Atos 7
Common Language Bible (MYA) vs VC
1 ယဇ်ပုရောဟိတ်မင်းက``ထိုသူတို့ပြော သောစကားမှန်ပါသလော'' ဟုမေး၏။-
1 Perguntou-lhe então o sumo sacerdote: É realmente assim?
2 သတေဖန်က``ညီအစ်ကိုများနှင့်ဖခင်တို့၊ နားထောင်ကြပါလော့။ ငါတို့အဖအာဗြဟံ သည်ခါရန်မြို့သို့သွား၍မနေထိုင်မီ မေသော ပေါတာမိပြည်တွင်ရှိစဉ် ဘုန်းအသရေနှင့် ပြည့်စုံတော်မူသောဘုရားသခင်အား ဗျာဒိတ်ရူပါရုံတွင်ဖူးမြင်ရလေသည်။-
2 Respondeu ele: Irmãos e pais, escutai. O Deus da glória apareceu a nosso pai Abraão, quando estava na Mesopotâmia, antes de ir morar em Harã.
3 ကိုယ်တော်က`သင်၏ပြည်နှင့်ဆွေမျိုးသားချင်း တို့ထံမှထွက်ခွာ၍ ငါပြလတ္တံ့သောပြည်သို့ သွားလော့' ဟုမိန့်တော်မူ၏။-
3 E disse-lhe: Sai de teu país e de tua parentela, e vai para a terra que eu te mostrar {Gn 12,1}.
4 ထိုအခါအာဗြဟံသည်ခါလဒဲပြည်မှ ထွက်ခွာ၍ ခါရန်မြို့သို့သွားရောက်နေထိုင်၏။ သူ၏ဖခင်သေလွန်သောအခါသူ့အား ထို မြို့မှယခုသင်တို့နေထိုင်ရာပြည်သို့ဘုရား သခင်ပြောင်းရွှေ့စေတော်မူ၏။-
4 Ele saiu da terra dos caldeus, e foi habitar em Harã. Dali, depois que lhe faleceu o pai, Deus o fez passar para esta terra, em que vós agora habitais.
5 ထိုအခါကကိုယ်တော်သည်အာဗြဟံ အား ထိုပြည်တွင်ပစ္စည်းဥစ္စာတစ်စုံတစ်ရာ ကိုမျှပေးတော်မမူ။ မြေတစ်ပေပတ်လည် ကိုပင်ပေးတော်မမူ။ သို့ရာတွင်ထိုပြည်ကို သူ့အားလည်းကောင်း၊ သူ့နောက်တွင်သူ၏ သားမြေးများအားလည်းကောင်း အပိုင်ပေး တော်မူမည်ဟူ၍ကတိပြုတော်မူ၏။ ထို သို့ကတိပြုစဉ်အခါ၌အာဗြဟံတွင် သားသမီးမရှိသေးချေ။-
5 Não lhe deu nela propriedade alguma, nem sequer um palmo de terra, mas prometeu dar-lha em posse, e depois dele à sua posteridade, quando ainda não tinha filho algum.
6 ဘုရားသခင်ကအာဗြဟံအား`သင်၏သား မြေးတို့သည် နိုင်ငံရပ်ခြားတွင်သူစိမ်းများ အဖြစ်ဖြင့်နေရကြလိမ့်မည်။ အနှစ်လေးရာ ပတ်လုံးကျွန်ခံရ၍နှိပ်စက်ညှဉ်းဆဲခြင်း ခံရကြလိမ့်မည်။-
6 Eis como falou Deus: Tua descendência habitará em terra estranha e será reduzida à escravidão e maltratada pelo espaço de quatrocentos anos.
7 သူတို့အားကျွန်စေစားသောလူမျိုးအား ငါ ဒဏ်စီရင်တော်မူမည်။ ထိုနောက်သင်၏သား မြေးတို့သည်ထိုပြည်မှလွတ်မြောက်ကြပြီး လျှင် ဤအရပ်တွင်ငါ့အားကိုးကွယ်ဝတ်ပြု ကြလတ္တံ့' ဟူ၍မိန့်တော်မူ၏။-
7 Mas eu julgarei a nação que os dominar - diz o Senhor -, e eles sairão e me prestarão culto neste lugar {Gn 15,13s.; Ex 3,12}.
