစ်​ပါး​အ​ခြား​ဘု​ရား​ကို ဦး​ညွှတ်​ရှိ​ခိုး​မည့်​အ​စား မိ​မိ​တို့​အ​သက် ဘေး​ကို​ပင်​ပ​မာ​ဏ​မ​ပြု​ဘဲ​ငါ​၏​အ​မိန့် ကို​ဖီ​ဆန်​ခဲ့​ကြ​၏။
28 O rei gritou: — Que o Deus de Sadraque, Mesaque e Abede-Nego seja louvado! Ele enviou o seu Anjo e salvou os seus servos, que confiam nele. Eles não cumpriram a minha ordem; pelo contrário, escolheram morrer em vez de se ajoelhar e adorar um deus que não era o deles.
29 ``ထို​ကြောင့်​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ကို ပြော​ဆို​သော​လူ​မျိုး​အ​သီး​သီး​နှင့်​နိုင်​ငံ အ​သီး​သီး​က​မည်​သူ​မ​ဆို​ရှာ​ဒ​ရက်၊ မေ​ရှက် နှင့်​အ​ဗေ​ဒ​နေ​ဂေါ​တို့​၏​ဘု​ရား​အား​မ​ရို မ​သေ​ပြော​ဆို​သည်​ဆို​အံ့၊ ထို​သူ​အား​အ​ပိုင်း ပိုင်း​ဖြတ်​၍​နေ​အိမ်​ကို​လည်း ပြာ​ပုံ​ဖြစ်​စေ ဟု​ယ​ခု​ငါ​အ​မိန့်​ပေး​၏။ ထို​သူ​သုံး​ဦး​တို့ ၏​ဘု​ရား​ကဲ့​သို့​အ​ဘယ်​ဘု​ရား​မျှ​မ​ကယ် တင်​နိုင်'' ဟု​မိန့်​တော်​မူ​၏။
29 Por isso, ordeno que qualquer pessoa, seja qual for a sua raça, nação ou língua, que insultar o nome do Deus de Sadraque, Mesaque e Abede-Nego seja cortada em pedaços e que a sua casa seja completamente arrasada. Pois não há outro Deus que possa salvar como este.
30 ထို​နောက်​မင်း​ကြီး​သည် ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့် အ​ဗေ​ဒ​နေ​ဂေါ​တို့​အား ဗာ​ဗု​လုန်​ပြည် နယ်​တွင်​ပို​မို​ကြီး​မြင့်​သည့်​ရာ​ထူး​များ ဖြင့်​ချီး​မြှင့်​တော်​မူ​လေ​သည်။
30 Então o rei Nabucodonosor colocou os três jovens em cargos ainda mais importantes na província da Babilônia.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Daniel 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.