Colossenses 1

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ​ခ​ရစ် တော်​ယေ​ရှု​၏​တ​မန်​တော်​ဖြစ်​သူ ငါ​ပေါ​လု နှင့်​ငါ​တို့​၏​ညီ​တိ​မော​သေ​ထံ​မှ၊-
1 Paulo, apóstolo de Jesus Cristo pela vontade de Deus, e o irmão Timóteo,
2 ကော​လော​သဲ​မြို့​ရှိ​ဘု​ရား​သ​ခင်​၏​လူ​စု​တော် ဝင်​များ​ဖြစ်​သူ၊ ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​လျက်​ခ​ရစ်​တော်​ကို​သစ္စာ​ရှိ​သူ​ညီ အစ်​ကို​များ​ထံ​သို့​စာ​ရေး​လိုက်​ပါ​သည်။ သင် တို့​သည်​ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​ထံ​တော် မှ​ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို​ခံ​စား ကြ​ရ​ပါ​စေ​သော။
2 aos irmãos em Cristo, santos e fiéis de Colossos: a vós, graça e paz da parte de Deus, nosso Pai!
3 ငါ​တို့​သည်​သင်​တို့​အ​တွက်​ဆု​တောင်း​ပတ္ထ​နာ ပြု​သည့်​အ​ခါ​တိုင်း​ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ် ၏​ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​၏။-
3 Nas contínuas orações que por vós fazemos, damos graças a Deus, Pai de nosso Senhor Jesus Cristo,
4 အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည်​ခ​ရစ်​တော် ယေ​ရှု​ကို​ယုံ​ကြည်​၍ ဘု​ရား​သ​ခင်​၏​လူ​စု​တော် ဝင်​အ​ပေါင်း​တို့​အား​ချစ်​ကြ​သည်​ကို​ငါ​တို့ ကြား​သိ​ရ​သော​ကြောင့်​ဖြစ်​ပေ​သည်။-
4 porque temos ouvido falar da vossa fé em Jesus Cristo e da vossa caridade com os irmãos,
5 သမ္မာ​တ​ရား​တည်း​ဟူ​သော​သ​တင်း​ကောင်း​ကို သင်​တို့​ပ​ထ​မ​ဆုံး​အကြိမ်​ကြား​နာ​ရ​သော အ​ခါ မျှော်​လင့်​ရာ​အ​ကြောင်း​ကို​သင်​တို့​ကြား သိ​ရ​ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​၏​ယုံကြည်​ခြင်း နှင့်​ချစ်​ခြင်း​သည်​ကောင်း​ကင်​ဘုံ​၌ သင်​တို့​အ​ဖို့ လုံ​ခြုံ​စွာ​လျာ​ထား​သည့်​မျှော်​လင့်​ရာ​အ​ပေါ် တွင်​မူ​တည်​လျက်​နေ​၏။-
5 em vista da esperança que vos está reservada nos céus. Esperança que vos foi transmitida pela pregação da verdade do Evangelho,
6 သင်​တို့​သည်​ဘု​ရား​သခင်​၏​ကျေး​ဇူး​တော် အ​ကြောင်း​ကို​ကြား​ရ​ပြီး​သည့်​နေ့​မှ​စ​၍ ထို ကျေး​ဇူး​တော်​ကို​အ​မှန်​သိ​မြင်​ခံ​စား​ရ​ကြ သည်​နှင့်​အ​မျှ​သ​တင်း​ကောင်း​သည် သင်​တို့ ထံ​သို့​ပျံ့​နှံ့​၍​လာ​ပေ​သည်။ ထို​နည်း​တူ​စွာ သ​တင်း​ကောင်း​သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​သို့ ပျံ့​နှံ့​၍ ကောင်း​ချီး​မင်္ဂလာ​များ​ခံ​စား​စေ လျက်​ရှိ​ပေ​သည်။-
6 que chegou até vós, assim como toma incremento no mundo inteiro e produz frutos sempre mais abundantes. É o que acontece entre vós, desde o dia em que ouvistes anunciar a graça de Deus e verdadeiramente a conhecestes,
7 ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​အ​ကြောင်း ကို​သင်​တို့​အား​သင်​ကြား​ပေး​သူ​မှာ ငါ​တို့ နှင့်​အ​တူ​ခ​ရစ်​တော်​၏​အမှု​တော်​ကို​ထမ်း ဆောင်​သူ၊ ငါ​တို့​ချစ်​မြတ်​နိုး​သူ​ဧပဖြ​ဖြစ်​၏။ သူ​သည်​ငါ​တို့​၏​ကိုယ်​စား​သစ္စာ​ရှိ​စွာ​ခ​ရစ် တော်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​သူ​ဖြစ် ပေ​သည်။-
7 pela pregação de Epafras, nosso muito amado companheiro no ministério. Ele nos ajuda como fiel ministro de Cristo.