8 ထို့အပြင်ဘုရားသခင်သည်မိမိပြုတော် မူခဲ့သောပဋိညာဉ်တော်၏အမှတ်လက္ခဏာ တစ်ရပ်အနေဖြင့် အရေဖျားလှီးခြင်းမင်္ဂလာ ကိုအာဗြဟံအားအပ်ပေးတော်မူ၏။ သို့ဖြစ်၍ အာဗြဟံသည်သားဣဇာက်ကိုရပြီးနောက် ရှစ်ရက်မြောက်သောနေ့၌ သူ့အားအရေဖျား လှီးမင်္ဂလာကိုပေးလေ၏။ ထိုနည်းတူဣဇာက် သည်သားယာကုပ်ကိုလည်းကောင်း၊ ယာကုပ် သည်သားတစ်ဆယ့်နှစ်ယောက်ကိုလည်းကောင်း၊ အရေဖျားလှီးမင်္ဂလာကိုပေး၏။ ယာကုပ် ၏သားများကားလူမျိုး၏အဖတစ်ဆယ့် နှစ်ပါးတည်း။
8 E deu-lhe a aliança da circuncisão. Assim, Abraão teve um filho, Isaac, e, passados oito dias, o circuncidou; e Isaac, a Jacó; e Jacó, os doze patriarcas.
9 ``လူမျိုး၏အဖတို့သည်မိမိတို့ညီယောသပ် အားမနာလိုသဖြင့် အီဂျစ်ပြည်တွင်ကျွန်ခံ စေရန်ရောင်းလိုက်ကြ၏။ သို့ရာတွင်ဘုရား သခင်သည်သူနှင့်အတူရှိတော်မူသည် ဖြစ်၍၊-
9 Os patriarcas, invejosos de José, venderam-no para o Egito. Mas Deus estava com ele.
10 သူ့အားဒုက္ခဆင်းရဲအပေါင်းမှကယ်နုတ်တော် မူ၏။ ဘုရားသခင်သည်ယောသပ်အား အီဂျစ် ပြည့်ရှင်ဖာရောဘုရင်၏ရှေ့တော်တွင်မျက်နှာ ပွင့်လန်းစေတော်မူ၏။ သူ့အားလည်းဉာဏ်ပညာ ကိုပေးတော်မူ၏။ ဖာရောဘုရင်သည်သူ့ကို အီဂျစ်ပြည်ဘုရင်ခံအဖြစ်ဖြင့်လည်းကောင်း၊ နန်းတော်ဝန်အဖြစ်ဖြင့်လည်းကောင်းခန့်ထား တော်မူလေသည်။-
10 Livrou-o de todas as suas tribulações e deu-lhe graça e sabedoria diante do faraó, rei do Egito, que o fez governador do Egito e chefe de sua casa.
11 အီဂျစ်ပြည်နှင့်ခါနန်ပြည်တို့တွင် အစာငတ် မွတ်ခေါင်းပါးခြင်းဘေးဆိုက်ရောက်သဖြင့် အတိဒုက္ခရောက်ကြကုန်၏။ ငါတို့၏ဘိုး ဘေးတို့မှာအစာရေစာမရှိကြတော့ ချေ။-
11 Sobreveio depois uma fome a todo o Egito e Canaã. Grande era a tribulação, e os nossos pais não achavam o que comer.
12 သို့ရာတွင်အီဂျစ်ပြည်တွင်စပါးများရှိ ကြောင်းယာကုပ်ကြားသောအခါ မိမိ၏ သားများကိုထိုပြည်သို့ပထမအကြိမ် စေလွှတ်လိုက်၏။-
