Atos 8
Common Language Bible (MYA) vs ARA
1 ထိုနေ့မှစ၍ယေရုရှလင်မြို့ရှိအသင်းတော် ဝင်အပေါင်းတို့သည် နှိပ်စက်ညှဉ်းဆဲခြင်းကို ပြင်းထန်စွာခံရကြ၏။ သို့ဖြစ်၍သူတို့သည် ယုဒပြည်နှင့် ရှမာရိပြည်များသို့ကွဲလွင့် သွားကြကုန်၏။ တမန်တော်များသာလျှင် ကျန်ရစ်ခဲ့ကြ၏။-
1 E Saulo consentia na sua morte. Naquele dia, levantou-se grande perseguição contra a igreja em Jerusalém; e todos, exceto os apóstolos, foram dispersos pelas regiões da Judeia e Samaria.
2 ဘုရားတရားကြည်ညိုသူလူအချို့တို့ သည် သတေဖန်ကိုသင်္ဂြိုဟ်၍သည်းစွာငိုကြွေး မြည်တမ်းကြ၏။
2 Alguns homens piedosos sepultaram Estêvão e fizeram grande pranto sobre ele.
3 သို့ရာတွင်ရှောလုသည်အသင်းတော်ကို ပျောက်ပျက်စေရန်ကြိုးစားလျက်နေ၏။ သူ သည်တစ်အိမ်ပြီးတစ်အိမ်ဝင်၍ ယုံကြည်သူ အမျိုးသားအမျိုးသမီးတို့ကိုဆွဲထုတ်ကာ အကျဉ်းထောင်တွင်ချုပ်နှောင်ထားလေသည်။
3 Saulo, porém, assolava a igreja, entrando pelas casas; e, arrastando homens e mulheres, encerrava-os no cárcere.
4 ကွဲလွင့်သွားသည့်ယုံကြည်သူတို့သည် အရပ် ရပ်သို့သွား၍တရားတော်ကိုဟောပြောကြ၏။-
4 Entrementes, os que foram dispersos iam por toda parte pregando a palavra.
5 ဖိလိပ္ပုသည်ရှမာရိပြည်၏မြို့တော်သို့သွား၍ မေရှိယ၏အကြောင်းကိုဟောပြော၏။-
5 Filipe, descendo à cidade de Samaria, anunciava-lhes a Cristo.
6 လူပရိသတ်တို့သည်ဖိလိပ္ပုပြသည့်နိမိတ် လက္ခဏာများကိုမြင်သဖြင့် သူ၏တရား စကားကိုအာရုံစိုက်၍နာယူကြ၏။-
6 As multidões atendiam, unânimes, às coisas que Filipe dizia, ouvindo-as e vendo os sinais que ele operava.
7 နတ်မိစ္ဆာပူးဝင်နေသူအမြောက်အမြားထဲမှ နတ်မိစ္ဆာများသည် အသံကျယ်စွာဟစ်အော် လျက်ထွက်ခွာသွားကြ၏။ လေဖြတ်သူ၊ ခြေ လက်မစွမ်းမသန်သူများသည်လည်းရောဂါ ပျောက်သွားကြ၏။-
7 Pois os espíritos imundos de muitos possessos saíam gritando em alta voz; e muitos paralíticos e coxos foram curados.
8 သို့ဖြစ်၍ထိုမြို့သူမြို့သားတို့သည်လွန်စွာ ဝမ်းမြောက်ကြ၏။
8 E houve grande alegria naquela cidade.
9 ထိုမြို့၌ရှိမုန်ဆိုသူလူတစ်ယောက်ရှိ၏။ သူ သည်မိမိကိုယ်ကိုခေါင်းဆောင်ကြီးဟုဆိုကာ ရှမာရိအမျိုးသားတို့အားမှော်အတတ်ကို ပြ၍လွန်စွာအံ့သြစေ၏။-
9 Ora, havia certo homem, chamado Simão, que ali praticava a mágica, iludindo o povo de Samaria, insinuando ser ele grande vulto;
10 သို့ဖြစ်၍အတန်းအစားအမျိုးမျိုးမှလူ အပေါင်းတို့သည်``ဤသူကားမဟာတန်ခိုး တော်ဟုခေါ်သော ဘုရား၏တန်ခိုးတော်တည်း'' ဟုဆို၍ရှိမုန်၏စကားကိုအာရုံစိုက်၍ နားထောင်ကြ၏။-
10 ao qual todos davam ouvidos, do menor ao maior, dizendo: Este homem é o poder de Deus, chamado o Grande Poder.
