Atos 25

Common Language Bible (MYA) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ဖေတ္တု​သည်​ထို​နယ်​သို့​ရောက်​၍​သုံး​ရက်​ကြာ သော​အ​ခါ ကဲ​သ​ရိ​မြို့​မှ​ယေ​ရု​ရှ​လင်​မြို့ သို့​တက်​သွား​၏။-
1 Três dias depois de chegar à província, Festo subiu de Cesaréia para Jerusalém,
2 ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ယု​ဒ​အ​မျိုး သား​ခေါင်း​ဆောင်​များ​သည် ပြစ်​မှု​အ​မျိုး​မျိုး ကို​ပေါ​လု​ကူး​လွန်​ခဲ့​ကြောင်း​ဖေတ္တု​အား စွဲ​ချက်​တင်​ကြ​၏။-
2 onde os chefes dos sacerdotes e os judeus mais importantes compareceram diante dele, apresentando as acusações contra Paulo.
3 သူ​တို့​သည်​ပေါ​လု​ကို​လမ်း​တွင်​ချောင်း​မြောင်း ၍​သတ်​ရန် လျှို့​ဝှက်​ကြံ​စည်​ထား​ကြ​ပြီး​ဖြစ် ပေ​သည်။ သို့​ဖြစ်​၍​မိ​မိ​တို့​အား​ကျေး​ဇူး​ပြု သည့်​အ​နေ​ဖြင့် ပေါ​လု​ကို​ယေ​ရု​ရှ​လင်​မြို့ သို့​ခေါ်​ဆောင်​ပေး​ရန်​ဖေတ္တု​အား​မေတ္တာ​ရပ်​ခံ ကြ​၏။-
3 Pediram a Festo o favor de transferir Paulo para Jerusalém, contra os interesses do próprio Paulo, pois estavam preparando uma emboscada para matá-lo no caminho.
4 ဖေတ္တု​က ``ပေါ​လု​အား​အ​စောင့်​အ​ကြပ်​နှင့် ကဲ​သ​ရိ​မြို့​တွင်​ထား​ရှိ​၏။ ငါ​ကိုယ်​တိုင် ထို​မြို့​သို့​မ​ကြာ​မီ​သွား​မည်။-
4 Festo respondeu: "Paulo está preso em Cesaréia, e eu mesmo vou para lá em breve.
5 သင်​တို့​၏​ခေါင်း​ဆောင်​များ​သည်​ငါ​နှင့်​အ​တူ လိုက်​၍ ပေါ​လု​၌​အ​ပြစ်​တစ်​စုံ​တစ်​ရာ​ရှိ​လျှင် စွပ်​စွဲ​ချက်​များ​ကို​ငါ့​ထံ​တင်​ပြ​ကြ​ပါ​စေ'' ဟု​ဆို​၏။
5 Desçam comigo alguns dos seus líderes e apresentem ali as acusações que têm contra esse homem, se realmente ele fez algo de errado".
6 ဘု​ရင်​ခံ​မင်း​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​ရှစ် ရက်​ဆယ်​ရက်​နေ​ပြီး​နောက် ကဲ​သ​ရိ​မြို့​သို့ ထွက်​ခွာ​သွား​လေ​သည်။ နောက်​တစ်​နေ့​၌ တ​ရား​ခွင်​တွင်​ထိုင်​ကာ​ပေါ​လု​အား​ခေါ် သွင်း​ရန်​အ​မိန့်​ပေး​၏။-
6 Tendo passado com eles oito a dez dias, desceu para Cesaréia e, no dia seguinte, convocou o tribunal e ordenou que Paulo fosse trazido perante ele.
7 ပေါလု​ရောက်​ရှိ​လာ​သော​အ​ခါ​ယေ​ရု​ရှ​လင် မြို့​မှ လာ​ရောက်​ကြ​သော​ယု​ဒ​အ​မျိုး​သား တို့​သည် သူ့​ကို​ဝိုင်း​ရံ​လျက်​ကြီး​လေး​သော ပြစ်​မှု​များ​နှင့်​စွပ်​စွဲ​ပြော​ဆို​ကြ​၏။ သို့ သော်​ခိုင်​လုံ​သော​သက်​သေ​ကို​မ​ပြ​နိုင်​ကြ။-
7 Quando Paulo apareceu, os judeus que tinham chegado de Jerusalém se aglomeraram ao seu redor, fazendo contra ele muitas e graves acusações que não podiam provar.