12 Mas quando Jacó soube que havia trigo no Egito, enviou pela primeira vez os nossos pais para lá.
13 သူတို့ဒုတိယအကြိမ်လာရောက်ကြသော အခါ၌ ယောသပ်သည်မိမိမှာမည်သူမည်ဝါ ဖြစ်သည်ကိုအစ်ကိုဖြစ်သူတို့အားပြောပြ လေသည်။ ဖာရောဘုရင်သည်ယောသပ်၏ အိမ်ထောင်စုအကြောင်းကိုသိရှိလာ၏။-
13 Na segunda, foi José reconhecido por seus irmãos, e foi descoberta ao faraó a sua origem.
14 ယောသပ်သည်ဖခင်ယာကုပ်နှင့်တကွစုစု ပေါင်း ခုနစ်ဆယ့်ငါးယောက်သောဆွေမျိုးသား ချင်းတို့ကို အီဂျစ်ပြည်သို့ဖိတ်ခေါ်လေသည်။-
14 Enviando mensageiros, José mandou vir seu pai Jacó com toda a sua família, que constava de setenta e cinco pessoas.
15 ထို့ကြောင့်ယာကုပ်သည်အီဂျစ်ပြည်သို့လိုက် လာခဲ့၏။ ထိုပြည်တွင်သူနှင့်သူ၏သားများ သေလွန်ကြ၏။-
15 Jacó desceu ao Egito e morreu ali, como também nossos pais.
16 သူတို့၏အလောင်းများကိုရှေခင်မြို့သို့ပို့ ဆောင်ပြီးလျှင် အာဗြဟံဝယ်ယူထားခဲ့သည့် သင်္ချိုင်းတွင်သင်္ဂြိုဟ်ကြ၏။ ထိုသင်္ချိုင်းကားဟာ မော်၏သားများထံမှအာဗြဟံအဖိုးငွေ ပေး၍ဝယ်ယူထားသောသင်္ချိုင်းဖြစ်သတည်း။''
16 Seus corpos foram trasladados para Siquém, e foram postos no sepulcro que Abraão tinha comprado, a peso de dinheiro, dos filhos de Hemor, de Siquém.
17 ``ဘုရားသခင်သည်အာဗြဟံအားထား တော်မူသော ကတိတော်ကိုအကောင်အထည် ဖော်ရန်အချိန်နီးကပ်လာသောအခါ အီဂျစ် ပြည်တွင်ဣသရေလအမျိုးသားတို့ဦးရေ များစွာတိုးပွားခဲ့၏။-
17 Aproximava-se o tempo em que devia realizar-se a promessa que Deus havia jurado a Abraão. O povo cresceu e se multiplicou no Egito
18 ထိုအခါအီဂျစ်ပြည်တွင် ယောသပ်ကိုမသိ သောရှင်ဘုရင်တစ်ပါးပေါ်ထွန်းလာ၏။-
18 até que se levantou outro rei no Egito, o qual nada sabia de José.
19 ထိုဘုရင်သည်ငါတို့ဘိုးဘေးတို့ကိုလှည့် စား၍ သူတို့အားနှိပ်စက်ညှဉ်းဆဲ၏။ သူတို့ ၏ကလေးသူငယ်များအားသေစေရန်အိမ် ပြင်တွင်ပစ်ထားစေ၏။-
19 Este rei, usando de astúcia contra a nossa raça, maltratou nossos pais e obrigou-os a enjeitar seus filhos para privá-los da vida.
20 ထိုအချိန်ကာလကားမောရှေဖွားမြင်ရာ အချိန်ကာလပင်ဖြစ်၏။ မောရှေသည်လွန်စွာ အဆင်းလှသောကလေးသူငယ်ဖြစ်၏။ သုံး လတိုင်တိုင်ဖခင်၏အိမ်တွင်ပြုစုစောင့်ရှောက် ခြင်းကိုခံခဲ့ရ၏။-
20 Por este mesmo tempo, nasceu Moisés. Era belo aos olhos de Deus e por três meses foi criado na casa paterna.
21 သူသည်အိမ်ပြင်တွင်ပစ်ထားခြင်းခံရသော အခါ ဖာရောဘုရင်၏သမီးတော်ကသူ့အား သားအဖြစ်မွေးစားလေသည်။-
