Atos 28
Common Language Bible (MYA) vs ARIB
1 ကျွန်ုပ်တို့သည်ဘေးကင်းစွာကုန်းပေါ်သို့ ရောက်ကြသောအခါ ထိုကျွန်းကိုမေလိတေ ကျွန်းဟုခေါ်ကြောင်းသိရှိကြ၏။-
1 Estando já salvos, soubemos então que a ilha se chamava Malta.
2 ကျွန်းသူကျွန်းသားတို့သည်ကျွန်ုပ်တို့အပေါ်တွင် အထူးကြင်နာမှုကိုပြကြ၏။ မိုးရွာသဖြင့် ချမ်းအေးလာသောကြောင့် ထိုသူတို့သည်မီးဖို ပြီးလျှင်ကျွန်ုပ်တို့အားဧည့်ခံကြ၏။
2 Os indígenas usaram conosco de não pouca humanidade; pois acenderam uma fogueira e nos recolheram a todos por causa da chuva que caía, e por causa do frio.
3 ပေါလုသည်ထင်းတစ်စည်းကိုယူပြီးလျှင်မီး ထဲသို့ထည့်လိုက်၏။ ထိုအခါမီးပူရှိန်ကြောင့် ထင်းစည်းထဲမှမြွေတစ်ကောင်ထွက်လာပြီး နောက် ပေါလု၏လက်ကိုတွယ်လျက်နေ၏။-
3 Ora havendo Paulo ajuntado e posto sobre o fogo um feixe de gravetos, uma víbora, fugindo do calor, apegou-se-lhe à mão.
4 သူ၏လက်မှတန်းလန်းကျနေသောမြွေ ကိုကျွန်းသူကျွန်းသားတို့မြင်လျှင် ``ဤသူ ကားသူသတ်သမားဖြစ်တန်ရာ၏။ ပင်လယ် တွင်အသက်ဘေးမှလွတ်မြောက်ခဲ့သော်လည်း တရားမျှတမှုကသူ့အားအသက်ရှင် ခွင့်မပြု'' ဟုအချင်းချင်းပြောဆိုကြ၏။-
4 Quando os indígenas viram o réptil pendente da mão dele, diziam uns aos outros: Certamente este homem é homicida, pois, embora salvo do mar, a Justiça não o deixa viver.
5 သို့ရာတွင်ပေါလုသည်မြွေကိုမီးထဲသို့ခါ ၍ချလိုက်၏။ သို့သော်အဘယ်သို့မျှဘေး ဥပဒ်မဖြစ်။-
5 Mas ele, sacudindo o réptil no fogo, não sofreu mal nenhum.
6 ထိုသူတို့ကပေါလုသည်တစ်ကိုယ်လုံးရောင် လာလိမ့်မည်။ သို့မဟုတ်တခဏချင်းတွင်လဲ သေလိမ့်မည်ဟုစောင့်မျှော်နေကြ၏။ ဤအတိုင်း ပင်ဆက်လက်၍အတော်ကြာအောင်စောင့်မျှော် နေကြသော်လည်း အဘယ်သို့မျှပေါလု၌ ဘေးဥပဒ်မဖြစ်သည်ကိုမြင်ကြသောအခါ သူတို့သည်စိတ်သဘောပြောင်းလဲလာလျက် ``ဤသူကားနတ်ဘုရားပေတည်း'' ဟုဆို ကြကုန်၏။
6 Eles, porém, esperavam que Paulo viesse a inchar ou a cair morto de repente; mas tendo esperado muito tempo e vendo que nada de anormal lhe sucedia, mudaram de parecer e diziam que era um deus.
7 ထိုနေရာအနီးအနားတွင်ကျွန်းသူကြီး ပုဗလိပိုင်သည့်မြေယာများရှိ၏။ ထိုသူ သည်ကျွန်ုပ်တို့ကိုလက်ခံပြီးလျှင်သုံးရက် တိုင်တိုင်ကျွေးမွေးဧည့်ခံ၏။-
7 Ora, nos arredores daquele lugar havia umas terras que pertenciam ao homem principal da ilha, por nome Públio, o qual nos recebeu e hospedou bondosamente por três dias.
