Atos 4
Common Language Bible (MYA) vs VC
1 ပေတရုနှင့်ယောဟန်တို့သည်လူတို့အား ဟောပြောလျက်နေကြစဉ်ယဇ်ပုရောဟိတ် များ၊ ဗိမာန်တော်အစောင့်တပ်မှူးနှင့်ဇဒ္ဒုကဲ များသည်ရောက်လာကြ၏။-
1 Enquanto eles falavam ao povo, vieram os sacerdotes, o chefe do templo e os saduceus,
2 တမန်တော်တို့သည် သေခြင်းမှသခင်ယေရှု ရှင်ပြန်ထမြောက်သည့်အကြောင်းကိုဟောပြော လျက်နေသဖြင့် ဇဒ္ဒုကဲတို့စိတ်ဆိုးကြ၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သေခြင်း မှရှင်ပြန်ထမြောက်မှုသည် သူသေတို့ရှင်ပြန် ထမြောက်ကြလိမ့်မည်ဟူသောအယူဝါဒ မှန်ကန်ကြောင်းကို သက်သေထူလျက်ရှိသော ကြောင့်ဖြစ်၏။-
2 contrariados porque ensinavam ao povo e anunciavam, na pessoa de Jesus, a ressurreição dos mortos.
3 သို့ဖြစ်၍သူတို့သည်တမန်တော်တို့ကို ဖမ်းဆီးကြပြီးနောက် ညချမ်းအချိန်ရှိ ပြီဖြစ်၍ နောက်တစ်နေ့နံနက်တိုင်အောင် ချုပ်နှောင်ထားကြ၏။-
3 Prenderam-nos e os meteram no cárcere até o outro dia, pois já era tarde.
4 သို့ရာတွင်တရားနာသောသူအမြောက် အမြားပင် ကိုယ်တော်ကိုသက်ဝင်ယုံကြည် လာကြ၏။ ယုံကြည်သူအရေအတွက် ငါးထောင်ခန့်တိုးပွားလာသတည်း။
4 Muitos, porém, dos que tinham ouvido a pregação creram; e o número dos fiéis elevou-se a mais ou menos cinco mil.
5 နောက်တစ်နေ့၌ယုဒခေါင်းဆောင်များ၊ အကြီး အကဲများနှင့်ကျမ်းတတ်ဆရာများသည် ယေရုရှလင်မြို့တွင်စုဝေးကြပြီးလျှင်၊-
5 No dia seguinte reuniram-se em Jerusalém os chefes do povo, os anciãos, os escribas,
6 ယဇ်ပုရောဟိတ်မင်းအန္နတ်နှင့်တကွသူ၏ အိမ်ထောင်စုသားများဖြစ်သည့်ကယာဖ၊ ယောဟန်၊ အာလေဇန္ဒြေုအစရှိသောသူ အပေါင်းတို့နှင့်တွေ့ဆုံတိုင်ပင်ကြ၏။-
6 com Anás, sumo sacerdote, Caifás, João, Alexandre e todos os que eram da linhagem pontifical.
7 ထိုသူတို့သည်မိမိတို့ရှေ့တွင်တမန်တော် နှစ်ပါးကိုရပ်စေ၍``သင်တို့သည်မည်သည့် တန်ခိုး၊ မည်သည့်နာမအားဖြင့်ဤအမှု ကိုပြုသနည်း'' ဟုမေးမြန်းကြ၏။
7 Colocando-os no meio, perguntaram: Com que poder ou em que nome fizestes isso?
8 ထိုအခါပေတရုသည် သန့်ရှင်းသောဝိညာဉ် တော်ဖြင့်ပြည့်ဝလျက်``လူတို့၏ခေါင်းဆောင် တို့နှင့်အကြီးအကဲတို့၊-
8 Então Pedro, cheio do Espírito Santo, respondeu-lhes: Chefes do povo e anciãos, ouvi-me:
9 ခြေမစွမ်းမသန်သူတစ်ယောက်ကိုကောင်း ကျိုးပြုသည့်အကြောင်း၊ သူစွမ်းသန်လာပုံ အကြောင်းနှင့်ပတ်သက်၍ ယနေ့ငါတို့အစစ် ခံရကြ၏။-
9 se hoje somos interrogados a respeito do benefício feito a um enfermo, e em que nome foi ele curado,
10 နာဇရက်မြို့သားယေရှုခရစ်၏နာမတော် တန်ခိုးအားဖြင့် ထိုသူသည်ခြေစွမ်းသန်လာ ၍ ယခုသင်တို့ရှေ့တွင်ရပ်လျက်နေသည်ကို သင်တို့နှင့်အတူဣသရေလအမျိုးသား အပေါင်းတို့သိမှတ်ကြလော့။ ထိုအရှင် ကားသင်တို့လက်ဝါးကပ်တိုင်ပေါ်မှာတင် ၍သတ်ပြီးနောက် ဘုရားသခင်ရှင်ပြန် ထမြောက်စေတော်မူသောသူဖြစ်သတည်း။
10 ficai sabendo todos vós e todo o povo de Israel: foi em nome de Jesus Cristo Nazareno, que vós crucificastes, mas que Deus ressuscitou dos mortos. Por ele é que esse homem se acha são, em pé, diante de vós.