21 Depois, quando foi exposto, a filha do faraó o recolheu e o criou como seu próprio filho.
22 မောရှေသည်အီဂျစ်အမျိုးသားတို့၏အတတ် ပညာအလုံးစုံကိုဆည်းပူး၍ နှလုံးရည်လက် ရုံးရည်တို့ဖြင့်ပြည့်စုံသူဖြစ်လာ၏။''
22 Moisés foi instruído em todas as ciências dos egípcios e tornou-se forte em palavras e obras.
23 ``သူသည်အသက်လေးဆယ်ရှိသောအခါ မိမိ ၏သားချင်းများဖြစ်သည့်ဣသရေလအမျိုး သားတို့ထံသို့သွားရောက်လည်ပတ်ရန်စိတ်ပိုင်း ဖြတ်လေသည်။-
23 Quando completou 40 anos, veio-lhe à mente visitar seus irmãos, os filhos de Israel.
24 ယင်းသို့လည်ပတ်နေချိန်တွင်ဣသရေလ အမျိုးသားတစ်ဦးအား အီဂျစ်အမျိုးသား တစ်ယောက်ကရိုက်နှက်လျက်နေသည်ကိုမြင် လျှင် မိမိအမျိုးသား၏ဘက်မှဝင်ရောက် ကူညီကာ အီဂျစ်အမျိုးသားကိုသတ်၍ လက်စားချေလိုက်လေသည်။-
24 Viu que um deles era maltratado; tomou-lhe a defesa e vingou o que padecia a injúria, matando o egípcio.
25 (မောရှေသည်ဣသရေလအမျိုးသားတို့၏ လွတ်မြောက်ရေးအတွက် မိမိအားဘုရား သခင်စေလွှတ်တော်မူခဲ့ကြောင်းကို သူတို့ သိရှိနားလည်ကြလိမ့်မည်ဟုထင်မှတ်ခဲ့ ၏။ သို့ရာတွင်ထိုသူတို့သည်နားမလည် ကြ။)-
25 Ele esperava que os seus irmãos compreendessem que Deus se servia de sua mão para livrá-los. Mas não o entenderam.
26 နောက်တစ်နေ့၌ဣသရေလအမျိုးသား နှစ်ယောက်ခိုက်ရန်ဖြစ်လျက်နေကြသည်ကို တွေ့လျှင် မောရှေက`သင်တို့သည်ညီအစ်ကိုချင်း ဖြစ်ပါလျက်နှင့် အဘယ်ကြောင့်ခိုက်ရန်ဖြစ် နေကြပါသနည်း' ဟုဆို၍ဖျန်ဖြေ၏။-
26 No dia seguinte, dois dentre eles brigavam, e ele procurou reconciliá-los: Amigos, disse ele, sois irmãos, por que vos maltratais um ao outro?
27 သို့ရာတွင်မတရားသဖြင့်ပြုသူသည် မောရှေအား ဘေးသို့တွန်းဖယ်လိုက်ပြီး လျှင်`ငါတို့အားတရားစီရင်အုပ်ချုပ်သူ အဖြစ်ဖြင့်သင့်ကိုမည်သူခန့်ထားသနည်း။-
27 Mas o que maltratava seu compatriota o repeliu: Quem te constituiu chefe ou juiz sobre nós?
28 ယမန်နေ့ကအီဂျစ်အမျိုးသားတစ်ယောက် ကိုသတ်ခဲ့သည်နည်းတူ ငါ့ကိုလည်းသတ်လို ပါသလော' ဟုမေး၏။-
28 Porventura queres tu matar-me, como ontem mataste o egípcio?
29 မောရှေသည်ထိုစကားကိုကြားသောအခါ အီဂျစ်ပြည်မှထွက်ပြေး၍မိဒျန်ပြည်တွင် နေထိုင်လေသည်။ သူသည်ထိုပြည်တွင်သား နှစ်ယောက်ကိုရ၏။
