Atos 5

Common Language Bible (MYA) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 အာ​န​နိ​ဆို​သူ​နှင့်​သူ​၏​ဇ​နီး​ရှ​ဖိ​ရေ​တို့ သည် မိ​မိ​တို့​၏​မြေ​ကို​ရောင်း​ချ​ကြ​၏။-
1 Mas um certo homem chamado Ananias, com Safira, sua mulher, vendeu uma propriedade,
2 သို့​သော်​အာ​န​နိ​သည်​ရောင်း​ရ​သော​ငွေ​အ​ချို့ အ​ဝက်​ကို ဇ​နီး​သည်​၏​သ​ဘော​တူ​ညီ​ချက် အ​ရ မိ​မိ​အ​ဖို့​ဖယ်​ထား​ပြီး​မှ​ကျန်​ငွေ​ကို တ​မန်​တော်​တို့​အား​ပေး​အပ်​လေ​သည်။-
2 e reteve parte do preço, sabendo-o também sua mulher; e levando a outra parte, a depositou aos pés dos apóstolos.
3 ပေ​တ​ရု​က ``အာ​န​နိ၊ သင်​သည်​လယ်​ရောင်း​ရ ငွေ​အ​ချို့​အ​ဝက်​ကို​မိ​မိ​အ​ဖို့​ဖယ်​ထား​ခြင်း အား​ဖြင့် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​လှည့် စား​လေ​ပြီ။ အ​ဘယ်​ကြောင့်​စာ​တန်​အား​သင် ၏​စိတ်​နှ​လုံး​ကို​စိုး​မိုး​ခွင့်​ပေး​ပါ​သ​နည်း။-
3 Disse então Pedro: Ananias, por que encheu Satanás o teu coração, para que mentisses ao Espírito Santo e retivesses parte do preço do terreno?
4 သင်​သည်​ထို​လယ်​ကို​မ​ရောင်း​ချ​မီ​က​ပိုင်​ဆိုင် သည်​မ​ဟုတ်​လော။ ရောင်း​ချ​ပြီး​သော​အ​ခါ ၌​လည်း မြေ​ဖိုး​ငွေ​ကို​ပိုင်​သည်​မ​ဟုတ်​လော။ သို့ ပါ​လျက်​အ​ဘယ်​ကြောင့်​ဤ​သို့​သော​အ​ကြံ အ​စည်​ကို​ပြု​ပါ​သ​နည်း။ သင်​သည်​လူ​ကို လှည့်​စား​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​ကို​လှည့် စား​လေ​ပြီ'' ဟု​ဆို​၏။-
4 Enquanto o possuías, não era teu? e vendido, não estava o preço em teu poder? Como, pois, formaste este desígnio em teu coração? Não mentiste aos homens, mas a Deus.
5 ထို​စ​ကား​ကို​ကြား​သည်​နှင့်​တစ်​ပြိုင်​နက် အာ​န​နိ​သည်​လဲ​ကျ​သေ​ဆုံး​လေ​သည်။ ဤ အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို​ကြား​ကြ​သူ အ​ပေါင်း​သည် လွန်​စွာ​ကြောက်​လန့်​ကြ​၏။-
5 E Ananias, ouvindo estas palavras, caiu e expirou. E grande temor veio sobre todos os que souberam disto.
6 လူ​ငယ်​လူ​ရွယ်​များ​သည်​လာ​၍ အာ​န​နိ​၏ ရုပ်​အ​လောင်း​ကို​အ​ဝတ်​နှင့်​ပတ်​ပြီး​နောက် အ​ပြင်​သို့​ထုတ်​ယူ​သင်္ဂြိုဟ်​ကြ​၏။