8 ပေါ​လု​က ``အ​ကျွန်ုပ်​သည်​ယု​ဒ​အ​မျိုး​သား တို့​၏​ပ​ညတ်​တ​ရား​ကို​ဖြစ်​စေ၊ ဗိ​မာန်​တော် ကို​ဖြစ်​စေ၊ ရော​မ​ဧ​က​ရာဇ်​မင်း​ကို​ဖြစ်​စေ ပြစ်​မှား​မှု​တစ်​စုံ​တစ်​ခု​ကို​မျှ​မ​ကူး​လွန် ခဲ့​ပါ'' ဟု​ချေ​ပ​ပြော​ဆို​၏။
8 Então Paulo fez sua defesa: "Nada fiz de errado contra a lei dos judeus, contra o templo ou contra César".
9 ဖေတ္တု​သည်​ယု​ဒ​အ​မျိုး​သား​တို့​ထံ​မှ​မျက် နှာ​ရ​လို​သ​ဖြင့်``သင်​သည်​ယေ​ရု​ရှ​လင်​မြို့ သို့​သွား​၍ ငါ​၏​ရှေ့​တွင်​ဤ​စွပ်​စွဲ​ချက်​များ နှင့်​စပ်​လျဉ်း​၍​အ​စစ်​အ​ဆေး​ခံ​ပါ​မည် လော'' ဟု​ပေါ​လု​အား​မေး​၏။
9 Festo, querendo prestar um favor aos judeus, perguntou a Paulo: "Você está disposto a ir a Jerusalém e ali ser julgado diante de mim, acerca destas acusações? "
10 ပေါ​လု​က ``အ​ကျွန်ုပ်​သည်​ယ​ခု​ဧ​က​ရာဇ် ဘု​ရင်​တ​ရား​ခွင်​တွင် အ​စစ်​အ​ဆေး​ခံ​နိုင် ခွင့်​ကို​တောင်း​ဆို​ပါ​၏။ အ​ရှင်​အ​မှန်​သိ​တော် မူ​သည်​အ​တိုင်း​အ​ကျွန်ုပ်​သည် ယု​ဒ​အ​မျိုး သား​တို့​အား​အ​ဘယ်​သို့​မျှ​မ​ပြစ်​မှား​ခဲ့ ပါ။-
10 Paulo respondeu: "Estou agora diante do tribunal de César, onde devo ser julgado. Não fiz nenhum mal aos judeus, como bem sabes.
11 အ​ကယ်​၍​တ​ရား​ဥ​ပ​ဒေ​ကို​ချိုး​ဖောက်​ကာ သေ​ဒဏ်​ခံ​ထိုက်​သော​အ​ပြစ်​ကို​ကူး​လွန်​မိ လျှင် အ​ကျွန်ုပ်​အား​အ​သက်​ချမ်း​သာ​ခွင့်​ပေး ရန်​တောင်း​ခံ​မည်​မ​ဟုတ်​ပါ။ သို့​သော်​ထို​သူ တို့​စွပ်​စွဲ​ချက်​များ​သည်​အ​ခြေ​အ​မြစ်​မ​ရှိ ပါ​လျှင် မည်​သူ​မျှ​အ​ကျွန်ုပ်​အား​သူ​တို့​၏ လက်​သို့​ပေး​အပ်​နိုင်​မည်​မ​ဟုတ်​ပါ။ အ​ကျွန်ုပ် သည်​ဧ​က​ရာဇ်​ဘု​ရင်​ထံ​အ​ယူ​ခံ​ပါ​၏'' ဟု လျှောက်​၏။
11 Se, de fato, sou culpado de ter feito algo que mereça pena de morte, não me recuso a morrer. Mas se as acusações feitas contra mim por estes judeus não são verdadeiras, ninguém tem o direito de me entregar a eles. Apelo para César! "
12 ထို​အ​ခါ​ဖေတ္တု​သည်​မိ​မိ​၏​အ​တိုင်​ပင်​ခံ အ​ရာ​ရှိ​များ​နှင့်​တိုင်​ပင်​ပြီး​နောက် ``သင် သည်​ဧ​က​ရာဇ်​ဘု​ရင်​ထံ​အ​ယူ​ခံ​သ​ဖြင့် ဧ​က​ရာဇ်​ဘု​ရင်​ထံ​သို့​သွား​ရ​မည်'' ဟု ဆို​၏။
12 Depois de ter consultado seus conselheiros, Festo declarou: "Você apelou para César, para César irá! "
13 ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ အ​ဂြိပ္ပ​မင်း​ကြီး​နှင့်​မိ​ဖု​ရား​ဗေ​ရ​နိတ် တို့​သည် ကဲ​သ​ရိ​မြို့​သို့​ရောက်​နေ​သော ဘု​ရင်​ခံ​ဖေတ္တု​အား​နှုတ်​ဆက်​ရန် ကဲ​သ​ရိ မြို့​သို့​လာ​ကြ​၏။-