11 သူတို့သည်ရှိမုန်၏မှော်အတတ်ကိုအံ့သြ လျက်နေခဲ့ကြသည်မှာကြာပြီဖြစ်သော ကြောင့် ဤသို့အာရုံစိုက်၍နားထောင်ကြ ခြင်းဖြစ်၏။-
11 Aderiam a ele porque havia muito os iludira com mágicas.
12 သို့သော်ဘုရားသခင်၏နိုင်ငံတော်အကြောင်း၊ သခင်ယေရှုခရစ်၏အကြောင်းသတင်းကောင်း ကို ဖိလိပ္ပုဟောပြောသောအခါထိုသူတို့ ယုံကြည်လာကြသဖြင့် အမျိုးသားများ ရောအမျိုးသမီးများပါဗတ္တိဇံမင်္ဂလာ ကိုခံကြလေသည်။-
12 Quando, porém, deram crédito a Filipe, que os evangelizava a respeito do reino de Deus e do nome de Jesus Cristo, iam sendo batizados, assim homens como mulheres.
13 ရှိမုန်ကိုယ်တိုင်ပင်လျှင်ယုံကြည်သဖြင့်ဗတ္တိဇံ မင်္ဂလာကိုခံပြီးနောက် ဖိလိပ္ပုထံတွင်မှီဝဲ ဆည်းကပ်လေသည်။ သူသည်အံ့သြဖွယ်ရာ နိမိတ်လက္ခဏာများကိုတွေ့မြင်ရသော အခါ အံ့သြမိန်းမောလေ၏။
13 O próprio Simão abraçou a fé; e, tendo sido batizado, acompanhava a Filipe de perto, observando extasiado os sinais e grandes milagres praticados.
14 ယေရုရှလင်မြို့ရှိတမန်တော်တို့သည်ရှမာရိ ပြည်သားတို့ ဘုရားသခင်၏နှုတ်ကပတ်တရား တော်ကိုခံယူကြကြောင်းကြားလျှင် ပေတရု နှင့်ယောဟန်တို့ကိုသူတို့ထံသို့စေလွှတ်ကြ၏။-
14 Ouvindo os apóstolos, que estavam em Jerusalém, que Samaria recebera a palavra de Deus, enviaram-lhe Pedro e João;
15 တမန်တော်နှစ်ပါးတို့သည်ရောက်လာ၍ သန့် ရှင်းသောဝိညာဉ်ကိုထိုသူတို့ခံယူကြစေ ရန်ဆုတောင်းကြ၏။-
15 os quais, descendo para lá, oraram por eles para que recebessem o Espírito Santo;
16 အဘယ်ကြောင့်ဆိုသော်ထိုအချိန်အထိ သန့်ရှင်းသောဝိညာဉ်တော်သည် ထိုသူတို့ အထဲမှ မည်သူတစ်စုံတစ်ယောက်၏အပေါ် သို့သက်ရောက်တော်မမူသေးသောကြောင့် ဖြစ်၏။ ထိုအချိန်အထိထိုမြို့သူမြို့သား တို့သည် သခင်ယေရှု၏နာမတော်ကိုအမှီ ပြု၍ဗတ္တိဇံခံယူထားရုံမျှသာရှိ၏။-
16 porquanto não havia ainda descido sobre nenhum deles, mas somente haviam sido batizados em o nome do Senhor Jesus.
17 ပေတရုနှင့်ယောဟန်တို့သည်ထိုသူတို့၏ အပေါ်သို့လက်တင်ကြသောအခါ သူတို့ သည်သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူ ရရှိကြလေသည်။
17 Então, lhes impunham as mãos, e recebiam estes o Espírito Santo.
18 — ausente —
18 Vendo, porém, Simão que, pelo fato de imporem os apóstolos as mãos, era concedido o Espírito [Santo], ofereceu-lhes dinheiro,
19 — ausente —
19 propondo: Concedei-me também a mim este poder, para que aquele sobre quem eu impuser as mãos receba o Espírito Santo.
20 ပေတရုက``သင်သည်ဘုရားသခင်၏ဆု ကျေးဇူးတော်ကိုငွေနှင့်ဝယ်ယူမည်အကြံ ရှိသဖြင့် သင်၏ငွေသည်သင်နှင့်အတူပျက် စီးပါစေသတည်း။-
20 Pedro, porém, lhe respondeu: O teu dinheiro seja contigo para perdição, pois julgaste adquirir, por meio dele, o dom de Deus.