11 `တိုက်ကိုတည်ဆောက်ရာတွင် သင်တို့ပယ်ထားသည့်ကျောက်သည်
11 Esse Jesus, pedra que foi desprezada por vós, edificadores, tornou-se a pedra angular.
12 ထိုအရှင်တစ်ပါးတည်းသာလျှင်ကယ်တင် နိုင်၏။ ကမ္ဘာပေါ်တွင်ထိုအရှင်မှတစ်ပါး ငါ တို့ကိုကယ်တင်နိုင်သူတစ်စုံတစ်ယောက်မျှ မရှိ'' ဟုသူတို့အားပြန်လည်ဖြေကြားလေ၏။
12 Em nenhum outro há salvação, porque debaixo do céu nenhum outro nome foi dado aos homens, pelo qual devamos ser salvos.
13 ပေတရုနှင့်ယောဟန်တို့သည်ပညာမတတ် သူ၊ လူသာမန်များသာဖြစ်လျက်နှင့်မည်မျှ ရဲရင့်ကြသည်ကို တရားလွှတ်တော်အဖွဲ့ဝင် တို့တွေ့မြင်ကြသောအခါများစွာအံ့သြ ကြ၏။ ထိုသူနှစ်ဦးတို့သည် သခင်ယေရှု၏ အပေါင်းအဖော်များဖြစ်ခဲ့သည်ကိုလည်း သတိပြုမိကြ၏။-
13 Vendo eles a coragem de Pedro e de João, e considerando que eram homens sem estudo e sem instrução, admiravam-se. Reconheciam-nos como companheiros de Jesus.
14 သို့ရာတွင်အနာရောဂါပျောက်ကင်းသွားသူ သည် တမန်တော်တို့နှင့်ရပ်လျက်နေသည်ကို မြင်သဖြင့် သူတို့သည်မည်သို့မျှငြင်းဆို ရန်မတတ်နိုင်ကြ။-
14 Mas vendo com eles o homem que tinha sido curado, não puderam replicar.
15 သို့ဖြစ်၍တမန်တော်တို့ကိုတရားလွှတ် တော်ထဲမှခေတ္တထွက်ခွာသွားစေပြီးလျှင် ဤသို့တိုင်ပင်ကြ၏။-
15 Mandaram que se retirassem da sala do conselho, e conferenciaram entre si:
16 ``ဤသူတို့အားအသို့ပြုအံ့နည်း။ သူတို့အား ဖြင့်ထူးခြားသောနိမိတ်လက္ခဏာတစ်ရပ်ဖြစ် ပေါ်ခဲ့သည်ကို ယေရုရှလင်မြို့သူမြို့သား အပေါင်းတို့ကောင်းစွာသိကြ၏။ ငါတို့ငြင်း ဆို၍လည်းမရနိုင်။-
16 Que faremos destes homens? Porquanto o milagre por eles feito se tornou conhecido de todos os habitantes de Jerusalém, e não o podemos negar.
17 သို့သော်လူတို့အထဲတွင်ဤသတင်းပို၍ ပျံ့မသွားစေရန် ထိုသူနှစ်ဦးအားယေရှု၏ နာမကိုအမှီပြု၍ နောက်တစ်ဖန်မည်သူကို မျှမဟောမပြောရန်ကျပ်တည်းစွာသတိ ပေးကြကုန်အံ့။''
17 Todavia, para que esta notícia não se divulgue mais entre o povo, proibamos com ameaças, que no futuro falem a alguém nesse nome.
18 ထိုနောက်တမန်တော်တို့ကိုပြန်လည်ခေါ်ယူ ကာ သခင်ယေရှု၏နာမတော်ကိုအမှီပြု၍ နောက်တစ်ဖန်ဟောပြောသွန်သင်ခြင်းလုံးဝ မပြုရန်အမိန့်ပေးကြ၏။-