13 Alguns dias depois, o rei Agripa e Berenice chegaram a Cesaréia para saudar Festo.
14 ထို​မြို့​တွင်​ရက်​အ​တော်​ကြာ​မျှ​တည်း​ခို​နေ ကြ​စဉ် ဖေတ္တု​သည်​ပေါ​လု​၏​အ​မှု​ကို​မင်း​ကြီး အား​ပြော​ပြ​၏။ ဖေတ္တု​က ``ဤ​အ​ရပ်​တွင်​ဖေ လဇ်​အ​ကျဉ်း​ချ​ထား​ခဲ့​သည့်​လူ​တစ်​ယောက် ရှိ​ပါ​၏။-
14 Visto que estavam passando muitos dias ali, Festo explicou o caso de Paulo ao rei: "Há aqui um homem que Félix deixou preso.
15 ကျွန်ုပ်​ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​စဉ်​အ​ခါ​က ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ယု​ဒ​အ​မျိုး သား​ခေါင်း​ဆောင်​များ​သည် ကျွန်ုပ်​အား​ထို​သူ ကို​စွပ်​စွဲ​ချက်​တင်​ကြ​ပြီး​နောက် သူ့​အား အ​ပြစ်​ဒဏ်​စီ​ရင်​ရန်​တောင်း​ဆို​ကြ​ပါ​၏။-
15 Quando fui a Jerusalém, os chefes dos sacerdotes e os líderes dos judeus fizeram acusações contra ele, pedindo que fosse condenado.
16 အ​ကျွန်ုပ်​က​တ​ရား​ခံ​တစ်​ယောက်​အား​တ​ရား​လို များ​နှင့်​မျက်​နှာ​စုံ​ညီ​တွေ့​ဆုံ​၍ သူ​တို့​၏​စွပ်​စွဲ ချက်​ကို​ချေ​ပ​ခွင့်​မ​ပေး​ဘဲ​အ​ပြစ်​ဒဏ်​စီ​ရင် ခြင်း​မှာ ရော​မ​ဋ္ဌ​လေ့​ထုံး​စံ​မ​ဟုတ်​ကြောင်း​သူ တို့​အား​ဖြေ​ကြား​ခဲ့​ပါ​၏။-
16 "Eu lhes disse que não é costume romano condenar ninguém antes que ele se defronte pessoalmente com seus acusadores e tenha a oportunidade de se defender das acusações que lhe fazem.
17 သို့​ဖြစ်​၍​သူ​တို့​သည်​ဤ​မြို့​သို့​လာ​ရောက်​သော အ​ခါ အ​ကျွန်ုပ်​သည်​မ​ဆိုင်း​မ​ငံ့​ဘဲ​နောက်​တစ် နေ့​၌​တ​ရား​ခွင်​မှာ​ထိုင်​၍​ထို​သူ​ကို​အ​ခေါ် ခိုင်း​ပါ​၏။-
17 Vindo eles comigo para cá, não retardei o caso; convoquei o tribunal no dia seguinte e ordenei que o homem fosse apresentado.