6 Levantando-se os moços, cobriram-no e, transportando-o para fora, o sepultaram.
7 သုံး​နာ​ရီ​ခန့်​ကြာ​သော​အ​ခါ အာ​န​နိ​၏ ဇ​နီး​ရောက်​လာ​၏။ သို့​ရာ​တွင်​သူ​သည်​ဖြစ် ပျက်​ခဲ့​သည့်​အ​ချင်း​အ​ရာ​ကို​မ​သိ။-
7 Depois de um intervalo de cerca de três horas, entrou também sua mulher, não sabendo o que havia acontecido.
8 ပေ​တ​ရု​က``သင်​တို့​သည်​လယ်​ကို​အ​ဖိုး ဤ​မျှ​ဖြင့်​ရောင်း​ပါ​သ​လော'' ဟု​မေး​၏။
8 E perguntou-lhe Pedro: Dize-me: Vendestes por tanto aquele terreno? E ela respondeu: Sim, por tanto.
9 ပေ​တ​ရု​က ``သ​ခင်​ဘု​ရား​၏​ဝိ​ညာဉ်​တော် ကို​သွေး​တိုး​စမ်း​ရန် အ​ဘယ်​ကြောင့်​သင်​တို့ သ​ဘော​တူ​ကြံ​စည်​ကြ​သ​နည်း။ ကြည့်​လော့။ သင်​၏​ခင်​ပွန်း​ကို​သင်္ဂြိုဟ်​ခဲ့​သူ​တို့​သည် ယ​ခု တံ​ခါး​ဝ​သို့​ပြန်​ရောက်​ပြီ။ သူ​တို့​သည်​သင့် ကို​လည်း​ဆောင်​ယူ​သွား​ကြ​လတ္တံ့' ဟု​ဆို​၏။-
9 Então Pedro lhe disse: Por que é que combinastes entre vós provar o Espírito do Senhor? Eis aí à porta os pés dos que sepultaram o teu marido, e te levarão também a ti.
10 ချက်​ချင်း​ပင်​ထို​အ​မျိုး​သ​မီး​သည် ပေ​တ​ရု ၏​ခြေ​ရင်း​တွင်​လဲ​ကျ​သေ​ဆုံး​လေ​၏။ လူ ငယ်​လူ​ရွယ်​တို့​ရောက်​လာ​ကြ​သော​အ​ခါ ထို​အ​မျိုး​သ​မီး​သေ​ဆုံး​နေ​သည်​ကို​တွေ့ ရ​၏။ ရုပ်​အ​လောင်း​ကို​ထုတ်​ယူ​ပြီး​လျှင် ခင်​ပွန်း​ဖြစ်​သူ​၏​အ​နီး​တွင်​သင်္ဂြိုဟ်​ကြ​၏။-
10 Imediatamente ela caiu aos pés dele e expirou. E entrando os moços, acharam-na morta e, levando-a para fora, sepultaram-na ao lado do marido.
11 အ​သင်း​တော်​တစ်​သင်း​လုံး​နှင့်​ထို​အ​ဖြစ် အ​ပျက်​အ​ကြောင်း​ကို ကြား​ကြ​သူ​အ​ပေါင်း သည်​လွန်​စွာ​ကြောက်​လန့်​ကြ​ကုန်​၏။
11 Sobreveio grande temor a toda a igreja e a todos os que ouviram estas coisas.
12 တ​မန်​တော်​တို့​သည်​လူ​တို့​ရှေ့​တွင်​အံ့​သြ​ဖွယ် ရာ​အ​မှု​အ​ရာ​များ​နှင့် နိ​မိတ်​လက္ခ​ဏာ​များ ကို​ပြ​ကြ​၏။ ယုံ​ကြည်​သူ​အ​ပေါင်း​တို့​သည် ရှော​လ​မုန်​မုခ်​တွင်​စု​ဝေး​ကြ​၏။-
12 E muitos sinais e prodígios eram feitos entre o povo pelas mãos dos apóstolos. E estavam todos de comum acordo no pórtico de Salomão.
