Daniel 1

Common Language Bible (MYA) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ယု​ဒ​ဘု​ရင်​ယော​ယ​ကိမ်​နန်း​စံ​သုံး​နှစ်​မြောက်​၌ ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ချီ​တက်​ဝိုင်း​ရံ​ထား​၏။-
1 No terceiro ano do reinado de Jeoaquim, em Judá, Nabucodonosor, rei da Babilônia, veio a Jerusalém e cercou a cidade.
2 ထာ​ဝ​ရ​ဘု​ရား​သည်​နေ​ဗု​ခဒ်​နေ​ဇာ​အား ယော​ယ​ကိမ်​မင်း​ကို​ဖမ်း​ဆီး​ခွင့်​နှင့်​ဗိ​မာန်​တော်​ဘဏ္ဍာ​အ​ချို့​ကို​သိမ်း​ယူ​ခွင့်​ပေး​တော်​မူ​၏။ နေ​ဗု​ခဒ်​နေ​ဇာ​သည်​သုံ့​ပန်း​များ​ကို​ဗာ​ဗု​လုန်​ပြည်​ရှိ မိ​မိ​၏​ဘု​ရား​ဝတ်​ကျောင်း​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင် ဖမ်း​ဆီး​သိမ်း​ယူ​ခဲ့​သည့်​ဘဏ္ဍာ​များ​ကို​ဝတ်​ကျောင်း​ဘဏ္ဍာ​တိုက်​တွင်​ထား​တော်​မူ​၏။
2 O Senhor lhe deu vitória sobre Jeoaquim, rei de Judá, e permitiu que levasse para a terra da Babilônia alguns dos utensílios sagrados do templo de Deus. Nabucodonosor os colocou na casa do tesouro de seu deus.
3 — ausente —
3 O rei ordenou que Aspenaz, o chefe de seus oficiais, trouxesse ao palácio alguns dos jovens israelitas da família real e de outras famílias da nobreza.
4 — ausente —
4 Disse o rei: “Escolha somente rapazes saudáveis e de boa aparência, que sejam instruídos em diversas áreas do conhecimento, que tenham entendimento e bom senso e sejam capacitados para servir no palácio real. Ensine a esses jovens a língua e a literatura da Babilônia”.
5 ပွဲ​တော်​စာ​နှင့်​စ​ပျစ်​ရည်​ကို​နေ့​စဉ်​နေ့​တိုင်း​စား​သောက်​စေ​ရန်​လည်း မိန်း​မ​စိုး​အုပ်​အား​အ​မိန့်​ပေး​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​သုံး​နှစ်​တိုင်​တိုင်​လေ့​ကျင့်​ပေး​ပြီး​မှ​သူ​တို့​အား​ဘု​ရင်​၏​ရှေ့​တော်​သို့​သွင်း​ရ​ကြ​မည်။-
5 O rei determinou que recebessem, de suas próprias cozinhas, uma porção diária de alimento e vinho. Os rapazes seriam treinados durante três anos e depois passariam a servir ao rei.
6 ယင်း​သို့​ရွေး​ချယ်​ခြင်း​ခံ​ကြ​ရ​သူ​တို့​ထဲ​တွင်​ဒံ​ယေ​လ၊ ဟာ​န​နိ၊ မိ​ရှေ​လ​နှင့်​အာ​ဇ​ရိ​တို့​ပါ​ဝင်​ကြ​၏။ သူ​တို့​အား​လုံး​ပင်​ယု​ဒ​အ​နွယ်​ဝင်​များ​ဖြစ်​ကြ​သည်။-
6 Daniel, Hananias, Misael e Azarias, todos da tribo de Judá, estavam entre os escolhidos.
7 မိန်း​မ​စိုး​အုပ်​သည်​ဒံ​ယေ​လ​ကို​ဗေ​လ​တ​ရှာ​ဇာ၊ ဟာ​န​နိ​ကို​ရှာ​ဒ​ရက်၊ မိ​ရှေ​လ​ကို​မေ​ရှက်၊ အာ​ဇ​ရိ​ကို​အ​ဗေ​ဒ​နေ​ဂေါ​ဟူ​၍​နာ​မည်​သစ်​ကို​ပေး​၏။
7 O chefe dos oficiais lhes deu novos nomes babilônios: Daniel passou a ser chamado de Beltessazar; Hananias, de Sadraque; Misael, de Mesaque; Azarias, de Abede-Nego.