21 ဘုရားသခင်၏ရှေ့တော်တွင်သင်၏စိတ်ထား မမှန်ကန်သဖြင့် ငါတို့၏အလုပ်တွင်သင် မပါဝင်နိုင်။-
21 Não tens parte nem sorte neste ministério, porque o teu coração não é reto diante de Deus.
22 ဤသို့ဆိုးညစ်မှုအတွက်နောင်တရလော့။ ဤ သို့စိတ်အကြံအစည်ပြုမိသည့်အတွက် အပြစ်ဖြေလွှတ်တော်မူရန် သခင်ဘုရား ထံဆုတောင်းလော့။-
22 Arrepende-te, pois, da tua maldade e roga ao Senhor; talvez te seja perdoado o intento do coração;
23 သင်သည်မနာလိုစိတ်မွှန်လျက်အပြစ်ဒုစရိုက် ၏အနှောင်အဖွဲ့၌ရှိနေသည်ကိုငါမြင်၏'' ဟု ဆို၏။
23 pois vejo que estás em fel de amargura e laço de iniquidade.
24 ရှိမုန်က``အရှင်တို့မြွက်ဆိုသည့်အမှုအရာ တစ်စုံတစ်ခုကိုမျှမခံရစေရန် သခင်ဘုရား ထံအကျွန်ုပ်၏အတွက်ဆုတောင်းပေးတော်မူ ကြပါ'' ဟုတောင်းပန်လေသည်။
24 Respondendo, porém, Simão lhes pediu: Rogai vós por mim ao Senhor, para que nada do que dissestes sobrevenha a mim.
25 ပေတရုနှင့်ယောဟန်တို့သည်သခင်ယေရှု အကြောင်းဆိုင်ရာ ကိုယ်တွေ့မျက်မြင်အဖြစ် အပျက်များကိုသက်သေခံလျက် သခင်ဘုရား ၏တရားတော်ကိုဟောပြောပြီးနောက် ယေရု ရှလင်မြို့သို့ပြန်သွားကြ၏။ အပြန်လမ်း ခရီးတွင်များစွာသောရှမာရိရွာတို့၌ သတင်းကောင်းကို ဟောပြောကြေညာကြ၏။
25 Eles, porém, havendo testificado e falado a palavra do Senhor, voltaram para Jerusalém e evangelizavam muitas aldeias dos samaritanos.
26 ထာဝရဘုရား၏ကောင်းကင်တမန်သည် ဖိလိပ္ပုအား``သင်သည်ထ၍ယေရုရှလင် မြို့မှဂါဇမြို့သို့သွားရာလမ်းအတိုင်း တောင်အရပ်သို့သွားလော့'' ဟုဆို၏။ (ထို လမ်းကားသဲကန္တာရလမ်းဖြစ်သတည်း။)-
26 Um anjo do Senhor falou a Filipe, dizendo: Dispõe-te e vai para o lado do Sul, no caminho que desce de Jerusalém a Gaza; este se acha deserto. Ele se levantou e foi.
27 — ausente —
27 Eis que um etíope, eunuco, alto oficial de Candace, rainha dos etíopes, o qual era superintendente de todo o seu tesouro, que viera adorar em Jerusalém,
28 — ausente —
28 estava de volta e, assentado no seu carro, vinha lendo o profeta Isaías.
29 ဝိညာဉ်တော်သည်ဖိလိပ္ပုအား``ထိုရထား အနီးသို့သွားလော့'' ဟုအမိန့်တော်ရှိ၏။-
29 Então, disse o Espírito a Filipe: Aproxima-te desse carro e acompanha-o.
30 သို့ဖြစ်၍ဖိလိပ္ပုသည်ပြေး၍သွားရာပရော ဖက်ဟေရှာယကျမ်းကို ထိုသူဖတ်လျက်နေသည် ကိုကြားသဖြင့်``သင်ဖတ်နေသည့်ကျမ်းချက် ၏အနက်အဋ္ဌိပ္ပါယ်ကိုနားလည်ပါသလော'' ဟုမေး၏။
30 Correndo Filipe, ouviu-o ler o profeta Isaías e perguntou: Compreendes o que vens lendo?
31 ထိုသူက``အနက်ဖွင့်ပြမည့်သူမရှိဘဲ အဘယ် သို့လျှင်နားလည်နိုင်ပါမည်နည်း'' ဟုဆိုပြီး နောက်ဖိလိပ္ပုအားရထားပေါ်သို့တက်၍ မိမိ နှင့်အတူထိုင်ရန်ဖိတ်ခေါ်၏။-
31 Ele respondeu: Como poderei entender, se alguém não me explicar? E convidou Filipe a subir e a sentar-se junto a ele.
32 ထိုသူဖတ်လျက်နေသည့်ကျမ်းချက်ကား၊
32 Ora, a passagem da Escritura que estava lendo era esta: Foi levado como ovelha ao matadouro; e, como um cordeiro mudo perante o seu tosquiador, assim ele não abriu a boca.