8 ဝိ​ညာဉ်​တော်​မှ​ရ​ရှိ​သော​သင်​တို့​၏​မေတ္တာ အ​ကြောင်း​ကို​ငါ​တို့​အား​သူ​ပြော​ပြ​၏။
8 Foi ele que nos informou do amor com que o Espírito vos anima.
9 သို့​ဖြစ်​ခြင်း​ကြောင့်​သင်​တို့​၏​သ​တင်း​ကို​ကြား ရ​သည့်​နေ့​မှ​စ​၍ ငါ​တို့​သည်​သင်​တို့​အ​တွက် အ​စဉ်​မ​ပြတ်​ဆု​တောင်း​ပတ္ထနာ​ပြု​လျက်​နေ​၏။ သင်​တို့​သည်​ဝိ​ညာဉ်​တော်​ချ​ပေး​တော်​မူ​သော ဉာဏ်​ပ​ညာ​နှင့်​ပြည့်​စုံ​သ​ဖြင့် ဘု​ရား​သ​ခင် ၏​အ​လို​တော်​ကို​ကောင်း​စွာ​သိ​ရှိ​ကြ​စေ​ရန် ဘု​ရား​သ​ခင်​အား​ငါ​တို့​ဆု​တောင်း​ကြ ပါ​၏။-
9 Por isso, também nós, desde o dia em que o soubemos, não cessamos de orar por vós e pedir a Deus para que vos conceda pleno conhecimento da sua vontade, perfeita sabedoria e penetração espiritual,
10 သို့​မှ​သာ​အ​စဉ်​အ​မြဲ​သ​ခင်​ဘု​ရား​နှစ်​သက် တော်​မူ​စေ​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​၏​ဘုန်း အ​သ​ရေ​တော်​ထွန်း​တောက်​စေ​ရန်​လည်း​ကောင်း သင်​တို့​ပြု​မူ​ကျင့်​ကြံ​နိုင်​ကြ​လိမ့်​မည်။ ယင်း သို့​ပြု​မူ​ကျင့်​ကြံ​သ​ဖြင့် ကောင်း​မြတ်​သည့် အ​ကျင့်​အ​မျိုး​မျိုး​တည်း​ဟူ​သော​အ​သီး အ​ပွင့်​များ​ကို​ဖြစ်​ထွန်း​စေ​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​ကို​လည်း​တိုး​၍​သိ​ကျွမ်း လာ​ကြ​လိမ့်​မည်။-
10 para que vos comporteis de maneira digna do Senhor, procurando agradar-lhe em tudo, frutificando em toda boa obra e crescendo no conhecimento de Deus.
11 — ausente —
11 Para que, confortados em tudo pelo seu glorioso poder, tenhais a paciência de tudo suportar com longanimidade.
12 — ausente —
12 Sede contentes e agradecidos ao Pai, que vos fez dignos de participar da herança dos santos na luz.
13 ကိုယ်​တော်​သည်​ငါ​တို့​အား​မှောင်​မိုက်​၏ တန်​ခိုး​မှ​ကယ်​နုတ်​တော်​မူ​၍ မိ​မိ​ချစ်​မြတ် နိုး​တော်​မူ​သော​သား​တော်​၏​နိုင်​ငံ​တော်​ထဲ သို့​ခေါ်​သွင်း​တော်​မူ​၏။-
13 Ele nos arrancou do poder das trevas e nos introduziu no Reino de seu Filho muito amado,
14 ဘု​ရား​သ​ခင်​သည်​ထို​သား​တော်​အား​ဖြင့်​ငါ တို့​ကို​လွတ်​မြောက်​စေ​တော်​မူ​ပြီ။ တစ်​နည်း အား​ဖြင့်​ငါ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် တော်​မူ​ပြီ။
14 no qual temos a redenção, a remissão dos pecados.