13 လူ​တို့​သည်​ထို​သူ​တို့​အား​ချီး​ကူး​ပြော​ဆို ကြ​သော်​လည်း မည်​သူ​တစ်​စုံ​တစ်​ယောက်​မျှ သူ​တို့​နှင့်​မ​ပေါင်း​မ​သင်း​ဝံ့​ကြ။-
13 Dos outros, porém, nenhum ousava ajuntar-se a eles; mas o povo os tinha em grande estima;
14 သို့​ရာ​တွင်​သ​ခင်​ဘု​ရား​ကို​သက်​ဝင်​ယုံ​ကြည် သူ အ​မျိုး​သား​အ​မျိုး​သ​မီး​အ​ရေ​အ​တွက် သည်​ပို​၍​ပို​၍​များ​လာ​၏။-
14 e cada vez mais se agregavam crentes ao Senhor em grande número tanto de homens como de mulheres,
15 လူ​တို့​သည်​သူ​နာ​များ​ကို​ယူ​ဆောင်​လာ​ကြ ၏။ ပေ​တ​ရု​လျှောက်​လာ​သော​အ​ခါ​ယုတ်​စွ အ​ဆုံး၊ အ​ချို့​သော​သူ​နာ​တို့​အ​ပေါ်​သို့ ပေ​တ​ရု​၏​အ​ရိပ်​လွှမ်း​မိ​စေ​ရန်​အိပ်​ရာ များ၊ ထမ်း​စင်​များ​ဖြင့်​သူ​နာ​များ​ကို​လမ်း ပေါ်​တွင်​ချ​ထား​ကြ​၏။-
15 a ponto de transportarem os enfermos para as ruas, e os porem em leitos e macas, para que ao passar Pedro, ao menos sua sombra cobrisse alguns deles.
16 ထို့​ပြင်​ယေ​ရု​ရှ​လင်​မြို့​ပတ်​ဝန်း​ကျင်​မြို့​ရွာ များ​မှ လူ​ပ​ရိ​သတ်​တို့​သည်​ဖျား​နာ​သူ​များ၊ နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သူ​များ​ကို​ခေါ်​ဆောင်​လာ ကြ​၏။ ထို​သူ​နာ​အ​ပေါင်း​သည်​ရော​ဂါ​ပျောက် ကင်း​သွား​ကြ​၏။
16 Também das cidades circunvizinhas afluía muita gente a Jerusalém, conduzindo enfermos e atormentados de espíritos imundos, os quais eram todos curados.
17 ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့်​သူ​၏​နောက် လိုက်​များ​ဖြစ်​သော ဒေ​သ​ဆိုင်​ရာ​ဇဒ္ဒု​ကဲ​ဂိုဏ်း ဝင်​များ​သည် တ​မန်​တော်​တို့​ကို​လွန်​စွာ​မ​နာ လို​ဝန်​တို​စိတ်​ရှိ​လာ​ကြ​သ​ဖြင့် သူ​တို့​ကို အ​ရေး​ယူ​ရန်​ဆုံး​ဖြတ်​ကြ​၏။-
17 Levantando-se o sumo sacerdote e todos os que estavam com ele {isto é, a seita dos saduceus}, encheram-se de inveja,
18 သူ​တို့​သည်​တ​မန်​တော်​တို့​ကို​ဖမ်း​ဆီး​ပြီး လျှင် ထောင်​တွင်​အ​ကျဉ်း​ချ​ထား​ကြ​၏။-
18 deitaram mão nos apóstolos, e os puseram na prisão pública.