33 သူသည်ရှုတ်ချခြင်းကိုခံရ၏။
33 Na sua humilhação, lhe negaram justiça; quem lhe poderá descrever a geração? Porque da terra a sua vida é tirada.
34 ထိုအရာရှိက``ပရောဖက်သည်မည်သူ၏ အကြောင်းကိုပြောဆိုလျက်နေပါသနည်း။ မိမိ၏အကြောင်းလော၊ အခြားသူတစ်ယောက် ၏အကြောင်းလော၊ အကျွန်ုပ်အားပြောပြပါ'' ဟုဖိလိပ္ပုအားဆို၏။-
34 Então, o eunuco disse a Filipe: Peço-te que me expliques a quem se refere o profeta. Fala de si mesmo ou de algum outro?
35 ဖိလိပ္ပုသည်ထိုကျမ်းပိုဒ်နှင့်ပင်အစပြု၍ သခင်ယေရှုအကြောင်းသတင်းကောင်းကို ဟောပြောလေ၏။-
35 Então, Filipe explicou; e, começando por esta passagem da Escritura, anunciou-lhe a Jesus.
36 သူတို့နှစ်ယောက်သည်ဆက်လက်၍ခရီးပြု ကြစဉ်ရေရှိသည့်အရပ်သို့ရောက်ကြ၏။ ထို အခါအရာရှိက``ဤအရပ်တွင်ရေရှိပါ၏။ ဗတ္တိဇံမင်္ဂလာကိုအကျွန်ုပ်မခံယူစေရန် ဆီးတားသည့်အကြောင်းရှိပါသလော'' ဟု ဆို၏။
36 Seguindo eles caminho fora, chegando a certo lugar onde havia água, disse o eunuco: Eis aqui água; que impede que seja eu batizado?
37 (ဖိလိပ္ပုက``သင်သည်သခင်ယေရှုအားစိတ် နှလုံးအကြွင်းမဲ့ယုံကြည်ပါလျှင်ဗတ္တိဇံ မင်္ဂလာခံနိုင်ပါသည်'' ဟုပြန်ပြော၏။ အရာရှိ ကလည်း``သခင်ယေရှုခရစ်သည်ဘုရားသခင် ၏သားတော်ဖြစ်ကြောင်းအကျွန်ုပ်ယုံကြည်ပါ သည်'' ဟုဆို၏။)-
37 [Filipe respondeu: É lícito, se crês de todo o coração. E, respondendo ele, disse: Creio que Jesus Cristo é o Filho de Deus.]
38 အရာရှိသည်ရထားကိုရပ်စေပြီးနောက် သူတို့ နှစ်ယောက်သည်ရေထဲသို့ဆင်းသွားကြပြီးလျှင် ဖိလိပ္ပုသည်အရာရှိအားဗတ္တိဇံမင်္ဂလာကို ပေး၏။-
38 Então, mandou parar o carro, ambos desceram à água, e Filipe batizou o eunuco.
39 သူတို့ရေမှတက်လာကြသောအခါ ထာဝရ ဘုရား၏ဝိညာဉ်တော်သည်ဖိလိပ္ပုအားတစ်ပါး အရပ်သို့ဆောင်ယူသွားတော်မူသဖြင့် အရာရှိ သည်ဖိလိပ္ပုကိုနောက်တစ်ဖန်မတွေ့ရတော့ပေ။ သူသည်ဝမ်းမြောက်စွာဆက်လက်ခရီးပြုလေ သည်။-
39 Quando saíram da água, o Espírito do Senhor arrebatou a Filipe, não o vendo mais o eunuco; e este foi seguindo o seu caminho, cheio de júbilo.
40 ဖိလိပ္ပုသည်အာဇုတ်မြို့သို့မိမိရောက်ရှိနေ သည်ကိုသိရ၏။ ထိုနောက်သူသည်ကဲသရိ မြို့သို့သွား၏။ လမ်းခရီးတွင်တစ်မြို့ပြီး တစ်မြို့သို့ဝင်၍သတင်းကောင်းကိုဟော ပြောကြေညာလေသည်။
40 Mas Filipe veio a achar-se em Azoto; e, passando além, evangelizava todas as cidades até chegar a Cesareia.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Atos 8, comparar traduções ou montar um estudo — tudo direto pelo WhatsApp.