8 ပုဗလိ၏ဖခင်သည်အဖျားရောဂါ၊ ဝမ်းကိုက် ရောဂါများဖြင့်လဲ၍နေ၏။ ပေါလုသည်သူ၏ အခန်းထဲသို့ဝင်၍ဆုတောင်းပြီးနောက် သူ၏ အပေါ်မှာလက်ကိုတင်၍သူ့ကိုကျန်းမာ လာစေ၏။-
8 Aconteceu estar de cama, enfermo de febre e disenteria, o pai de Públio; Paulo foi visitá-lo, e havendo orado, impôs-lhe as mãos, e o curou.
9 ထိုအခါကျွန်းပေါ်ရှိအခြားမကျန်းမာ သောသူအပေါင်းတို့သည်ပေါလုထံသို့လာ ကြ၏။ ပေါလုသည်သူတို့ကိုကျန်းမာစေ၏။-
9 Feito isto, vinham também os demais enfermos da ilha, e eram curados;
10 သူတို့သည်ကျွန်ုပ်တို့အားလက်ဆောင်များပေး ကြ၏။ ကျွန်ုပ်တို့ထွက်ခွာမည်ပြုသောအခါ၌ လည်းလိုအပ်သည့်စားနပ်ရိက္ခာများကို သင်္ဘောပေါ်သို့ပို့ပေးကြ၏။
10 e estes nos distinguiram com muitas honras; e, ao embarcarmos, puseram a bordo as coisas que nos eram necessárias.
11 သုံးလကြာသော်ကျွန်ုပ်တို့သည် ထိုကျွန်းတွင် ဆောင်းခိုနေခဲ့သည့်သင်္ဘောဖြင့်ရွက်လွှင့်ကြ၏။ သင်္ဘောသည်အာလေဇန္ဒြိမြို့မှလာ၍နတ် အမြွှာညီနောင်ဟုအမည်တွင်၏။-
11 Passados três meses, partimos em um navio de Alexandria que invernara na ilha, o qual tinha por insígnia Castor e Pólux.
12 ကျွန်ုပ်တို့သည်သုရကုတ်မြို့တွင်သင်္ဘောဆိုက် ကပ်၍ ထိုမြို့တွင်သုံးရက်မျှနေ၏။-
12 E chegando a Siracusa, ficamos ali três dias;
13 ထိုမြို့မှရွက်လွှင့်ပြန်ရာရေဂျုန်မြို့သို့ရောက် ကြ၏။ နောက်တစ်နေ့၌တောင်လေလာသဖြင့် နှစ်ရက်ကြာသော်ပေါတယောလိမြို့သို့ရောက် ကြ၏။-
13 donde, costeando, viemos a Régio; e, soprando no dia seguinte o vento sul, chegamos em dois dias a Putéoli,
14 ထိုမြို့တွင်ယုံကြည်သူအချို့တို့ကိုတွေ့၍ သူတို့က မိမိတို့နှင့်ခုနစ်ရက်မျှနေရန် တောင်းပန်သည်အတိုင်းနေပြီးနောက် ရောမမြို့သို့ခရီးဆက်ကြ၏။-
14 onde, achando alguns irmãos, fomos convidados a ficar com eles sete dias; e depois nos dirigimos a Roma.
15 ထိုရောမမြို့ရှိယုံကြည်သူများသည် ကျွန်ုပ် တို့လာသည့်အကြောင်းကိုကြားသိကြသဖြင့် အပ္ပိစျေးသို့တိုင်အောင်လည်းကောင်း၊ တည်းခို ရိပ်သာသုံးဆောင်သို့တိုင်အောင်လည်းကောင်း လာရောက်ကြိုဆိုကြ၏။ ပေါလုသည်ထိုသူ တို့ကိုမြင်သောအခါ ဘုရားသခင်၏ကျေးဇူး တော်ကိုချီးမွမ်း၍အားတက်လာ၏။
15 Ora, os irmãos da lá, havendo recebido notícias nossas, vieram ao nosso encontro até a praça de Ápio e às Três Vendas, e Paulo, quando os viu, deu graças a Deus e cobrou ânimo.
16 ရောမမြို့သို့ရောက်ကြသောအခါပေါလု သည် တစ်ကိုယ်တည်းအစောင့်စစ်သားတစ်ယောက် နှင့်အတူနေခွင့်ရရှိ၏။
16 Quando chegamos a Roma, {o centurião entregou os presos ao general do exército, mas,} a Paulo se lhe permitiu morar à parte, com o soldado que o guardava.