18 Chamaram-nos e ordenaram-lhes que absolutamente não falassem nem ensinassem em nome de Jesus.
19 သို့ရာတွင်ပေတရုနှင့်ယောဟန်တို့က``ငါ တို့သည်ဘုရားသခင်၏စကားကိုနား ထောင်ရမည်လော။ သို့မဟုတ်သင်တို့၏စကား ကိုနားထောင်ရမည်လော။ ဘုရားသခင်၏ ရှေ့တော်တွင်အဘယ်သူ၏စကားကိုနား ထောင်သင့်ကြောင်း သင်တို့ကိုယ်တိုင်ပင်အဆုံး အဖြတ်ပေးကြလော့။-
19 Responderam-lhes Pedro e João: Julgai-o vós mesmos se é justo diante de Deus obedecermos a vós mais do que a Deus.
20 ငါတို့မူကားမိမိတို့ကြားရမြင်ရသည့် အမှုအရာများအကြောင်းကိုမဟောမ ပြောဘဲမနေနိုင်ပါ'' ဟုပြန်ပြောကြ၏။-
20 Não podemos deixar de falar das coisas que temos visto e ouvido.
21 ထိုအခါတရားလွှတ်တော်အဖွဲ့ဝင်တို့သည် သူတို့ကိုထပ်မံကျပ်တည်းစွာသတိပေးပြီး နောက်ထွက်ခွာသွားစေကြ၏။ လူအပေါင်း တို့သည်ဖြစ်ပျက်ခဲ့သည့်အမှုအရာကြောင့် ဘုရားသခင်၏ဘုန်းအသရေတော်ကို ချီးကူးလျက်နေကြသဖြင့် တရားလွှတ် တော်အဖွဲ့ဝင်တို့သည်တမန်တော်တို့ကို မည်သို့မျှအပြစ်ဒဏ်မစီရင်နိုင်ကြ။-
21 Eles então, ameaçando-os de novo, soltaram-nos, não achando pretexto para os castigar por causa do povo, porque todos glorificavam a Deus pelo que tinha acontecido.
22 အံ့သြဖွယ်ကောင်းအောင်ရောဂါပျောက်ကင်း သွားသူကား အသက်လေးဆယ်ကျော်ရှိ သတည်း။
22 Pois já passava dos 40 anos o homem em quem se realizara essa cura milagrosa.
23 ပေတရုနှင့်ယောဟန်တို့သည်လွတ်မြောက်လာ ကြသောအခါ မိမိတို့၏လူစုထံသို့ပြန်ပြီး လျှင် ယဇ်ပုရောဟိတ်ကြီးများနှင့်ဘာသာရေး ခေါင်းဆောင်များပြောကြားလိုက်သမျှတို့ ကိုပြန်ပြောကြ၏။-
23 Postos em liberdade, voltaram aos seus irmãos e referiram tudo quanto lhes tinham dito os sumos sacerdotes e os anciãos.
24 ထိုအကြောင်းကိုကြားကြသောအခါ ထိုသူ တို့သည်တညီတညွတ်တည်းဆုတောင်းကြ၏။ ``အစိုးရတော်မူသောအရှင်၊ ကိုယ်တော်ရှင် သည်ကောင်းကင်မြေကြီး၊ သမုဒ္ဒရာနှင့်ထို အရပ်များတွင်ရှိသမျှတို့ကိုဖန်ဆင်း တော်မူသောအရှင်ဖြစ်တော်မူပါ၏။-
24 Ao ouvirem isso, levantaram unânimes a voz a Deus e disseram: Senhor, vós que fizestes o céu, a terra, o mar e tudo o que neles há.
25 ကိုယ်တော်ရှင်သည်မိမိ၏အစေခံ၊ အကျွန်ုပ် တို့၏ဘိုးဘေးဒါဝိဒ်မင်းမှတစ်ဆင့်သန့်ရှင်း သောဝိညာဉ်တော်အားဖြင့်၊
25 Vós que, pelo Espírito Santo, pela boca de nosso pai Davi, vosso servo, dissestes: Por que se agitam as nações, e imaginam os povos coisas vãs?
26 လောကီဘုရင်တို့သည်ထာဝရဘုရားကို ပုန်ကန်ရန်အသင့်ပြင်ဆင်ကြ၏။
26 Levantam-se os reis da terra, e os príncipes se reúnem em conselho contra o Senhor e contra o seu Cristo {Sl 2,1s.}.
27 ထိုနည်းတူစွာဟေရုဒ်မင်းနှင့်ပုန္တိပိလတ် မင်းတို့သည် လူမျိုးခြားများ၊ ဣသရေလ အမျိုးသားများနှင့်တကွ ကိုယ်တော်၏သန့်ရှင်း မြင့်မြတ်သောအစေခံဖြစ်သူ၊ မေရှိယအဖြစ် ကိုယ်တော်ဘိသိက်ပေးသူ သခင်ယေရှုကို ဆန့်ကျင်ဘက်ပြုရန်ဤမြို့ထဲတွင်စုဝေး ခဲ့ကြပါ၏။-
27 Pois na verdade se uniram nesta cidade contra o vosso santo servo Jesus, que ungistes, Herodes e Pôncio Pilatos com as nações e com o povo de Israel,
28 ယင်းသို့ထိုသူတို့စုဝေးကြခြင်းမှာကိုယ်တော် ရှင်၏တန်ခိုးတော်နှင့် အလိုတော်အရခွဲခန့် ပြဋ္ဌာန်းထားတော်မူသမျှသောအရာတို့ကို ဖြစ်ပျက်လာစေရန်ပင်ဖြစ်၏။-
28 para executarem o que a vossa mão e o vosso conselho predeterminaram que se fizesse.