8 ဒံ​ယေ​လ​သည်​ပွဲ​တော်​စာ​နှင့်​စ​ပျစ်​ရည်​တို့​ကို​စား​သောက်​ခြင်း​အား​ဖြင့် မိ​မိ​ကိုယ်​ကို​ဘာ​သာ​ရေး​ကျင့်​ထုံး​အ​ရ​မ​ညစ်​ညမ်း​စေ​ရန်​စိတ်​ပိုင်း​ဖြတ်​ပြီး​လျှင် မိန်း​မ​စိုး​အုပ်​အာ​ရှ​ပေ​နတ်​၏​အ​ကူ​အ​ညီ​ကို​တောင်း​ခံ​လေ​၏။-
8 Daniel, porém, decidiu não se contaminar com a comida e o vinho que o rei lhes tinha dado. Pediu permissão ao chefe dos oficiais para não comer esses alimentos, a fim de não se contaminar.
9 ဘု​ရား​သ​ခင်​သည်​လည်း​ဒံ​ယေ​လ​အ​ပေါ်​တွင် ကိုယ်​ချင်း​စာ​၍​သ​နား​လာ​စေ​ရန်​အာ​ရှ​ပေ​နတ်​၏​စိတ်​ကို​ပြု​ပြင်​တော်​မူ​၏။-
9 Deus havia feito que o chefe dos oficiais mostrasse compaixão e simpatia a Daniel.
10 သို့​ရာ​တွင်​အာရှ​ပေ​နတ်​သည်​မင်း​ကြီး​ကို​ကြောက်​သ​ဖြင့်​ဒံ​ယေ​လ​အား``မင်း​ကြီး​သည်​သင်​တို့​စား​သောက်​ကြ​ရ​မည့်​အ​စား​အ​စာ​များ​ကို​ပြ​ဋ္ဌာန်း​ပေး​တော်​မူ​ခဲ့​ပါ​သည်။ ထို​ကြောင့်​အ​ကယ်​၍​သင်​တို့​သည်​အ​ခြား​လူ​ငယ်​လူ​ရွယ်​များ​နည်း​တူ ကျန်း​မာ​သန်​စွမ်း​မှု​မ​ရှိ​ပါ​က​ငါ​အ​သတ်​ခံ​ရ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။
10 Apesar disso, Aspenaz disse: “Tenho medo de meu senhor, o rei. Ele determinou o alimento que vocês devem comer e o vinho que devem beber. Se ficarem com a aparência abatida em comparação com os outros rapazes de sua idade, temo que o rei mande cortar minha cabeça”.
11 သို့​ဖြစ်​၍​ဒံ​ယေ​လ​သည်​မိ​မိ​နှင့်​အ​ဖော်​သုံး​ဦး​တို့​အား​စောင့်​ကြပ်​ရန် အာ​ရှ​ပေ​နတ်​တာ​ဝန်​ပေး​ခြင်း​ခံ​ရ​သူ​ထံ​သို့​သွား​၍၊-
11 Daniel falou com o assistente designado pelo chefe dos oficiais para cuidar dele, de Hananias, Misael e Azarias.
12 ``ငါ​တို့​စား​သောက်​ရန်​အ​တွက်​အ​သီး​အ​နှံ​နှင့် ရေ​ကို​သာ​ကျွေး​၍​ဆယ်​ရက်​မျှ​စမ်း​ကြည့်​ပါ။-
12 “Faça uma experiência conosco durante dez dias”, disse. “Dê-nos apenas legumes para comer e água para beber.
13 ထို​နောက်​ပွဲ​တော်​စာ​များ​စား​သောက်​ရ​သူ​လူ​ငယ်​လူ​ရွယ်​များ​နှင့်​ငါ​တို့​အား​နှိုင်း​ယှဉ်​ကြည့်​ပြီး​လျှင် သင်​တို့​တွေ့​မြင်​ရ​သည့်​ငါ​တို့​ရုပ်​ဆင်း​သဏ္ဌာန်​အ​ပေါ်​တွင်​မူ​တည်​၍ ငါ​တို့​အား​အ​ဘယ်​သို့​ကျွေး​မွေး​သင့်​သည်​ကို​ဆုံး​ဖြတ်​ပါ​လော့'' ဟု​ဆို​၏။
13 Terminados os dez dias, compare nossa aparência com a dos outros rapazes que comem a comida do rei. Depois, decida de acordo com o que você vir.”
14 စောင့်​ကြပ်​သူ​သည်​ဤ​သို့​ဆယ်​ရက်​မျှ​သူ​တို့​အား​စမ်း​ကြည့်​ရန်​သ​ဘော​တူ​လိုက်​၏။-
14 O assistente concordou com a sugestão e fez a experiência com eles durante dez dias.
15 အ​ချိန်​စေ့​သော​အ​ခါ​သူ​တို့​သည်​ပွဲ​တော်​စာ​စား​သောက်​ကြ​သူ​များ​ထက် ပို​၍​ကျန်း​မာ​သန်​စွမ်း​လျက်​ရှိ​ကြောင်း​တွေ့​မြင်​ရ​လေ​သည်။-
15 Passados os dez dias, Daniel e seu três amigos pareciam mais saudáveis e bem nutridos que os outros rapazes que se alimentavam da comida do rei.