18 တ​ရား​လို​များ​သည်​ထ​၍​သူ့​အား​စွပ်​စွဲ​ပြော ဆို​ကြ​သော်​လည်း အ​ကျွန်ုပ်​ထင်​သည့်​ပြစ်​မှု များ​ဖြင့်​မ​ဟုတ်​ပါ။-
18 Quando os seus acusadores se levantaram para falar, não o acusaram de nenhum dos crimes que eu esperava.
19 သူ​တို့​၏​ဘာ​သာ​တ​ရား​နှင့်​ပတ်​သက်​၍​လည်း ကောင်း၊ ယေ​ရှု​ဆို​သူ​အ​ကြောင်း​နှင့်​ပတ်​သက် ၍​လည်း​ကောင်း၊ အ​ငြင်း​ပွား​မှု​သာ​ဖြစ်​ပါ သည်။ ထို​ယေ​ရှု​သည်​သေ​လွန်​သွား​သော်​လည်း အ​သက်​ရှင်​လျက်​ရှိ​သည်​ဟု​ပေါ​လု​က​ဆို ပါ​သည်။-
19 Pelo contrário, tinham alguns pontos de divergência com ele acerca de sua própria religião e de um certo Jesus, já morto, o qual Paulo insiste que está vivo.
20 ထို​ပြ​ဿ​နာ​များ​ကို​ဖြေ​ရှင်း​ရန်​ကျွန်ုပ်​မှာ မ​ကျွမ်း​သ​ဖြင့် ပေါ​လု​အား `သင်​သည်​ယေ​ရု ရှ​လင်​မြို့​သို့​သွား​ပြီး​လျှင် ဤ​စွပ်​စွဲ​ချက်​များ နှင့်​စပ်​လျဉ်း​၍​အ​စစ်​အ​ဆေး​ခံ​လို​ပါ သ​လော' ဟု​မေး​ပါ​၏။-
20 Fiquei sem saber como investigar tais assuntos; por isso perguntei-lhe se ele estaria disposto a ir a Jerusalém e ser julgado ali acerca destas acusações.
21 သို့​ရာ​တွင်​ပေါ​လု​သည်​ဧ​က​ရာဇ်​ဘု​ရင်​မင်း​၏ အ​ဆုံး​အ​ဖြတ်​ကို​သာ​ခံ​ယူ​လို​ကြောင်း​ပြော ပြ​ပါ​သည်။ သူ​သည်​မိ​မိ​အား​အ​ချုပ်​နှင့်​ပင် ထား​ရှိ​၍ ဧ​က​ရာဇ်​မင်း​၏​အ​ဆုံး​အ​ဖြတ်​ကို ခံ​လို​ကြောင်း​ပန်​ကြား​သ​ဖြင့် သူ့​ကို​ဧ​က​ရာဇ် မင်း​ထံ​ပို့​အပ်​ချိန်​အ​ထိ​ချုပ်​ထား​ရန်​အ​မိန့် ပေး​ခဲ့​ပါ​သည်'' ဟု​ဆို​၏။
21 Apelando Paulo para que fosse guardado até a decisão do Imperador, ordenei que ficasse sob custódia até que eu pudesse enviá-lo a César".
22 အ​ဂြိပ္ပ​မင်း​က ``ထို​သူ​ပြော​ကြား​သည်​ကို ကျွန်ုပ်​ကိုယ်​တိုင်​ကြား​လို​ပါ​သည်'' ဟု​ဆို လျှင်​ဖေတ္တု​က ``ထို​သူ​ပြော​ကြား​သည်​ကို နက်​ဖြန်​ကြား​ရ​ပါ​စေ​မည်'' ဟု​ဆို​၏။
22 Então Agripa disse a Festo: "Eu também gostaria de ouvir esse homem". Ele respondeu: "Amanhã o ouvirás".
23 သို့​ဖြစ်​၍​နောက်​တစ်​နေ့​၌​အ​ဂြိပ္ပ​မင်း​နှင့်​မိ ဖု​ရား​ဗေ​ရ​နိတ်​တို့​သည် ခမ်း​နား​ကြီး​ကျယ် သော​အ​ဆောင်​အ​ယောင်​များ​နှင့်​တ​ကွ​တပ်​မှူး များ၊ မြို့​ပေါ်​ရှိ​ဂုဏ်​အ​သ​ရေ​ရှိ​လူ​ကြီး​များ နှင့်​အ​တူ​ကြွ​လာ​လျက် ညီ​လာ​ခံ​ခန်း​မ​ကြီး သို့​ဝင်​တော်​မူ​၏။ ထို​အ​ခါ​ဖေတ္တု​၏​အ​မိန့် အ​ရ ပေါ​လု​အား​ခေါ်​သွင်း​ကြ​၏။-
23 No dia seguinte, Agripa e Berenice vieram com grande pompa e entraram na sala de audiências com os altos oficiais e os homens importantes da cidade. Por ordem de Festo, Paulo foi trazido.