29 အို ထာဝရဘုရား၊ ယခုအခါထိုသူတို့၏ ခြိမ်းခြောက်ခြင်းကိုရှုမှတ်တော်မူပါ။ ကိုယ်တော် ရှင်၏အစေခံတို့အားအရှင့်တရားတော်ကို ရဲရင့်စွာဟောပြောနိုင်ခွင့်ကိုပေးသနားတော် မူပါ။-
29 Agora, pois, Senhor, olhai para as suas ameaças e concedei aos vossos servos que com todo o desassombro anunciem a vossa palavra.
30 လူတို့၏အနာရောဂါများကိုပျောက်ကင်း စေရန် ကိုယ်တော်ရှင်၏လက်တော်ကိုဆန့်တော် မူပါ။ ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သော အစေခံသခင်ယေရှု၏နာမတော်အားဖြင့် နိမိတ်လက္ခဏာနှင့်အံ့သြဖွယ်ရာများကို ပြုတော်မူပါ။''
30 Estendei a vossa mão para que se realizem curas, milagres e prodígios pelo nome de Jesus, vosso santo servo!
31 ထိုသို့ဆုတောင်းကြပြီးသောအခါ၌ သူတို့ စုဝေးရာအရပ်သည်တုန်လှုပ်လေ၏။ သူတို့ သည်သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ပြည့်ဝ လျက် ဘုရားသခင်၏တရားတော်ကိုရဲရင့် စွာဟောပြောကြ၏။
31 Mal acabavam de rezar, tremeu o lugar onde estavam reunidos. E todos ficaram cheios do Espírito Santo e anunciaram com intrepidez a palavra de Deus.
32 ယုံကြည်သူတို့သည်တစ်စိတ်တစ်ဝမ်းတည်းဖြစ်ကြ သဖြင့် မည်သူမျှမိမိ၏ဥစ္စာပစ္စည်းများကိုမိမိပိုင် သည်ဟုမဆိုဘဲ၊ ခပ်သိမ်းသောဥစ္စာပစ္စည်းတို့ကို အများပိုင်ဘုံပစ္စည်းအဖြစ်သာလျှင်ထားရှိ ကြ၏။-
32 A multidão dos fiéis era um só coração e uma só alma. Ninguém dizia que eram suas as coisas que possuía, mas tudo entre eles era comum.
33 တမန်တော်တို့သည်သခင်ယေရှုရှင်ပြန် ထမြောက်တော်မူခြင်းအကြောင်းကို တန်ခိုး ကြီးစွာဖြင့်သက်သေခံကြ၏။ ဘုရားသခင် သည်သူတို့အားလုံးအပေါ်သို့ကောင်းချီး မင်္ဂလာကြွယ်ဝစွာသွန်းလောင်းတော်မူ၏။-
33 Com grande coragem os apóstolos davam testemunho da ressurreição do Senhor Jesus. Em todos eles era grande a graça.
34 — ausente —
34 Nem havia entre eles nenhum necessitado, porque todos os que possuíam terras e casas vendiam-nas,
35 — ausente —
35 e traziam o preço do que tinham vendido e depositavam-no aos pés dos apóstolos. Repartia-se então a cada um deles conforme a sua necessidade.
36 ယောသပ်ဟုနာမည်တွင်သောလူတစ်ယောက် ရှိ၏။ သူ့အားတမန်တော်တို့ကဗာနဗဟူ၍ မှည့်ခေါ်ကြ၏။ (ဗာနဗ၏အနက်ကားအား ပေးကူညီသူဟူ၏။) သူသည်ကုပရုပြည် သား၊ လေဝိအနွယ်ဝင်ဖြစ်၏။-
36 Assim José {a quem os apóstolos deram o sobrenome de Barnabé que quer dizer Filho da Consolação}, levita natural de Chipre, possuía um campo.
37 သူသည်မိမိပိုင်သောလယ်ကိုရောင်း၍ငွေ ကိုယူလာပြီးလျှင် တမန်တော်တို့အား ပေးအပ်လေသည်။
37 Vendeu-o e trouxe o valor dele e depositou aos pés dos apóstolos.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Atos 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.