16 ထို့​ကြောင့်​စောင့်​ကြပ်​သူ​သည်​ပွဲ​တော်​စာ​နှင့်​စ​ပျစ်​ရည်​အ​စား သူ​တို့​အား​အ​သီး​အ​နှံ​ကို​သာ​ကျွေး​လေ​သည်။
16 Depois disso, o assistente só lhes dava legumes em vez da comida e do vinho servidos aos outros.
17 ဘု​ရား​သ​ခင်​သည်​ထို​လူ​ငယ်​လူ​ရွယ်​လေး​ယောက်​တို့​အား စာ​ပေ​နှင့်​အ​ထူး​ထူး​အ​ပြား​ပြား​သော​ပ​ညာ​ရပ်​တို့​တွင်​တတ်​သိ​ကျွမ်း​ကျင်​မှု​ကို​ပေး​တော်​မူ​၏။ ထို့​အ​ပြင်​လည်း​ဒံ​ယေ​လ​အား​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​နှင့်​အိပ်​မက်​များ​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​ပြ​ဆို​နိုင်​သော​စွမ်း​ရည်​ကို​လည်း​ပေး​တော်​မူ​၏။
17 Deus concedeu aos quatro rapazes aptidão incomum para entender todos os aspectos da literatura e da sabedoria, e a Daniel concedeu a capacidade especial de interpretar sonhos e visões.
18 မင်း​ကြီး​သတ်​မှတ်​ပေး​သည့်​သုံး​နှစ်​တာ​ကာ​လ​ကုန်​ဆုံး​သွား​သော​အ​ခါ​အာ​ရှ​ပေ​နတ်​သည် လူ​ငယ်​လူ​ရွယ်​အား​လုံး​တို့​အား​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​၏​ထံ​တော်​သို့​သွင်း​လေ​၏။-
18 Ao término do período de treinamento ordenado pelo rei, o chefe dos oficiais levou todos os rapazes a Nabucodonosor.
19 မင်း​ကြီး​သည်​ထို​သူ​ရှိ​သ​မျှ​တို့​နှင့်​ဆွေး​နွေး​မေး​မြန်း​တော်​မူ​ရာ​ဒံ​ယေ​လ၊ ဟာ​န​နိ၊ မိ​ရှေ​လ​နှင့်​အာ​ဇ​ရိ​တို့​သည်​အ​ခြား​သူ​တို့​ထက်​ပို​၍​ဉာဏ်​ပ​ညာ​ကောင်း​ကြောင်း​တွေ့​ရှိ​ရ​လေ​သည်။ သို့​ဖြစ်​၍​သူ​တို့​သည်​အ​ပါး​တော်​တွင်​ခ​စား​ခွင့်​ရ​ကြ​၏။-
19 O rei conversou com eles, e nenhum o impressionou tanto quanto Daniel, Hananias, Misael e Azarias. E, assim, passaram a servir ao rei.
20 မင်း​ကြီး​သည်​အ​ဘယ်​မေး​ခွန်း​ကို​ပင်​မေး​သည်​မ​ဆို၊ အ​ဘယ်​ပြ​ဿ​နာ​ကို​ပင်​တင်​ပြ​သည်​မ​ဆို​ထို​သူ​လေး​ဦး​တို့​သည်​နိုင်​ငံ​တစ်​ဝန်း​လုံး​ရှိ​ဗေ​ဒင်​ဆ​ရာ၊ မှော်​ဆ​ရာ​များ​ထက်​ဆယ်​ဆ​မျှ​ပို​၍​တတ်​သိ​နား​လည်​ကြ​သည်​ကို​တွေ့​ရှိ​တော်​မူ​၏။-
20 Sempre que o rei os consultava sobre alguma questão que exigia sabedoria e discernimento, observava que eles eram dez vezes mais capazes que todos os magos e encantadores de seu reino.
21 ဒံ​ယေ​လ​သည်​ဗာ​ဗု​လုန်​ပြည်​ကို​ပါ​ရှ​နိုင်​ငံ​၏​ဧ​က​ရာဇ်​မင်း​ဖြစ်​သူ ကု​ရု​မင်း​တိုက်​ခိုက်​အောင်​မြင်​၍​နန်း​တက်​လာ​ချိန်​တိုင်​အောင်​နန်း​တော်​တွင်​ရှိ​နေ​သ​တည်း။
21 Daniel continuou no palácio até o primeiro ano do reinado de Ciro.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Daniel 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.