29 A estas palavras, Moisés fugiu. E esteve como estrangeiro na terra de Madiã, onde teve dois filhos.
30 ``အနှစ်လေးဆယ်ကြာသောအခါ သိနာတောင် အနီးတောကန္တာရတွင်မီးလျှံတောက်လျက်နေ သည့်ချုံထဲမှ ကောင်းကင်တမန်တစ်ပါးသည် မောရှေအားကိုယ်ထင်ပြလေသည်။-
30 Passados quarenta anos, apareceu-lhe no deserto do monte Sinai um anjo, na chama duma sarça ardente.
31 ထိုအခြင်းအရာကိုမြင်လျှင်မောရှေသည် လွန်စွာအံ့သြသဖြင့် ကြည့်ရန်အနီးသို့ ချဉ်းကပ်လိုက်သောအခါ၊-
31 Moisés, admirado de uma tal visão, aproximou-se para a examinar. E a voz do Senhor lhe falou:
32 `ငါသည်သင့်ဘိုးဘေးများ၏ဘုရား၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ဘုရားဖြစ်၏' ဟုထာဝရ ဘုရား၏အသံတော်ကိုကြားရ၏။ မောရှေ သည်တုန်လှုပ်လျက်မကြည့်ဝံ့ဘဲနေ၏။-
32 Eu sou o Deus de teus pais, o Deus de Abraão, de Isaac, de Jacó. Moisés, atemorizado, não ousava levantar os olhos.
33 ထာဝရဘုရားကမောရှေအား`သင်ခြေနင်းရာ အရပ်သည်သန့်ရှင်းမြင့်မြတ်သောမြေဖြစ်၏။ သင်၏ဖိနပ်ကိုချွတ်လော့။-
33 O Senhor lhe disse: Tira o teu calçado, porque o lugar onde estás é uma terra santa.
34 အီဂျစ်ပြည်ရှိငါ၏လူစုတော်နှိပ်စက်ညှဉ်းဆဲ ခြင်းခံရကြသည်ကိုငါမြင်ရပြီ။ သူတို့၏ ညည်းတွားမြည်တမ်းသံကိုလည်းငါကြား ရပြီ။ သို့ဖြစ်၍သူတို့အားကယ်တင်ရန်ငါ ဆင်းသက်ခဲ့ပြီ။ ယခုသွားလော့။ သင့်ကိုအီဂျစ် ပြည်သို့ငါစေလွှတ်မည်' ဟုမိန့်တော်မူ၏။''
34 Considerei a aflição do meu povo no Egito, ouvi os seus gemidos e desci para livrá-los. Vem, pois, agora e eu te enviarei ao Egito.
35 ``မောရှေကားဣသရေလအမျိုးသားတို့၏ ပစ်ပယ်ခြင်းကိုခံရသူတည်း။ သူတို့က`ငါတို့ ကိုတရားစီရင်အုပ်ချုပ်သူအဖြစ်ဖြင့် သင့် အားမည်သူခန့်ထားသနည်း' ဟုသူ့အားမေး ကြ၏။ သူသည်ဣသရေလအမျိုးသားတို့ ကိုအုပ်ချုပ်ရန်နှင့် မီးလျှံတောက်သောချုံတွင် ထင်ရှားသောကောင်းကင်တမန်၏အကူအညီ ဖြင့် ဣသရေလအမျိုးသားတို့လွတ်မြောက် ရေးဆောင်ရွက်ရန်ဘုရားသခင်စေလွှတ်သော သူဖြစ်သည်။-
35 Este Moisés que desprezaram, dizendo: Quem te constituiu chefe ou juiz?, a este Deus enviou como chefe e libertador pela mão do anjo que lhe apareceu na sarça.
36 သူသည်အီဂျစ်ပြည်နှင့်ပင်လယ်နီတွင်လည်း ကောင်း၊ အနှစ်လေးဆယ်ပတ်လုံးတောကန္တာရ တွင်လည်းကောင်း အံ့သြဖွယ်ရာနိမိတ်လက္ခ ဏာများကိုပြလျက် ဣသရေလအမျိုး သားတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်လာ သူဖြစ်၏။-
36 Ele os fez sair do Egito, operando prodígios e milagres na terra do Egito, no mar Vermelho e no deserto, por espaço de quarenta anos.