15 ခ​ရစ်​တော်​သည်​မျက်​စိ​ဖြင့်​မ​မြင်​နိုင်​သော ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​သား​ဦး​ဖြစ်​သ​ဖြင့်​အ​ဖန် ဆင်း​ခံ​အ​ရာ​အ​ပေါင်း​တို့​ထက်​ကြီး​မြတ် တော်​မူ​ပေ​သည်။-
15 Ele é a imagem de Deus invisível, o Primogênito de toda a criação.
16 အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သား​တော်​အား​ဖြင့် ဘု​ရား​သ​ခင်​သည်​ကောင်း​ကင်​လော​က​ရှိ​တန် ခိုး​ရှင်​များ​နှင့် အာ​ဏာ​ပိုင်​များ​အ​ပါ​အ​ဝင် ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ပေါ်​ရှိ​မျက်​စိ​ဖြင့် မြင်​နိုင်​သော​အ​ရာ၊ မ​မြင်​နိုင်​သော​အ​ရာ ဟူ​သ​မျှ​ကို​ဖန်​ဆင်း​တော်​မူ​သော​ကြောင့် တည်း။ ဘု​ရား​သ​ခင်​သည်​ထို​သ​ခင်​၏ အ​ဖို့​အ​လို့​ငှါ​ထို​သ​ခင်​အား​ဖြင့်​စ​ကြ ဝ​ဠာ​တစ်​ခု​လုံး​ကို​ဖန်​ဆင်း​တော်​မူ​၏။-
16 Nele foram criadas todas as coisas nos céus e na terra, as criaturas visíveis e as invisíveis. Tronos, dominações, principados, potestades: tudo foi criado por ele e para ele.
17 ခ​ရစ်​တော်​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​မ​ပေါ် ပေါက်​မီ​က​ပင်​ရှိ​နေ​တော်​မူ​၏။ ခပ်​သိမ်း​သော အ​ရာ​တို့​သည်​ကိုယ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​သော​အား​ဖြင့်​စ​နစ်​တ​ကျ​တည် လျက်​ရှိ​၏။-
17 Ele existe antes de todas as coisas, e todas as coisas subsistem nele.
18 ကိုယ်​တော်​သည်​အ​သင်း​တော်​တည်း​ဟူ​သော ကိုယ်​ခန္ဓာ​တော်​၏​ဦး​ခေါင်း​ဖြစ်​တော်​မူ​၏။ ကိုယ် တော်​ထံ​မှ​ကိုယ်​ခန္ဓာ​တော်​အ​သက်​ကို​ရ​ရှိ​၏။ ထို​အ​ရှင်​သည်​သား​ဦး​ဖြစ်​၍​သေ​ခြင်း​မှ ဦး​စွာ​ပ​ထ​မ​ရှင်​ပြန်​ထ​မြောက်​တော်​မူ သ​ဖြင့် အ​ရာ​ခပ်​သိမ်း​တို့​၏​အ​ထွတ်​အ​ထိပ် အ​ဖြစ်​ကို​ခံ​ယူ​တော်​မူ​ပေ​သည်။-
18 Ele é a Cabeça do corpo, da Igreja. Ele é o Princípio, o primogênito dentre os mortos e por isso tem o primeiro lugar em todas as coisas.
19 ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​ရ၊ သား​တော် သည်​ဘု​ရား​ဇာ​တိ​ကို​အ​ပြည့်​အ​ဝ​ခံ​ယူ တော်​မူ​၏။-
19 Porque aprouve a Deus fazer habitar nele toda a plenitude
20 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သား​တော်​အား ဖြင့်​စ​ကြ​ဝ​ဠာ​တစ်​ခု​လုံး​ကို မိ​မိ​ထံ​ပြန် လာ​စေ​ရန်​ဆုံး​ဖြတ်​တော်​မူ​၏။ သား​တော်​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​တွင်​အ​သေ​ခံ​စေ​တော် မူ​ခြင်း​အား​ဖြင့်​ရန်​ကို​ငြိမ်း​စေ​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​ကမ္ဘာ​မြေ​ကြီး​နှင့်​ကောင်း ကင်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​အား​မိ​မိ ထံ​ပြန်​လာ​စေ​တော်​မူ​၏။
20 e por seu intermédio reconciliar consigo todas as criaturas, por intermédio daquele que, ao preço do próprio sangue na cruz, restabeleceu a paz a tudo quanto existe na terra e nos céus.