24 ဖေတ္တု​က ``အ​ဂြိပ္ပ​မင်း​ကြီး​နှင့်​ကြွ​ရောက်​လာ သော​သူ​အ​ပေါင်း​တို့၊ ယေ​ရု​ရှ​လင်​မြို့​နှင့်​ဤ မြို့​တွင်​ရှိ​သည့်​ယု​ဒ​အ​မျိုး​သား​အ​ပေါင်း တို့​က `ဤ​သူ​ကို​အ​ရှင်​မ​ထား​သင့်​ပါ' ဟု ကြွေး​ကြော်​ကာ​ကျွန်ုပ်​ထံ​လျှောက်​ထား​ခဲ့ ကြ​၏။ ထို​သို့​လျှောက်​ထား​ခြင်း​ခံ​ရ​သူ ကား​ဤ​သူ​ပင်​တည်း။-
24 Então Festo disse: "Ó rei Agripa e todos os senhores aqui presentes conosco, vejam este homem! Toda a comunidade judaica me fez petições a respeito dele em Jerusalém e aqui em Cesaréia, gritando que ele não deveria mais viver.
25 သူ​သည်​သေ​ဒဏ်​ခံ​ထိုက်​သော​အ​ပြစ်​တစ်​စုံ တစ်​ရာ​ကို​မျှ​မ​ကူး​လွန်​ကြောင်း​ကို ကျွန်ုပ် အ​နေ​ဖြင့်​သိ​ပါ​၏။ သို့​ရာ​တွင်​သူ​ကိုယ်​တိုင် က​ဘု​ရင်​ဧ​က​ရာဇ်​မင်း​ထံ​တွင်​အ​ယူ​ခံ ပါ​မည်​ဟု​ဆို​သ​ဖြင့် သူ့​ကို​ဘု​ရင်​မင်း​မြတ် ထံ​တော်​သို့​ပို့​ဆောင်​ပေး​ရန်​ကျွန်ုပ်​ဆုံး​ဖြတ် ခဲ့​ပါ​၏။-
25 Mas verifiquei que ele nada fez que mereça pena de morte; todavia, porque apelou para o Imperador, decidi enviá-lo a Roma.
26 သူ​နှင့်​ပတ်​သက်​၍​ဘု​ရင်​ဧ​က​ရာဇ်​မင်း အား တိ​တိ​ကျ​ကျ​သံ​တော်​ဦး​တင်​စ​ရာ အ​ကြောင်း​တစ်​ခု​မျှ​ကျွန်ုပ်​မှာ​မ​ရှိ​ပါ။ ထို့ ကြောင့်​ထို​သူ​အား​သင်​တို့​၏​ရှေ့​သို့​ခေါ် ဆောင်​လာ​ခြင်း​ဖြစ်​ပါ​၏။ အ​ထူး​သ​ဖြင့် အ​ဂြိပ္ပ​မင်း​ကြီး​ရှေ့​တော်​သို့​ခေါ်​ဆောင် လာ​ပါ​၏။ ဤ​သို့​ခေါ်​ဆောင်​လာ​ခြင်း​မှာ သူ့​အား​မင်း​ကြီး​စစ်​ဆေး​မေး​မြန်း​ပြီး သော​အ​ခါ ကျွန်ုပ်​အ​စီ​ရင်​ခံ​စာ​ရေး​ရန် အ​ကြောင်း​တစ်​စုံ​တစ်​ရာ​ရ​ရှိ​နိုင်​မည် ပင်​ဖြစ်​ပါ​သည်။-
26 No entanto, não tenho nada definido a respeito dele para escrever a Sua Majestade. Por isso, eu o trouxe diante dos senhores, e especialmente diante de ti, rei Agripa, de forma que, feita esta investigação, eu tenha algo para escrever.
27 စွဲ​ချက်​တစ်​စုံ​တစ်​ရာ​ကို​မ​ဖော်​ပြ​ဘဲ အ​ကျဉ်း​သား​တစ်​ယောက်​ကို​စေ​လွှတ်​သော် မ​လျော်​မ​သင့်​ဖြစ်​မည်​ကျွန်ုပ်​ထင်​ပါ​သည်'' ဟု​ဆို​၏။
27 Pois não me parece razoável enviar um preso sem especificar as acusações contra ele".

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Atos 25, comparar traduções ou montar um estudo — tudo direto pelo WhatsApp.