17 နောက်သုံးရက်ကြာလျှင်ပေါလုသည် မြို့ပေါ်ရှိ ယုဒအမျိုးသားခေါင်းဆောင်များကိုဖိတ်ခေါ် ၏။ ထိုသူတို့လာရောက်စုဝေးလျက်ရှိသော အခါပေါလုက ``ညီအစ်ကိုတို့၊ ငါသည်မိမိ အမျိုးသားတို့အားလည်းကောင်း၊ ဘိုးဘေး တို့၏ထုံးတမ်းစဉ်လာများအားလည်းကောင်း ဆန့်ကျင်သည့်အမှုတစ်စုံတစ်ရာကိုမျှ မပြုလုပ်ခဲ့သော်လည်း ယုဒအမျိုးသားတို့ သည်ယေရုရှလင်မြို့တွင် ငါ့ကိုဖမ်းဆီးပြီး လျှင်ရောမအမျိုးသားတို့၏လက်သို့အပ် ကြ၏။-
17 Passados três dias, ele convocou os principais dentre os judeus; e reunidos eles, disse-lhes: Varões irmãos, não havendo eu feito nada contra o povo, ou contra os ritos paternos, vim contudo preso desde Jerusalém, entregue nas mãos dos romanos;
18 ထိုသူတို့သည်ငါ့ကိုစစ်ဆေးမေးမြန်းပြီး နောက် ငါ၏အမှုတွင်သေဒဏ်ပေးထိုက်သော အကြောင်းတစ်စုံတစ်ရာမျှမတွေ့ရ သဖြင့်ငါ့အားလွှတ်လိုကြ၏။-
18 os quais, havendo-me interrogado, queriam soltar-me, por não haver em mim crime algum que merecesse a morte.
19 သို့ရာတွင်ယုဒအမျိုးသားတို့ကကန့်ကွက် ကြသောကြောင့် ငါသည်မလွဲမရှောင်သာတော့ ဘဲဧကရာဇ်ဘုရင်ထံအယူခံရ၏။ သို့ပြု ရခြင်းမှာမိမိ၏အမျိုးသားတို့အားစွပ် စွဲပြောဆိုရန်အကြောင်းရှိ၍မဟုတ်။-
19 Mas opondo-se a isso os judeus, vi-me obrigado a apelar para César, não tendo, contudo, nada de que acusar a minha nação.
20 သို့ဖြစ်၍သင်တို့နှင့်တွေ့ဆုံခွင့်ကိုတောင်းခံ ခဲ့ခြင်းဖြစ်သည်။ ငါသည်ဤသံကြိုးများ ဖြင့်အချည်အနှောင်ခံရသည်မှာ ဣသရေလ အမျိုးသားတို့မျှော်လင့်စောင့်စားလျက်နေ ကြသည့်အရှင်၏အတွက်ကြောင့်ပင်ဖြစ်သည်'' ဟုဆို၏။
20 Por esta causa, pois, vos convidei, para vos ver e falar; porque pela esperança de Israel estou preso com esta cadeia.
21 ထိုသူတို့က ``ငါတို့သည်သင်၏အကြောင်း ယုဒပြည်မှစာတစ်စောင်မျှမရခဲ့ကြပါ။ ငါတို့ယုဒအမျိုးသားညီအစ်ကိုတစ်စုံတစ် ယောက်မျှလည်း လာရောက်၍သင်၏အကြောင်း မကောင်းသတင်းမပြောပါ။-
21 Mas eles lhe disseram: Nem recebemos da Judéia cartas a teu respeito, nem veio aqui irmão algum que contasse ou dissesse mal de ti.
22 သို့ရာတွင်ဤဂိုဏ်းအကြောင်းကိုမူဆန့်ကျင် ၍ နေရာတကာတွင်ပြောဆိုနေကြသည်ကို ငါတို့သိရှိပါ၏။ သို့ဖြစ်၍သင်၏အယူ ဝါဒကိုသင့်ထံမှငါတို့ကြားနာလိုပါ ၏'' ဟုဆိုကြ၏။
22 No entanto bem quiséramos ouvir de ti o que pensas; porque, quanto a esta seita, notório nos é que em toda parte é impugnada.