19 သို့​သော်​ည​အ​ခါ​၌​သ​ခင်​ဘု​ရား​၏ ကောင်း​ကင်​တ​မန်​သည် ထောင်​တံ​ခါး​များ ကို​ဖွင့်​၍ တ​မန်​တော်​တို့​ကို​အ​ပြင်​သို့ ခေါ်​ထုတ်​ပြီး​လျှင်၊-
19 Mas de noite um anjo do Senhor abriu as portas do cárcere e, tirando-os para fora, disse:
20 ``သင်​တို့​သည်​ဗိ​မာန်​တော်​သို့​သွား​၍ လူ​တို့ အား​ဘ​ဝ​သစ်​အ​ကြောင်း​အ​လုံး​စုံ​ကို ဟော​ပြော​ကြ​လော့'' ဟု​ဆို​၏။-
20 Ide, apresentai-vos no templo, e falai ao povo todas as palavras desta vida.
21 တ​မန်​တော်​တို့​သည်​ကောင်း​ကင်​တ​မန်​၏​စ​ကား ကို​နာ​ခံ​၍ အ​ရုဏ်​တက်​ချိန်​၌​ဗိ​မာန်​တော်​ထဲ သို့​ဝင်​၍​ဟော​ပြော​သွန်​သင်​ကြ​၏။
21 Ora, tendo eles ouvido isto, entraram de manhã cedo no templo e ensinavam. Chegando, porém o sumo sacerdote e os que estavam com ele, convocaram o sinédrio, com todos os anciãos dos filhos de Israel, e enviaram guardas ao cárcere para trazê-los.
22 ထို​သူ​တို့​သည်​အ​ကျဉ်း​ထောင်​သို့​ရောက်​သော အ​ခါ တ​မန်​တော်​တို့​ကို​မ​တွေ့​ရ​ကြ။ သို့​ဖြစ် ၍​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​တို့​ထံ​သို့​ပြန် လာ​ပြီး​လျှင်၊-
22 Mas os guardas, tendo lá ido, não os acharam na prisão; e voltando, lho anunciaram,
23 ``အ​ကျဉ်း​ထောင်​တံ​ခါး​သည်​သေ​ချာ​စွာ​ပိတ် လျက်​ရှိ​သည်​ကို​လည်း​ကောင်း၊ ထောင်​စောင့်​တို့ သည်​လည်း​တံ​ခါး​ပြင်​တွင်​ရပ်​လျက်​ရှိ​သည် ကို​လည်း​ကောင်း အ​ကျွန်ုပ်​တို့​တွေ့​ပါ​၏။ သို့​ရာ တွင်​တံ​ခါး​ကို​ဖွင့်​လိုက်​သော​အ​ခါ အ​တွင်း တွင်​မည်​သူ့​ကို​မျှ​မ​တွေ့​ရ​ပါ'' ဟု​လျှောက် ထား​ကြ​၏။-
23 dizendo: Achamos realmente o cárcere fechado com toda a segurança, e as sentinelas em pé às portas; mas, abrindo-as, a ninguém achamos dentro.
24 ထို​စ​ကား​ကို​ကြား​လျှင်​ဗိ​မာန်​တော်​အ​စောင့် တပ်​မှူး​နှင့်​ယဇ်​ပု​ရော​ဟိတ်​ကြီး​တို့​သည် ``ဤ အ​မှု​ကား​အ​ဘယ်​သို့​ဖြစ်​ပါ​လိမ့်​မည်​နည်း'' ဟု​တွေး​တော​ကြ​၏။-
24 E quando o capitão do templo e os principais sacerdotes ouviram estas palavras ficaram perplexos acerca deles e do que viria a ser isso.
25 ထို​အ​ခါ​လူ​တစ်​ယောက်​ရောက်​ရှိ​လာ​၍ ``အ​ရှင် တို့​အ​ကျဉ်း​ချ​ထား​ခဲ့​သော​သူ​များ​သည် ဗိ​မာန် တော်​ထဲ​တွင်​ရပ်​လျက်​လူ​တို့​အား​ဟော​ပြော သွန်​သင်​နေ​ပါ​သည်'' ဟု​လျှောက်​၏။-
25 Então chegou alguém e lhes anunciou: Eis que os homens que encerrastes na prisão estão no templo, em pé, a ensinar o povo.