37 `သင်တို့သားချင်းများအထဲတွင် ငါကဲ့သို့ သောပရောဖက်တစ်ပါးကိုဘုရားသခင် သည် သင်တို့အတွက်ပေါ်ထွန်းစေတော်မူ လိမ့်မည်' ဟုဣသရေလအမျိုးသားတို့အား ပြောကြားခဲ့သူမှာမောရှေပင်ဖြစ်၏။-
37 Foi este Moisés que disse aos filhos de Israel: Deus vos suscitará dentre os vossos irmãos um profeta como eu.
38 သူသည်တောကန္တာရ၌စုဝေးလျက်ရှိသော ဣသရေလအမျိုးသားတို့နှင့်လည်းကောင်း၊ ငါတို့ဘိုးဘေးများနှင့်လည်းကောင်း၊ သိနာ တောင်ပေါ်တွင်မိမိအားဗျာဒိတ်ပေးသည့် ကောင်းကင်တမန်နှင့်လည်းကောင်းအတူရှိ နေခဲ့သူဖြစ်၏။ ငါတို့အားဆင့်ဆိုရန် ဘုရားသခင်ထံတော်မှ အသက်ရှင်စေ သောဗျာဒိတ်တော်ကိုခံယူရရှိသူလည်း ဖြစ်၏။
38 Este é o que esteve entre o povo congregado no deserto, e com o anjo que lhe falara no monte Sinai, e com os nossos pais; que recebeu palavras de vida para no-las transmitir.
39 ``သို့ရာတွင်ငါတို့ဘိုးဘေးများသည် သူ၏ စကားကိုနားမထောင်ကြ။ သူ့အားပစ်ပယ် ကာအီဂျစ်ပြည်သို့ပြန်လိုကြ၏။-
39 Nossos pais não lhe quiseram obedecer, mas o repeliram. Em seus corações voltaram-se para o Egito,
40 သူတို့က`ငါတို့၏ရှေ့ကကြွတော်မူမည့် ဘုရားများကို ငါတို့အတွက်ပြုလုပ်ပေးပါ။ ငါတို့အားအီဂျစ်ပြည်မှထုတ်ဆောင်လာ သော ဤမောရှေဆိုသူကားအဘယ်သို့ဖြစ် နေသည်ကိုငါတို့မသိပါ' ဟုအာရုန်အား ပြောကြားကြ၏။-
40 dizendo a Aarão: Faze-nos deuses, que vão diante de nós, porque quanto a este Moisés, que nos tirou da terra do Egito, não sabemos o que foi feito dele.
41 ထိုနောက်သူတို့သည်နွားသူငယ်ရုပ်တုကို သွန်းလုပ်၍ မိမိတို့လက်နှင့်လုပ်သောထိုရုပ်တု အားယဇ်ပူဇော်ကာပျော်ပွဲရွှင်ပွဲကိုကျင်းပ ကြကုန်၏။-
41 Fizeram, naqueles dias, um bezerro de ouro e ofereceram um sacrifício ao ídolo, e se alegravam diante da obra das suas mãos.
42 သို့ဖြစ်၍ဘုရားသခင်သည်သူတို့ထံမှ မျက်နှာလွှဲတော်မူ၍ ကြယ်နက္ခတ်များကို ကိုးကွယ်ကြစေရန်သူတို့ကိုစွန့်ပစ်ထား တော်မူ၏။ ပရောဖက်ကျမ်းများတွင်ဖော် ပြသည်မှာ
42 Mas Deus afastou-se e os abandonou ao culto dos astros do céu, como está escrito no livro dos profetas: Porventura, casa de Israel, vós me oferecestes vítimas e sacrifícios por quarenta anos no deserto?
43 သင်တို့သယ်ဆောင်လာသည့်အရာများမှာ မောလုပ်ဘုရားစင်နှင့်၊
43 Aceitastes a tenda de Moloc e a estrela do vosso deus Renfão, figuras que vós fizestes para adorá-las! Assim eu vos deportarei para além da Babilônia {Am 5,25ss.}.