21 အ​ခါ​တစ်​ပါး​က​သင်​တို့​သည်​ဘု​ရား​သ​ခင် နှင့်​ဝေး​ကွာ​လျက်​နေ​ခဲ့​ကြ​၏။ သင်​တို့​သည် မိ​မိ​တို့​၏​ဆိုး​ညစ်​သည့်​အ​ကျင့်​အ​ကြံ​များ ကြောင့်​ကိုယ်​တော်​နှင့်​ရန်​ဘက်​ဖြစ်​ခဲ့​ကြ​ပေ​သည်။-
21 Há bem pouco tempo, sendo vós alheios a Deus e inimigos pelos vossos pensamentos e obras más,
22 သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ဘု​ရား​သ​ခင်​သည် လူ့​ဇာ​တိ​ကို​ခံ​ယူ​သော​သား​တော်​အား​အ​သေ ခံ​စေ​တော်​မူ​သော​အား​ဖြင့် သင်​တို့​အား​မိ​မိ​နှင့် မိတ်​ဆွေ​ဖြစ်​ခွင့်​ကို​ပေး​တော်​မူ​လေ​ပြီ။ ယင်း​သို့ ပြု​တော်​မူ​ခြင်း​မှာ​သင်​တို့​သည်​ဖြူ​စင်​သန့်​ရှင်း မြင့်​မြတ်​လျက် အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​ဘဲ​ရှေ့​တော် မှောက်​သို့​ဝင်​ရောက်​နိုင်​ကြ​ရန်​ပင်​ဖြစ်​သည်။-
22 eis que agora ele vos reconciliou pela morte de seu corpo humano, para que vos possais apresentar santos, imaculados, irrepreensíveis aos olhos do Pai.
23 သို့​ရာ​တွင်​သင်​တို့​သည်​မိ​မိ​တို့​၏​ယုံ​ကြည် ခြင်း​ကို အုတ်​မြစ်​ကဲ့​သို့​ခိုင်​မာ​စေ​ရန်​ဆက် လက်​ထိန်း​သိမ်း​ရ​ကြ​မည်။ သင်​တို့​သည်​သ​တင်း ကောင်း​ကို​ကြား​သိ​ရ​စဉ်​အ​ခါ​က​ရ​ရှိ​ခဲ့ သော​မျှော်​လင့်​ခြင်း​မှ​မ​ယိမ်း​မ​ယိုင်​စေ​နှင့်။ ကမ္ဘာ​အ​နှံ့​အ​ပြား​သို့​ရောက်​ရှိ​ပြီး​ဖြစ်​သော ထို​သ​တင်း​ကောင်း​အ​တွက်​အ​စေ​ခံ​ကား ငါ​ပေါ​လု​ပင်​ဖြစ်​သည်။
23 Para isto, é necessário que permaneçais fundados e firmes na fé, inabaláveis na esperança do Evangelho que ouvistes, que foi pregado a toda criatura que há debaixo do céu, e do qual eu, Paulo, fui constituído ministro.
24 ငါ​သည်​သင်​တို့​အ​တွက်​ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​၍​ဝမ်း မြောက်​ပါ​၏။ ခ​ရစ်​တော်​သည်​မိ​မိ​၏​ကိုယ်​ခန္ဓာ တည်း​ဟူ​သော​အ​သင်း​တော်​အ​တွက်​ခံ​ရန်​ကျန် ရှိ​နေ​သည့်​ဆင်း​ရဲ​ဒုက္ခ​များ​ကို​ငါ​ကူ​ညီ​၍ ဖြည့်​စွက်​ပေး​၏။-
24 Agora me alegro nos sofrimentos suportados por vós. O que falta às tribulações de Cristo, completo na minha carne, por seu corpo que é a Igreja.