26 ထို​အ​ခါ​ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​သည် မိ​မိ​၏​တပ်​သား​များ​နှင့်​သွား​ရောက်​၍ တ​မန် တော်​တို့​ကို​ခေါ်​ဆောင်​ခဲ့​၏။ သို့​ရာ​တွင်​မိ​မိ တို့​အား​လူ​ထု​က​ခဲ​နှင့်​ပေါက်​မည်​ကို​စိုး​ရိမ် သ​ဖြင့် တ​မန်​တော်​တို့​အား​အ​ကြမ်း​ဖက်​မှု ကို​မ​ပြု​ကြ။
26 Nisso foi o capitão com os guardas e os trouxe, não com violência, porque temiam ser apedrejados pelo povo.
27 ဤ​သို့​တ​မန်​တော်​တို့​ကို​ခေါ်​ဆောင်​လာ​ပြီး လျှင် တ​ရား​လွှတ်​တော်​အ​ဖွဲ့​၏​ရှေ့​တွင်​ရပ်​စေ ၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​တ​မန်​တော်​တို့ ကို​စစ်​ဆေး​မေး​မြန်း​၏။-
27 E tendo-os trazido, os apresentaram ao sinédrio. E o sumo sacerdote os interrogou, dizendo:
28 သူ​က``ထို​နာ​မ​ကို​အ​မှီ​ပြု​၍​ဟော​ပြော​သွန် သင်​ခြင်း​မ​ပြု​ရန် သင်​တို့​အား​ငါ​တို့​ကျပ်​တည်း စွာ​အ​မိန့်​ပေး​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​သင်​တို့ သည်​ယေ​ရု​ရှ​လင်​မြို့​တစ်​မြို့​လုံး​တွင် အ​နှံ့ အ​ပြား​ဟော​ပြော​သွန်​သင်​ကြ​လေ​ပြီ။ ထို သူ​သေ​ရ​သည်​မှာ​ငါ​တို့​ကြောင့်​ဖြစ်​သည်​ဟူ ၍ သင်​တို့​အ​ပြစ်​တင်​လို​ကြ​သည်​တ​ကား'' ဟု​တ​မန်​တော်​တို့​အား​ပြော​ကြား​ကြ ၏။
28 Não vos admoestamos expressamente que não ensinásseis nesse nome? e eis que enchestes Jerusalém dessa vossa doutrina e quereis lançar sobre nós o sangue desse homem.
29 ပေ​တ​ရု​နှင့်​တ​မန်​တော်​တို့​က``ငါ​တို့​သည် လူ့​အ​မိန့်​ထက်​ဘု​ရား​သ​ခင့်​အ​မိန့်​တော် ကို​နား​ထောင်​ရ​မည်။-
29 Respondendo Pedro e os apóstolos, disseram: Importa antes obedecer a Deus que aos homens.
30 ငါ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​သည် သင် တို့​လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ​တင်​၍​သတ်​ခဲ့ သော​သ​ခင်​ယေ​ရှု​အား ရှင်​ပြန်​ထ​မြောက်​စေ တော်​မူ​ပြီ။-
30 O Deus de nossos pais ressuscitou a Jesus, ao qual vós matastes, suspendendo-o no madeiro;
31 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​နောင်​တ​ရ ၍ မိ​မိ​တို့​အ​ပြစ်​များ​မှ​ပြေ​လွတ်​စိမ့်​သော​ငှာ ဘု​ရား​သ​ခင်​သည်​ထို​သ​ခင်​အား​မိ​မိ​၏ လက်​ယာ​တော်​ဘက်​တွင်​စံ​ပယ်​စေ​၍ ဦး​စီး ခေါင်း​ဆောင်​အ​ဖြစ်​နှင့်​ကယ်​တင်​ရှင်​အ​ဖြစ် ချီး​မြှင့်​တော်​မူ​၏။-
31 sim, Deus, com a sua destra, o elevou a Príncipe e Salvador, para dar a Israel o arrependimento e remissão de pecados.