44 ``တောကန္တာရတွင်ငါတို့ဘိုးဘေးများ၌ ဘုရားသခင်ကျိန်းဝပ်တော်မူရာတဲတော် ရှိ၏။ မောရှေအားဘုရားသခင်ပြတော်မူ သည့်ပုံစံနှင့်အညီ ထိုတဲတော်ကိုတည် ဆောက်ခဲ့၏။-
44 A Arca da Aliança esteve com os nossos pais no deserto, como Deus ordenou a Moisés que a fizesse conforme o modelo que tinha visto.
45 ငါတို့အဘများသည်မိမိတို့ဖခင်များ ထံမှ ထိုတဲတော်ကိုဆက်ခံကာ ဘုရားသခင် နှင်ထုတ်တော်မူသောလူမျိုးတို့၏ပြည်ကို ယောရှုနှင့်အတူချီတက်သိမ်းပိုက်ကြသော အခါ ထိုတဲတော်ကိုသယ်ဆောင်သွားကြ၏။ ထိုတဲတော်ကားဒါဝိဒ်မင်းလက်ထက်တိုင် အောင်ရှိသတည်း။-
45 Recebendo-a nossos pais, levaram-na sob a direção de Josué às terras dos pagãos, que Deus expulsou da presença de nossos pais. E ali ficou até o tempo de Davi.
46 ဒါဝိဒ်မင်းသည်ဘုရားသခင်၏ရှေ့တော် တွင်မျက်နှာပွင့်လန်းသူဖြစ်၏။ သို့ဖြစ်၍ ယာကုပ်၏ဘုရားကျိန်းဝပ်တော်မူရာ ဗိမာန်တော်ကိုတည်ဆောက်ခွင့်ပြုရန် ဘုရားသခင်အားပန်ကြားလေသည်။-
46 Este encontrou graça diante de Deus e pediu que pudesse achar uma morada para o Deus de Jacó.
47 သို့သော်ဘုရားသခင်၏ဗိမာန်တော်ကို တည်ဆောက်ခွင့်ရသူကား ရှောလမုန်မင်း ကြီးဖြစ်သတည်း။''
47 Salomão foi quem lhe edificou a casa.
48 ``သို့ရာတွင်အမြင့်မြတ်ဆုံးသောဘုရား သည် လူတည်ဆောက်သောအိမ်များတွင်ကျိန်း ဝပ်တော်မမူ။ ဟုပရောဖက်ကပြော၏။-
48 O Altíssimo, porém, não habita em casas construídas por mãos humanas. Como diz o profeta:
49 `ကောင်းကင်ဘုံသည်ငါ၏ပလ္လင်ဖြစ်၏။
49 O céu é o meu trono, e a terra o escabelo dos meus pés. Que casa me edificareis vós?, diz o Senhor. Qual é o lugar do meu repouso?
50 ငါကိုယ်တိုင်ပင်ဤအရာခပ်သိမ်းကို
50 Acaso não foi minha mão que fez tudo isto {Is 66,1s.}?
51 ``သင်တို့သည်လွန်စွာခေါင်းမာကြသည် တကား။ သင်တို့စိတ်နှလုံးသည်ဘုရားသခင် ၏ဗျာဒိတ်စကားကိုကြားနာရန်နားပင်း ကြသည်တကား။ သင်တို့သည်မိမိတို့ဘိုး ဘေးများကဲ့သို့ပင် သန့်ရှင်းသောဝိညာဉ်တော် ကိုအစဉ်အမြဲဆန့်ကျင်ဘက်ပြုကြသည် တကား။-
51 Homens de dura cerviz, e de corações e ouvidos incircuncisos! Vós sempre resistis ao Espírito Santo. Como procederam os vossos pais, assim procedeis vós também!
52 သင်တို့ဘိုးဘေးများမနှိပ်စက်မညှဉ်းဆဲ သည့်ပရောဖက်ဟူ၍ အဘယ်မှာရှိသနည်း။ သင်တို့သည်ဘုရားသခင်၏ဖြောင့်မတ်သော အစေခံကြွလာတော်မူမည့်အကြောင်းကို ကြိုတင်ဟောကြားကြသည့်ပရောဖက်များ ကိုသတ်ဖြတ်ခဲ့ကြ၏။ ယခုသင်တို့သည် ထိုအရှင်ကိုအပ်၍သတ်ဖြတ်ကြပြီ။-
52 A qual dos profetas não perseguiram os vossos pais? Mataram os que prediziam a vinda do Justo, do qual vós agora tendes sido traidores e homicidas.