23 ထိုသူတို့သည်ရက်ချိန်းပေးကြ၏။ ချိန်းသည့်နေ့ ၌ ပေါလုတည်းခိုရာသို့လူအမြောက်အမြား လာရောက်ကြ၏။ ပေါလုသည်နံနက်မှညနေ ချမ်းတိုင်အောင် ဘုရားသခင်၏နိုင်ငံတော်ဆိုင် ရာတရားတော်အကြောင်းကိုရှင်းလင်းဖော် ပြ၏။ သခင်ယေရှု၏အကြောင်းတော်ကိုလည်း မောရှေ၏ပညတ်ကျမ်းနှင့်ပရောဖက်ကျမ်း များမှကောက်နုတ်ကာ ထိုသူတို့နားလည် သဘောပေါက်လာစေရန်ကြိုးစား၍ဟော ပြော၏။
23 Havendo-lhe eles marcado um dia, muitos foram ter com ele à sua morada, aos quais desde a manhã até a noite explicava com bom testemunho o reino de Deus e procurava persuadí-los acerca de Jesus, tanto pela lei de Moisés como pelos profetas.
24 လူအချို့တို့သည်ပေါလု၏ဟောပြောချက် ကိုနားလည်သဘောပေါက်လာကြသော် လည်း အချို့သူတို့မူကားမယုံကြည်ကြ။-
24 Uns criam nas suas palavras, mas outros as rejeitavam.
25 ဤသို့ပေါလုဆိုသောအခါယုဒအမျိုးသား တို့သည် အချင်းချင်းပြင်းထန်စွာငြင်းခုံလျက် ထွက်သွားကြ၏။ ပေါလုက ``ပရောဖက်ဟေရှာယ အားဖြင့် သင်တို့ဘိုးဘေးတို့အားသန့်ရှင်းသော ဝိညာဉ်တော်ဖော်ပြပုံမှာလျောက်ပတ်လှပေ၏။ ဖော်ပြပုံမှာဤသို့တည်း။
25 E estando discordes entre si, retiraram-se, havendo Paulo dito esta palavra: Bem falou o Espírito Santo aos vossos pais pelo profeta Isaías,
26 `ဤလူမျိုးထံသို့သွား၍ပြောကြားလော့။
26 dizendo: Vai a este povo e dize: Ouvindo, ouvireis, e de maneira nenhuma entendereis; e vendo, vereis, e de maneira nenhuma percebereis.
27 အဘယ်ကြောင့်ဆိုသော်ဤလူမျိုး၏ စိတ်နှလုံးသည်ထိုင်းမှိုင်းလျက်၊
27 Porque o coração deste povo se endureceu, e com os ouvidos ouviram tardamente, e fecharam os olhos; para que não vejam com os olhos, nem ouçam com os ouvidos, nem entendam com o coração nem se convertam e eu os cure.
28 နိဂုံးချုပ်အနေဖြင့်ပေါလုက ``သို့ဖြစ်၍ ကယ်တင်တော်မူခြင်းဆိုင်ရာဘုရားသခင်၏ ကယ်တင်ခြင်းတရားကို လူမျိုးခြားတို့ကြား နာရန်ဟောပြောမည့်သူတို့ကိုစေလွှတ်ပြီဖြစ် ၍ သူတို့သည်ကြားနာကြလိမ့်မည်ဖြစ်ကြောင်း သင်တို့သိမှတ်ကြလော့'' ဟုဆို၏။
28 Seja-vos pois notório que esta salvação de Deus é enviada aos gentios, e eles ouvirão.
29 (ဤသို့ပေါလုဆိုသောအခါယုဒအမျိုးသား တို့သည် အချင်းချင်းပြင်းထန်စွာငြင်းခုံလျက် ထွက်သွားကြ၏။)
29 {E, havendo ele dito isto, partiram os judeus, tendo entre si grande contenda.}
30 ပေါလုသည်ထိုမြို့တွင်နှစ်နှစ်ပတ်လုံး မိမိငှား ရမ်းထားသည့်အိမ်တွင်နေ၏။ မိမိထံလာရောက် ကြသူအပေါင်းတို့အားကြိုဆိုဧည့်ခံလျက်၊-
30 E morou dois anos inteiros na casa que alugara, e recebia a todos os que o visitavam,
31 ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုဟော ပြော၍ သခင်ယေရှု၏အကြောင်းတော်ကို အဆီးအတားမရှိဘဲရဲရင့်စွာဟောပြော သွန်သင်လျက်နေ၏။ ရှင်လုကာစီရင်ရေးသားသောတမန်တော် ဝတ္ထုပြီး၏။
31 pregando o reino de Deus e ensinando as coisas concernentes ao Senhor Jesus Cristo, com toda a liberdade, sem impedimento algum.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Atos 28, comparar traduções ou montar um estudo — tudo direto pelo WhatsApp.