32 ဤ​အ​မှု​အ​ရာ​များ​နှင့်​ပတ်​သက်​၍ ငါ​တို့ သည်​အ​သိ​သက်​သေ​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင် ၏​အ​မိန့်​ကို​နာ​ခံ​သူ​တို့​အား​ချ​ပေး​တော်​မူ သည့်​ဆု​ကျေး​ဇူး​တည်း​ဟူ​သော ဝိ​ညာဉ်​တော် သည်​လည်း​အ​သိ​သက်​သေ​ဖြစ်​တော်​မူ​၏'' ဟု ပြန်​၍​ပြော​ကြား​ကြ​၏။
32 E nós somos testemunhas destas coisas, e bem assim o Espírito Santo, que Deus deu àqueles que lhe obedecem.
33 ဤ​စ​ကား​ကို​ကြား​ကြ​သော​အ​ခါ​တ​ရား လွှတ်​တော်​အ​ဖွဲ့​ဝင်​တို့​သည် ပြင်း​စွာ​အ​မျက် ထွက်​ကြ​သ​ဖြင့် တ​မန်​တော်​တို့​အား​သေ​ဒဏ် ပေး​ရန်​တိုင်​ပင်​ကြ​၏။-
33 Ora, ouvindo eles isto, se enfureceram e queriam matá-los.
34 သို့​ရာ​တွင်​ဂါ​မ​လျေ​လ​နာ​မည်​ရှိ​သော ဖာ​ရိ​ရှဲ​သည် တ​ရား​လွှတ်​တော်​တွင်​ထိုင်​ရာ မှ​ထ​၍ တ​မန်​တော်​တို့​အား​အ​ပြင်​သို့​ခေတ္တ ခေါ်​ထုတ်​သွား​ရန်​အ​မိန့်​ပေး​၏။ သူ​သည်​လူ အ​ပေါင်း​တို့​ရို​သေ​လေး​စား​သည့်​ကျမ်း​တတ် ဆ​ရာ​တစ်​ဦး​ဖြစ်​၏။-
34 Mas, levantando-se no sinédrio certo fariseu chamado Gamaliel, doutor da lei, acatado por todo o povo, mandou que por um pouco saíssem aqueles homens;
35 ထို​သူ​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ဤ သူ​တို့​အား​သင်​တို့​ပြု​မည့်​အ​ရာ​ကို​သ​တိ နှင့်​ပြု​ကြ​လော့။-
35 e prosseguiu: Varões israelitas, acautelai-vos a respeito do que estais para fazer a estes homens.
36 လွန်​ခဲ့​သော​နှစ်​အ​နည်း​ငယ်​က​သု​ဒ​ဆို​သူ သည် မိ​မိ​ကိုယ်​ကို​ခေါင်း​ဆောင်​ကြီး​တစ်​ဦး​ဟု ဆို​ကာ​ပေါ်​ပေါက်​ခဲ့​၏။ သူ​သည်​နောက်​လိုက်​လူ လေး​ရာ​ခန့်​ရ​ရှိ​ခဲ့​၏။ သို့​ရာ​တွင်​သူ​အ​သတ် ခံ​ရ​ပြီး​နောက် သူ​၏​နောက်​လိုက်​များ​သည်​တစ် ကွဲ​တစ်​ပြား​ဖြစ်​လျက် သူ​ဦး​ဆောင်​ခဲ့​သော လှုပ်​ရှား​မှု​သည်​လည်း​ပျောက်​ပျက်​သွား​၏။-
36 Porque, há algum tempo, levantou-se Teudas, dizendo ser alguém; ao qual se ajuntaram uns quatrocentos homens; mas ele foi morto, e todos quantos lhe obedeciam foram dispersos e reduzidos a nada.