25 သင်​တို့​၏​အ​ကျိုး​ငှာ​ဘု​ရား​သ​ခင်​သည်​ငါ့ အား​အ​သင်း​တော်​၏​အ​မှု​တော်​ဆောင်​အ​ဖြစ် ခန့်​ထား​တော်​မူ​ပေ​သည်။ ငါ့​အား​ပေး​အပ်​တော် မူ​သော​အလုပ်​တာ​ဝန်​မှာ​နှုတ်​က​ပတ်​တ​ရား တော်​ကို​အ​ကုန်​အ​စင်​ကြေ​ညာ​ရန်​ပင်​ဖြစ်​၏။-
25 Dela fui constituído ministro, em virtude da missão que Deus me conferiu de anunciar em vosso favor a realização da palavra de Deus,
26 ကိုယ်​တော်​သည်​ထို​နက်​နဲ​ရာ​ကို​ကမ္ဘာ​မြေ​ပေါ် ရှိ​လူ​သား​အ​ပေါင်း​တို့​အား လွန်​ခဲ့​သော​ခေတ် ကာ​လ​များ​တွင်​သိ​ခွင့်​ပေး​တော်​မ​မူ​ခဲ့​သော် လည်း ယ​ခု​အ​ခါ​မိ​မိ​၏​လူ​စု​တော်​အား ဖော်​ပြ​တော်​မူ​လေ​ပြီ။-
26 mistério este que esteve escondido desde a origem às gerações {passadas}, mas que agora foi manifestado aos seus santos.
27 ဘု​ရား​သ​ခင်​၏​အ​ကြံ​အ​စည်​တော်​မှာ​လူ​မျိုး တ​ကာ​တို့​အ​တွက်​ကြွယ်​ဝ​၍ ဘုန်း​အ​သ​ရေ​နှင့် ပြည့်​စုံ​သော​နက်​နဲ​သည့်​အ​ရာ​အ​ကြောင်း​ကို မိ​မိ လူ​စု​တော်​အား​သိ​စေ​ရန်​ပင်​ဖြစ်​၏။ ဤ​နက်​နဲ သော​အ​ရာ​ကား​ခ​ရစ်​တော်​သည်​သင်​တို့​စိတ် အ​တွင်း​၌​ကျိန်း​ဝပ်​တော်​မူ​ကြောင်း​ပင်​ဖြစ်​၏။ တစ်​နည်း​အား​ဖြင့်​ဆို​သော်​သင်​တို့​သည်​ဘုရား သ​ခင်​နှင့်​အ​တူ​ဘုန်း​အ​သ​ရေ​တော်​ကို ခံ​စား​ရ​မည်​ဖြစ်​ကြောင်း​တည်း။-
27 A estes quis Deus dar a conhecer a riqueza e glória deste mistério entre os gentios: Cristo em vós, esperança da glória!
28 သို့​ဖြစ်​၍​ငါ​တို့​သည်​လူ​အ​ပေါင်း​တို့​အား ခ​ရစ်​တော်​၏​အ​ကြောင်း​တော်​ကို​ဟော​ပြော ကြ​၏။ လူ​တိုင်း​အား​ရင့်​ကျက်​သူ​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​သို့​ရောက်​ရှိ ရန်​ပို့​ဆောင်​နိုင်​အံ့​သော​ငှာ ငါ​တို့​သည်​ဉာဏ် ပ​ညာ​ရှိ​သ​မျှ​ဖြင့်​လူ​တိုင်း​ကို​သ​တိ​ပေး သွန်​သင်​ကြ​၏။-
28 A ele é que anunciamos, admoestando todos os homens e instruindo-os em toda a sabedoria, para tornar todo homem perfeito em Cristo.
29 ဤ​တာ​ဝန်​လုပ်​ငန်း​ကို​ငါ​ကြိုး​ပမ်း​လုပ်​ဆောင် လျက်​ရှိ​စဉ်​ခ​ရစ်​တော်​သည် ငါ့​အား​ကြီး​မား သော​တန်​ခိုး​စွမ်း​ရည်​ကို​ပေး​တော်​မူ​သည်။ ထို တန်​ခိုး​စွမ်း​ရည်​သည်​ငါ​၏​အ​ထဲ​၌​လုပ် ဆောင်​လျက်​ရှိ​၏။
29 Eis a finalidade do meu trabalho, a razão por que luto auxiliado por sua força que atua poderosamente em mim.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Colossenses 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.