53 ကောင်းကင်တမန်များမှတစ်ဆင့်ပေးအပ် တော်မူသည့်ပညတ်တော်ကိုရရှိသော်လည်း ထိုပညတ်တော်ကိုမလိုက်နာကြပါတကား'' ဟုသတေဖန်မြွက်ဆို၏။
53 Vós que recebestes a lei pelo ministério dos anjos e não a guardastes...
54 ယုဒတရားလွှတ်တော်အဖွဲ့ဝင်တို့သည် ထိုစကားကိုကြားသောအခါ ဒေါသချောင်း ချောင်းထွက်၍အံသွားကြိတ်ခြင်းကိုပြုကြ၏။-
54 Ao ouvir tais palavras, esbravejaram de raiva e rangiam os dentes contra ele.
55 သို့သော်သတေဖန်သည်သန့်ရှင်းသောဝိညာဉ် တော်နှင့်ပြည့်ဝလျက် ကောင်းကင်သို့ကြည့်လိုက် သောအခါ ဘုရားသခင်၏ဘုန်းအသရေတော် ကိုလည်းကောင်း၊ ဘုရားသခင်၏လက်ယာတော် ဘက်တွင်လူသားရပ်လျက်နေတော်မူသည် ကိုလည်းကောင်းမြင်လေ၏။-
55 Mas, cheio do Espírito Santo, Estêvão fitou o céu e viu a glória de Deus e Jesus de pé à direita de Deus:
56 ထိုအခါသတေဖန်က``ငါသည်ကောင်းကင် ပွင့်လှစ်သည်ကိုလည်းကောင်း၊ လူသားသည် ဘုရားသခင်၏လက်ယာဘက်တွင်ရပ်လျက် နေတော်မူသည်ကိုလည်းကောင်းငါမြင်၏'' ဟုဆို၏။
56 Eis que vejo, disse ele, os céus abertos e o Filho do Homem, de pé, à direita de Deus.
57 ထိုသူတို့သည်ကျယ်စွာဟစ်အော်လျက် မိမိ တို့၏နားများကိုလက်ဖြင့်ပိတ်ဆို့ပြီးလျှင် သူ့ဆီသို့တရှိန်ထိုးပြေးကာ၊-
57 Levantaram então um grande clamor, taparam os ouvidos e todos juntos se atiraram furiosos contra ele.
58 သူ့ကိုမြို့ပြင်သို့ဆွဲထုတ်ပြီးနောက်ကျောက်ခဲ နှင့်ပေါက်ကြ၏။ အသိသက်သေများသည်မိမိ တို့ဝတ်လုံများကိုရှောလုနာမည်ရှိသူ လူငယ် လူရွယ်တစ်ယောက်အားအပ်ထားကြ၏။-
58 Lançaram-no fora da cidade e começaram a apedrejá-lo. As testemunhas depuseram os seus mantos aos pés de um moço chamado Saulo.
59 ဤသို့သူ့ကိုကျောက်ခဲနှင့်ပေါက်နေကြစဉ် သတေဖန်သည်``အို သခင်ယေရှု၊ အကျွန်ုပ်၏ ဝိညာဉ်ကိုသိမ်းပိုက်တော်မူပါ'' ဟုဆုတောင်း ၏။-
59 E apedrejavam Estêvão, que orava e dizia: Senhor Jesus, recebe o meu espírito.
60 သူသည်ဒူးထောက်၍``သခင်ဘုရား၊ ဤသူတို့ ပြုသောအပြစ်ကိုလွှတ်တော်မူပါ'' ဟုအသံ ကျယ်စွာကြွေးကြော်ပြီးနောက်အသက်ချုပ် လေ၏။
60 Posto de joelhos, exclamou em alta voz: Senhor, não lhes leves em conta este pecado... A estas palavras, expirou.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Atos 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.