37 ထို​နောက်​သန်း​ခေါင်​စာ​ရင်း​ကောက်​ချိန်​၌ ဂါ​လိ​လဲ​ပြည်​သား​ယု​ဒ​ဆို​သူ​ပေါ်​ပေါက် လာ​ကာ လူ​တို့​ကို​ဆွဲ​ဆောင်​စည်း​ရုံး​ခဲ့​၏။ သူ သည်​လည်း​သေ​ကျေ​ပျက်​စီး​ရ​လျက် သူ​၏ နောက်​လိုက်​အ​ပေါင်း​သည်​ကွဲ​လွင့်​သွား​ကြ ကုန်​၏။-
37 Depois dele levantou-se Judas, o galileu, nos dias do recenseamento, e levou muitos após si; mas também este pereceu, e todos quantos lhe obedeciam foram dispersos.
38 သို့​ဖြစ်​၍​ယ​ခု​သင်​တို့​အား​ငါ​ဆို​သည်​ကား ဤ​သူ​တို့​ကို​အ​ရေး​မ​ယူ​ကြ​နှင့်။ သူ​တို့ ဘာ​သာ​နေ​ပါ​စေ။-
38 Agora vos digo: Dai de mão a estes homens, e deixai-os, porque este conselho ou esta obra, caso seja dos homens, se desfará;
39 သူ​တို့​ကြံ​စည်​ပြု​လုပ်​သော​အ​မှု​ကိစ္စ​သည် လူ​မှ​ဖြစ်​ခဲ့​သော်​ထို​အ​ကြံ​အ​စည်​အ​မှု ကိစ္စ​သည်​ပျက်​ရ​မည်။ သို့​ရာ​တွင်​ဘု​ရား သ​ခင်​မှ​ဖြစ်​ပါ​မူ ထို​သူ​တို့​ကို​မ​ဖျက် နိုင်​သည့်​ပြင်​ဘု​ရား​သ​ခင်​အား​သင်​တို့ ဆန့်​ကျင်​ရာ​ရောက်​အံ့'' ဟု​ဆို​၏။
39 mas, se é de Deus, não podereis derrotá-los; para que não sejais, porventura, achados até combatendo contra Deus.
40 တ​မန်​တော်​တို့​ကို​ခေါ်​ယူ​ကြ​၏။ ထို​နောက်​သူ တို့​အား​ကြိမ်​ဒဏ်​ခတ်​ကာ``ယေ​ရှု​၏​နာ​မ​ကို အ​မှီ​ပြု​၍ ဟော​ပြော​သွန်​သင်​ခြင်း​ကို​နောက် တစ်​ဖန်​မ​ပြု​ရ'' ဟု​အ​မိန့်​ပေး​ပြီး​နောက် လွှတ်​လိုက်​ကြ​၏။-
40 Concordaram, pois, com ele, e tendo chamado os apóstolos, açoitaram-nos e mandaram que não falassem em nome de Jesus, e os soltaram.
41 တ​မန်​တော်​တို့​သည်​မိ​မိ​တို့​အား​သ​ခင်​ယေ​ရှု အ​တွက် အ​သ​ရေ​ပျက်​ခြင်း​ကို​ခံ​ထိုက်​သူ​များ အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​မှတ်​တော်​မူ​သော​ကြောင့် ဝမ်း​မြောက်​စွာ​ယု​ဒ​တ​ရား​လွှတ်​တော်​မှ​ထွက် သွား​ကြ​၏။-
41 Retiraram-se pois da presença do sinédrio, regozijando-se de terem sido julgados dignos de sofrer afronta pelo nome de Jesus.
42 နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​တွင်​လည်း​ကောင်း၊ အိမ်​များ​တွင်​လည်း​ကောင်း​သ​ခင်​ယေ​ရှု​သည် မေ​ရှိ​ယ​ဖြစ်​တော်​မူ​ကြောင်း​ကို​ဆက်​လက်​၍ ဟော​ပြော​သွန်​သင်​ကြ​၏။
42 E todos os dias, no templo e de casa em casa, não cessavam de ensinar, e de anunciar a Jesus, o Cristo.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Atos 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.